Social Icons

Pages

Wednesday, March 15, 2017

မောင်တောဒေသအတွင်း မတ်လ ၁၄ ရက်အထိ ဆုံးရှုံးထိခိုက်မှု အခြေအနေ


နေပြည်တော် ၊ ၁၅-၃-၂၀၁၇

မောင်တောဒေသ အတွင်း ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုများ ဖြစ်ပွားခဲ့ကာ ၂ဝ၁၇ ခုနှစ် မတ် ၁၄ ရက်အထိ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်သူ စုစုပေါင်း ၁၇ ဦးကျဆုံး၊ သေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာ ရရှိကာ ဆုံးရှုံးလက်နက် ၄၂ လက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်များအတွင်း တပ်မတော်မှ အရာရှိ၊ စစ်သည် ခုနစ်ဦးကျဆုံး၊ ငါးဦးဒဏ်ရာ ရရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အရာရှိ၊ အခြားအဆင့် ၁ဝ ဦးကျဆုံး၊ ခုနစ်ဦး ဒဏ်ရာရရှိကာ ပြည်သူ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

တပ်မတော်မှ လက်နက်နှစ်လက် ဆုံးရှုံးခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဆုံးရှုံးလက်နက် ၆၈ လက်တွင် ၂၈ လက် ပြန်လည်ရရှိခဲ့ကာ ၄ဝ လက် ကျန်ရှိ နေသေးကြောင်း သိရသည်။

အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများထံမှ လုပ်သေနတ် အတို နှစ်လက်/ အရှည် နှစ်လက်၊ ပြောင်းချော တစ်လုံးထိုး သေနတ်တစ်လက်၊ ပွိုင့် ၃၈ ဗို့ ခြောက်လုံးပြူး တစ်လက်၊ (No. 111 စာတန်းနှင့် ငါးတံဆိပ်ပါ) ပစ္စတိုတစ်လက်၊ M-22 နံပါတ်မပါ တစ်လက် စုစုပေါင်း ရှစ်လက်နှင့် လုပ်သေနတ်ကျည် ၁၅ တောင့်၊ ဓား ၇ဝ ချောင်း၊ မှိန်းတစ်ချောင်း သိမ်းဆည်း ရမိကြောင်း သိရသည်။

ထို့ပြင် ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂ဝ၁၇ ခုနှစ် မတ် ၁၄ ရက်အထိ ဒေသခံပြည်သူ ၃၈ ဦးကို ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်ခြင်း၊ သေနတ်ဒဏ်ရာ ရရှိခြင်း၊ သတ်ဖြတ်ခံရခြင်းများ ဖြစ်ပွားခဲ့သည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...