Social Icons

Pages

Showing posts with label အကြမ်းဖက်လုပ်ရပ်. Show all posts
Showing posts with label အကြမ်းဖက်လုပ်ရပ်. Show all posts

Sunday, July 2, 2017

ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးက သီပေါရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်၊အကြမ်းဖက်သောင်းကျန်းသူများက ကျောက်မဲမြို့၊ မန်တိုင်းရွာအနီးရှိ မီးရထားသံလမ်းအား မိုင်းဖောက်ခွဲမှုပြုလုပ်






နေပြည်တော် ၂-၇-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်ရှိ၊ သီပေါရဲစခန်းဝင်း အတွင်းသို့ ယနေ့နံနက် ၄ နာရီခွဲခန့်တွင် အမည်မသိဆိုင်ကယ် မောင်းနှင်လာသူတစ်ဦးက ဒေသန္တရလက်ပစ်ဗုံး ၁ လုံးဖြင့် အဝေးမှပစ်ခတ်၍ မောင်းနှင်ထွက်ပြေး သွားခဲ့သည်။

အဆိုပါ လက်ပစ်ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲစခန်းအုတ်တံတိုင်း အပေါ်ဘက်နှင့် အုတ်တံတိုင်းအနီး ရပ်ထားသော မတရားအသင်း အက်ဥပဒေ ပုဒ်မ-၁၇ (၁) အမှုမှ သက်သေခံယာဉ် လင်ခရူဆာအမျိုးအစား ယာဉ်အမှတ်၊ 6F/ --- တို့ အနည်းငယ်ထိခိုက် ပျက်စီးခဲ့သည်။

အလားတူ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ကျောက်မဲမြို့၏ အနောက်ဘက် ၉ မိုင်ခန့်အကွာ၊ မန်တိုင်းရွာအနီးရှိ မီးရထားသံလမ်းတွင် အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဖောက်ခွဲခဲ့ရာ ရထားလမ်းပျက်စီးမှု မရှိသော်လည်း ၆ ပေခန့်ရှိ ဇလီဖားတုံး ၁ တုံးမှာ ထက်ဝက်ခန့်ပျက်စီး သွားခဲ့သည်။

အဆိုပါဖြစ်စဉ်နေရာနှင့် ပတ်ဝန်းကျင်နေရာတစ်ဝိုက်သို့ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းသတင်း ရရှိသည်။

#Themyawadydaily

Tuesday, June 6, 2017

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လက်နက်ကြီးထိမှန်၍ ဒေသခံပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိ


KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒဏ်ရာရသူ ဒေါ်ကော့ဂျာအား မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ပေးစဉ်။

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒဏ်ရာရသူတစ်ဦးကို
 ဆေးကုသပေးစဉ်။


KIA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်သည့်လက်နက်ကြီး၏ ဗုံးသီးဒလက်များကိုတွေ့ရစဉ်။

နေပြည်တော် ၆-၆-၂၀၁၇

ကချင်ပြည်နယ်၊ တနိုင်းမြို့၏ တောင်ဘက် ၈ မိုင်ခန့်အကွာရှိ ကောင်ရာနယ်မြေထိန်း စခန်းနှင့် ကောင်ရာကျေးရွာ အတွင်းသို့ KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ဇွန် ၄ ရက် ည ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီး များဖြင့်လာရောက် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် လေးလုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူများ ဖြစ်ကြသည့် ဒေါ်ကော့ဂျာ၊ မဘုတ်ပါနှင့် မရွယ်ထိုးတို့ သုံးဦးတို့နှင့်အတူ နွားသုံးကောင်တို့ကို လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကာ နွားသုံးကောင်အနက် တစ်ကောင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

အဆိုပါ ဒဏ်ရာရလူနာသုံးဦးအား တနိုင်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး နယ်မြေခံတပ်မတော်သားများက ပို့ဆောင်ပေးခဲ့ပြီး ၎င်းလူနာသုံးဦးအနက် ဒေါ်ကော့ဂျာကို မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူနိုင်ရေး တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ထပ်မံပို့ဆောင် စီစဉ်ပေးခဲ့ကာ လိုအပ်သောဆေးဝါး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

Monday, April 10, 2017

တွေ့ကြုံလာရသည့် အကြမ်းဖက်မှုအန္တရာယ်ကို ဆွီဒင် ဘယ်လိုရင်ဆိုင် ကာကွယ်မလဲ




( သင်းအောင် ဘာသာပြန်သည်။ )

ယခင်က အေးချမ်းတည်ငြိမ်စွာ ရပ်တည်နေနိုင်ခဲ့သော ဆွီဒင်နိုင်ငံသည် ယခုအခါ စစ်သွေးကြွများ၏ အကြမ်းဖက် ခြိမ်းခြောက်မှုကြောင့် ကျီးလန့်စာစား နေရသည့် အခြေအနေမျိုးသို့ ရောက်ရှိလာသည်။ ဆွီဒင်နိုင်ငံသည် တခြား ဥရောပနိုင်ငံများ ကဲ့သို့ပင် နိုင်ငံအတွင်း အကြမ်းဖက် အဖွဲ့အစည်းများ သို့မဟုတ် အကြမ်းဖက်အဖွဲ့ များကို ထောက်ခံသည့် အစွန်းရောက်များ၏ တိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရန် လုံခြုံရေး အထူးတင်းကျပ် လာသည်ကိုလည်း တွေ့ရသည်။

အထူးသဖြင့် ဧပြီ ၇ ရက်တွင် စတော့ဟုမ်းမြို့လယ်၌ လမ်းသွားလမ်းလာ ပြည်သူများကို ကုန်ကားတစ်စီးက တမင်ဝင်တိုက်ခဲ့ရာ အနည်းဆုံးလူလေးဦး သေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့ကြသည်။ အဆိုပါကားမှာ ခိုးယူလာသည့် ကားဖြစ်ပြီး ယင်း တိုက်ခိုက်မှုကြောင့် ဆွီဒင်ပြည်သူများ အံ့အားသင့်တုန်လှုပ် ခဲ့ရသည်။ ယင်းတိုက်ခိုက်မှုကို အကြမ်းဖက်မှုတစ်ခု အဖြစ် ဝန်ကြီးချုပ် စတီဖန်လော့ဖ်ဗန် က ခေါ်ဝေါ်သုံးနှုန်း ခဲ့သည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တာဝန်ရှိသူများက လက်သည် တရားခံကို ဖမ်းဆီးနိုင်ရန် စုံစမ်းဖော်ထုတ်ရာမှ နိုင်ငံအတွင်း နေထိုင်သည့် ဥဇဘက် အမျိုးသားတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း လိုက်သည်။ အသက် ၃၉ နှစ်အရွယ် အဆိုပါအမျိုးသားသည် နိုင်ငံအတွင်း၌ နေထိုင်သူဖြစ်ပြီး ၄င်းကို ဖမ်းဆီးစဉ်က ကုန်တင်ယာဉ်အတွင်း ဖောက်ခွဲရေး ပစ္စည်းများကို အာဏာပိုင်များက ရှာဖွေ တွေ့ရှိခဲ့သည်။ ရှာဖွေတွေ့ရှိသည့် အဆိုပါ ဖောက်ခွဲရေး ပစ္စည်းများနှင့် စပ်လျဉ်း၍ ဆွီဒင်အစိုးရက အသေးစိတ် ထုတ်ပြန်ထားခြင်း မရှိသော်လည်း နိုင်ငံအတွင်း၌ အကြမ်းဖက်ဝါဒ စတင်ဝင်ရောက် လာမည့် အန္တရာယ်နှင့် စပ်လျဉ်း၍ စိုးရိမ်စပြုလာကြ ပြီဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုရပါမူ အကြမ်းဖက်မှု အန္တရာယ်ကို ကောင်းစွာ သတိပြုမိလာကြခြင်း ဖြစ်သည်။ ဖမ်းဆီးခံထားရသည့် အဆိုပါ အမျိုးသားသည် ၄င်း၏ Facebook စာမျက်နှာပေါ်တွင် ISIS စစ်သွေးကြွ အဖွဲ့ကို ထောက်ခံထားပြီး ယင်းစစ်သွေးကြွ များအတွက် ဝါဒဖြန့်ချိမှုများ လုပ်ဆောင်ထားသည် ဟု အာဏာပိုင်များက ဆိုသည်။ ထို့ပြင် ဆွီဒင် လုံခြုံရေးတပ်ဖွဲ့သည် အဆိုပါတိုက်ခိုက်မှု တွင် ပါဝင်ဆက်နွှယ်မှု ရှိသည်ဟု ယူဆသူ တခြားအမျိုးသားနှစ်ဦး ကိုလည်း ဖမ်းဆီးထားသည်။ အလားတူ နိုင်ငံ၏နယ်စပ်ဒေသ များတွင် လုံခြုံရေးကို အထူးတင်းကျပ်ရန် အစိုးရက အမိန့်ထုတ်ပြန် လိုက်သည်။

စတော့ဟုမ်းမြို့၌ ဖြစ်ပွားသည့် တိုက်ခိုက်မှုသည် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ ရှိ မြေအောက် ရထားဘူတာရုံ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပြီးနောက်ပိုင်းတွင် ထပ်မံဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် စတော့ဟုမ်းနှင့်
စိန့်ပီတာစဘတ် တိုက်ခိုက်မှုများကို ထောက်ရှုခြင်းအားဖြင့် ယခုအခါ ဥရောပတွင် အေးချမ်းတည်ငြိမ်မှု ရှိသည့်နိုင်ငံဟူ၍ မရှိတော့ဟု နိုင်ငံရေး ကျွမ်းကျင်သူတစ်ဦး ဖြစ်သူ ကွန်စတန်တင် ဆိုကိုလော့ဗ် က သုံးသပ်ထားပြီး ဥရောပရှိ မည်သည့်နိုင်ငံမျိုး မဆို ဆွီဒင်၌ တွေ့ကြုံလိုက်ရသည့် တိုက်ခိုက်မှုမျိုး တွေ့ကြုံရဖွယ် ရှိသည်ဟု ၄င်းကသတိပေး ပြောကြားထားသည်။

ထို့ပြင် အကြမ်းဖက်မှု အန္တရာယ်သည် ဥရောပနိုင်ငံများသို့ ဒုက္ခသည်များနှင့် အတူ ဝင်ရောက်လာနိုင်ဖွယ် ရှိပြီး နိုင်ငံတစ်နိုင်ငံ အတွင်းသို့ ဒုက္ခသည်ထောင်၊ သောင်းချီ၍ ဝင်ရောက်လာခြင်းသည် လက်ခံနိုင်ငံ၏ ရှိရင်းစွဲ လူနေမှုဘဝ ပုံစံကို ပျက်ပြားစေတတ် ဟုလည်း ၄င်းက ထောက်ပြထားသည်။ မှန်ပေသည်။ ၄င်း၏ ပြောကြားချက် မှန်ကန်ကြောင်း အရှေ့အလယ်ပိုင်းနှင့် တခြားဒေသများမှ ဒုက္ခသည်များကို သိန်းနှင့်ချီကာ လက်ခံခဲ့သည့် ဂျာမနီနိုင်ငံက သက်သေခံလျက် ရှိသည်။

စစ်သွေးကြွများ သို့မဟုတ် ဘာသာရေး အစွန်းရောက်များသည် များသောအားဖြင့် ဥရောပနိုင်ငံများသို့ ဝင်ရောက်လာသည့် ဒုက္ခသည်အစစ်အမှန် များနှင့်အတူ ရောနှော လိုက်ပါလာတတ် ကြပြီး ၄င်းတို့အလိုရှိရာ နိုင်ငံသို့ရောက်သည်နှင့် တစ်ပြိုင်နက် ၄င်းတို့၏ ဇာတိအမှန်ကို ပြသလာကြသည်။ လက်ခံနိုင်ငံများ၏ စေတနာနှင့် ရက်ရောမှုကို ထောက်ရှုခြင်းမရှိဘဲ ကျေးဇူးကန်းသည့် လုပ်ရပ်မျိုး လုပ်ဆောင် လာကြသည်ကို အလွယ်တကူ တွေ့မြင်ရမည် ဖြစ်သည်။

ဆွီဒင်နှင့် ရုရှားနိုင်ငံတို့မှာ ယခုအခါ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ပြင်သစ် စသည့်နိုင်ငံများနည်းတူ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်များ၏ ခြိမ်းခြောက်မှုနှင့် အနည်းနှင့် အများဆိုသလို တွေ့ကြုံလာနေသည်မှာ ငြင်းမရသည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် နိုင်ငံတစ်နိုင်ငံတည်း လုပ်ဆောင်၍ မရနိုင်ကြောင်းကို စိန့်ပီတာစဘတ်နှင့် စတော့ဟုမ်းမြို့တို့၌ ဖြစ်ပွားသည့် တိုက်ခိုက်မှုများက ဖော်ပြလျက်ရှိပြီး နိုင်ငံများကြား ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်ရန် လိုအပ်နေကြောင်း မီးမောင်းထိုးပြ နေသည်။

အထူးသဖြင့် ဆွီဒင်နိုင်ငံသည် ကမ္ဘာပေါ်၌ ရာဇဝတ်မှုအနည်းဆုံး ဖြစ်ပွားသည့် နိုင်ငံဖြစ်ပြီး တည်ငြိမ်မှုအရှိဆုံးသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ သို့သော် ၂ဝ၁ဝ ပြည့်နှစ်မှစ၍ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်တွေ့ကြုံ လာခဲ့ရသည်။ ယင်းနှစ်အတွင်း စတော့ဟုမ်းမြို့လယ်၌ အီရတ်နွယ်ဖွား အမျိုးသားတစ်ဦးက ဗုံးနှစ်လုံးခွဲ၍ တိုက်ခိုက်ရာ ၄င်းသေဆုံးပြီး တခြားနှစ်ဦး ဒဏ်ရာရရှိသွားသည်။ အလားတူ ၂ဝ၁၅ ခုနှစ်ကလည်း မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်မှုအတွင်း ကျောင်းဆရာတစ်ဦး နှင့် ကျောင်းသားတစ်ဦး သေဆုံးခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ဆွီဒင်အစိုးရ၏ နိုင်ငံရေးခိုလှုံခွင့် ပြုရေး မူဝါဒအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြစ်တင်ဝေဖန် ထားသည်။

ဆွီဒင်နိုင်ငံသည် မကြာမီနှစ်များ အတွင်း ဒုက္ခသည်နှင့် ပြောင်းရွှေ့ ဝင်ရောက်သူ နှစ်သိန်းခန့်ကို နိုင်ငံအတွင်းသို့ ဝင်ရောက် နေထိုင်ခွင့်ပြု ထားသည်။ ယင်းပမာဏမှာ တခြားဥရောပ နိုင်ငံများ၏ တစ်ဦးချင်းဝင်ငွေ နှင့်နှိုင်းယှဉ်မည် ဆိုပါက အဆမတန် များပြားလျက် ရှိသည်။ နောက်ပိုင်းတွင် အစိုးရ၏ နယ်စပ်တင်းကျပ်ရေး မူဝါဒကြောင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူ ဦးရေမှာ အနည်းငယ်လျော့ကျ လာခဲ့သည်။ သို့သော် ဆွီဒင်နိုင်ငံ၌ စစ်သွေးကြွ အဖွဲ့ကို ထောက်ခံသူ အရေအတွက်မှာ တခြားဥရောပ နိုင်ငံများထက် ပိုမိုများပြား နေပြီး ဆီးရီးယားနှင့် အီရတ်နိုင်ငံတို့ရှိ စစ်သွေးကြွ အဖွဲ့နှင့် သွားရောက် ပူးပေါင်းကာ ဆွီဒင်သို့ ပြန်လည် ဝင်ရောက်လာသူ ဦးရေမှာ ၁၄ဝ မှ ၃ဝဝ အထိ ရှိနေခြင်း ဖြစ်သည်။

ယင်းအချက်သည် တခြားဥရောပ နိုင်ငံများထက် ပိုမိုစိုးရိမ်ဖွယ် ကောင်းလှပြီး ဆွီဒင်အစိုးရ အနေဖြင့် အဆိုပါစစ်သွေးကြွ ဟောင်းများကို လူ့အဖွဲ့အစည်း များနှင့် ပြန်လည်ပေါင်းစည်း ပေးနိုင်ရန် ရုန်းကန်နေရသည့် အခြေအနေတွင် ရှိနေသည်။

အချုပ်အားဖြင့် ဆိုရပါမူ အစိုးရ၏ ပြည်ဝင်ခွင့်နှင့် နိုင်ငံရေးခိုလှုံခွင့် ဆိုင်ရာ မူဝါဒများသည် နိုင်ငံတစ်နိုင်ငံ အတွင်းရှိ ပြည်သူများ၏ လူမှုဘဝအပေါ် များစွာ အကျိုးသက်ရောက်မှု ရှိသည်ကို တစ်ချိန်က အေးချမ်းတည်ငြိမ်မှု  ရှိသည့်နိုင်ငံအဖြစ် ဝင့်ကြွားခဲ့သော ဆွီဒင် က သက်သေခံလျက် ရှိနေသည်။

ထို့ကြောင့် ဆွီဒင်အပါအဝင် ဥရောပနိုင်ငံများ အနေဖြင့် ရက်ရောလှသည့် ဂျာမနီနိုင်ငံ၏ သာဓကကိုယူ၍ နိုင်ငံ၏ နယ်စပ်ဒေသရှိ လုံခြုံရေးကို တင်းကျပ်ခြင်း အပါအဝင် နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းသူများကို ဂရုတစိုက်စိစစ်ရန် လိုအပ်မည် ဖြစ်သည်။ ထို့ပြင် ခြိမ်းခြောက်မှု တစ်စထက်တစ်စ ကြီးထွားလာသည့် အကြမ်းဖက်ဝါဒ နှင့် အစွန်းရောက်ဝါဒကို တိုက်ဖျက်နိုင်ရန် အတွက် နိုင်ငံများကြား ပူးပေါင်း လုပ်ဆောင်မှုကိုပါ မြှင့်တင်ရန် လိုအပ်မည် ဖြစ်ကြောင်း သုံးသပ်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Thursday, April 6, 2017

အစွန်းရောက်များ၏ အကြမ်းဖက်ခြိမ်းခြောက်မှု သို့မဟုတ် လုပ်ဆောင်ရန် လိုအပ်လာသည့် ရုရှား-ဥရောပ ပူးပေါင်းမှု


Blast in St Petersburg

( သင်းအောင် ဘာသာပြန်သည်။ )

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ မြေအောက်မီးရထား ဘူတာရုံတစ်ခု၌ ယခုရက်သတ္တပတ် အစောပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် အစ္စလာမ်မစ် အစွန်းရောက် များ၏ အကြမ်းဖက် ခြိမ်းခြောက်မှုသည် ရုရှားနိုင်ငံသို့ ကူးစက်ရောက်ရှိ လာပြီလား ဟူသော မေးခွန်းတစ်ရပ် ထွက်ပေါ်လာ စေခဲ့သည်။

အဆိုပါဖောက်ခွဲ တိုက်ခိုက်မှုသည် ရုရှား တစ်နိုင်ငံလုံးကို စိန်ခေါ်လိုက်သည့် လုပ်ရပ် တစ်ခုဖြစ်ပြီး ကောင်းစွာကြိုတင် စီစဉ်ထားသော တိုက်ခိုက်မှု ဖြစ်သည်ဟု ရုရှား ကျွမ်းကျင်သူများက ဆိုသည်။ ယင်းတိုက်ခိုက်မှု အတွင်း လူ ၁၄ ဦးသေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိ သွားခဲ့သည်။

တိုက်ခိုက်မှု၏ အဓိကလက်သည် တရားခံမှာ အက်ဘာဇွန် ဂျာလီလော့ဗ် ဆိုသူဖြစ်ပြီး ၄င်းသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် ISIS စစ်သွေးကြွ အဖွဲ့နှင့် အဆက်အသွယ် ရှိနိုင်သည်ဟု ရုရှား ထောက်လှမ်းရေး အဖွဲ့က ယူဆလျက် ရှိသည်။

ရုရှား ထောက်လှမ်းရေး အဖွဲ့ဝင်များသည် ဂျာလီလော့ဗ်၏ နေအိမ်ကိုရှာဖွေ ထောက်လှမ်းပြီးနောက် အဆိုပါနေအိမ် အတွင်းသို့ ဝင်ရောက်ရှာဖွေ ခဲ့ပြီးဖြစ်သည်။ ဂျာလီလော့ဗ် သည် ပေါက်ကွဲမှု ဖြစ်ပွားသည့် နေ့တွင် ကျောပိုးအိတ် တစ်လုံးအပြင် တခြား အိတ်တစ်လုံးကို ယူဆောင်၍ ၄င်း၏နေအိမ် မှ ထွက်ခွာသွား သည်ကို ရုရှားအာဏာပိုင် များက ထောက်လှမ်းရေး ကင်မရာများမှ ဖမ်းယူနိုင်ခဲ့သည် ဟု ဆိုသည်။

ဂျာလီလော့ဗ် သည် အသက် ၂၂ နှစ်အရွယ်ရှိ ကာဂျစ္စတန် နိုင်ငံသား ဖြစ်သည်။ ၄င်းသည် အော့ရှ်မြို့က ဖြစ်ပြီး အတည်မပြု နိုင်သေးသည့် သတင်းများအရ ၂ဝ၁၁ ခုနှစ်တွင် မိဘများနှင့်အတူ စိန့်ပီတာစဘတ်မြို့ သို့ ပြောင်းရွှေ့ သွားသည်ဟု ကာဂျစ္စတန် လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။ နောက်ပိုင်းတွင် ၄င်းတို့ မိသားစုသည် အော့ရှ်မြို့သို့ ပြန်လည်ရောက်ရှိ လာပြီးနောက်ပိုင်း အကြောင်းအရာ များကို စုံစမ်း ဖော်ထုတ်နေဆဲ ဖြစ်သည်။ 

၎င်းသည် မြေအောက်မီးရထား ဘူတာရုံကို မည်သည့် အကြောင်းရင်း ကြောင့် တိုက်ခိုက်ခဲ့ရ သနည်းဟူသော မေးခွန်းနှင့် စပ်လျဉ်း၍ ရုရှားအာဏာပိုင် များက တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိသော်လည်း ၄င်းကို အစ္စလာမ်မစ် အစွန်းရောက်များနှင့် ဆက်နွှယ်မှုရှိသည် ဟု အင်တာဖက်စ် သတင်းအေဂျင်စီ က ဖော်ပြထားသည်။ သို့သော် အသေးစိတ်ရှင်းပြ ထားခြင်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ အဆိုပါမီးရထားဘူတာရုံ အကြမ်းဖက်မှုသည် အစွန်းရောက်များက နိုင်ငံအတွင်းရှိ မည်သည့်နေရာဒေသ ကိုမဆို ပစ်မှတ်ထား တိုက်ခိုက် နိုင်သည်ဟူသော သတင်းစကားကို ရုရှား အစိုးရအား ထုတ်ဖော်ပြသ လိုက်သကဲ့သို့ ဖြစ်သည်ဟု လည်း ဆိုနိုင်သည်။ သို့ရာတွင် အကြမ်းဖက်သမား များ၏ ကြိုးပမ်းမှုမှာ မည်သည့်အခါမျှ အောင်မြင်မည် မဟုတ်ဟု ရုရှား ကျွမ်းကျင်သူများက ဆိုထားသော်လည်း ရုရှားအစိုးရ အနေဖြင့် နိုင်ငံအတွင်း ထွက်ပေါ် လာနိုင်သည့် အကြမ်းဖက်မှု များကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေး အတွက် ပုန်းကွယ် ထောက်လှမ်းရေး ကွန်ရက်စနစ် များတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေသေး သည်ဟု Alpha Group အကြမ်းဖက် တန်ပြန်ရေး တပ်ဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ အလက်ဇီဖီလာတော့ပ် က ထောက်ပြ ထားသည်။

ယခုဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုသည် ISIS စစ်သွေးကြွ များနှင့် ဆက်နွှယ်မှုရှိသည့် ဒုတိယမြောက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာဖွယ် ရှိသည်။ အဖွဲ့အပေါ် သစ္စာခံထားသည့် အမျိုးသား နှစ်ဦးသည် မော်စကိုမြို့တော် အနီး ဘာလာရှီကာမြို့ အဝေးပြေး လမ်းမကြီးပေါ်ရှိ စစ်ဆေးရေး ဂိတ်တစ်ခုကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၁၉ ရက် က ပုဆိန်များ၊ သေနတ်များဖြင့် တိုက်ခိုက် ခဲ့သည်။

ယင်း တိုက်ခိုက်မှုမှာ ရုရှားမြေ၌ ပထမဆုံးအကြိမ် ဖြစ်ပွားသော ISIS စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်သည့် တိုက်ခိုက်မှုအဖြစ် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ရုရှားအစိုးရသည် ဆီးရီးယားရှိ ISIS စစ်သွေးကြွ အဖွဲ့အပါအဝင် ၄င်းတို့၏ မဟာမိတ် အစွန်းရောက် အဖွဲ့များကို ချေမှုန်းတိုက်ခိုက် ရာတွင် ပါဝင်နေခြင်းသည် ရုရှားနိုင်ငံ အတွင်း အကြမ်းဖက်မှုများ ထွက်ပေါ်လာ နိုင်စေသည့် အကြောင်းရင်း တစ်ခုဖြစ်သည်ကို ငြင်းဆိုနိုင်ခြင်း မရှိပေ။

အကြောင်းမှာ ISIS စစ်သွေးကြွ အဖွဲ့ကို ထောက်ခံနေသူ များသည် ကမ္ဘာအနှံ့အပြား၌ ရှိနေသည့်အပြင် မွတ်စလင် ဘာသာဝင် အများစု နေထိုင်ရာဖြစ်ပြီး အစ္စလာမ်မစ် စစ်သွေးကြွများ လှုပ်ရှားလေ့ ရှိသည့် ကော့ကေးဆပ် ဒေသ၌လည်း ရှိနေသည်ကို ရုရှားအစိုးရက မဖြစ်မနေ သတိမူရမည့် အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ထို့ပြင် အရှေ့အလယ်ပိုင်း၌ မရှုမလှ ရှုံးနိမ့်ပြီး ယင်းဒေသမှ ထွက်ခွာလာသည့် စစ်သွေးကြွ များသည် ရုရှားအစိုးရ၏ အကျိုးစီးပွားကို တိုက်ခိုက်နေသည့် ချေချင်းညာ ဒေသမှ အစွန်းရောက်များ နှင့်ပူးပေါင်း၍ တိုက်ခိုက်မှုများကို ထပ်မံပြုလုပ် လာဖွယ်ရှိသည်။

ထို့ကြောင့် ရုရှားအစိုးရ အနေဖြင့် နိုင်ငံအတွင်း အကြမ်းဖက်မှုများ ထပ်မံ မပေါ်ပေါက်စေရေး လုပ်ဆောင်ရာတွင် အိမ်နီးချင်း ဥရောပနိုင်ငံများနှင့် ပူးပေါင်းရန် လိုအပ်လျက် ရှိသည်။ စိန့်ပီတာစဘတ်မြို့ မြေအောက် မီးရထား ဘူတာရုံ တိုက်ခိုက်ခံရမှုသည် အိမ်နီးချင်းနိုင်ငံများ အပေါ် လုံခြုံရေးအရ အကျိုးသက်ရောက်မှု ရှိသဖြင့် ယူကရိန်း လက်နက်ကိုင် ပဋိပက္ခကြောင့် ရုရှားနိုင်ငံကို ဘေးဖယ်ထားမည့်  အစား လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ရုရှား အပါအဝင် အိမ်နီးချင်းနိုင်ငံများ အနေဖြင့် ပူးပေါင်းလုပ်ဆောင် ရမည်ဟု ချက် သမ္မတ နိုင်ငံမှ စစ်ရေးသုံးသပ် လေ့လာသူ မာတင်ကိုးလ်လား က ဆိုသည်။

ရုရှားနှင့် အိမ်နီးချင်း ဥရောပနိုင်ငံများ၊ အထူးသဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များအကြား သဘောထား ကွဲလွဲမှုများ ရှိနေသော်လည်း စိန့်ပီတာစဘတ်မြို့ မြေအောက် မီးရထား ဘူတာရုံ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံများ အနေဖြင့် ရုရှားအစိုးရနှင့် တစုတစည်းတည်း ရှိသည်ဟု ဥရောပသမဂ္ဂ လွှတ်တော် လုံခြုံရေးနှင့် ကာကွယ်ရေး ဆပ်ကော်မတီ အဖွဲ့ဝင် ဂျာဗီယာနာ့တ် က ထုတ်ပြန်ကြေညာ ထားသည်။

မှန်ပေသည်။ ယူကရိန်း ပဋိပက္ခတွင် ရုရှားနိုင်ငံက ခွဲထွက်ရေး သမားများကို ထောက်ပံ့ပေး နေသည်ဟူသော စွပ်စွဲချက်ဖြင့် ဥရောပနိုင်ငံ တချို့နှင့် အနောက်နိုင်ငံ ကြီးများက ရုရှားအပေါ် တုံ့ပြန်သည့် အနေဖြင့် ပိတ်ဆို့မှုများ ချမှတ်ထားလင့်ကစား ယခုအခါ အကြမ်းဖက် ခြိမ်းခြောက်မှုနှင့် အစွန်းရောက် ဝါဒသည် အနောက်ဥရောပ အပါအဝင် ကမ္ဘာကြီး၏ မည်သည့် နေရာကိုမဆို ပျံ့နှံ့လာနိုင်ပြီး တိုက်ခိုက်မှုများကို လုပ်ဆောင် လာနိုင်ဖွယ် ရှိသော ကြောင့် ရုရှားနှင့် ဥရောပနိုင်ငံများ အနေဖြင့် ၄င်းတို့အကြားရှိ မတူညီမှုများကို ဘေးဖယ်၍ စစ်သွေးကြွ များ၏ အကြမ်းဖက် ခြိမ်းခြောက်မှု များကို ချေမှုန်းနိုင်ရန် ပူးပေါင်း လုပ်ဆောင်ရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်ပါကြောင်း သုံးသပ်လိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Friday, March 24, 2017

ဥရောပ ကို ခြေချလာပြန်သည့် အကြမ်းဖက် တိုက်ခိုက်မှု



( ရှိန်းထက် ဘာသာပြန်သည်။ )

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ၂ဝ၁၆ ခုနှစ်က ISIS တို့၏အကြမ်းဖက် တိုက်ခိုက်ခဲ့မှု၏ တစ်နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် လုပ်နေစဉ်မှာပင် လန်ဒန်တွင် လူငါးဦး သေဆုံးသည့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ ကားနှင့်တိုက်၍ လည်းကောင်း၊ ဓားနှင့် အထိုးခံရ၍ လည်းကောင်း သေသူကသေ နှင့် လန်ဒန်အတွက် တုန်လှုပ်ချောက်ချား စရာ နေ့တစ်နေ့ ဖြစ်ခဲ့ပြီး ဗြိတိန်ပါလီမန် ကျင်းပချိန်ကို ပစ်မှတ်ထား ခဲ့ခြင်းဖြစ်သည်။

ရဲအရာရှိတစ်ဦးမှာ အကြမ်းဖက်သမား၏ ဓားနှင့်အထိုးခံရ၍ သေဆုံးခဲ့ပြီးနောက် ဥရောပတွင် ငြိမ်သက်နေသည့် အကြမ်းဖက်မှုကို တပ်လှန့်မှုတစ်ခု ဖြစ်ခဲ့သည်။ ISIS တို့ အရှေ့အလယ်ပိုင်း၌ အရှုံးများနှင့် ရင်ဆိုင် နေရချိန်တွင် ဥရောပနှင့် အနောက်အုပ်စုသည် အကြမ်းဖက်မှု အန္တရာယ်နှင့် အနည်းငယ် ကင်းဝေးနေခဲ့သည်။ သို့သော် အာရုံလွှဲဗျူဟာ များကို သုံးတတ်သည့် ISIS တို့သည် တစ်နှစ်တစ်ခါ လောက်တော့ အနည်းဆုံး အကြမ်းဖက်မှု တစ်ခုကို မဖြစ်ဖြစ်အောင် ပြုလုပ်လေ့ရှိသည်။ ယခုလည်း ဘယ်လ်ဂျီယံ လေဆိပ် မြေအောက်ရထား ဘူတာရုံ၌ အကြမ်းဖက် တိုက်ခိုက်ခံရမှုနှင့် တိုက်ဆိုင်နေကာ ISIS တို့၏ ခြိမ်းခြောက်မှုက တစ်ဖန်ပေါ်ပေါက် လာပြန်သည်။

ယခု အကြမ်းဖက်မှုက ဗြိတိန်၏ အရှေ့အလယ်ပိုင်း နှင့် အာဖရိကတို့မှ တိုက်ရိုက် ပျံသန်းသည့် လေကြောင်းလိုင်း များကို လျှပ်စစ်ပစ္စည်းများ တင်ဆောင်လာခွင့် ပိတ်ပင်လိုက်သည့် အမိန့်နှင့် တစ်ရက်သာ ခြားပြီးဖြစ်ပေါ် ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗြိတိန်အစိုးရ၏ ထုတ်ပြန်ချက်နှင့် အကြမ်းဖက် တိုက်ခိုက်မှု ဆက်နွှယ်မှုက ထည့်သွင်း စဉ်းစားစရာတစ်ခု ဖြစ်နေပြန်သည်။ 

ISIS တို့သည် အရှေ့အလယ်ပိုင်းတွင် အထိနာနေ သော်လည်း အမြစ်ပြတ်သွားခြင်း မဟုတ်သည့် အတွက် အကြမ်းဖက် တိုက်ခိုက်မှုများ ကတော့ ဆက်ရှိနေဦးမည် ဖြစ်သည်။ ထို့ပြင် ယခုနှစ် မတ်လအထိ ISIS တို့က ငြိမ်ချက်သား ကောင်းနေပြန်သည်။ မုန်တိုင်းမလာမီ ငြိမ်သက်ခြင်းမျိုး ဖြစ်သည်။ မထင်မှတ် ထားသည့် အချိန်တွင် ကောင်းမွန်စွာ ပြင်ဆင်ပြီးမှ အကြမ်းဖက် တိုက်ခိုက်မှုများကို လုပ်နေသည်။ ထို့ကြောင့် အနည်းဆုံး လူလေးငါးဦး တော့ သေဆုံးရသည်။ ပြင်သစ်တွင် ၂ဝ၁၅ ခုနှစ်က ပဲရစ် တိုက်ခိုက်ခံရမှုနှင့် ၂ဝ၁၆ ခုနှစ် က နီးစ်ကမ်းခြေ တိုက်ခိုက်ခံရမှု နှစ်ခုစလုံးသည် တစ်နှစ်ခြား တစ်ခါဖြစ်ခဲ့ပြီး ပြင်သစ် သမိုင်းတွင် အရုပ်ဆိုး အကျည်းတန်ဆုံး အကြမ်းဖက် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။

လူပေါင်းရာချီ သေဆုံးခဲ့ပြီး ယခုအချိန်ထိ ပြင်သစ်တွင် အရေးပေါ် လုံခြုံရေးအမိန့်ကို ထုတ်ပြန်ထားရဆဲ ဖြစ်သည်။ အကြမ်းဖက် တိုက်ခိုက်ခံရရန် ခန့်မှန်းချက်တွင် ပြင်သစ်က ထိပ်ဆုံးမှ ပါဝင်နေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။  အနောက်အုပ်စုသည် ၂ဝ၁၄ ခုနှစ်မှ စတင်ကာ အကြမ်းဖက်မှုများနှင့် ဆူညံခဲ့ရပြီး တစ်ကြိမ်ပြီးလျှင် နောက်ဆက်တွဲ အကြမ်းဖက်မှု တစ်ခုကလည်း ကပ်ပါလာတတ်သည့် ISIS တို့၏ အကျင့်ကလည်း ရှိနေသည့် အတွက် နောက်ထပ် အကြမ်းဖက်မှု တစ်ခုအတွက် အနောက်အုပ်စုတို့ ကြိုတင်ပြင်ဆင်ရန် လိုနေပြီဖြစ်သည်။

အမေရိကန်ကတော့ အကြမ်းဖက်မည့် သတင်းကိုကြိုတင် သိရှိခဲ့ပုံပေါ်သည်။ လေယာဉ်ပေါ်တွင် အကြမ်းဖက်မှု သို့မဟုတ် လျှပ်စစ်ပစ္စည်း များကို အသုံးပြုကာ အကြမ်းဖက်မှု အထမြောက်အောင် ပြုလုပ်ရန် ISIS တို့က ကြံစည်နေသည် ဟုဆိုပြီး လေယာဉ်ပေါ်တွင် ကွန်ပျူတာနှင့် တက်ဘလက် တို့ အသုံးပြုမှုကို ပိတ်ပင်လိုက်ကာ သယ်ဆောင် လာမည် ဆိုပါကလည်း ယခင်ကကဲ့သို့ သာမန်အိတ်များ ထဲတွင် လူနှင့်တစ်ပါတည်း ယူဆောင်သွား၍ မရတော့ဘဲ အစစ်ခံရမည်ဟု အမိန့်ထုတ်ပြန် ခဲ့သည်။


ထို့နောက် ဗြိတိန်က သူ့နိုင်ငံ၏ လုံခြုံရေးအတွက် ဟုဆိုကာ အမေရိကန်တို့ ထုတ်ထားသည့် အမိန့်အတိုင်း ထပ်ပြီးထုတ်လိုက် ပြန်သည်။ သို့သော် အကြမ်းဖက်မှု ကိုတော့ မတားဆီးနိုင်ခဲ့ပေ။ ခန့်မှန်းထားသည့် လေကြောင်းနှင့် ပတ်သက်၍ အကြမ်းဖက်မှု တစ်ခုမျှမဖြစ်ဘဲ ကားနှင့် လိုက်တိုက်ကာ ဓားနှင့်ထိုးခဲ့သည်။

ပြင်သစ်နိုင်ငံ နီးစ်ကမ်းခြေ၌ ကုန်တင်ကားနှင့် လိုက်တိုက် သောကြောင့် လူပေါင်း ဆယ်နှင့်ချီ သေဆုံးခဲ့ရသည့် ဖြစ်ရပ်နှင့် ယခုလန်ဒန် ဖြစ်ရပ်ကို နှိုင်းယှဉ်ကြည့်လျှင် ISIS တို့ အကြမ်းဖက်မှုတွင် ကားအသုံးများ လာသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ပြင် အဆောက်အအုံ ဆောက်လုပ်ရာတွင် အသုံးပြုသည့် ကရိန်းများကိုလည်း အသုံးပြုလာနိုင် သေးသည်။ အလွယ်ရသည့် အရာများနှင့် အကြမ်းဖက်မှုကို ပြုလုပ်လာနိုင်ပြီး ကား၊ ကရိန်း စသည်တို့သည် လူတို့နှင့် မစိမ်းသည့် အတွက် အကြမ်းဖက်ရန် အနားကပ်လာလျှင်ပင် သတိမူမိမည် မဟုတ်ပေ။ ထို့ကြောင့် လူတိုင်းရင်းနှီးနေသည့် အရာများကိုပင် အသုံးပြုပြီး အကြမ်းဖက်မှုများကို နောက်ထပ် ပြုလုပ်ရန် ISIS တို့ စဉ်းစားနေပုံရသည်။ ထိုသို့စဉ်းစားရခြင်း ကလည်း သူတို့ကို ထောက်ပံ့မှု အပြည့်အဝ မပေးနိုင်တော့သော ကြောင့်ဖြစ်သည်။

ယခင်က ငွေရပေါက်များ ဖြစ်ခဲ့သော ရေနံလမ်းကြောင်း ကလည်း ပိတ်သွားကာ နယ်စပ်မျဉ်းများကိုလည်း လက်လွှတ်ခဲ့ရပြီ ဖြစ်သောကြောင့် ISIS တို့တွင် ရန်ပုံငွေအင်အား နည်းပါးလာနေပြီ ဖြစ်သည်။ သို့သော် အသုံးပြုသည့် ပစ္စည်းများကတော့ ဥရောပဖြစ် စက်လက်နက်များ ဖြစ်သည်။ အီရတ်တွင် မိုဆူးမြို့တစ်ဝက် ပြန်လည်သိမ်းနိုင် ခဲ့စဉ်က သိမ်းဆည်းရမိခဲ့သည့် လက်နက်များမှာ ဥရောပထုတ်များ ဖြစ်သည်။ ထိုလက်နက်များ ဝင်လာသည့် လမ်းကြောင်းကို အနောက်အုပ်စုတို့ ပိတ်ရန်လိုသည်။ ထိုသို့မဟုတ်ပါက သူတို့လက်နက် နှင့် သူတို့ထပ်မံ အကြမ်းဖက်ခံနေရဦး မည်ဖြစ်သည်။ ယခုတော့ တစ်နှစ်လျှင် တစ်ကြိမ်ဆိုသကဲ့သို့ အကြမ်းဖက်ကာလ တစ်ခုသို့ ထပ်ရောက်လာပြန်ပြီ ဖြစ်သည်။

၂ဝ၁၇ ခုနှစ်အတွက် အကြမ်းဖက်ကာလက ဗြိတိန်နှင့် ဥရောပမြေကို စတင်လာခဲ့ပြီ ဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် ပိုပြီးအထိနာလာလျှင် အာရုံလွှဲသည့် အကြမ်းဖက်မှုများ က ပိုမိုဖြစ်လာမည် ဖြစ်သည်။ ထို့ပြင် လူသစ်စုဆောင်းရေးတွင် အသုံးပြုရန် အကြမ်းဖက်မှုများကို ပိုပြီးပြုလုပ် လာနိုင်သည်။ ISIS တို့ဘက်မှ အသွင်ပြောင်း လာသူများက အစ္စလာမ်မစ် စစ်သွေးကြွ များထဲတွင် တိုက်ခိုက်ရန် အတက်ကြွ ဆုံးနှင့် အသေခံတိုက်ရန် စိတ်ဓာတ် အပြင်းထန်ဆုံးသည် နိုင်ငံခြားမှ လာရောက်ပူးပေါင်း ခဲ့သည့်သူများ ဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် ယင်းအချက်ကို သတိထား ရမည်ဖြစ်သည်။ သို့သော် သတိထားနေသည့် ကြားထဲမှပင် ဗြိတိန်တို့ အထိနာခဲ့ ရပြီဖြစ်သည်။ ထို့ကြောင့် ISIS တို့၏ထုံးစံအတိုင်း တစ်နှစ်လျှင် အနည်းဆုံးတော့ အကြမ်းဖက်မှု နှစ်ခုခန့် ပြုလုပ်တတ်သည့် အပြင် တစ်ဖန် လူသစ်စုဆောင်းရန် လိုအပ်လာကာ ပို၍လည်း အထိနာနေသည့် အတွက် ဥရောပကို လန်ဒန် အကြမ်းဖက်မှု နှင့်ဖွင့်ခဲ့သော ISIS တို့ကို ဒုတိယအကြမ်းဖက်မှု အခွင့်အရေးကို ထပ်မပေးရရေး အတွက် အနောက်အုပ်စု တို့က ဆောင်ရွက် ရတော့မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

Sunday, March 19, 2017

MNDAA အကြမ်းဖက်သောင်းကျန်းသူ များက လောက်ကိုင်မြို့ပေါ်သို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်


MNDAA အကြမ်းဖက်သောင်းကျန်းသူ များ၏ လက်နက်ကြီးများ၏ ပစ်ခတ်မှုကြောင့် 
ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၉-၃-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ မတ်လ ၆ ရက်မှစ၍ MNDAA အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်နေရာယူ ထားသည့် ပွိုင့်-၁၁၇၆ တောင်ကုန်းအား မတ် ၈ ရက်တွင် လည်းကောင်း၊ ပွိုင့်-၁၂၆၉ တောင်ကုန်းအား မတ် ၁၅ ရက်တွင် လည်းကောင်း၊ ပွိုင့်-၁ဝ၅၂ တောင်ကုန်းအား မတ် ၁၆ ရက်တွင် လည်းကောင်း၊ ပွိုင့်-၁ဝ၈၈ တောင်ကုန်းအား မတ် ၁၇ ရက်တွင် လည်းကောင်း တပ်မတော်မှ တိုက်စစ်ဆင် သိမ်းပိုက်နိုင် ခဲ့သည့်အတွက် ၄င်းတို့၏ လူ၊ လက်နက်၊ ခဲယမ်းများ အများအပြား ဆုံးရှုံးလာခြင်းကြောင့် တပ်မတော် စစ်ကြောင်းများ၏ အဓိကထိုးစစ်ဆင် နေမှုကို နှောင့်နှေးစေရန် နှင့် လောက်ကိုင်မြို့ အတွင်း နှင့်အနီး ပတ်ဝန်းကျင်ရှိ အပြစ်မဲ့ပြည်သူ များ၏ အသက်အိုးအိမ် စည်းစိမ်ကို မီးလောင် ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ မတ် ၁၇ ရက် ည ၇ နာရီ မိနစ် ၅ဝ ခန့်မှ ည ၁ဝ နာရီ ခန့်အထိ နှစ်နိုင်ငံနယ်စပ် ဘီပီ-၁၂၆ နှင့် ဘီပီ-၁၂၇ အကြားမှနေ၍ ၁ဝ၇ မမ ဟု ယူဆရသည့် Rocket ၁ဝ လုံးဖြင့် ပစ်ခတ်နှောင့်ယှက် ခဲ့သည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ များပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် များသည် နားလီကျေးရွာ ထိပ်တွင် တစ်လုံး၊ ထင်ပါကျိုင်းကျေးရွာ အနီးတွင် လေးလုံး၊ လောက်ကိုင်မြို့၊ မဟာမြတ်မုနိ ဘုရားကုန်း အောက်ခြေ တောစပ်တွင် နှစ်လုံး၊ စစ်မှုထမ်းဟောင်း အိမ်ရာအနီးတွင် သုံးလုံး၊ စုစုပေါင်း ၁ဝ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် စစ်မှုထမ်းဟောင်း အိမ်ရာရှိ လူနေထိုင်ခြင်း မရှိသည့် အိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ကျန်နေရာများထိခိုက် ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူများ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ် ခဲ့သည့် နေရာများအား တပ်မတော်စစ်ကြောင်း များက အမြောက်၊ လက်နက်ကြီး များဖြင့် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း ကျော်လွန်မှု မရှိစေရေး တိကျစွာ တွက်ချက်၍ ကန့်သတ်ချက် များဖြင့် စနစ်တကျပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Friday, March 17, 2017

လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ် ၊ ဆက်ကြေးကောက် ၊ လမ်းပိတ်ဆို့ ထားမှုအား တပ်မတော်မှ ထပ်မံရှင်းလင်းခဲ့ရ


TNLA အကြမ်းဖက် သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်ထားသည့်
 မော်တော်ယာဉ်များကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၇-၃-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ် သွားလာလျက် ရှိသည့် မော်တော်ယာဉ် များအား မတ် ၁၅ ရက် နံနက်ပိုင်းတွင် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ဟိုနောင်ကျေးရွာ အနီး၌ မော်တော်ယာဉ် ဘီးများအား လက်နက်ငယ် များဖြင့်ပစ်ခတ်၍ လမ်းကြောင်း ပိတ်ဆို့ထားရှိ မှုကြောင့် တပ်မတော် စစ်ကြောင်း များက သွားရောက်ရှင်းလင်း ခဲ့ရသည်။

ထို့အတူ ယမန်နေ့နံနက် ၃ နာရီခွဲခန့် တွင်လည်း ကွတ်ခိုင်မြို့မှ မူဆယ်မြို့ဘက်သို့ သွားလာလျက် ရှိသည့် မော်တော်ယာဉ် များအား TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အင်အား ၂ဝ ဦးခန့်က ခိုမုန်းကျေးရွာအနီးရှိ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီး ပေါ်၌ မော်တော်ယာဉ် ဘီးများအား လက်နက်ငယ် များဖြင့်ပစ်ခတ်၍ လမ်းကြောင်း ပိတ်ဆို့ထားရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းက ထပ်မံသွားရောက် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ ရသည်။

အဆိုပါနေရာ၌ ၂၂ ဘီးယာဉ် ခြောက်စီးနှင့် ခရီးသည်တင် မှန်လုံယာဉ် တစ်စီး၊ စုစုပေါင်း မော်တော်ယာဉ် ခုနစ်စီးတို့ဖြင့် လမ်းကြောင်း ပိတ်ဆို့ထားရှိ သည်ကို တွေ့ရှိရပြီး TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က ယာဉ်မောင်းများထံမှ လက်ကိုင်ဖုန်းနှင့် ငွေကြေးများ ယူဆောင် သွားကြောင်း သိရှိရသည်။

တပ်မတော် စစ်ကြောင်းက လမ်းကြောင်း ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ရာ နံနက် ၇ နာရီခွဲခန့်တွင် မော်တော်ယာဉ်များ ပုံမှန် သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Thursday, March 16, 2017

လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ သွားလာနေသည့် မော်တော်ယာဉ်များအား TNLA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်၍ လမ်းကြောင်းပိတ်ဆို့ ထားမှုအား တပ်မတော်မှ ရှင်းလင်း


TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မော်တော်ယာဉ်များအား လက်နက်ငယ်များဖြင့်
 ပစ်ခတ်ထားသည်ကို တွေ့ရစဉ်

TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မော်တော်ယာဉ်ဘီးများအား လက်နက်ငယ်များဖြင့်
 ပစ်ခတ်၍ လမ်းကြောင်းပိတ်ဆို့ထားမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၆-၃-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ဘက်မှ မူဆယ်မြို့ဘက်သို့ သွားလာလျက် ရှိသည့် မော်တော်ယာဉ် များအား ယမန်နေ့နံနက် ၇ နာရီခွဲခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ အင်အား ၁ဝ ဦးခန့်က ဟိုနောင်ကျေးရွာ အနီးရှိ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးပေါ် ၌ မော်တော်ယာဉ် ဘီးများအား လက်နက်ငယ် များဖြင့် ပစ်ခတ်၍ လမ်းကြောင်းပိတ်ဆို့ ထားရှိကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်း ခြင်းများသွားရောက် ဆောင်ရွက် ခဲ့ရသည်။

အဆိုပါနေရာ၌ ၂၂ ဘီးယာဉ်သုံးစီး၊ ၁၂ ဘီးယာဉ် နှစ်စီး၊ ဒိုင်နာတစ်စီးနှင့် ဆီဘောက်ဆာယာဉ် တစ်စီး၊ စုစုပေါင်း မော်တော်ယာဉ် ခုနစ်စီးတို့ဖြင့် လမ်းကြောင်းပိတ်ဆို့ ထားရှိသည်ကို တွေ့ရှိရပြီး အတက်အဆင်း ယာဉ် များ ပုံမှန်သွားလာ နိုင်ရေးအတွက် တပ်မတော် စစ်ကြောင်းက လမ်းကြောင်း ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ညနေ ၅ နာရီခန့်တွင် မော်တော်ယာဉ်များ ပုံမှန်သွားလာ နိုင်ပြီဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

MNDAA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့၏ နှောင့်ယှက်ပစ်ခတ်မှုကြောင့် မော်ထိုက်မြို့အတွင်းရှိ စာသင်ကျောင်းနှင့် ရဲစခန်း အဆောက်အအုံအချို့ လက်နက်ကြီးစများ ထိမှန်ပျက်စီး


အကြမ်းဖက်သောင်းကျန်းသူ များ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်
 ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၆-၃-၂၀၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်းမြို့နယ်၊ မော်ထိုက်မြို့ အတွင်းရှိ တပ်မတော်စခန်းနှင့် ဝန်းကျင်တစ်ဝိုက် သို့ ယမန်နေ့နံနက် ၁ဝ နာရီ မိနစ်၂ဝ မှ ၁၁ နာရီ ၄၅ မိနစ်အထိ MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က လက်နက်ကြီး များဖြင့် နှောင့်ယှက်ပစ်ခတ် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် ခဲ့ရသည်။

အကြမ်းဖက် သောင်းကျန်းသူများမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု များကြောင့် မော်ထိုက်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း စာသင်ခန်းများ နှင့်မော်ထိုက်မြို့နယ် ရဲစခန်းရှိ အဆောက်အအုံ တချို့ ထိခိုက်ပျက်စီး ခဲ့ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Wednesday, March 15, 2017

မောင်တောဒေသအတွင်း မတ်လ ၁၄ ရက်အထိ ဆုံးရှုံးထိခိုက်မှု အခြေအနေ


နေပြည်တော် ၊ ၁၅-၃-၂၀၁၇

မောင်တောဒေသ အတွင်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ကာ ၂ဝ၁၇ ခုနှစ် မတ် ၁၄ ရက်အထိ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်သူ စုစုပေါင်း ၁၇ ဦးကျဆုံး၊ သေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာ ရရှိကာ ဆုံးရှုံးလက်နက် ၄၂ လက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်များအတွင်း တပ်မတော်မှ အရာရှိ၊ စစ်သည် ခုနစ်ဦးကျဆုံး၊ ငါးဦးဒဏ်ရာ ရရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိ၊ အခြားအဆင့် ၁ဝ ဦးကျဆုံး၊ ခုနစ်ဦး ဒဏ်ရာရရှိကာ ပြည်သူ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော်မှ လက်နက်နှစ်လက် ဆုံးရှုံးခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဆုံးရှုံးလက်နက် ၆၈ လက်တွင် ၂၈ လက် ပြန်လည်ရရှိခဲ့ကာ ၄ဝ လက် ကျန်ရှိ နေသေးကြောင်း သိရသည်။

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများထံမှ လုပ်သေနတ် အတို နှစ်လက်/ အရှည် နှစ်လက်၊ ပြောင်းချော တစ်လုံးထိုး သေနတ်တစ်လက်၊ ပွိုင့် ၃၈ ဗို့ ခြောက်လုံးပြူး တစ်လက်၊ (No. 111 စာတန်းနှင့် ငါးတံဆိပ်ပါ) ပစ္စတိုတစ်လက်၊ M-22 နံပါတ်မပါ တစ်လက် စုစုပေါင်း ရှစ်လက်နှင့် လုပ်သေနတ်ကျည် ၁၅ တောင့်၊ ဓား ၇ဝ ချောင်း၊ မှိန်းတစ်ချောင်း သိမ်းဆည်း ရမိကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂ဝ၁၇ ခုနှစ် မတ် ၁၄ ရက်အထိ ဒေသခံပြည်သူ ၃၈ ဦးကို ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ သေနတ်ဒဏ်ရာ ရရှိခြင်း၊ သတ်ဖြတ်ခံရခြင်းများ ဖြစ်ပွားခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Tuesday, March 14, 2017

လောက်ကိုင်မြို့အတွင်း MNDAA အကြမ်းဖက်သောင်းကျန်းသူ များ၏ အကြမ်းဖက်မှုလုပ်ရပ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်


MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ လောက်ကိုင်ဒေသအတွင်း အကြမ်းဖက်မှု 
လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အဆောက်အအုံများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၄-၃-၂၀၁၇

ဖုန်ကြားရှင်နှင့် ဖုန်တာရွှင် ဦးဆောင်သည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ များသည် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း တရားမဝင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ် ရောင်းဝယ် ဖြန့်ဖြူးခြင်းတို့မှ ရရှိသည့်ဝင်ငွေ များဖြင့် အင်အားများ တိုးချဲ့ တည်ဆောက်ပြီး ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီ ၁၈ ရက်အတွင်း လောက်ကိုင်သို့ လည်းကောင်း၊ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှ ဒီဇင်ဘာ ၅ ရက်အတွင်း မုံးကိုးဒေသသို့ လည်းကောင်း၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလဆန်း ပိုင်းမှစ၍ ပွိုင့်-၂၁၄၅ သို့လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ မတ် ၆ ရက်တွင် လောက်ကိုင်မြို့သို့ လည်းကောင်း ဝင်ရောက် တိုက်ခိုက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရ အဖွဲ့အား ထိခိုက်နစ်နာ ဆုံးရှုံးစေရန်နှင့် တိုက်ပွဲများကြောင့် ငွေကြေး လိုအပ်ချက် ရရှိစေရေး ပြန်ပေးဆွဲ၊ လူသတ်၊ ဓားပြတိုက်ရန် ရည်ရွယ်ချက်ဖြင့် ၂ဝ၁၇ ခုနှစ်၊ မတ် ၆ ရက် နံနက် အစောပိုင်းတွင် လောက်ကိုင် မြို့ပေါ်ရှိ တပ်စခန်းများ၊ ရဲစခန်းများနှင့် အများပြည်သူပိုင် အဆောက်အအုံ နေရာ များကို လက်နက်ကြီး၊ လက်နက်ငယ် များဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲ လူသစ် စုဆောင်းခြင်းများ စသည့် အကြမ်းဖက် လုပ်ရပ်များ လောက်ကိုင်ဒေသ အတွင်း ထပ်မံ လုပ်ဆောင်လာခဲ့ သဖြင့် တပ်မတော် စစ်ကြောင်းများက ပြန်လည်တိုက်ခိုက် နယ်မြေရှင်းလင်း ခဲ့ရသည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၃ဝဝ ခန့်သည် မတ် ၆ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်မှ နံနက် ၃ နာရီခန့်အတွင်း အင်အားများ ဖြန့်ခွဲ၍ ရန်လုံကျိုင်းရှိ တပ်စခန်းနှင့် ရဲစခန်းများ၊ လောက်ကိုင်မြို့ရှိ ကိုးကန့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံး၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း ၏ နေအိမ်နှင့် နှစ်နိုင်ငံနယ်စပ် မှတ်တိုင်များအနီး လုံခြုံရေး ဆောင်ရွက်နေသည့် တပ်စခန်းများ အား တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး အင်အား ၅ဝ ဦးခန့်သည် အင်အား သုံး၊ လေးဦးခန့်ပါ အဖွဲ့ငယ်များခွဲ၍ လောက်ကိုင်မြို့ အတွင်းရှိ ဖူလီလိုက်ဟိုတယ်၊ ကျင်ဖုဟိုတယ်နှင့် ကျင်ကျန်းဟိုတယ် တို့အား ဝင်ရောက်မီးရှို့ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများအား ပြန်ပေးဆွဲခြင်းနှင့် ဓားပြတိုက်ခြင်း တို့အား အကြမ်းဖက် လုပ်ဆောင်ခဲ့ပြီး ပယ်စိမ်းဟိုတယ် ရှေ့ရှိ အများပြည်သူပိုင် မော်တော်ယာဉ် ၂ဝ စီးခန့်အား မီးရှို့ဖျက်ဆီး ခဲ့သည်။

ဖူလီလိုက်ဟိုတယ် အကြမ်းဖက်မှု ဖြစ်စဉ်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၄၅ ဦးခန့်သည် နံနက် ၃ နာရီခန့်တွင် အဆိုပါဟိုတယ်သို့ ရောက်ရှိလာခဲ့ပြီး ဟိုတယ်ဂိတ်ပေါက်ရှိ လုံခြုံရေးခန်းတွင်
ချိတ်ဆွဲထားသည့် မော်တော်ယာဉ်သော့ များအား သိမ်းဆည်းပြီး ဟိုတယ်မှ ယွမ်ငွေ သိန်း ၃ဝဝဝ ခန့်အား ဓားပြတိုက် ယူဆောင်၍ ဟိုတယ်ရှေ့တွင် ရပ်ထားသည့် မော်တော်ယာဉ် များဖြင့် ဝန်ထမ်း အမျိုးသား ၁၂ဝ ဦး၊ အမျိုးသမီး ၂ဝဝ ဦး စုစုပေါင်း ဟိုတယ် ဝန်ထမ်း ၃၂ဝ ဦးခန့်တို့ကို ပြန်ပေးဆွဲဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြောင်း၊ ထိုသို့ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်စဉ် လိုက်ပါရန် ငြင်းဆန်ခဲ့သည့် ဝန်ထမ်းတစ်ဦး (အမည်စိစစ်ဆဲ) အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး အမျိုးသမီး ဝန်ထမ်းတစ်ဦး (အမည်စိစစ်ဆဲ) ကိုလည်း MNDAA အကြမ်းဖက် သောင်းကျန်းသူ များက မုဒိမ်းကျင့်ခဲ့ကြောင်း၊ ထို့နောက် တောလမ်းမှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင် ခဲ့ရာ တောင်ကုန်း တစ်ခုသို့ အရောက်၌ ခေတ္တရပ်နားစဉ် MNDAA အကြမ်းဖက် သောင်းကျန်းသူများက ဖမ်းဆီးထားသည့် ဝန်ထမ်းအမျိုးသမီး များအား ၄င်းတို့အဖွဲ့အတွင်း တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိ၊ မရှိ မေးမြန်းခဲ့ရာ အမျိုးသမီး လေးဦးသာသဘောတူခဲ့ သော်လည်း တစ်ဖက်နိုင်ငံသား အမျိုးသမီး များမှအပ ကျန်အမျိုးသမီး ၅ဝ ဦးတို့ကို ၄င်းတို့ အဖွဲ့အတွင်း တာဝန် ထမ်းဆောင်ရန် ရွေးချယ်ခဲ့ ကြောင်း၊ ဖမ်းဆီးခံရသည့် ဝန်ထမ်း အမျိုးသား ၁၂ဝ ဦးအနက် တစ်ဖက် နိုင်ငံသား ၁ဝ ဦးကို ပြန်လည်လွှတ်ပေး ခဲ့ပြီး ကျန် ၁၁ဝ ဦးနှင့် အမျိုးသမီး ၁၅ဝ ခန့်တို့ကို နမ့်ဆန်မြို့သို့ မော်တော်ယာဉ် များဖြင့် ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြောင်း၊ အခြားဆက်စပ် သတင်းများအရ ဖမ်းဆီးသွားသူ များအား MNDAA အကြမ်းဖက် သောင်းကျန်းသူ များ လှုပ်ရှားနေသည့် ကုန်းကြမ်းမြို့နယ်၊ ဟုန်အိုင်ဒေသ ခန့်မှန်း မြေပုံညွှန်း (MG- ၈၆၄ ၆၃ဝ) သို့ နမ့်ဆန်မြို့ မှတစ်ဆင့် ပို့ဆောင်၍ အကြမ်းဖက် သင်တန်းများ တက်ရောက်စေမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ MNDAA အကြမ်းဖက် သောင်းကျန်းသူ များ၏ လောက်ကိုင်ဒေသ အတွင်း အကြမ်းဖက်မှု လုပ်ရပ်များကြောင့် အများပြည်သူပိုင် အဆောက်အအုံများ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ပြီး အပြစ်မဲ့အရပ်သား တိုင်းရင်းသား ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကာ အပြစ်မဲ့ အရပ်သား တိုင်းရင်းသား ပြည်သူ ၃၂ဝ ဦး ပြန်ပေးဆွဲ လူသစ်စုဆောင်း ခံခဲ့ရကြောင်း၊ အပြစ်မဲ့ အရပ်သား တိုင်းရင်းသား ပြည်သူငါးဦးနှင့် ကိုးကန့် ယာဉ်ထိန်းရဲငါးဦး သေဆုံးခဲ့ရပြီး ကိုးကန့် ယာဉ်ထိန်းရဲ လေးဦး ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

မတ် ၆ ရက်မှ ၁၂ ရက်အထိ တပ်မတော် စစ်ကြောင်းများက လောက်ကိုင်ဒေသ အကြမ်းဖက် သောင်းကျန်းသူ များ၏ အကြမ်းဖက် လုပ်ရပ်များ ထပ်မံမဖြစ်ပွား စေရေးနှင့် ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် နယ်မြေ ရှင်းလင်းရေးများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ ရာတွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ များနှင့် ထိတွေ့ တိုက်ပွဲကြီး/ ငယ် စုစုပေါင်း ၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ အကြမ်းဖက် လုပ်ရပ် များကို လိုက်လံ တားဆီးရင်း နိုင်ငံတော် အတွက် အသက်စွန့်လွှတ် ပေးလှူခဲ့ရကာ အချို့ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

သတင်းရေးသားချိန် အထိ နှစ်နိုင်ငံနယ်စပ် အနီး ပွိုင့်-၁ဝ၈၈၊ ပွိုင့်-၁၂၆၉၊ ဘီပီ ၁၂၆ နှင့် ဘီပီ ၁၂၇ အနီးတစ်ဝိုက် MNDAA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် နှစ်နိုင်ငံနယ်စပ် နီးကပ်မှု တစ်လျှောက် တောင်ကုန်း တောင်ကြောနှင့် မြေအနေအထား အသာစီးရမှု အခွင့်ကောင်း ရယူ၍ နယ်မြေရှင်းလင်း လျက်ရှိသည့် တပ်မတော် စစ်ကြောင်းများအား ရင်ဆိုင်ခုခံလျက် ရှိရာ တပ်မတော် စစ်ကြောင်း များကလည်း နယ်မြေ အမြန်ဆုံး အေးချမ်း တည်ငြိမ်နိုင်ရေး အကြမ်းဖက် သောင်းကျန်းသူ များအား ရှင်းလင်းလျက် ရှိကြောင်း သိရသည်။

ပြည်သူလူထု တစ်ရပ်လုံးက ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်တောင့်တ နေချိန်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ များက ရည်ရွယ်ချက်ရှိရှိဖြင့် လောက်ကိုင် ဒေသရှိ တပ်စခန်းများနှင့် အရပ်ဘက်ပစ်မှတ် များအား နှောင့်ယှက် ပစ်ခတ်ခြင်း၊ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခြင်းနှင့် အများပြည်သူပိုင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း များကို နေရာအနှံ့အပြား၌ ထပ်မံဆောင်ရွက် လာ၍ တိုက်ပွဲများဖြစ်ပွား လာခဲ့ပြီး ပုံမှန်လည်ပတ်လျက် ရှိကြသည့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်လာသဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား ဥစ္စာကိုများစွာ ထိခိုက်ပျက်စီးပြီး စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လျက် ရှိကြောင်းနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်မှုအတွက် စိတ်အနှောင့်အယှက် ဖြစ်နေကြပြီး မတည်ငြိမ်မှုမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားနိုင်မှုကို မလိုလားကြဘဲ တည်ငြိမ်မှု အမြန်ဆုံး ရရှိနိုင်ရေး အကြမ်းဖက် သောင်းကျန်းသူ များ၏ တရားမဝင် အုပ်ချုပ်မှု လမ်းကြောင်းများအား နှစ်နိုင်ငံပူးပေါင်း တားဆီး ဆောင်ရွက်ပေးနိုင်ရေး လိုလားလျက် ရှိကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Tuesday, March 7, 2017

MNDAA အကြမ်းဖက်သောင်းကျန်းသူများ သိမ်းပိုက်ထားသည့် ပွိုင့်-၂၁၄၅ တောင်ကုန်းအား တပ်မတော်စစ်ကြောင်း များက သိမ်းပိုက်ရရှိ ၊ လောက်ကိုင်မြို့အား MNDAA အကြမ်းဖက်သောင်းကျန်းသူ များက ၀ိုင်းဝန်းတိုက်ခိုက်






နေပြည်တော် ၊ ၇-၃-၂၀၁၇

ဖုန်ကြားရှင်နှင့် ဖုန်တာရွှင် ဦးဆောင်သည့်  MNDAA အကြမ်းဖက် သောင်းကျန်းသူ များသည် ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီ ၁၈ ရက် အတွင်း လောက်ကိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့၊ ဒေသခံပြည်သူ များနှင့် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ပြီး လွတ်မြောက်နယ်မြေ ထူထောင်ရန် ကြံရွယ်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်း များနှင့် အစိုးရအဖွဲ့၊ ဒေသခံပြည်သူများ လက်တွဲ ပူးပေါင်း ဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံနယ်စပ် ဒေသများသို့ ဆုတ်ခွာထွက်ပြေး ခဲ့ပြီး လောက်ကိုင်ဒေသအား တည်ငြိမ်အေးချမ်းစွာ ဖြစ်စေရေး ထိန်းချုပ်ထား နိုင်ခဲ့ပြီး ဖြစ်ပါသည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် လောက်ကိုင် ဒေသအား ၄င်းတို့၏ လွတ်မြောက်နယ်မြေ ဖြစ်စေရေး အကြံအစည်အား အမြဲမပြတ် ကြံစည်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့ အထိ မုံးကိုးဒေသအား မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဖွဲ့စည်း၍ သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ပြီး မုံးကိုးဒေသ ရရှိပါက ၄င်းနေရာအား အခြေခံလျက် လောက်ကိုင်ဒေသ သို့ ထိုးဖောက် ဝင်ရောက်ရန် ကြံစည်လုပ်ဆောင် ခဲ့သော်လည်း တပ်မတော်သား များ၏ မဆုတ်မနစ်သော ရဲစွမ်းသတ္တိ၊ ရင်ကို မြေကတုတ် စိတ်ဓာတ်၊ ရဲ(၃)ရဲနှင့် မြဲ(၃)မြဲတို့ကြောင့် မရှုမလှဖြင့် နှစ်နိုင်ငံနယ်စပ် အနီး ခြေရာဖျောက် ခဲ့ကြရပြန်သည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ တို့၏ ကြံစည်တိုင်း မအောင်မြင်မှုကြောင့် ထပ်မံ၍ သွေးတိုးစမ်းမှု အနေဖြင့် ပွိုင့်-၂၁၄၅ ဒေသ ခန့်မှန်း မြေပုံညွှန်း (MG-717557) တစ်ဝိုက် မြေအသာစီး ရရှိမှုနှင့် နှစ်နိုင်ငံနယ်စပ် အလွန်နီးကပ်မှု အပေါ် အမြတ်ထုတ်လျက် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ လဆန်းပိုင်းမှစ၍ ကွန်ကရစ် ဘန်ကာများ၊ သစ်တုံးဘန်ကာများ အပြင် ဆက်သွယ်ရေး မြောင်းများဖြင့် အခိုင်အမာစခန်း တည်ဆောက် တပ်စွဲလျက် ဆောင်ရွက် လာကြောင်း မြေပြင်/ဝေဟင် သတင်းဖော်ထုတ် ရရှိခဲ့ပါသည်။

အဆိုပါ ပွိုင့်-၂၁၄၅ တောင်ကြော တစ်လျှောက် အခိုင်အမာတပ်စွဲ အခြေပြုလျက် ရှိသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များအား တပ်မတော် စစ်ကြောင်းများမှ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်မှ စတင်၍ အဆင့်ဆင့် ခြေကုပ်ယူချဉ်းကပ် တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ တိုက်ပွဲကြီး/ငယ် ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ခန့်မှန်း မြေပုံညွှန်း (MG-717562) တစ်ဝိုက်၌ ရန်သူအား ရင်ဆိုင် ထိန်းချုပ်လျက် လိုအပ်သည့် အထောက်အကူပြု ကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား ပြင်ဆင်ခြင်း လုပ်ဆောင်ခဲ့ ရပါသည်။

၂ဝ၁၇ ခုနှစ်၊ မတ် ၆ ရက်နံနက် ၂ နာရီခန့်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ များသည် လောက်ကိုင်ဒေသ အား တစ်ကျော့ပြန် အဖြစ် လည်းကောင်း၊ ပွိုင့်-၂၁၄၅ ရှိ မိမိတပ်မတော် စစ်ကြောင်းများအား အာရုံ လွှဲစေရန် အတွက်လည်းကောင်း၊ ရန်လုံကျိုင်း ရဲစခန်း ခန့်မှန်း မြေပုံညွှန်း (MG-813266)၊ ရန်လုံကျိုင်း တပ်စခန်း ခန့်မှန်း မြေပုံညွှန်း (MG-808268) ၊ နယ်စပ်မှတ်တိုင် ဘီပီ(၁၂၅)လမ်းဆုံ ခန့်မှန်းမြေပုံညွှန်း (MG-815221) ၊ ဘီပီ(၁၂၇)လမ်းဆုံ ခန့်မှန်း မြေပုံညွှန်း (MG-799192)၊ ရွှေဆင်အဝိုင်း ခန့်မှန်းမြေပုံညွှန်း (MG-784214)၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးဝေဆန်း ၏နေအိမ် ခန့်မှန်းမြေပုံညွှန်း (MG-813778208) နှင့် ဘီပီ(၁၂၇)အနီး ခန့်မှန်းမြေပုံညွှန်း (MG-813197) စုစုပေါင်း ခုနစ်နေရာအား တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် ခဲ့သော်လည်း ၄င်းတို့၏ ထင်မှတ်မထားသော တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ ခုခံ တိုက်ခိုက်မှုကြောင့် လက်ရှိ ရန်လုံကျိုင်း ခန့်မှန်း မြေပုံညွှန်း (MG-813266) အပါအဝင် ငါးနေရာ၌ ရန်သူနှင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်လျက် ရှိနေဆဲဖြစ်ပြီး ၄င်းတို့၏ လောက်ကိုင်မြို့တွင်း ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ရေး အကြံအစည် မှာလည်း ရပ်တန့်ခဲ့ ပါသည်။

ဖြစ်စဉ်ဖြစ်ချိန်နှင့် တစ်ပြိုင်နက် ပွိုင့်-၂၁၄၅ အနီး ရင်ဆိုင်ထိန်းချုပ် ထားသော တပ်မတော် စစ်ကြောင်းများက ရရှိသည့် အခွင့်အရေးကို လက်လွတ်မခံဘဲ အမြောက်၊ သံချပ်ကာနှင့် ခြေလျင် လက်နက်ကြီး ပစ်ကူများ ရယူ၍ အနီးကပ် တိုက်ပွဲဆင်နွှဲခဲ့ရာ ပွိုင့်-၂၁၄၅ တောင်ကုန်းအား မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် လည်းကောင်း ၊ ခန့်မှန်းမြေပုံညွှန်း (MG-717555) နေရာအား မွန်းလွဲ ၂ နာရီခွဲခန့်တွင် လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း (MG-717533) နေရာအား ညနေ ၄ နာရီခန့်တွင် လည်းကောင်း သိမ်းပိုက်ရရှိ ခဲ့ကြောင်းနှင့် အောင်မြေချဲ့အမြတ်ထုတ် ရှင်းလင်းဆဲ ဖြစ်ကြောင်း ယခုသတင်း ရေးသားချိန်အထိ သတင်းရရှိ ပါသည်။

ယမန်နေ့ မတ် ၆ ရက်နေ့ လောက်ကိုင်ဒေသ ဖြစ်စဉ်၌ ရန်သူ့ထံမှ မီးလောင်ထားသည့် အလောင်း ၂ဝ လောင်း၊ RPG နှစ်လက်အပါအဝင် လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းဆက်စပ် ပစ္စည်းများ၊ ပွိုင့်-၂၁၄၅ တောင်ကြော ဖြစ်စဉ်၌ MNDAA အကြမ်းဖက် သောင်းကျန်းသူများ ထံမှ အလောင်း ခြောက်လောင်း၊ လက်နက်ကြီး/ လက်နက်ငယ် ခြောက်လက် ရရှိခဲ့ပြီး မိမိ အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ ဝင်ရောက် တိုက်ခိုက်မှုကြောင့် သတင်းထုတ်ပြန်ချိန် အထိ အ-မ-က (လောင်အဲချီ)မှ မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ အများအပြား ရှိနေပြီး ဝင်ရောက် တိုက်ခိုက်ရာတွင် MNDAA လက်နက်ကိုင်အဖွဲ့နှင့် အတူ အခြား ပူးပေါင်းအဖွဲ့များ ပါရှိဖွယ်ရာ ရှိကြောင်း ကနဦး သတင်းများအရ သိရှိရကာ ကိုးကန့် ယာဉ်ထိန်းရဲ ငါးဦး၊ ပြည်သူငါးဦး သေဆုံးကြောင်း နှင့် ကိုးကန့် ယာဉ်ထိန်းရဲ လေးဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

ယခုဖြစ်စဉ်ဖြစ်ရပ် များသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ အဆိုပါ MNDAA ၊ TNLA နှင့် AA အကြမ်းဖက် သောင်းကျန်းသူ များအား လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ်သည့် ကြေညာချက် ထုတ်ပြန်ပါက NCA တွင် လက်မှတ် ရေးထိုးရန် မလိုအပ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ သို့ တက်ရောက်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ၌ တိုက်ရိုက်ပါဝင် ဆွေးနွေးခွင့် ပြုမည်ဖြစ်ကြောင်း ကမ်းလှမ်းစည်းရုံး ဆောင်ရွက် သော်လည်း အဆိုပါ အဖွဲ့များမှ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုအာဏာ ပျက်ပြားစေရေး နှင့် ပြည်သူများ အထိတ်တလန့်နှင့် တည်ငြိမ်မှု ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက် ရှိနေကြောင်း ပေါ်လွင်လျက် ရှိနေသဖြင့် ထာဝရ ငြိမ်းချမ်းရေးမှ တစ်ဆင့် တည်ငြိမ် အေးချမ်းရေး သည်လည်း အလှမ်းဝေး နေဦးမည် ဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ရာတွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော် အနေဖြင့် စိတ်ရှည် သည်းခံလျက် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်အတိုင်း လက်ကိုင်ထား၍ Nationwide Ceasefire Agreement–NCA မှတစ်ဆင့် ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ NCA တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၊ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းများအား လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Wednesday, March 1, 2017

နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ၌ တပ်မတော် သတင်းစာရှင်းလင်းပွဲ ပြုလုပ်


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင်
 ဖြစ်စဉ်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင်
 ဖြစ်စဉ်အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်


ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တပ်မတော်သတင်းစာ ရှင်းလင်းပွဲသို့ 
တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်

တပ်မတော်သတင်းစာ ရှင်းလင်းပွဲတွင် မှတ်တမ်းဓာတ်ပုံများ ခင်းကျင်းပြသထားသည်ကို တွေ့ရစဉ်

နေပြည်တော် (၁-၃-၂၀၁၇)

၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ အတွင်း ရခိုင်ပြည်နယ်၊ မောင်တောဒေသ တွင်ဖြစ်ပွား ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် စီးနင်း တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာလ အတွင်း ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၌ ဖြစ်ပွားခဲ့သည့် မုံးကိုးဒေသတွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော်သတင်းစာ ရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာ ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ နိုင်ငံခြားသတင်းထောက် များအသင်း၊ မြန်မာဂျာနယ်လစ် ကွန်ရက်တို့မ အဖွဲ့ဝင်များ၊ ပြည်တွင်းသတင်း ဌာနများ၊ ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာန များမှ သတင်းထောက်များ တက်ရောက်ခဲ့ ကြသည်။

ပထမဦးစွာ ဗိုလ်ချုပ်ကြီး မြထွန်းဦးက ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် မုံးကိုးဖြစ်စဉ်နှင့် ပတ်သက်၍ မုံးကိုးဒေသ၏ နောက်ခံ အခြေအနေများ ဖြစ်သည့် ၁၉၆၇ ခုနှစ်မှစ၍ ဗကပတို့၏ အရှေ့မြောက် စစ်ဒေသအဖြစ် ဝင်ရောက် လှုပ်ရှားခဲ့မှု၊ ၁၉၈၆ ခုနှစ် စီစီဝမ်တာပန် တိုက်ပွဲကြီးတွင် တပ်မတော်၏ တန်ပြန်ထိုးစစ်ကြောင့် ဗကပ တို့စစ်ရေးရှုံးနိမ့်မှု၊ ၁၉၈၉ ခုနှစ် တွင် ကိုးကန့်အုပ်စုမှ သိမ်းပိုက်ခဲ့မှု၊ ၁၉၉၂ ခုနှစ်တွင် မုံးကိုး၌ ''ဖုန်'' အုပ်စုနှင့် ''ရန်'' အုပ်စု ပြဿနာဖြစ်ပွားခဲ့မှု၊ ၂ဝဝဝ ပြည့်နှစ်တွင် အထူးဒေသ(၁) မုံးကိုးကာကွယ်ရေး တပ်ဖွဲ့အတွင်း အာဏာလု တိုက်ပွဲများ ဖြစ်ပွားခဲ့မှု အခြေအနေများနှင့် ၂ဝဝ၉ ခုနှစ် လောက်ကိုင် အရေးအခင်း ဖြစ်ပွားခဲ့သည့် အခြေအနေများ၊ ၂ဝ၁၅ ခုနှစ်တွင် လောက်ကိုင်ဒေသ အား KIA/ MNDAA/ TNLA /AA နှင့် SSA (ဝမ်ဟိုင်း)အဖွဲ့များ စုပေါင်းတိုက်ခိုက် လာခြင်းကြောင့် တပ်မတော်မှ တန်ပြန်တိုက်ခိုက် ချေမှုန်းခဲ့ရသည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာ လအတွင်း KIA/MNDAA/ TNLA အကြမ်းဖက် သောင်းကျန်းသူ စုစုပေါင်းအင်အား ၁ဝဝဝ ဦးခန့်ဖြင့် တပ်ပေါင်းစု အမည်ခံ၍ ကိုးကန့်ဒေသအတွင်း ပြန်လည်အခြေချ နိုင်ရန်နှင့် မုံးကိုး၊ ဖောင်းဆိုင်နယ်မြေ အတွင်း အခြေခံနယ်မြေ တည်ဆောက်ရန် လှုပ်ရှား ဆောင်ရွက်လာသည့် အခြေအနေများ၊ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်တွင် မုံးကိုး၊ ဖောင်းဆိုင်၊ မန်ကန်၊ ကြူကုတ်(ပန်ဆိုင်း) တပ်စခန်းများနှင့် မူဆယ် တပ်စခန်း၊ ရဲကင်းစခန်းနှင့် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန် တို့အား တစ်ချိန်တည်း တစ်ပြိုင်တည်း အင်အားသုံး၍ အချိန်အငိုက်ရယူ တိုက်ခိုက် ခဲ့သည့် အခြေအနေများ၊ တစ်ဆက်တည်းတွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးအား ဖြတ်တောက် ပိတ်ဆို့ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း လုပ်ဆောင်ခဲ့မှုများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ငယ် များဖြင့် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့်အကြမ်းဖက် လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာ ရရှိမှု အခြေအနေများ၊ ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် အား ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းမကြီးအား နည်းမျိုးစုံဖြင့် နှောင့်ယှက်ဟန့်တား ပိတ်ဆို့ ခြင်း များကြောင့် နယ်စပ်ဒေသ ကုန်စည်စီးဆင်းမှု ခေတ္တရပ်ဆိုင်း ခဲ့ရပြီး နိုင်ငံတော်နှင့် ပြည်သူလူထု၏ ဆုံးရှုံးနစ်နာရမှု အခြေအနေ များအား ရှင်းလင်း ပြောကြားသည်။

သို့ဖြစ်၍ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို ကာကွယ်ရန်၊ နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေး၊ ဒေသခံပြည်သူ များ၏ ဘဝလုံခြုံစိတ်ချမှု ရှိစေရေး၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများမထိ ခိုက်စေရေး တို့အတွက် စစ်ဆင်ရေးနှင့် လုံခြုံရေး တာဝန်များကို ဟန်ချက်ညီစွာ ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ နိုဝင်ဘာ ၂၆ ရက်တွင် လားရှိုး-မူဆယ် ပြည်ထောင်စု ကားလမ်းကို ပြန်လည်ထိန်းချုပ်၍ နယ်စပ်ဒေသ ကုန်စည်စီးဆင်းမှု ပုံမှန်လုပ်ဆောင် နိုင်ရေး ဆောင်ရွက်ခဲ့မှုနှင့် မုံးကိုးတွင် သာလွန်အင်အားဖြင့် ဝိုင်းပတ်တိုက်ခိုက် နေသည့် အကြမ်းဖက် သောင်းကျန်းသူများကို ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ချေမှုန်း ခဲ့မှုအခြေအနေ များ၊ တိုက်ပွဲများ ဖြစ်ပွားစဉ်ကာလနှင့် တိုက်ပွဲများပြီးဆုံးချိန် တို့တွင် ဒေသခံပြည်သူ များအား တပ်မတော်မှ ကူညီဆောင်ရွက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးမှု၊ မုံးကိုးမြို့အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမှု အခြေအနေများ၊ မုံးကိုးဒေသတွင် လက်ရှိတည်ငြိမ် အေးချမ်းနေမှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး တပ်မတော် အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်လျက် ရှိသကဲ့သို့ ငြိမ်းချမ်းရေး ရလိုစိတ် အပြည့်ဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ ကြိုးပမ်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်တွင် လက်နက်ကိုင် ပဋိပက္ခများ၊ လက်နက်ကိုင်စွဲ၍ အကြမ်းဖက်မှု များကို လက်မခံကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းရေး၊ အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (CNA) ကို လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်နိုင်ရေး အတွက် ငြိမ်းချမ်းရေး တံခါးများအစဉ် ဖွင့်ထားပြီး တန်းတူရည်တူ ပါဝင်နိုင်ရေး ဖိတ်ခေါ်လျက် ရှိကြောင်း ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်တွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှ တရားဝင် ကျောက်စိမ်း သယ်ဆောင်လာသည့် ကားများ၏ အောက်ကြမ်းခင်းနှင့် ရေတိုင်ကီ များအတွင်း တရားမဝင် ကျောက်စိမ်း (ခန့်မှန်း ၂၁ တန်ကျော်) သိုဝှက်သယ်ဆောင် လာသည်ကို တပ်မတော်နှင့် တာဝန်ရှိသူ များက ဖမ်းဆီး ရမိခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက် နှင့် ၁၈ ရက်တို့တွင် ကင်းထောက် လေယာဉ်များ၏ ထောက်လှမ်းမှုဖြင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ဆက်စပ်နယ်မြေတွင် ရွှေလီမြစ်အနီး စုပုံထားသည့် သစ်များ၊ သစ်တင်ယာဉ်များ တွေ့ရှိရသောကြောင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ရာတွင် တရားမဝင် သစ်မျိုးစုံ ၄၂၇ တန်၊ သစ်တင်ယာဉ် မျိုးစုံ ၇၅ စီး၊ သစ်စက် ရှစ်လုံး၊ စက်လှေလေးစင်း တို့အား ဖမ်းဆီးရမိ ခဲ့ကြောင်း၊ ၂ဝ၁၆ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အနေဖြင့် ဘိန်းဖြူ၊ ဘိန်းစိမ်း၊ ဘိန်းမည်း၊ ဆေးခြောက် နှင့် စိတ်ကြွရူးသွပ် ဆေးပြားများ တန်ဖိုးအားဖြင့် ငွေကျပ် ၁၆၃ ဒသမ ၆၃ ဘီလီယံကျော် အားလည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလ တွင်လည်း ဘိန်းဖြူ ၅ ဒသမ ၃၉ ကီလိုဂရမ်၊ ဘိန်းစိမ်း ၁ ဒသမ ၉ ကီလိုဂရမ်၊ ဘိန်းဆီ သုည ဒသမ ဝ၃ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁ ဒသမ ၃ သိန်းပြား တန်ဖိုးအား ဖြင့် ငွေကျပ် ၁ ဒသမ ၂၂ ဘီလီယံ ကျော်အား လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဟဲဟိုးမြို့နယ်၊ ဘဝသံသရာ တံတားအနီး၌ စိတ်ကြွရူးသွပ် ဆေးပြား ၆ဝ ဒသမ ၅ သိန်းပြား တန်ဖိုးအားဖြင့် ငွေကျပ် ၆ ဒသမ ဝ၅ ဘီလီယံခန့် အားလည်းကောင်း တပ်မတော်က ဖမ်းဆီးရမိခဲ့ကြောင်း၊ တပ်မတော် အနေဖြင့် နိုင်ငံတော်၏ သယံဇာတ ပစ္စည်းများအား ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ကူးသန်း ရောင်းဝယ်မှု များကို တားဆီးနှိမ်နင်းခြင်း များအား အလေးထား လုပ်ဆောင်နေမှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် ၊ မောင်တောဒေသ အကြမ်းဖက် ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားရာတွင် ဗြိတိသျှကိုလိုနီ ခေတ်ကာလ မှစတင်၍ ဘင်္ဂလားနယ်၊ စစ်တကောင်းမှ ဘင်္ဂါလီလူမျိုးများ ရခိုင်ပြည်နယ် အတွင်း တရားမဝင် ဝင်ရောက်လာခဲ့မှု၊ ၁၈၆၉ ခုနှစ်တွင် လယ်ယာလုပ်ငန်း တိုးချဲ့လုပ်ကိုင်ရန် အတွက် ဘင်္ဂလားနယ်မှ ဘင်္ဂါလီများ အလုံးအရင်းဖြင့် ထပ်မံ ဝင်ရောက်ခဲ့မှု၊ ၁၈၆၁ ခုနှစ်၊ ဘူးသီးတောင် မောင်တော မီးရထားလမ်း ဖောက်လုပ်ရန် အတွက် စစ်တကောင်း ဘင်္ဂါလီများအား ခေါ်ယူရာမှ ပြန်လည် ထွက်ခွာခြင်းမရှိဘဲ အခြေချ နေထိုင်မှု များရှိလာခဲ့မှု၊ ဒုတိယကမ္ဘာစစ် ပြီးခါနီးအချိန် ဗြိတိသျှများ ရခိုင်ဒေသမှ တစ်ဆင့် ဘင်္ဂလားနယ် သို့ထွက်ခွာစဉ် ရခိုင်ဒေသရှိ ဘင်္ဂါလီများအား မိမိကိုယ်ကို ကာကွယ်ရန် အကြောင်း ပြချက်ဖြင့် လက်နက်များ ပေးအပ်ခဲ့မှု၊ ၄င်းလက်နက် များကိုင်ဆောင်ပြီး ဘင်္ဂါလီများက ရခိုင်တိုင်းရင်းသား ကျေးရွာများအား တိုက်ခိုက် ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့မှု၊ ၁၉၄၂ ခုနှစ်တွင် အလယ်သံကျော် အရေးအခင်း ဖြစ်ပွားခဲ့ပြီး ရခိုင် တိုင်းရင်းသား ၂ဝဝဝဝ ကျော် အသတ်ခံရကာ ကျန်တိုင်းရင်းသား များလည်း ဘူးသီးတောင်၊ မောင်တော နယ်မြေမှ စစ်တွေ စသည့်မြို့ပေါ်များသို့ လက်လွတ် ထွက်ပြေးခဲ့ရမှု၊ ဒုတိယကမ္ဘာစစ်ပြီး ကာလ အိန္ဒိယ၊ ပါကစ္စတန် ခွဲခြား တည်ထောင်ရေး ကာလတွင် အရှေ့ပါကစ္စတန် ထူထောင်ရာ၌ အိန္ဒိယနိုင်ငံမှ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံမှ ဘူးသီးတောင်၊ မောင်တော (မေယုဒေသ) တို့ကို ထည့်သွင်းရန် ဘင်္ဂါလီ နိုင်ငံရေးသမား များက ကြိုးပမ်းခဲ့ သော်လည်း မအောင်မြင်ခဲ့မှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။ 

ဆက်လက်ပြီး ရခိုင်ဒေသတွင် ဘင်္ဂါလီ လူဦးရေ တိုးတက်လာမှု အခြေအနေနှင့် ပတ်သက်၍ ပြောကြားရာတွင် ကိုလိုနီခေတ် ဗြိတိသျှ လက်ထက် သန်းခေါင်စာရင်း များအရ ၁၈၇၂ ခုနှစ်တွင် ၅၈၂၂၅ ဦး၊ ၁၉ဝ၁ ခုနှစ်တွင် ၁၉၃၈၈၄ ဦး၊ ၁၉၃၁ ခုနှစ်တွင် ၂၁၇၈ဝဝ ဦး အထိ တိုးတက် လာကြောင်း၊ လက်ရှိတွင် ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း အရ ရခိုင်ပြည်နယ် ၏လူဦးရေ ၃၁၈၈၈ဝ၇ ရှိရာ ဘင်္ဂါလီ ၁ဝ၉ဝဝဝဝ ပါဝင်ပြီး လူဦးရေ၏ ၃၄ ရာခိုင်နှုန်း ရှိကြောင်း၊ ဘူးသီးတောင် ဒေသတွင်လူဦးရေ ၏ ၉ဝ ရာခိုင်နှုန်း၊ မောင်တော ဒေသတွင် လူဦးရေ၏ ၉၇ ရာခိုင်နှုန်းမှာ ဘင်္ဂါလီများ ဖြစ်ကြောင်း ပြောကြားသည်။

ရခိုင်ဒေသရှိ ဘင်္ဂါလီများ အနေဖြင့် ၁၉၄၇ ခုနှစ်က စတင်ပြီး မူဂျာဟစ် လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ လွတ်လပ်ရေး ရပြီးနောက် ပါလီမန်အစိုးရ လက်ထက် ၁၉၅၁ ခုနှစ်တွင် မောင်တောမြို့နယ်၊ အလယ်သံကျော် ရွာတွင် မွတ်စလင်ညီလာခံ ကျင်းပ၍ ရခိုင်ပြည်နယ် မြောက်ပိုင်းကို လွတ်လပ်သော မွတ်ဆလင်ပြည်နယ် အဖြစ် အမြန်ဆုံးဖွဲ့စည်း ပေးရန် အစိုးရ အဖွဲ့ထံသို့ အိတ်ဖွင့်ပေးစာ ရေးသားပေးပို့ ခဲ့ကြောင်း၊ ၁၉၆၆ ခုနှစ်တွင် ဘင်္ဂါလီများ၏ မူဂျာဟစ် လှုပ်ရှားမှုများ ပြန်လည် လုပ်ဆောင်ပြီး မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များ၏ အနောက်ဘက်ခြမ်း တစ်ခုလုံးကို အာကစ္စတန် (Arkistan) အမည်ဖြင့် နိုင်ငံထူထောင်ရန် ကြံရွယ် ဆောင်ရွက်ခဲ့ သော်လည်း တပ်မတော်က ထိုးစစ်ဆင်မှု ကြောင့် ၁၉၇၄ ခုနှစ်တွင် ပြိုကွဲပြီး တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် ၂ဝ၁၂ ခုနှစ်၊ မေလ ၂၈ ရက်တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သပြေချောင်း ကျေးရွာနေ မသီတာထွေး၊ ရခိုင်/ဗုဒ္ဓအား ဘင်္ဂါလီလူမျိုး သုံးဦးက အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ကြောင့် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား စသည့်မြို့နယ် များတွင် ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးများ အကြား ဆူပူအကြမ်းဖက်မှု ပဋိပက္ခများ ဖြစ်ပွားခဲ့မှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်ပြီး ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် နံနက် ၁ နာရီခွဲတွင် ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်အား လည်းကောင်း၊ နံနက် ၃ နာရီခွဲတွင် ရသေ့တောင်မြို့နယ် ရှိ ကိုးတန်ကောက် ရဲကင်းအား လည်းကောင်း၊ နံနက် ၄ နာရီခွဲတွင် ငါးခူရ ရဲကင်းအား လည်းကောင်း၊ ဘင်္ဂါလီ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အင်အား ၁၈ဝ ဦးခန့်က သေနတ်၊ ဓား၊ လှံ၊ ဂျင်ကလိများ အသုံးပြု၍ အင်အားသုံး ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့မှု ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံး၊ ရဲတပ်ဖွဲ့ဝင် ခြောက်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ဇနီးတစ်ဦး၊ အရပ်သားတစ်ဦး ဒဏ်ရာရရှိပြီး လက်နက်မျိုးစုံ ၆၇ လက်နှင့် ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများ ဆုံးရှုံးခဲ့မှု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော် ပူးပေါင်း၍ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ဖမ်းဆီးရမိရေး၊ ၄င်းတို့ ယူဆောင်သွားသည့် လက်နက်ခဲယမ်းများ ပြန်လည်သိမ်းဆည်း ရမိရေးအတွက် နယ်မြေရှင်းလင်း ဆောင်ရွက်မှု များနှင့် အကြမ်းဖက်သမား များက လူစုလူဝေးဖြင့် စောင့်ကြို တိုက်ခိုက်မှု၊ ဝိုင်းပတ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အပြင် အကြမ်းဖက် ဘင်္ဂါလီများက နေအိမ်များအား မီးရှို့ခြင်း၊ အပြစ်မဲ့ပြည်သူ များအား အစိုးရ သတင်းပေးဟု စွပ်စွဲသတ်ဖြတ်ခြင်း များကြောင့် ကျေးရွာပေါင်း ၁၇ ရွာတွင် အဆောက်အအုံ ၉၆၃ လုံး မီးလောင်ပျက်စီး ဆုံးရှုံး၍ အပြစ်မဲ့ ပြည်သူ ၁၈ ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့မှု အခြေအနေများအား ရှင်းလင်း ပြောကြားသည်။

အဆိုပါ အကြမ်းဖက် တိုက်ခိုက်မှုများမှာ RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်နေသော မောင်တောဒေသတွင် လှုပ်ရှားသည့် Aqa Mul Mujahidin အဖွဲ့၏ ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ ဦးဆောင်သူမှာ ပါကစ္စတန်နိုင်ငံ ရှိ တာလီဘန်များ ထဲတွင် ၆ လ သင်တန်းတက်ရောက် ခဲ့သူ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ် ကျေးရွာနေ ဟာမစ်ကူဟာရ် (၄၅) နှစ်ဖြစ်ကြောင်း၊ ၄င်းအနေဖြင့် လူမှုကွန်ရက်များမှ တစ်ဆင့် မောင်တောဒေသ အတွင်း အကြမ်းဖက်မှုများ ဆက်လက် ပြုလုပ်ရေး ဗီဒီယိုဖိုင်များဖြင့် လှုံ့ဆော်ဝါဒဖြန့် ခဲ့ကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှု ကျူးလွန်ရာတွင် ပါဝင်သူ ဘင်္ဂါလီစုစုပေါင်း ၇၄၄ ဦးဖမ်းဆီးရမိပြီး ဖြစ်စဉ်တွင် ပါဝင်ခြင်း မရှိသူ ၆၈ ဦးအား ပြန်လည်စေလွှတ် ပေးခဲ့ကြောင်း၊ ယင်းတို့အနက် ပြစ်ဒဏ် ချမှတ်ပြီးသူ ၁၂၇ ဦး၊ ထိန်းသိမ်း စစ်ဆေး မေးမြန်းဆဲ ၅၄၁ ဦး၊ ရောဂါကြောင့် သေဆုံးသူ ရှစ်ဦး ရှိခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အကြမ်းဖက် ဘင်္ဂါလီများက ပိတ်ဆို့ တိုက်ခိုက်မှု များကြောင့် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေသည့် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များအတွင်း တာဝန် ထမ်းဆောင်လျက် ရှိသော ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပညာရေး ဝန်ထမ်းများနှင့် မိသားစုဝင် ၃၈၆ ဦးတို့အား တပ်မတော် ရဟတ်ယာဉ်များဖြင့် ဘူးသီးတောင် သို့ စုစည်းပို့ဆောင်၍ နေရပ်ပြန်နိုင်ရေး စီစဉ်ဆောင်ရွက်ပေး ခဲ့ကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် မောင်တောမြို့နယ် အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံ ပြည်သူများ၊ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင် နေသည့် တပ်မတော်သားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ် ဌာနေအဖွဲ့ဝင် များအား တွေ့ဆုံ အားပေးစကား ပြောကြား၍ စားသောက်ကုန် နှင့်လူသုံးကုန် ပစ္စည်းများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး အဆိုပါ မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ပ သတင်းမီဒီယာ နှင့် အဖွဲ့အစည်းများက တစ်ဖက်သတ် စွပ်စွဲဖော်ပြမှုများ ရှိနေကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ဘင်္ဂါလီများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများစွာ ပြုလုပ်နေကြောင်း၊ မြန်မာအစိုးရ တာဝန်ရှိသူများ ကလည်း ဘင်္ဂါလီများ ခံစားနေရသည့် ဘေးဒုက္ခများ အတွက် အာမခံ ပေးနိုင်သော လွတ်လပ်စွာ သွားရောက်ခွင့်နှင့် စုံစမ်း စစ်ဆေးခွင့် များကို အကြိမ်ကြိမ် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲပြောဆို သည့်အပြင် ပြည်ပနိုင်ငံ အချို့မှ အစိုးရအဖွဲ့၊ ပါတီအဖွဲ့ အစည်းများ၊ ပြည်ပရောက် ဘင်္ဂါလီများ ဦးဆောင်ဆန္ဒ ဖော်ထုတ်မှု၊ မြန်မာသံရုံးရှေ့ တွင် ဆန္ဒပြမှုများ လုပ်ဆောင် နေသည်ကို တွေ့ရှိရကြောင်း၊ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ နောက်ခံ အခြေအနေနှင့် အဖြစ်မှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန် နိုင်ငံတော် သမ္မတရုံးမှ ဒုတိယသမ္မတ(၁) ဦးဆောင်သည့် စုံစမ်းစစ်ဆေး ရေး အဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှု၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနမှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန် အပါအဝင် မြန်မာနိုင်ငံသားများ၊ နိုင်ငံတကာမှ ပုဂ္ဂိုလ်များဖြင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် ဖွဲ့စည်း ဆောင်ရွက်မှု၊ တပ်မတော် အနေဖြင့်လည်း တပ်မတော် စစ်ဆေးရေး အရာရှိချုပ်ဦးစီးသည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရဲရေးချုပ် ဦးစီးသည့် စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း ဆောင်ရွက်မှု အခြေအနေများနှင့် လက်ရှိစုံစမ်း စစ်ဆေးချက် များအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် စွပ်စွဲချက်များမှာ မှန်ကန်မှု မရှိကြောင်း တွေ့ရှိသည့် အကြောင်းအချက် များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် အကြမ်းဖက်သူ များ၏ လက်ဝယ်တွင် ရဲစခန်းများက ယူဆောင်သွားသည့် လက်နက်များ ရှိနေသည့်အပြင် လက်လုပ်မိုင်းများ၊ လုပ်သေနတ်များ၊ အခြားလက်နက်များ ဖော်ထုတ်ဖမ်းဆီး ရရှိမှုများ ရှိနေသေးကြောင်း၊ ရခိုင်ပြည်နယ် အတွင်း ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၂၂၄ ကြိမ်တွင် တန်ဖိုးငွေကျပ် ၁၁ ဒသမ ၁ ဘီလီယံခန့်ရှိပြီး ၂ဝ၁၆ ခုနှစ် တစ်နှစ်တည်းတွင် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆၁ ကြိမ်ရှိပြီး တန်ဖိုးငွေကျပ် ၅၄ ဒသမ ၅၆ ဘီလီယံခန့် ရှိသောကြောင့် ဒေသတွင်း မူးယစ်ဆေးဝါး အန္တရာယ် လွန်စွာကြီးမား လာကြောင်း၊ ရပ်ရွာတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် အချိန်ယူ လုပ်ဆောင်ရန် လိုကြောင်း၊ တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဒေသန္တရအဆင့် တည်ငြိမ်မှု ထိန်းသိမ်းရေး စစ်ဆင်ရေး (Stability Operation) ကို အဆင့်လိုက် ဆောင်ရွက်ခဲ့ကြောင်း၊ ၄င်းအပြင် ဥပဒေအရ လိုအပ်သည့် အတိုင်းအတာ ဆောင်ရွက်ခြင်း (Legitimacy)  ၊ လိုအပ်သလောက်သာ ဆောင်ရွက်ခြင်း (Necessity) ၊ ပြစ်မှု၏ အတိမ်အနက် နှင့် အချိုးညီစွာ အရေးယူ ဆောင်ရွက်ခြင်း (Proportionality နှင့် နှိမ်နင်းတားဆီး တိုက်ဖျက်ရာတွင် အသုံးပြုသည့် လူ/လက်နက် အင်အားညီမျှမှု ရှိစေခြင်း (Use of Force and Firearms) တို့ကို တည်ဆဲဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း (Universal Declaration of Human Rights- UDHR) နှင့် အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာ ဥပဒေ (International Humanitarian Law- IHL) တို့နှင့်အညီသာ ဆောင်ရွက် နေကြောင်း၊ နယ်မြေတည်ငြိမ် အေးချမ်းမှုအပေါ် မူတည်ပြီး ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစ၍ (Stability Operation) ကို ဒုတိယအဆင့် (Stage-2 Level) သို့ လျှော့ချခဲ့ပြီး နယ်မြေ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်၊ အစိုးရအဖွဲ့အစည်း ယန္တရားများနှင့် စာသင်ကျောင်း၊ ဆေးရုံ စသည့်လူထု အထောက်အကူပြု လုပ်ငန်းများ ပုံမှန်လည်ပတ် နိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့/ကျေးရွာ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူ များက အဓိက ဆောင်ရွက်လျက် ရှိပြီး တပ်မတော်က ဝန်းရံပေးကာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ရခိုင်ပြည်နယ် အရေး ဒေသန္တရ အဆင့် (Stability Operation) အား ရပ်ဆိုင်း ခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင် လုံခြုံရေးတာဝန် အား ပြည်ထဲရေး ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိကြောင်း၊ တပ်မတော် အနေဖြင့်လည်း လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်မှုသည် လူ့အခွင့်အရေး ချိုးဖောက်မှု အပါအဝင် ဥပဒေနှင့် မညီသော ပြစ်မှုများကို ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက် ပါက ထုတ်ပြန်ထားသော ဥပဒေများ အရ လည်းကောင်း၊ စစ်စည်းကမ်း အရ လည်းကောင်း ထိရောက် ပြင်းထန်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

၎င်းနောက် တက်ရောက်လာ ကြသည့် သတင်းဌာန အသီးသီးတို့မှ သိရှိ လိုသည်များ မေးမြန်းမှုအပေါ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြန်လည် ရှင်းလင်းပြောကြားပြီး တက်ရောက် လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Thursday, February 2, 2017

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက် တိုက်ခိုက်သူများက အပြစ်မဲ့အရပ်သားပြည်သူများအား ဖမ်းဆီး ၊ သတ်ဖြတ်မှုစာရင်း


နေပြည်တော် ၊ ၂-၂-၂၀၁၇

၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ရခိုင်ပြည်နယ် မောင်တောခရိုင် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ဖြစ်ပွား ခဲ့ပြီးနောက်ပိုင်း တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျေးရွာများတွင် နယ်မြေ လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

အကြမ်းဖက် တိုက်ခိုက်သူများမှ အမှန်တရား ဖော်ခြင်း မပြုနိုင်ရန်၊ အကြောက်တရား ကြီးစိုးစေရန်၊ တာဝန်ရှိသူ များနှင့် ပူးပေါင်း ဆောင်ရွက်မှု မရှိစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူ များနှင့် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်များအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်မှ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ထိ စုစုပေါင်း သေဆုံးသူ ၁၃ ဦးနှင့် ဖမ်းဆီး ပျောက်ဆုံးသူ ရှစ်ဦး တို့ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်း ထုတ်ပြန် ထားသည်-

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်သူများက အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်များ
(၁-၂-၂၀၁၇ ရက်နေ့ထိ )

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း အကြမ်းဖက်တိုက်ခိုက်သူများက အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်များ
(၁-၂-၂၀၁၇ ရက်နေ့ထိ )


Thursday, January 26, 2017

အကြမ်းဖက် သောင်းကျန်းသူများ ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတစ်ဦး လက်နက်ငယ် ကျည်ထိမှန်ဒဏ်ရာ ရရှိ


အကြမ်းဖက် သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် အမ်-၂၂ ကျည်ဆန်ထိမှန် ဒဏ်ရာရရှိသူ
 ဒေါ်ယားမုံကို တွေ့ရစဉ်


နေပြည်တော် ၊ ၂၆-၁-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံ၌ သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာဖြင့် လူနာတစ်ဦး တက်ရောက် ကုသနေကြောင်း သတင်းအရ ဇန်နဝါရီ ၂၄ ရက် နံနက် ၉ နာရီခန့်တွင် နယ်မြေ လုံခြုံရေး ဆောင်ရွက် နေသော တပ်မတော် စစ်ကြောင်းမှ တာဝန်ရှိသူ များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ဆေးရုံသို့ သွားရောက် ကြည့်ရှု အားပေးစကား ပြောကြား ခဲ့သည်။

အဆိုပါ သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာ ရသူ၏ ပြောကြားချက် အရ ၄င်းမှာ နမ့်ခမ်းမြို့နယ်၊ ကြူဆိုင်းကျေးရွာ နေ ဒေါ်ယားမုံ ဖြစ်ကြောင်း၊ ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့် တွင် တစ်ရွာတည်းနေ ဒေါ်မာရေးအောင် ခမ်း၊ ဒေါ်အီမွန် တို့နှင့်အတူ ကျေးရွာအနီးရှိ ၄င်းပိုင်ဆိုင်သည့် တောင်ယာခင်း၌ ကြံစိုက်ပျိုးရန် မြေပြုပြင်နေစဉ် သေနတ်သံ တစ်ချက်ကြားခဲ့ရပြီး ဝဲဘက် လက်မောင်းတွင် ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၄င်းဒဏ်ရာအား နေအိမ်၌ပင် ကုသနေရာမှ မသက်သာ သဖြင့် ဇန်နဝါရီ ၂၂ ရက်တွင် နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပြီး ဒဏ်ရာအား ခွဲစိတ်ကုသရာ လက်မောင်း အတွင်းမှ အမ် ၂၂ ကျည်ဆန် ထိပ်ဖူးတစ်ခုကို တွေ့ရှိခဲ့ရကြောင်း၊ ၄င်းကျည်ဆန် အမျိုးအစားမှာ အကြမ်းဖက် သောင်းကျန်းသူများ ကိုင်ဆောင်သည့် ကျည်ဆန် အမျိုးအစား ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်။

တပ်မတော် စစ်ကြောင်းများက ဖြစ်စဉ်ဖြစ်ပွားရာ နေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား အများပြည်သူ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိ စေရေးအတွက် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)
Related Posts Plugin for WordPress, Blogger...