MNDAA အကြမ်းဖက်သောင်းကျန်းသူ များ၏ လက်နက်ကြီးများ၏ ပစ်ခတ်မှုကြောင့်
ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံကို တွေ့ရစဉ်
နေပြည်တော် ၊ ၁၉-၃-၂၀၁၇
၂ဝ၁၇ ခုနှစ်၊ မတ်လ ၆ ရက်မှစ၍ MNDAA အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်နေရာယူ ထားသည့် ပွိုင့်-၁၁၇၆ တောင်ကုန်းအား မတ် ၈ ရက်တွင် လည်းကောင်း၊ ပွိုင့်-၁၂၆၉ တောင်ကုန်းအား မတ် ၁၅ ရက်တွင် လည်းကောင်း၊ ပွိုင့်-၁ဝ၅၂ တောင်ကုန်းအား မတ် ၁၆ ရက်တွင် လည်းကောင်း၊ ပွိုင့်-၁ဝ၈၈ တောင်ကုန်းအား မတ် ၁၇ ရက်တွင် လည်းကောင်း တပ်မတော်မှ တိုက်စစ်ဆင် သိမ်းပိုက်နိုင် ခဲ့သည့်အတွက် ၄င်းတို့၏ လူ၊ လက်နက်၊ ခဲယမ်းများ အများအပြား ဆုံးရှုံးလာခြင်းကြောင့် တပ်မတော် စစ်ကြောင်းများ၏ အဓိကထိုးစစ်ဆင် နေမှုကို နှောင့်နှေးစေရန် နှင့် လောက်ကိုင်မြို့ အတွင်း နှင့်အနီး ပတ်ဝန်းကျင်ရှိ အပြစ်မဲ့ပြည်သူ များ၏ အသက်အိုးအိမ် စည်းစိမ်ကို မီးလောင် ပျက်စီးဆုံးရှုံးစေရန် ရည်ရွယ်၍ မတ် ၁၇ ရက် ည ၇ နာရီ မိနစ် ၅ဝ ခန့်မှ ည ၁ဝ နာရီ ခန့်အထိ နှစ်နိုင်ငံနယ်စပ် ဘီပီ-၁၂၆ နှင့် ဘီပီ-၁၂၇ အကြားမှနေ၍ ၁ဝ၇ မမ ဟု ယူဆရသည့် Rocket ၁ဝ လုံးဖြင့် ပစ်ခတ်နှောင့်ယှက် ခဲ့သည်။
MNDAA အကြမ်းဖက် သောင်းကျန်းသူ များပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် များသည် နားလီကျေးရွာ ထိပ်တွင် တစ်လုံး၊ ထင်ပါကျိုင်းကျေးရွာ အနီးတွင် လေးလုံး၊ လောက်ကိုင်မြို့၊ မဟာမြတ်မုနိ ဘုရားကုန်း အောက်ခြေ တောစပ်တွင် နှစ်လုံး၊ စစ်မှုထမ်းဟောင်း အိမ်ရာအနီးတွင် သုံးလုံး၊ စုစုပေါင်း ၁ဝ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် စစ်မှုထမ်းဟောင်း အိမ်ရာရှိ လူနေထိုင်ခြင်း မရှိသည့် အိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ကျန်နေရာများထိခိုက် ပျက်စီးမှု မရှိကြောင်း သိရှိရသည်။
MNDAA အကြမ်းဖက် သောင်းကျန်းသူများ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ် ခဲ့သည့် နေရာများအား တပ်မတော်စစ်ကြောင်း များက အမြောက်၊ လက်နက်ကြီး များဖြင့် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း ကျော်လွန်မှု မရှိစေရေး တိကျစွာ တွက်ချက်၍ ကန့်သတ်ချက် များဖြင့် စနစ်တကျပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)
No comments:
Post a Comment