Social Icons

Pages

Tuesday, June 6, 2017

KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့၏ လက်နက်ကြီးထိမှန်၍ ဒေသခံပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိ


KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒဏ်ရာရသူ ဒေါ်ကော့ဂျာအား မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့်ပို့ဆောင်ပေးစဉ်။

KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကပစ်ခတ်သည့် လက်နက်ကြီးကြောင့် ဒဏ်ရာရသူတစ်ဦးကို
 ဆေးကုသပေးစဉ်။


KIA အကြမ်းဖက်သောင်းကျန်းသူများ ပစ်ခတ်သည့်လက်နက်ကြီး၏ ဗုံးသီးဒလက်များကိုတွေ့ရစဉ်။

နေပြည်တော် ၆-၆-၂၀၁၇

ကချင်ပြည်နယ်၊ တနိုင်းမြို့၏ တောင်ဘက် ၈ မိုင်ခန့်အကွာရှိ ကောင်ရာနယ်မြေထိန်း စခန်းနှင့် ကောင်ရာကျေးရွာ အတွင်းသို့ KIA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့က ဇွန် ၄ ရက် ည ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီး များဖြင့်လာရောက် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် လေးလုံးကျရောက် ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူများ ဖြစ်ကြသည့် ဒေါ်ကော့ဂျာ၊ မဘုတ်ပါနှင့် မရွယ်ထိုးတို့ သုံးဦးတို့နှင့်အတူ နွားသုံးကောင်တို့ကို လက်နက်ကြီးစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ကာ နွားသုံးကောင်အနက် တစ်ကောင် ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

အဆိုပါ ဒဏ်ရာရလူနာသုံးဦးအား တနိုင်းမြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး နယ်မြေခံတပ်မတော်သားများက ပို့ဆောင်ပေးခဲ့ပြီး ၎င်းလူနာသုံးဦးအနက် ဒေါ်ကော့ဂျာကို မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူနိုင်ရေး တပ်မတော်မှ ရဟတ်ယာဉ်ဖြင့် ထပ်မံပို့ဆောင် စီစဉ်ပေးခဲ့ကာ လိုအပ်သောဆေးဝါး ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...