Social Icons

Pages

Showing posts with label တပ်မတော်ရေးရာ. Show all posts
Showing posts with label တပ်မတော်ရေးရာ. Show all posts

Wednesday, October 31, 2018

တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၏ စခန်းချလေ့ကျင့်ရေး သင်တန်းဆင်းပွဲများ ကျင်းပ

တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ ၂ဝ၁၇-၂ဝ၁၈  ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ၏ စခန်းချလေ့ကျင့်ရေး သင်တန်းဆင်းပွဲများ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၃ဝ
-
နိုင်ငံတော် ကာကွယ်ရေးအတွက် လေ့ကျင့်သားပြည့်ဝသည့် ကာကွယ်ရေး အရန်အင်အားစုအဖြစ် တည်ဆောက်ရန်အတွက် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊   ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တက္ကသိုလ်လေ့ကျင့်ရေး တပ်များမှ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊  တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ၁၈၄၉ ဦးအား အောက်တိုဘာ ၁ ရက်တွင် စခန်းချလေ့ကျင့်ရေး သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် သင်တန်းဆင်းပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊  ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊  မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊  မွန်ပြည်နယ်၊  သံဖြူဇရပ်မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တို့ရှိ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်းများ၌ အသီးသီး ပြုလုပ်ကြသည်။
-
သင်တန်းဆင်းပွဲများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများ၊ သင်တန်းနည်းပြများ၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းမှူးများနှင့် ဒုတိယတိုင်းမှူးများက သင်တန်းဆင်း အမှာစကားများ ပြောကြားကြသည်။
-
ထို့နောက် သင်တန်းများအလိုက် ထူးချွန်ဆုရရှိသော သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းအောင်မြင်စွာ တက်ရောက်ခဲ့သည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များအား  တိုင်းမှူးများနှင့် အဖွဲ့ဝင်များက သင်တန်းဆင်း အောင်လက်မှတ်များ အသီးသီးပေးအပ်ကြသည်။
-
အဆိုပါစခန်းချ လေ့ကျင့်ရေး သင်တန်းများကို အောက်တိုဘာ  ၁  ရက်မှယနေ့အထိ လေ့ကျင့်သင်ကြားပေးခဲ့ပြီး သင်တန်းကာလ အတွင်း စစ်နည်းဗျူဟာဘာသာရပ်၊ လက်နက် ငယ်ဘာသာရပ်များ၊   ကိုယ်စီစစ်မြေပြင် ကျွမ်းကျင်မှုဘာသာရပ်နှင့် စစ်မြေပြင်အင်ဂျင်နီယာ ဘာသာရပ်များအပြင် ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်း၊ လက်တွေ့ပစ်ခတ်စဉ် လေ့ကျင့်ခန်း နှင့်အတားအဆီးများ ဖြတ်ကျော်မှု လေ့ကျင့်ခန်း တို့ကိုပါ သင်ကြား လေ့ကျင့်ပေး ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၇၉)နှင့် တပ်မတော်(လေ)၏ ပထမဦးဆုံးသော အမျိုးသမီး လေယာဉ်မောင်း သင်တန်း ဖြစ်သည့် လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၈ဝ) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲ အခမ်းအနား တက်ရောက်

လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၇၉)နှင့် တပ်မတော်(လေ)၏ ပထမဦးဆုံးသော အမျိုးသမီး လေယာဉ်မောင်း သင်တန်း ဖြစ်သည့်  လေယာဉ်မောင်း သင်တန်းအမှတ်စဉ် (၈ဝ) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲ အခမ်းအနား တက်ရောက်
နေပြည်တော်   အောက်တိုဘာ   ၃ဝ
-
တပ်မတော်(လေ)၏ လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၇၉)နှင့် တပ်မတော်(လေ)၏ပထမဦးဆုံးသော အမျိုးသမီး လေယာဉ်မောင်း  သင်တန်းဖြစ်သည့်    လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈ဝ) ကျောင်းဆင်းတောင်ပံ အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  မိတ္ထီလာမြို့၌ ကျင်းပရာ  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်စား ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်  တက်ရောက်မိန့်ခွန်း ပြောကြားသည်။
-
အဆိုပါအခမ်းအနားသို့   အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ် (လေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ  ဒုတိယ ဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဗိုလ်ချုပ်ထွန်းအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မိတ္ထီလာ တပ်နယ်မှ တပ်မတော် အရာရှိကြီးများ၊ ကျောင်းဆင်း အရာရှိများ၏ မိဘဆွေမျိုးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-

ဦးစွာ ကျောင်းဆင်း တပ်ခွဲများနှင့် ဂုဏ်ပြုတပ်ခွဲများက စစ်ရေးပြကွင်းအတွင်း  ချီတက်နေရာယူကြပြီး  နိုင်ငံတော် အလံအား အလေးပြုကြသည်။ ယင်းနောက်   ကာကွယ်ရေးဦးစီးချုပ်(လေ)   ဗိုလ်ချုပ်ကြီး  မောင်မောင်ကျော်ရောက်ရှိလာပြီး    ကျောင်းဆင်း တပ်ခွဲ များနှင့် ဂုဏ်ပြုတပ်ခွဲများ၏အလေးပြုခြင်းကိုခံယူ၍ ကျောင်းဆင်းတပ်ခွဲများနှင့် ဂုဏ်ပြုတပ်ခွဲများကို စစ်ဆေးသည်။ ထို့နောက်  ကျောင်းဆင်းတပ်ခွဲများနှင့်  ဂုဏ်ပြုတပ်ခွဲများက ကာကွယ်ရေး ဦးစီးချုပ်(လေ)အား အနှေးလျှောက်၊ အမြန် လျှောက်ဖြင့်  ချီတက်အလေးပြုကြသည်။
-
ယင်းသို့ တပ်ခွဲများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြစဉ် တပ်မတော်(လေ)မှ အမောင်း သင် ရဟတ်ယာဉ် များနှင့် အမောင်းသင် လေယာဉ်များက အုပ်စုဖွဲ့၍ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်အား ဝေဟင်မှ အလေးပြု ပျံသန်းကြ သည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က ကျောင်း ဆင်းအရာရှိများအား  လေသူရဲ တောင်ပံများ ကို တစ်ဦးချင်း အပ်နှင်းသည်။
-

ဆက်လက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်က လေယာဉ်  မောင်းသင်တန်း အမှတ်စဉ် (၇၉)မှ စံပြလေ သူရဲဆုရ လေ ၄၂ဝ၁ ဗိုလ်ကျော်ဇောဝင်း  အားလည်းကောင်း၊ လေယာဉ်မောင်းထူးချွန် ဆုရ လေ ၄၁၉၅ ဗိုလ်သန်းမျိုးမင်းအား လည်းကောင်း၊ စာပေထူးချွန်ဆုရ လေ ၄၂ဝ၇ ဗိုလ်ဇွဲမာန်သစ်အား လည်းကောင်း၊ လေယာဉ် မောင်းသင်တန်းအမှတ်စဉ်(၈ဝ)မှ စံပြလေသူရဲ ဆုနှင့် စာပေထူးချွန်ဆုရ လေ ၄၁၇၄ ဗိုလ်  ဒေါ်ကေ သီအောင်အား လည်းကောင်း၊ လေ ယာဉ်မောင်းထူးချွန်ဆုရ လေ ၄၁၇၆ ဗိုလ် ဒေါ်တိုးတိုးအေး အား လည်းကောင်း ထူးချွန် ဆုများ အသီးသီး ပေးအပ် ချီးမြှင့်သည်။
-
ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင် ကျော်က သင်တန်း ဆင်းမိန့်ခွန်း ပြောကြားရာတွင် လေသူရဲတစ်ဦး ၏ အရေးကြီးဆုံး ထိန်းသိမ်း စောင့်ရှောက်အပ် သည့် ဂုဏ်မှာ ပျံသန်းမှု အရည်အချင်းကို အမြင့်ဆုံးရှိအောင် ထိန်းသိမ်းခြင်းဖြစ်ကြောင်း၊ မိမိ  ၏ ကိုယ်ရည် ကိုယ်သွေး မြင့်မားမှုကို ထိန်းသိမ်း ခြင်း၊ ပေးအပ်သည့် ပျံသန်းရေးတာဝန်များကို စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ် ဖြင့် အောင်မြင်အောင် ဆောင်ရွက်ခြင်း၊ ပျံသန်းရေး အတတ်ပညာကို ကိုယ်စွမ်းဥာဏ်စွမ်းရှိ သမျှ လေ့လာခြင်း၊ မျှဝေခြင်း များကိုလည်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ပျံသန်းရေး တာဝန်များကို နေ့၊ ည အချိန်မရွေး တာဝန် ထမ်းဆောင်ကြရမည့် လေသူရဲများ အနေဖြင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်ရေးနှင့် စိတ်ဓာတ် ကြံ့ခိုင်ရေးသည် အရေး ကြီးကြောင်း၊ လေသူရဲတစ်ဦးအဖြစ် စတင်ရွေးချယ်စဉ်ကလည်း ကျန်းမာရေး အဆင့်မြင့်မား သူများကိုသာ စနစ်တကျ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှသာလျှင် စိတ်ဓာတ် အင်အားကောင်းပြီး ပျံသန်း ရေး၊ စစ်ဆင်ရေး၊ အုပ်ချုပ်ရေးတာဝန်များကို ထမ်းဆောင်ရာတွင် မှန်ကန်သည့် ဆုံးဖြတ်ချက်များကို မြန် ဆန်စွာချ မှတ်နိုင် မည်ဖြစ်ကြောင်း၊ လေသူရဲ တစ်ဦးသည် တန်ဖိုးကြီးမားသည့် လေယာဉ်/ ရဟတ်ယာဉ်များကို ယုံကြည် စိတ်ချ စွာ အပ်နှင်း ခြင်းခံရပြီး တာဝန်အပြည့်အဝယူဆောင်ရွက် ရသူများဖြစ်သည့်အတွက် ယုံကြည်စိတ်ချ ရသော လေသူရဲတစ်ဦးဖြစ်လာစေရန် အမြဲတမ်းကြိုးစား နေရမည်ဖြစ်ကြောင်း၊ မိမိတို့ ရရှိသည့် ပျံသန်းချိန်နာရီနှင့် ညီမျှသော အတွေ့အကြုံ၊ အရည်အသွေး တိုးတက်လာစေရန် အစဉ်အလေးထား လေ့ကျင့်ပျံသန်းသွားရန် အလေးထားမှာကြား လိုကြောင်း၊ ပျံသန်းရေး အရည်အသွေး တိုးတက်လာစေရန်အတွက် ပျံသန်းမှုကို အထောက်အကူပြုစေမည့် စာပေ များ၊ စစ်နည်းဗျူဟာများ၊ ဘေးအန္တ ရာယ် ကင်းရှင်းရေးနှင့် ပတ်သက်သည့်  ဗဟုသုတများ၊ လေကြောင်းဆိုင်ရာ သတင်းအချက် အလက်များ စသည်တို့ကို အမြဲ မပြတ် လေ့လာ နေရမည်ဖြစ်ကြောင်း ပြောကြားသည်။
-

ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ကျောင်းဆင်း အရာရှိများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ ဝေဟင်မှ အုပ်စုဖွဲ့ပျံသန်း ခဲ့ကြသည့် လေသူရဲများအား ဂုဏ်ပြုနှုတ် ဆက်သည်။ ယနေ့ လေသူရဲတောင်ပံအပ်နှင်း ခြင်းခံရသူ သင်တန်းဆင်းအရာရှိ ၄ဝ ဦးတွင် လေယာဉ်မောင်း သင်တန်း အမှတ်စဉ် (၇၉)မှ  သင်တန်းဆင်းအရာရှိ ၃၄ဦးနှင့် လေယာဉ်  မောင်းသင်တန်း အမှတ်စဉ်(၈ဝ)မှ သင်တန်းသူ အရာရှိ ခြောက်ဦး တို့ဖြင့် တပ်မတော်(လေ)တွင် လေယာဉ်မောင်းသင်တန်းအမှတ်စဉ် (၇၉)အထိ  အမျိုးသား အရာရှိများ ကိုသာ လေသူရဲ အဖြစ်  စဉ်ဆက်မပြတ် လေ့ကျင့်ပျံသန်းမွေးထုတ် ပေးလျက်ရှိသည်။
-

နိုင်ငံတကာ လေတပ်များ နည်းတူ အမျိုးသမီး လေသူရဲများ မွေးထုတ်လေ့ကျင့်ပေးရန် တပ်မတော် အကြီးအကဲ၏  လမ်း ညွှန်ချက်အရ  တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ)မှ   ဘွဲ့ရအမျိုးသမီးဗိုလ် လောင်းသင် တန်းဆင်း အမျိုးသမီးအရာရှိ ၆ ဦးကို ယခု လေယာဉ်မောင်း သင်တန်းအမှတ် စဉ် (၈ဝ)မှစ၍ တပ်မတော်(လေ)၏ ပထမ ဦးဆုံးသော အမျိုးသမီး လေသူရဲအရာရှိများအဖြစ် အောင်မြင်စွာသင်ကြား လေ့ကျင့်ပေး နိုင်ခဲ့ခြင်းကြောင့် အမျိုးသားများ နှင့်တန်းတူ ပျံသန်းရေး တာဝန်များကို စတင်တာဝန်ထမ်း ဆောင်နိုင်တော့မည်ဖြစ်သည်။
-
ကမ္ဘာ့နိုင်ငံ အသီးသီး၌ အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင် လျက်ရှိရာတွင် နိုင်ငံတော် ကာကွယ်ရေး အပိုင်းတွင် လည်း အမျိုးသမီးများကို ပိုမိုတာဝန် ပေးအပ်လာပြီး အမျိုးသမီး တိုက်လေသူရဲများ အဖြစ်ပါ လေ့ကျင့် တာဝန်ပေးအပ် လာသည်ကို တွေ့ရှိရသည်။
-

လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈ဝ) မှ အမျိုးသမီး အရာရှိခြောက်ဦးသည် မြန်မာ့ တပ်မတော်၏  ပထမဦးဆုံး သော အမျိုးသမီး လေသူရဲအရာရှိများ ဖြစ်ကြပြီး ယခုနှစ်ထူးခြားမှုမှာ လေယာဉ်မောင်းသင်တန်း အမှတ်စဉ် (၈ဝ)မှ အမျိုးသမီး လေသူရဲများကို သယ်ယူပို့ဆောင်ရေး လေသူရဲများအဖြစ် မွေးထုတ်ပေးနိုင်ခြင်းဖြစ်၍ ၎င်းသည် တပ် မတော် (လေ)၏ သမိုင်း စာမျက်နှာ အသစ်တစ်ခုကို ထပ်မံဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သည်။ သင်တန်းဆင်း လေသူရဲ အရာရှိများ အနေဖြင့် သက်ဆိုင်ရာ  လေယာဉ်/ရဟတ်ယာဉ် အမျိုးအစားအလိုက် အဆင့်မြင့် သင်တန်းများ ဆက် လက် တက်ရောက် ရမည်ဖြစ်ကြောင်း  သတင်းရရှိသည်။
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 30, 2018

မောင်တောမြို့အနီး နတ်မြစ်အတွင်း လှေတစ်စင်းပေါ်မှ ငွေကျပ် ၁၉၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မောင်တောမြို့အနီး နတ်မြစ်အတွင်း လှေတစ်စင်းပေါ်မှ ငွေကျပ် ၁၉၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၂၉
-
ရခိုင်ပြည်နယ်၊   မောင်တောမြို့အနီးရှိ နတ်မြစ်အတွင်း  တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁ နာရီခွဲခန့်တွင် မောင်တောမြို့၏ အနောက်ဘက် ၆ မိုင်ခန့် အကွာ၌ တစ်ဖက်နိုင်ငံ ဘက်သို့ လှော်ခတ်သွားနေသည့် မသင်္ကာဖွယ် လှေတစ်စင်းအား တွေ့ရှိသဖြင့် မီးအချက်ပြခေါ်ယူရာ လှေ အား ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်လှော်ခတ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ လှေပေါ် ပါသူများမှာ နတ်မြစ်အတွင်း ခုန်ချထွက်ပြေးသွားခဲ့ပြီး အလျား ၁၅ ပေ၊ အနံ ၃ ပေ၊ ရေစူး သုည ဒသမ ၅ ပေခန့်ရှိ လက်ခတ်လှေတစ်စင်းပေါ်မှ WY/R စာတန်းပါ  စိတ်ကြွရူးသွပ်ဆေးပြား ၉၆၄ဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၉၂ သိန်းကျော်) အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိ လှေနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား မောင်တောမြို့နယ် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

တိုက်ကြီးမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တိုက်ကြီးမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော် အောက်တိုဘာ ၂၉
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဥက္ကံမြို့ရှိ ရွှေကံသာခန်းမ၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။  
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် ၁ဝ၃ ဦးတို့ကို နှလုံးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြော်း သတင်းရရှိသည်။             
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) (၁၉)ကြိမ်မြောက် အစည်းအဝေး ပြုလုပ်

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) (၁၉)ကြိမ်မြောက် အစည်းအဝေး ပြုလုပ်

မွန်ပြည်နယ် နေပြည်တော် အောက်တိုဘာ ၂၉
-
မွန်ပြည်နယ်ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S)၏ (၁၉)ကြိမ်မြောက် အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင်  မော်လမြိုင်မြို့ရှိ ကော်မတီရုံးအစည်းအဝေး ခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်၊ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် အရပ်သားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
-
ဦးစွာ ကော်မတီဥက္ကဋ္ဌ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌနှင့်    ကော်မတီဝင်များက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးကြရာ တိုင်းမှူးက လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

SENIOR GENERAL MIN AUNG HLAING MEETS DEPARTMENTAL PERSONNEL, LOCAL PEOPLE IN COCO ISLAND TOWNSHIP

Senior General Min Aung Hlaing meets departmental personnel, local people in Coco Island Township
Nay Pyi Taw  October  29
-
Commander-in-Chief of Defence Services Senior General Min Aung Hlaing met departmental personnel and local people from Coco Island Township in Yangon Region at the township hall of Coco Island this morning.
-
Accompanied by Commander-in-Chief (Navy) Admiral Tin Aung San, Lt-Gen Myo Zaw Thein of the Office of the Commander-in-Chief (Army) and senior military officers, Commander of Yangon Command Maj-Gen Thet Pon and officials, Commander-in-Chief of Defence Services Senior General Min Aung Hlaing arrived in Coco Island where he was welcomed by senior military officers from the local naval base and departmental officials.
-


At the meeting hall of the local naval base, the base commander reported on facts about the region, security measures for the region, conservation of natural resources, weekly and monthly transport of local people from Coco Island by Tatmadaw flight and vessel free of charge, undertaking of military owned agriculture and livestock breeding tasks, selling of meat, fish and vegetables produced from the farms to families of the military unit and local people at  reduced prices, and progress of Coco Island region.
-
In response to the reports, the Senior General instructed the officials to render assistance of quality strains of crops and pedigree animals to the local people as much as possible to do agriculture and livestock breeding tasks on a manageable scale similar to the efforts of selling meat, fish, egg and vegetables from the military owned farms to local people at fair prices, help local people produce finished coconut products and get market share, manage transport of local people by Tatmadaw airplane and vessel under the necessary arrangements, and make readiness for giving a helping hand to the local people in natural disasters.
-


Afterwards, the Senior General met with service personnel and local people from Coco Island Township at the township hall. In meeting with them, the Senior General said tasks started to develop Coco Island region in 2011 but it needs to carry out more development tasks despite seeing progress in the region. It is not adequate to fulfill infrastructures for regional development, and local people must have the keenness to participate in regional development tasks. In line with the saying goes: “The trimming for a basket, as well as dress for a man is important”, people need to take care of keeping their environs neat and tidy. It is necessary to produce domestic products for regional development, and these products must be qualified. The local military unit renders assistance for producing coconut products and for managing transport of products in a smooth process with the aim of securing market share and generating jobs for the local people.
-
The Senior General urged them to systematically carry out manageable scale agriculture and livestock breeding tasks to increase their family incomes. They need to cooperate with teachers for enabling students to have success for uplifting their lives. The Senior General stressed the need to read fiction and non-fiction books as well as publications on agricultural and livestock breeding tasks in order to widen their scopes of knowledge. Emergence of educated persons from the region contributes towards regional development. The Senior General gave advice that it needs to avoid drinking alcohol, chewing betel quid and smoking which harm their health conditions as much as they can as Coco Island region is located in the severe climatic conditions. Medical doctors from the Tatmadaw were instructed to cooperate with officials from the local health organizations in providing health care services to the local people. The Senior General urged local Tatmadaw servicemen, departmental officials and local people to make concerted efforts for development of the region.
-


Afterwards, the Senior General presented foodstuff, books and journals via the township administrator. Then, a townselder spoke words of thanks.  The Senior General coordinated the essentials presented by locals and departmental officials and cordially greeted them.
-
The Senior General and party  proceeded to the Coco Island Town-ship Basic Education High School. After hearing the report presented by the school headmistress, the Senior General fulfilled the needs. The Senior General who looked round the library was conducted round by the headmistress.
-
In a meeting with students at the school hall, the Senior General said students are to give priority to learning at the time of learning age and need to be proficient in the lessons at different levels. Students must be healthy and fit to pursue their education. In addition, they must have healthy lifestyle as being the future generations. They need to abstain from tobacco, betel quid chewing, alcohol and narcotic drugs. Students need to help their parents in doing family-owned small-scale agriculture and breeding businesses and to engage in physical activities and sports at their leisure time. Being healthy and fit will partly help support their education. They try to pass the exams by learning their school lessons every day. They also should devote their life to learning as their parents have to spend time and money on their education. Each student should have set their own goal and try to achieve it. Students need to read books and journals to get knowledge.
-
After that, the Senior General cordially greeted students.
-
#မြ၀တီနေ့စဉ်သတင်းစာ

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်း မြို့နယ်ရှိ ဌာနဆိုင်ရာ ၀န်ထမ်း များနှင့် ဒေသခံ ပြည်သူများအား တွေ့ဆုံ အမှာစကား ပြောကြား

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုကိုးကျွန်း မြို့နယ်ရှိ ဌာနဆိုင်ရာ ၀န်ထမ်း များနှင့် ဒေသခံ ပြည်သူများအား တွေ့ဆုံ အမှာစကား ပြောကြား
နေပြည်တော်၊ အောက်တိုဘာ - ၂၉
-
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ကိုကိုးကျွန်းမြို့ရှိ မြို့နယ် ခန်းမ၌ တွေ့ဆုံ အမှာစကား ပြောကြားသည်။
-




တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ် ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တပ်မတော်အရာ ရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ကိုကိုးကျွန်းမြို့သို့ ရောက်ရှိကြရာ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ တပ်မတော် အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။
-
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ် ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနှင့် တပ်မတော်အရာ ရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ကိုကိုးကျွန်းမြို့သို့ ရောက်ရှိကြရာ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်မှ တပ်မတော် အရာရှိကြီးများနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ က ကြိုဆိုနှုတ်ဆက်ကြသည်။
-


ယင်းနောက် နယ်မြေခံ ရေတပ်စခန်း အစည်းအဝေးခန်းမတွင် ရေတပ်စခန်းမှူးက နယ်မြေဒေသ ဆိုင်ရာ အချက်အလက်များ၊ နယ်မြေဒေသလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သဘာဝ သယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများ၊ ကိုကိုးကျွန်းမြို့နေ ဒေသခံပြည်သူ များအား တပ်မတော်မှ လေယာဉ်၊ ရေယာဉ်များဖြင့် အပတ်စဉ်/လစဉ် အခမဲ့ပို့ဆောင်ပေးနေမှု အခြေအနေများ၊ တပ်ပိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ထွက်ရှိလာသည့် အသားငါး၊ ဟင်းသီး ဟင်းရွက် များအား တပ်မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးနေမှု အခြေအနေများနှင့် ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်းတင်ပြသည်။
-
ရှင်းလင်း တင်ပြမှုများအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်ပိုင်စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိ လာသည့် အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား ဒေသခံပြည်သူများအား သက်သာသော ဈေးဖြင့် ရောင်းချသကဲ့သို့ ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး အတွက် မျိုးကောင်းမျိုးသန့်များ ရရှိရေး အပါအ၀င် တတ်နိုင်သမျှ တစ်ဖက်တစ်လမ်းမှ မျှဝေ  ကူညီ ဆောင်ရွက် ပေးရန်၊ ဒေသမှထွက်ရှိသည့် အုန်းထွက် ပစ္စည်းများအား ကုန်ချောထုတ်ကုန်များ အထိထုတ် လုပ်နိုင် ရေးနှင့် ဈေးကွက် ရရှိစေရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန်၊ ကိုကိုးကျွန်းနေ ဒေသခံပြည်သူများအား တပ်မတော် လေယာဉ်၊ ရေယာဉ်များနှင့် ပို့ဆောင် ပေးရာတွင် လိုအပ်ချက် အတိုင်း ပို့ဆောင်ပေးနိုင်ရေး စီစဉ် ဆောင်ရွက်ပေးရန်နှင့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက အမြန်ဆုံး ကူညီနိုင်ရေး ဆောင်ရွက်သွားရန် တို့အား မှာကြားသည်။
-



ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံ ပြည်သူများအား မြို့နယ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။ ထိုသို့တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မိမိတို့အနေဖြင့် ၂၀၁၁ ခုနှစ်မှစတင်၍ ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက် ခဲ့ပြီး ယခုအခါတိုးတက်မှုများကို တွေ့မြင်ရသော်လည်း ပိုမိုတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်နေ သေးကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် အခြေခံ အဆောက်အဦများ ဖြည့်ဆည်း တည်ဆောက်ပေးနေရုံဖြင့် မလုံလောက်ဘဲ ဒေသခံပြည်သူများမှလည်း မိမိတို့နယ်မြေဒေသဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်လိုစိတ် ရှိရမည်ဖြစ်ကြောင်း၊ “လူမှာအ၀တ်၊ တောင်းမှာအကွပ်” ဆိုသည့် အတိုင်း မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်သည်လည်း သန့်ရှင်းသာယာမှုရှိ ရမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုး တက်ရေး အတွက်ဒေသထွက် ကုန်ပစ္စည်းများထုတ်လုပ်နိုင်ရမည်ဖြစ်ပြီး ထွက်ရှိသည့်ဒေသ ထုတ်ကုန် ပစ္စည်းများသည် အရည်အသွေးပြည့်မီရန် လိုကြောင်း၊ ဈေးကွက်လည်းရရမည်၊ အလုပ်အကိုင် အခွင့် အလမ်းများ လည်းရရှိရမည် ဆိုသည့်ရည်ရွယ်ချက်ဖြင့် အုန်းထွက်ပစ္စည်းများထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်သည့် ထုတ်ကုန်များ သယ်ယူ ပို့ဆောင်ရောင်းချနိုင်စေရေး အတွက် နယ်မြေခံတပ်မှ   ဦးဆောင်ပံ့ပိုး ကူညီစီစဉ်ပေး လျက်ရှိ ကြောင်း ပြောကြား သည်။
-


ယင်းနောက်တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား စနစ်တကျ လုပ်ဆောင်၍ မိမိတို့ မိသားစုများ ၀င်ငွေရရှိ အောင်လည်း ဆောင်ရွက်နိုင်ကြောင်း၊ မိမိတို့၏ သားသမီးများ ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းသားများအား အတန်း ပညာအောင်မြင်စေရေးအတွက် ဆရာ၊ ဆရာမများနှင့် မိဘများပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘ၀အတွက် လိုအပ်သည့် ဗဟုသုတများရရှိစေရန် အတွက်လည်း သုတ၊ ရသ စာအုပ်စာစောင်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ပညာပေးစာအုပ်များကို ဖတ်ရှုရန် လိုကြောင်း၊ မိမိတို့ ဒေသမှ ပညာတတ် များထွက်ပေါ်ခြင်းသည်လည်း ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုခြင်းပင် ဖြစ်ကြောင်း၊ ကိုကိုးကျွန်း ဒေသသည် ရာသီဥတုပြင်းထန်သည့် ဒေသဖြစ်သည့်အတွက် မိမိတို့ကျန်းမာရေး ကိုထိခိုက်စေသည့် အရက်သေစာ သောက်စားခြင်းနှင့် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း များကို တတ်နိုင်သမျှ ရှောင်ကြဉ်ရန် အကြံပြု လိုကြောင်း၊ ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် မိမိတို့ တပ်မတော်မှ ဆရာဝန်များကိုလည်း သက်ဆိုင်ရာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် မှာကြားထားကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ဒေသခံပြည်သူ များ  စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ် နေထိုင်၍ ကြိုးစား အားထုတ်ဆောင်ရွက် သွားကြရန် လိုကြောင်း ပြောကြားသည်။
-


၎င်းနောက်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စားသောက်ဖွယ်ရာများနှင့် သုတ၊ ရသစာအုပ်စာ စောင်များ အားပေးအပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးကလက်ခံရယူသည်။ ထို့နောက် မြို့မိ၊ မြို့ဖတစ်ဦးက ကျေးဇူးတင် စကား ပြောကြားပြီး ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။
-
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ကိုကိုးကျွန်းမြို့ အခြေခံပညာ အထက် တန်းကျောင်းသို့ ရောက်ရှိကြရာ ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြား ပေးနေမှုအခြေအနေများနှင့် ကျောင်း၏ လိုအပ်ချက်များအားရှင်းလင်းတင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စာကြည့်တိုက် အတွင်း လှည့်လည်ကြည့်ရှုရာ ကျောင်းအုပ်ဆရာမကြီးက ရှင်းလင်းပြသသည်။
-


ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား တွေ့ ဆုံပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားရမည့် အရွယ်တွင် ပညာသင်ကြားမှုကို ဦးစား ပေးရန်၊ အတန်းအလိုက် ပညာရပ်များအား တတ်ကျွမ်းအောင် သင်ကြားကြရန်လိုကြောင်း၊ ထိုသို့ပညာ သင်ကြား နိုင်ရန်အတွက် ကျန်းမာကြံ့ခိုင်ရ မည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် တက်လူများ ဖြစ်၍ ကျန်းမာရေးနှင့်လျော်ညီသည့် နေထိုင်စားသောက်မှုများ ရှိရမည်ဖြစ်ပြီး ဆေးလိပ်၊ ကွမ်း၊ အရက်နှင့် မူးယစ်ဆေးဝါးများကို ရှောင်ကြဉ်ရန် လိုကြောင်း၊ မိမိတို့ အားလပ်ချိန်များတွင်  မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေး အပါအ၀င် မိဘများအားကူညီဆောင်ရွက်ရန်နှင့် ကိုယ်လက်လှုပ်ရှားအားကစားများကို ဆောင်ရွက် ကြရမည် ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိခြင်းသည် ပညာရေးကိုလည်းတစ်ဖက်တစ်လမ်းမှ အထောက် အကူ ပေးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့၏တစ်နေ့တာသင်ကြားခဲ့မှုများအား တစ်နေ့စာတစ်နေ့ ကျက်မှတ်ပြီး တစ်နှစ် တစ်တန်း မှန်မှန်အောင်မြင်အောင် ဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ မိမိတို့ပညာ သင်ကြားရန် အတွက် မိဘများမှ အချိန်နှင့် ငွေများကုန်ကျခံကာ သင်ကြားပေးနေရခြင်းဖြစ်သည့် အတွက်ပညာကို ကြိုးစား သင်ယူ ကြ စေလိုကြောင်း၊ ကိုယ်စီဘ၀ ရည်မှန်းချက်များထားပြီး မိမိတို့ ရည်မှန်းချက်များ အတိုင်းပြည့်ဝ အောင်ကြိုး စား ဆောင်ရွက် ကြစေလိုပြီး ဗဟုသုတ တိုးပွားစေရန် အတွက် သုတ၊ ရသစာအုပ်စာစောင်များ အား ဖတ်ရှု လေ့လာ နေရန်လိုကြောင်း မှာကြားသည်။
-
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ ကြောင်းသတင်းရရှိသည်။
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 26, 2018

တောင်ငူမြို့လုံး ဆိုင်ရာ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်တော်၊ ပစ္စည်းလေးပါး လောင်းလှူ ပူဇော်ပွဲပြုလုပ်

တောင်ငူမြို့လုံး ဆိုင်ရာ သံဃာ့မဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်တော်၊ ပစ္စည်းလေးပါး လောင်းလှူ ပူဇော်ပွဲပြုလုပ်
နေပြည်တော် အောက်တိုဘာ ၂၅
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့လုံးဆိုင်ရာ သံဃာ့မဟာ ပဝါရဏာပွဲနှင့် ဆွမ်းဆန်တော်၊ ပစ္စည်းလေးပါး လောင်းလှူ ပွဲကို အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းတွင် တောင်ငူမြို့၊  ရှေးဟောင်း သမိုင်းဝင် ရွှေဆံတော် စေတီတော် မြတ်ကြီး၌ပြုလုပ် ရာတောင်ငူမြို့၊ အောင်မြင်ဇေယျုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက  နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဇဝနအမှူးပြုသော သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးများ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အရာရှိ၊  စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံ ပြည်သူများ တက် ရောက်ကြသည်။
-


ထိုသို့ လောင်းလှူပူဇော်ကြရာတွင် သံဃာ့မဟာပဝါရဏာ ခံယူတော်မူကြသည့်  သံဃာတော် ၂၇၅ပါးနှင့် သာသနာ့ အနွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေး ၁၂၅ ပါးတို့သည် စေတီတော်မြတ်ကြီး၏   အရှေ့ဘက်စောင်းတန်းမှ လက်ယာရစ် လှည့်လည် အလှူခံကြွရောက်တော်မူကြရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက  ဆွမ်းဆန် တော်နှင့်  ပစ္စည်းလေးပါး လှူဖွယ်ပစ္စည်းများကို   ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မှီခိုသူ သား/သမီးများ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုမှု အကောင်းဆုံး ရွေးချယ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ မှီခိုသူ သား/သမီးများ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုမှု အကောင်းဆုံး ရွေးချယ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော် အောက်တိုဘာ ၂၅
-
အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ မှီခိုသူ သား/သမီးများ ဗုဒ္ဓဒေသနာတော် ရွတ်ဆိုမှု အကောင်းဆုံးရွေးချယ်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သန္တိသုခဓမ္မာရုံ၌ပြုလုပ်ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အဘယသုတရာမ ကျောင်းတိုက်ဆရာတော် ပြည်နယ်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသာသန အမှူးပြုသော သံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင် ဝတ်ရွတ်အသင်းများ    တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဘယသုတရာမ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များကသံဃာတော်များနှင့် သာသနာ့အနွယ်ဝင် သီလရှင်ဆရာကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဝတ်အသင်းများနှင့် ဧည့်ပရိသတ်များက မင်္ဂလသုတ်အမွှမ်းနှင့် ပါဠိတော်များ ရွတ်ဖတ်ပူဇော်ကြသည်။
-

ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အဘယသုတရာမ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။
-
အဆိုပါမှီခိုသူ သား/သမီးများ ဗုဒ္ဓဒေသနာတော်ရွတ်ဆိုမှု အကောင်းဆုံး ရွေးချယ်ပွဲအား တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်ဝတ်အသင်း ၂၄ သင်းပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်တွင် ရွတ်ဆိုပူဇော် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

သံဃာ့မဟာပဝါရဏာ ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်

သံဃာ့မဟာပဝါရဏာ ရွတ်ဖတ်ပူဇော်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲပြုလုပ်
နေပြည်တော် အောက်တိုဘာ ၂၅
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊သံသရာအေးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် သံဃာ့မဟာပဝါရဏာ ရွတ်ဖတ်ပူဇော်ပွဲသို့ ယနေ့နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာများနှင့်ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြပြီးသံဃာတော် ၁၈ဝ ပါးနှင့် သာသနာ့အနွယ်ဝင် သီလရှင်ဆရာလေး ၅ဝ ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူခဲ့ကြသည်။
-


ထို့နောက် ညပိုင်းတွင် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ်ရှိ ခေမာရဌ ပြည်ငြိမ်းအေးစေတီတော်၊ ကျိုင်းတုံမြို့၊ ခေမာရဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး၊ မဟာမြတ်မုနိဘုရားကြီးနှင့် သီလဓမ္မကုန်းသာတောရကျောင်း တို့၌ ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ခဲ့ကြသည်။ အလားတူ နံနက်ပိုင်းတွင်လည်း တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့၊ သီလဓမ္မကုန်း သာတောရကျောင်းတိုက် ဦးစီးပဓာန နာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒအား သွားရောက်ဖူးမြော် ကြည်ညို၍ သင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီး ကျိုင်းဖောင်းချောင်းတွင် ဇီဝိတဒါနငါးလွှတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း   သတင်းရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

Friday, October 19, 2018

Vice-Senior General Soe Win receives Senior Mediator of the Federal Department of Foreign Affairs of Switzerland

Vice-Senior General Soe Win receives Senior Mediator of the Federal Department of Foreign Affairs of Switzerland
Nay Pyi Taw  October  18
-
Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win received Dr. Julian Thomas Hottinger, Senior Mediator of the Federal Department of Foreign Affairs of Switzerland, at the parlour of Bayintnaung Villa here this afternoon.
-
Also present at the call together with the Vice-Senior General were senior military officers of the Office of the Commander-in-Chief (Army). The senior mediator was accompanied by officials.
-
At the meeting, views on the experiences, results and future work programmes of the exclusive meeting between the government and the leaders of ethnic armed organizations-EAOs, signatories
-
to the Nationwide Ceasefire Agree-ment-NCA, at the third anniversary of the NCA, continuous endeavours to restore eternal peace and points  of the peace process were exchanged.
-
After the meeting, the Vice-Senior General presented a souvenir to the senior mediator and posed for group documentary photo.
-
#မြ၀တီနေ့စဉ်သတင်းစာ 

Wednesday, October 17, 2018

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ရမည်းသင်းမြို့နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ သင်တန်း တက်ရောက်နေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ အမှာစကား ပြောကြား

ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ရမည်းသင်းမြို့နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးကျောင်း၌ သင်တန်း တက်ရောက်နေသော တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ အမှာစကား ပြောကြား
-
နေပြည်တော်  အောက်တိုဘာ  ၁၆
-
ကာကွယ်ရေးဝန်ကြီးဌာန၊   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ နယ်မြေခံလေ့ကျင့်ရေး ကျောင်းတွင် မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်း တက်ရောက်နေသော တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါကျောင်း၌ သွားရောက်တွေ့ဆုံရာ ကျောင်းအုပ်ကြီးနှင့် အရာရှိ၊ စစ်သည်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
-
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားသည်။ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ   သင်တန်းသား စားရိပ်သာသို့  ကြည့်ရှုစစ်ဆေးခဲ့ကြောင်း   သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အက်ဖ်-၇ လေယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျမှုဖြစ်စဉ်တွင် ကျဆုံးသွားသည့် လေယာဉ်မှူးများ၏ မိသားစုဝင်များနှင့် လေယာဉ်အစိတ်အပိုင်း ထိမှန်ခြင်းကြောင့်သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်နှစ်ဦး၏ မိဘများထံသို့ ထောက်ပံ့ငွေများ ပေးအပ်

အက်ဖ်-၇ လေယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျမှုဖြစ်စဉ်တွင် ကျဆုံးသွားသည့် လေယာဉ်မှူးများ၏ မိသားစုဝင်များနှင့် လေယာဉ်အစိတ်အပိုင်း ထိမှန်ခြင်းကြောင့်သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်နှစ်ဦး၏ မိဘများထံသို့ ထောက်ပံ့ငွေများ ပေးအပ်
နေပြည်တော်  အောက်တိုဘာ  ၁၆
-
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ သနပ်ပင်စုကျေးရွာအနီးနှင့် မင်းဘူးမြို့တောင်ဘက် ဆားဗွက်ချောင်း တံတားအနီးတို့တွင် ယနေ့နံနက်ပိုင်းက မကွေးလေတပ် စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းလျက်ရှိသော အက်ဖ်-၇ လေယာဉ်နှစ်စင်း  ရာသီဥတုဆိုးရွားမှု ကြောင့် ပျက်ကျမှု ဖြစ်ပွားခဲ့သည်။
-
အဆိုပါဖြစ်စဉ်တွင် လေယာဉ်မှူးနှစ်ဦး ကျဆုံးခဲ့ပြီး လေယာဉ်အပိုင်းအစများ ထိမှန် ခြင်းကြောင့် မင်းဘူးမြို့နေ ဦးဖိုးဖြူ၏ သမီး မသွယ်ဇင်ငြိမ်းနှင့်  ဦးအောင်ဟန်၏သား မောင်ဟိန်းထက်အောင်တို့တွင် ဒဏ်ရာများ ရရှိကာ မင်းဘူးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေခဲ့ရာ မသွယ်ဇင်ငြိမ်းမှာ နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်တွင် သေဆုံး သွားခဲ့သည်။
-
ဖြစ်စဉ်တွင် ပါဝင်သွားသော လေယာဉ်မှူးနှစ်ဦး၏ မိသားစုများ၊ မသွယ်ဇင်ငြိမ်း၏ မိဘများနှင့်  မောင်ဟိန်းထက်အောင်တို့၏ မိဘများထံသို့ ယနေ့နေ့လယ်ပိုင်းတွင် အလယ် ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်း၊ မကွေးတိုင်းဒေသကြီး၊ လုံခြုံ ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး  ဗိုလ်မှူးကြီး မင်းဦးတို့က သွားရောက်အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-


(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိအဌဒိသာဓမ္မ၀ိဟာရကျောင်းတော်ကြီး သို့ပင့်ဆောင် အပူဇော်ခံပွဲနှင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိအဌဒိသာဓမ္မ၀ိဟာရကျောင်းတော်ကြီး သို့ပင့်ဆောင် အပူဇော်ခံပွဲနှင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်
-
နေပြည်တော်၊ အောက်တိုဘာ - ၁၆
-
အင်းလေးဖောင်တော်ဦး မြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဌဒိသာဓမ္မ၀ိဟာရ ကျောင်းတော်ကြီးသို့ ပင့်ဆောင် အပူဇော်ခံပွဲအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဦးဆောင်ပြီး ပင့်ဆောင်ပူဇော်သည်။
-

-
အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူ လှ၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာမြင့်ထွေးနှင့်ဇနီး၊ ဦးအုန်းမောင်နှင့်ဇနီး၊ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့်ဇနီး၊  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်၊ ကာကွယ်ရေးဦးစီး ချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာ ရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊  လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအဖွဲ့များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည် တော် များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြည့်ရှု ဖူးမြော်ကြသည်။  
-

-
ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဖောင်တော်ဆိုက်ပြဿဒ်ဆောင်သို့ ကရ၀ိတ်ဖောင်တော်ဖြင့် ရောက်ရှိလာ သည့် အင်းလေးဖောင်တော်ဦး မြတ်စွာ ဘုရားရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညို၍  ညောင်ရွှေမြို့ အတွင်းလှည့်လည် ပူဇော်ခံပြီး အဌဒိသာဓမ္မ၀ိဟာရကျောင်းတော်ကြီးသို့ ပင့်ဆောင်မည့်ဘော်ယာဉ်ပေါ်သို့ အသီးသီး ပင့်ဆောင်ပူဇော်ကြသည်။
-

-
ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက် လာကြသူများသည် အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ ယှဉ်ပြိုင်လှော်ခတ်မှုများအား တက်ရောက်ကြည့် ရှုအားပေးကြသည်။ အဆိုပါပြိုင်ပွဲတွင် အမျိုးသား(၄၆)တက် အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသားရာကျော်လှေ အင်းသား ရိုးရာလှေလှော်ပြိုင်ပွဲ၊ အမျိုးသားတစ်ဦးချင်း အင်းသားရိုးရာ လှေလှော်ပြိုင်ပွဲ၊ အမျိုးသမီး(၂၆) တက် အင်းသား ရိုးရာလှေလှော် ပြိုင်ပွဲများအား အသီးသီး ယှဉ်ပြိုင်လှော်ခတ်ကြသည်။
-

-
ယင်းနောက် ဆုပေးပွဲအား ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က  အမျိုးသားရာကျော် လှေပြိုင် ပွဲတွင် ပထမဆုရရှိသည့် ကေလာအသင်းနှင့် ဒုတိယဆုရရှိသည့် ရွှေပြည်သာ အသင်းတို့အား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများ အားလည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီးက အမျိုးသမီး(၂၆)တက် လှေလှော် ပြိုင်ပွဲတွင်  ပထမဆုရရှိသည့် မိုင်းသောက်အင်းအသင်းနှင့် ဒုတိယဆုရရှိသည့် အိုင်ထောင့်ကြီး အသင်းအား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများအား လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့် သည်။
-

-
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က အမျိုးသားရာကျော်လှေပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ရေသာ အင်းအသင်းနှင့် လယ်သစ် အောက်အသင်းတို့အား လည်းကောင်း၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ၀မ်းဘဲအင်း ကျေးရွာနှင့် ရေသာကုန်းကျေးရွာအသင်းတို့အားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က အမျိုးသား(၄၆)တက် လှေလှော်ပြိုင်ပွဲ တွင် ပထမဆုရရှိသည့် ကေလာအသင်းနှင့် ဒုတိယဆုရရှိသည့် ရွာကြီးတောင်အသင်းတို့အား လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တစ်ဦးချင်းလှေလှော် ပြိုင်ပွဲတွင်ပထမဆုရရှိသည့် မိုင်းသောက် အင်းကျေးရွာမှမောင်နေကြာနှင့် ဒုတိယဆုရရှိသည့် အိုင်ထောင့်ကြီးကျေးရွာမှ မောင်မင်းဇော်ဦး တို့အား လည်းကောင်း၊ ပြည်သူ့လွှတ်တော်   သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်းက တစ်ဦးချင်း လှေလှော်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ရှေ့ဝကြီးကျေးရွာမှ မောင်စိုးမင်း ထိုက် နှင့် မောင်သိန်းဟန်တို့အားလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။
-

-
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၏ ဇနီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ၏ဇနီးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၏ ဇနီးတို့က ဆွမ်းပို့လှေအဖွဲ့ ၃ ဖွဲ့၊ လှေယဉ်ဆုနှင့် ယဉ်ကျေးမှု ဆုရရှိသူများ အားဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ အင်းလူမှုရေးအသင်းမှ ဒေါက်တာသန်းဝင်းနှင့် အင်းစာပေ ယဉ်ကျေးမှုအဖွဲ့မှ ဦးတင်အောင်ကျော်တို့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပုံတူသစ်သား ပန်းပုကား ချပ်အား  လက်ဆောင်အဖြစ် ပေးအပ်သည်။ အင်းသားလှေလှော် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား အပြီးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ ၀င်များသည် အခမ်းအနား တက်ရောက်လာကြသည့် ဒေသခံပြည်သူများအား ရင်းရင်း နှီးနှီး နှုတ်ဆက်သည်။
-

-
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ခေတ္တကိန်းဝပ်စံပယ်တော်မူမည့် အဌဒိသာ ဓမ္မ၀ိဟာရကျောင်းတော်ကြီးသို့ ရောက်ရှိကြပြီး အင်းလေးဖောင် တော်ဦးမြတ်စွာဘုရား ရောက်ရှိလာမှုများအားကြိုဆိုဖူးမြော်၍ သံဃာတော်များဦးဆောင်ကာ အင်းလေး ဖောင်တော်ဦးမြတ်စွာ ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ကြသည်။
-

-
ယင်းနောက်သံဃာတော်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် အင်းလေးဖောင် တော်ဦးမြတ်စွာဘုရားအား ရွှေသင်္ကန်းများကပ်လှူပူဇော်ဖူးမြော် ကြည်ညိုကြသည်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကန်ကြီး ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္ထ၀ါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာဝံသ အမှူးပြု သော သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး သြကာသကန်တော့ ချိုးဖြင့် ရှိခိုးပူဇော်ကာ    ဆရာတော်ကြီးများက သဗ္ဗတိယော ဂါထာအား သုံးကြိမ်ရွတ်ဆို၍ ဆုတောင်းပြီး အမျှပေးဝေကြသည်။
-

-
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်  ၀န်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က သံဃာတော်များအား လှူဖွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လှူဒါန်းပြီး အလှူငွေများအား ဂေါပက အဖွဲ့ထံပေးအပ်လှူဒါန်းသည်။
ဆက်လက်ပြီး ဟူပင်ဟိုတယ်ရှိ အစည်းအဝေးခန်းမတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား ရှမ်းပြည်နယ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အင်းလေးကန် ဆိုင်ရာ အချက်အလက်များ၊ အင်းလေကန်တိမ်ကောမှုမရှိစေရေးထိန်းသိမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပြည်တွင်း၊ ပြည်ပခရီးသွားများဝင်ရောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်းလေးကန် သည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး သဘာဝအင်းဖြစ်၍ တိမ်ကောမှုမရှိစေရေး  မဖြစ်မနေထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီး ကာ အစိုးရ၊ ဌာဆိုင်ရာတာဝန်ရှိသူများ သာမက ပြည်သူများအားလုံးကလည်းပူးပေါင်း၍ ထိန်းသိမ်းဆောင်ရွက် သင့်သည့် အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုသည့်ဓာတုပစ္စည်းများကြောင့် ရေသယံဇာတများနှင့် သဘာဝပတ်ဝန်းကျင်ပျက်သုဉ်းမှုမရှိစေရေးအတွက် ဒေသခံ ပြည်သူများအား အသိပညာပေးပြီး ထိန်းသိမ်းဆောင်ရွက်သင့်သည့် အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသနှင့်ကိုက်ညီ သောသီးနှံများ စိုက်ပျိုးနိုင်ရေး၊ ဒေသထွက်ကုန်များအား အဆင့်အတန်းမီစွာဖြင့် ထုတ်လုပ်နိုင်ရေး၊ ထုတ်လုပ်  ရာတွင်  ခေတ်မီသေသပ်စွာ ထုတ်ပိုးပြီး ပြည်တွင်း၊ ပြည်ပခရီးသွားများ ၀ယ်ယူလိုသည့် ဆွဲဆောင်မှု ပုံစံဖြင့်ပိုမို ရောင်းချနိုင်ရေးနှင့် ခရီးသွားများ ပိုမိုလာရောက်စေရေး ဆောင်ရွက်သင့်သည့် အချက်များ၊ အင်းသားခြေ လှော်လှေပြိုင်ပွဲသည် ကမ္ဘာပေါ်၌ အင်းလေးဒေသတစ်ခု တည်းတွင်သာ ပြုလုပ်ခြင်းဖြစ်သဖြင့် ယခုထက်ပိုမို အဆင့်မြင့်မြင့် အဆင့်မီစွာဖြင့် ကျင်းပ ပြုလုပ်ခြင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းခြင်းဖြင့် ပြည်ပခရီးသွားများ ပိုမိုလာရောက်နိုင်သည့် အခြေအနေများအား ဆွေးနွေးအကြံပြုပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်းသားလှေလှော်ပြိုင်ပွဲတွင် အသုံးပြုရန်လိုအပ် သည့် (၄၆)တက်လှော်ပြိုင်ပွဲဝင် လှေများတည်ဆောက်ရန်အတွက်  တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသော အလှူငွေ ကျပ်သိန်း ၃၆၀ အား တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, October 16, 2018

Opening speech delivered by Commander-in-Chief of Defence Services Senior General Min Aung Hlaing at Retreat of Government and NCA Signatory Ethnic Armed Organizations at third anniversary of signing Nationwide Ceasefire Agreement-NCA

Opening speech delivered by Commander-in-Chief of Defence Services Senior General Min Aung Hlaing at Retreat of Government and NCA Signatory Ethnic Armed Organizations at third anniversary of signing Nationwide Ceasefire Agreement-NCA
-
NayPyiTaw October 15
-
Today is the third anniversary of the Nationwide Ceasefire Agreement-NCA reached between the Government of the Republic of the Union of Myanmar and ethnic armed organizations-EAOs. First and foremost, I would like to extend greetings that may all representatives of NCA signatory ethnic armed organizations and officials who are attending the retreat have mental well-being and enjoy peace and tranquility.
-
The nationalities of the country know that the current anniversary is more significant than the anniver-saries of the previous two years both in character and essence. I have noticed greater aspirations and interest for peace of the national people. At this moment, we are gathering here, serving the historic duty to fulfill the wish of the peace-loving people. We of the Tatmadaw are exerting utmost physical and intellectual efforts to shoulder the historic duty well and restore eternal peace and strengthen democracy.
-
At the previous NCA signing ceremonies, there were speeches and dinner, which were only a little bit noteworthy than a normal commemorative ceremony. But this year is more significant, with the involvement of follow-up talks. We are going to gather greater momentum for the peace process. I have already explained the resolution of the Tatmadaw to complete the peace process in 2020 in my address at the opening ceremony of the previous Union Peace Conference. Here, I would reiterate that the Tatmadaw will present the eternal peace to the people who are desirous of it after fully realizing the resolution.
-
The government is working under the goal of adopting more basic principles by holding the conference for three times in 2018 and 2019. The previous conferences have already adopted 51 basic principles for political, economic, social and land and environment sectors, and they have been formed as parts of the Union Agreement. Those principles can be adopted thanks to the benefits of NCA and the adherence to its roadmap. It is not an easy task to reach accords among the warring factions through face-to-face discussions. It is the result of collective talks under the spirit of oneness.  Basic principles should be adopted in accordance with the 11-point fundamental rules of the Chapter I of the NCA. So, I would  suggest that fundamental rules  must be thoroughly understood. The first point is an accord which is a clear explanation of the way the Union, based on democracy and federal system, will be established, as it is the cornerstone of the current peace process and aspired much by the national races. It has three objectives, three basic factors and a three-point guarantee which must be followed compulsorily.
-
An accord has been reached on building the Union, based on democracy and federal system, in accordance with the results of the political dialogue. The three objectives are non-disintegration of the Union, non-disintegration of national solidarity and perpetua-tion of sovereignty which in reality are “Our Three Main National Causes.” The foundation is formed with deterrent principles—liberty, equality and justice. Democracy, equity and self-determination are guaranteed. All must aware of the fact that the said guarantees can be realized through the strict obser-vance of Our Three Main National Causes. Now I will deal with “non-secession” which is said to be a difficult issue at the conference. Our Three Main National Causes is to be always kept in the fore at the political dialogue held after abandoning the armed struggle line.
-
So, it needs to realize the issues that go against the objectives —non-disintegration of the Union, non-disintegration of national solidarity and perpetuation of sovereignty – must be avoided at the very start of the talks. Section 10 of the 2008 Constitution of Myanmar has clearly stated that no part of the territory constituted in the Union shall ever secede from the Union. So, the word “non-secession” is a term or assurance truly required for the eternal peace. The anniversary sessions of the Peace Conference, including the present one is initiated by the peace overture extended by the administration of President U Thein Sein in 2011. At the dialogue with EAOs according to the “The Invitation for Peace Talks” issued on 18 August 2011, the peace processes began only after the initial accord to accept Our Three Main National Causes and to stay away from raising the issue of secession. Therefore, it doesn’t need to dispute whether to insert the agreement “non-secession”. I would like to say that the agreement must be inserted in line with the principles of NCA and the principles of the Constitution 2008. Law, rules and disciplines are defined as “exhortation” and “prohibition”. The Union Agreement in implying the law mentions exhortation and dos. So also, only then, will it be endowed with descriptions on prohibitions and don’ts. The root cause of inserting the prohibition “non-secession” does not mean that it does not believe national brethren as criticized by some organizations. I would like to say it aims to ensure full guarantee in the long run, to build trust and to join hands with them on the path of eternal peace without doubt.
-
The Union System or the Federa-lism is an ideology of sharing power and sovereignty to unite diverse regions, states, ethnics and tribes.
-
It is visible that the Federalism cannot be taken as definite, and practising of such system cannot be the same in various countries. The Union System can be practised under the Coming Together Federalism, the Putting Together Federalism and the Holding Together Federalism. Our country is a family which had been practising the Holding Together Federalism during the monarchial era before falling under the British colonial rule. At a time when King Thibaw, the last dynasty of Myan-mar, was captured by British, 500 followers led by the person waited at Phayagyi of Mandalay for taking back the king from British. He was a Shan Chieftain namely Nyaungshwe Chieftain U Saw Maung. Therefore, British colo-nialists worried about unification between Bamar and ethnics. British practised various administrative systems and laws such as the Shan States Act of 1888, the Kachin Hill Tribes Regulation-1895, the Chin Hill Regulation-1896 for prevention of the unification in order to cause divisiveness between ethnic regions and the central region of Myanmar. Diarchy ruling system which was practised from 1921 to 1937 did not accept participation of ethnic regions, and the legislative council set the ratios for those elected from general constituencies, those from Indians, Kayin ethnics, half-breed British citizens and British citizens with the purpose of disintegration in racism. It can be seen that British colonialists arranged practice of divide-and-rule system in the mainland of Myanmar without satisfaction to instigate the hilly and plain regions. The 91-department administration in Myanmar divided the general constituency, Kayin ethnic constituency, Indian citizen constituency, half-breed British citizen constituency, European citizen constituency and chettyar association constituency join the Lower House. Other ethnics did not participate in it separately.
-
Consequences of divide-and-rule system caused disunity among ethnics and tribes, triggering the armed conflicts. In the time of parliamentary democracy when the worst time in internal armed conflicts of Myanmar from 1948 to 1958 after Myanmar had regained her independence, the diversities of political, racism, ethnic affairs and dogmatism triggered conflicts based on armed struggle lines against successive governments. It is noticeable that international community belittled Myanmar as “Yangon government” at that time. It can be said that the sparks of internal armed conflicts did not start between the Tatmadaw and ethnic armed groups but between the relevant government and ethnic armed groups based on root cause of the armed conflicts and starting time. The Tatmadaw taking respon-sibility of defence organization safe-guarded the State and sovereignty of government. Nowadays, I would like to say the one-sided conclusion over internal armed conflicts which is a problem happening between the Tatmadaw and ethnic armed organizations is inappropriate and incredible.
-
Our country was divided into pieces in colonial rule. Before re-gaining independence, all the parts of regions were united to sign the Panglong Agreement to be able to regain independence together. In looking back the history of Panglong, everybody can know the Panglong Agreement did not easily come out. General Aung San himself was thoughtful to return from the Panglong Conference and secure independence for only mainland due to instigations and one-sided demands. He ordered personal assistant Bo Tun Hla to call the airplane for return. At a time when ethnic people and students gathering around Panglong heard news that the General would return home, they went round there by chanting
-
slogans “Unite Shan and Bamar” and “Don’t want colonialists”. Thanks to their moves, the Panglong Agreement could be signed. At present, some persons said it needs
-
to forge the Panglong Spirit and follow the Panglong Agreement. What is Panglong? I understand however difficult we are, we need to hold together. On my view, the Panglong Agreement is an agreement holding-together for our national brethren in holding-together for many years to recognize more strengthening of unity. The Panglong Agreement consisted of nine paragraphs only. Each paragraph and line from the agreement did not have any letter in meaning of the secession. It comprised how to unite and how to regain independence.
-
The paragraph which is mostly criticized and referred to is the last sentence of fifth paragraph. The sen-tence is “Full autonomy in internal administration for the Frontier Areas is accepted in principle. Everybody may notice the phrase “internal administration”. On the other hand, it means the Self Governing. We all agreed the Self Determination in the NCA. So I said NCA is wider than the ceasefire and I dubbed NCA is a single way of the Union in order to end the armed conflicts in the Union. Especially, it needs to take care of no derailment from the route to Our Three Main National Causes and guarantee of non-secession in enjoying the rights and guarantee of Self Determination.
-
In carrying out the peace pro-cesses, sub-para (d) of Paragraph 22 of the NCA mentions “We agree that all decisions adopted by the Union Peace Conference shall be the basis for amending, repealing and adding provisions to the Constitution and laws, in line with established procedures.” The phrase in line with established procedures means the process for the amendment of the Constitution in Chapter XII of the Constitution. It can be seen that although amend-ment and adding provisions can be done for the Constitution, it does not allow redrawing. Endeavours of us lead to the eternal peace through the nationwide ceasefire. I have frequently said there is no importance than peace in the peace talks. All discussions mainly lead to the peace and ending armed conflicts. It is not for political game. Any attempt to make unilateral demands in the name of peace talks poses a hindrance to the peace process. We agree in principle on amending and supplementing the really necessary provisions of the constitution with the aim to achieve lasting peace. But it would be difficult for us to agree on amending and supplementing the constitution and other laws with intent to serve self-interest and abuse the NCA. It can be witnessed in 2015 that rights and privileges were given by amending and adding 34 points in the region or state legislative list from Table-2 of the constitution (2008) and 20 points in the provision for collecting taxes by regions or states from Table-5. Measures will be taken for further amendment or supplement if necessary.
-
According to the wishes of some national races after the 2015 election, the right to elect region or state chief ministers through the majority votes from parliamentary representatives in region or state parliaments is another issue we need to consider. In the government, secretaries are appointed under ministers so that there could be no delays in handling administrative machinery whenever political situation changes. Likewise, we must consider assigning duties to region or state governors in addition to chief ministers and ministers. Such a system is successfully being adopted by our neighbouring India, a large federal democratic country.
-
There have been stronger voices over difficulties in taking over and assuming State duties under the State Constitution (2008). The 2008 Constitution gives guarantee to the country. The participation in the election is political parties and candidates give guarantees to voters. Parliament and the government are to successfully implement the facts described in the Constitution. Under the former President U Thein Sein government, the country was also ruled in line with this constitution. The then government successfully underwent democratic transition and uplifted national economy to a certain degree. There were landmarks in the fields of international relations and internal peace. The incumbent government has also come to power after being elected and forming a government in accord with the constitution. Unless this constitution (2008) meets democratic norms and international standards and the major institutions fail to abide by it, I assume that there is no way the current government became the ruling party from the opposition party. Here, I would like you to point out and invite open discussions if there are any violations of the rights for political parties and organizations, the rights for the citizens and the rights for federalism, which are the essence of the constitution, and any discrimination against national races. Political revenge and democratic bullying will hinder national development.
-
We should take lessons from political revenges in some countries. We must be careful about abolishing the existing laws or enacting new laws before we reach a safe situation just because of political revenge. At the beginning of democracy, security, peace and stability are the most important things. Nothing is as important as ethnic affairs and national interests. Although there is a saying that all is fair in war and politics, I want honest and fair politics.
-
In demanding self-determination and self-administration for federal Union system, it should be aware that in any region or state in the Union, people belonging to various ethnic groups live collectively, and it is not the case that a particular ethnic group live separately. For example, according to 2014 national population census, there are over 1.6 million people in Kachin State, where Bamar make up 29.2 percent, Shan, 23.6 percent, Jinghpaw, 18.97 percent, Lisu, 7 percent, Rawang 5.5 percent, Lowaw, 3.33 percent, Lachit, 2.89 percent, Zaiwa, 1.57 percent while other ethnicities make up around 8 percent. Though there are eight major ethnic groups, there are over 130 tribes. Democracy is about implementing the wishes of the majority in line with law with respect for the wishes of the minority. Regarding self-determination and self-administration, wishes, opinions and rights of ethnic minorities in concerned regions and states must also be taken into consideration.
-
Regarding ethnic armed organi-zations (EAOs), all need to sign the NCA (Nationwide Ceasefire Agreement). The NCA emerges at the request of ethnic armed groups. We are not using the NCA as a weapon. We never coerce EAOs by taking advantage of the NCA. In implementing the works in accor-dance with the Constitution, the same should go for all groups. Holding political dialogue without ceasing fire can trigger more disputes. It is like fighting a political war besides the military front. EAOs took up arms and demanded national equality, self-determination and self-administration from successive governments. They have  agreed in principle in the NCA, and are being discussed at political talks. Those wishing to get political power should set up official political party and contest for election, those wishing to do business should set up a company, and those wishing to serve in the services to defend the country should join the Tatmadaw, which is the official armed organization of the country. Ignoring this fact and building political power, armory, forces and territory with the force of arms and the bullying of ethnics on the pretext of peace should be assumed as opposing the democracy which people aspire, opposing the federal Union, and having intent to exercise warlordism. Anything that goes against the wishes of the people must be averted through various means. As doing businesses by taking up arms during the peace talk amounts to creating the right by putting pressure, it is not suitable. The NRPC will make arrangements for the needs of the EAOs during the peace talk. They need to consider their views on armed struggles.
-
The government and Tatmadaw have equally treated EAOs. They adopt the same stance toward KNU, which is strong and which have clashed with the Tatmadaw for many times, and CNF and ALP, which are less strong and barely clashed with the Tatmadaw, and let them sign the NCA. Expanding political power, armory, forces and territory under the cover of NCA will only have negative impact on already stable regions and ethnic areas, so there is a need to avoid this. Regarding RCSS (SSA), MTA led by U Khun Sa surrendered to the government which was formed under the pretext of politics and security and entered the legal fold on 5 January, 1996, and it split and went underground at the end of January. It was clashing with other EAOs while building up political base, weaponry, size and enormously expanding its territory after signing the NCA. The NCA shouldn’t be misappropriated. If there is misappropriation, the Tatmadaw, which is responsible to protect the lives and property of ethnic people, will not just stand by and do nothing.
-
It can be seen that there is no fighting in most of the places where NCA signatories are allowed to be stationed. Why? It is because officials of the both sides comply with the NCA. It is undeniable that the resultant peace has enabled locals to work for their social improvement, and those regions have developed compared to the past. Therefore, the sooner permanent peace is achieved, the better the social well-being of people will be.  I therefore would like to urge you to jump onto the democratic path without hesitation. And people are also anticipating to achieve permanent peace as soon as possible.
-
The stage we have to undergo to end armed conflicts and achieve eternal peace is security reintegration. Regardless of political system, every country has a single army for state defence. EAOs, when they get self-determination and self-administration granted in accord with the law in self-administered region and regions and states, have to abandon armed struggle. If they want to continue serving defence duty, they have to join the Tatmadaw.  They will be awarded appropriate ranks depending on criteria for service personnel and their qualification. Today’s Tamadaw was born of Myanmar’s independence struggle. The Thirty Comrades led by General Aung San constituted the embryo of the Tatmadaw. The Tatmadaw originated from the Burma Independence Army (BIA) formed on December 27, 1941. In the time of the Fascist Japan, the strength of Tatmadaw got reduced, and the BIA was transformed into the Burma Defence Army (BDA). The Patriotic Burmese Forces (PBF) was disbanded when the British entered the country for second time in 1945. It tried to replace it with the so-called Burma Army formed in India when the British escaped the war. The entire people opposed that plan. A proposal pertaining to “Tatmadaw” was submitted at Nay Thurein Conference for the continual existence of the Tatmadaw. Ceremonies supporting the proposal submitted to the Nay Thurein Conference were held in Mandalay, Sagaing, Myingyan, Pyinmana, Taungoo, Bago, Thayawady and Hinthada on a grand scale. For the formation of the Myanma Tatmadaw, the British signed the Kandy Pact on September 7, 1945. For the formation of Tatmadaw (Navy) and Tatmadaw (Air), Letyar-Freemen Contract was signed between Bo Letyar, a member of the Thirty Comrades and John W Freemen on August 29, 1947.
-
Bama Air Force was formed on December 15 and Bama Navy on December 24. Respective parts of the current Myanmar Tatmadaw, battalions and units emerged in accord with the government’s gazettes and the formation order of the State. Our Tatmadawmen join the army with own desires and are not performing the duty under a quota system. Military officers are appointed under the government’s gazettes. Servicemen are appointed in accordance with the designated qualifications and the military service rules. They have to be loyal to the State based on the hierarchical administrative system. These existences, gazettes and rules and regulations are the things to be abided by all military servants. The formation of defence units in every states and the appointment that goes beyond the military service rules, without step-by-step military duties are the thoughts that turn back.  In addition, the   Tatmadaw has agreed to make reforms which are in conformity with the democracy system in principle. All EAOs first need to sign the Nationwide Ceasefire Agreement (NCA) and make security integration. 
-
In conclusion, I would like to urge all concerned to-:
-
-Carry out the works with a  view to fundamental principles of the NCA agreed in laying down basic principles for peace process and the fundamental principles of the 2008 Constitution.
-
-Need to pay special awareness  of the fact that the process is not intended for the short-term peace and the peace that will last during a tenure of the government. We should see it for the long term.
-
-Ethnic armed groups which have not signed the NCA yet are urged to sign the NCA by valuing the people’s desires for peace. I would like to urge signatories to the NCA to continue sticking to the peace process in good faith. Thank you, all.
-
#မြ၀တီနေ့စဉ်သတင်းစာ

(NCA) ချုပ်ဆိုခြင်း(၃)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့တွင် အစိုးရနှင့် (NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သီးသန့် အစည်းအဝေး၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် အဖွင့်အမှာစကား

(NCA) ချုပ်ဆိုခြင်း(၃)နှစ်ပြည့်၊ နှစ်ပတ်လည်နေ့တွင် အစိုးရနှင့် (NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သီးသန့် အစည်းအဝေး၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် အဖွင့်အမှာစကား

နေပြည်တော် အောက်တိုဘာ ၁၅
-
ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခဲ့တဲ့ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲဖြစ်ပါတယ်။ ဒီနှစ်ပတ်လည်နေ့မှာ အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ  သီးသန့်အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများ အားလုံး နှလုံးစိတ်ဝမ်း အေးချမ်း၍ ငြိမ်းချမ်းသာယာ ရှိကြပါစေကြောင်း ဦးစွာဆုတောင်း ဆန္ဒပြု နှုတ်ခွန်းဆက်လိုက်ပါတယ်။
-
ဒီတစ်ခါပြုလုပ်တဲ့ နှစ်ပတ်လည်နေ့ဟာ ကျန်ခဲ့တဲ့ နှစ်ပတ်လည်နေ့ နှစ်ကြိမ်ထက် အသွင်သဏ္ဍာန်အားဖြင့်ကော၊ အနှစ်သာရအားဖြင့်ပါ ထူးခြားမှုများ ရှိနေကြောင်း တိုင်းရင်းသား ပြည်သူလူထုက  သိရှိကြပါတယ်။ တိုင်းရင်းသားပြည်သူလူထု တစ်ရပ်လုံးက ငြိမ်းချမ်းရေးအတွက် ခါတိုင်းမျှော်လင့်သည်ထက် ပိုမိုမျှော်လင့်လာတာတွေ၊ ပိုမိုစိတ်ပါဝင်စားလာတာတွေကို ကျွန်တော်တို့သိရှိပါတယ်။ ငြိမ်းချမ်းစေလိုတဲ့ ပြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ ဒီနေရာမှာ ဒီအချိန်မှာ စုစည်းပြီး သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြတာဖြစ်ပါတယ်။ ဒီသမိုင်းပေးတာဝန်ကို တပ်မတော်အနေနဲ့ ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး၊ တဒင်္ဂငြိမ်းချမ်းရေး မဟုတ်တဲ့ ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီခိုင်မာရေးကို ဖော်ဆောင်နိုင်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက် နေတာဖြစ်ပါတယ်။
-
ယခင်(NCA)စာချုပ် ချုပ်ဆိုခြင်း အခမ်းအနား နှစ်ပတ်လည်နေ့တွေမှာ မိန့်ခွန်းတွေပြော၊ ညစာစားပွဲတွေ လုပ်ကြပါတယ်။ အထိမ်းအမှတ် အခမ်းအနားထက်တော့ နည်းနည်းထူးခြားပါတယ်။ ဒီနှစ်မှာတော့ ဆွေးနွေးပွဲတွေပါ ဆက်ပြီး ကျင်းပသွားမှာဖြစ်လို့ ထူးခြားပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အရှိန်အဟုန်မြှင့်တင် သွားနိုင်မှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ၂၀၂၀ပြည့်နှစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားကြောင်းကိုလည်း ကျွန်တော့်ရဲ့ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောကြားပြီးဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ ဒီသန္နိဋ္ဌာန်အတိုင်းပဲ ဖြစ်မြောက်အောင်ဆောင်ရွက်ပြီး တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေးကို ပြည်သူ့လက်သို့ အရောက်အပ်နှင်းမှာဖြစ်ကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။
-
နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်း ညီလာခံ ၃ ကြိမ်ကျင်းပပြီး အခြေခံမူတွေ ရရှိအောင် ဆောင်ရွက်မယ်လို့ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံတွေမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနဲ့ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍတွေအတွက် အခြေခံမူ ၅၁ ချက်ရပြီးဖြစ်ပါတယ်။ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် စုစည်းထားပြီးဖြစ်ပါတယ်။ ဒီအခြေခံမူတွေ ချမှတ်နိုင်တာဟာ NCA ရဲ့ အကျိုးကျေးဇူးကြောင့်၊ NCA ပါ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆောင်ရွက်ခဲ့ကြလို့ဖြစ်ပါတယ်။ တစ်ချိန်က စစ်မြေပြင်မှာ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကိုင်ပြီး တိုက်ခိုက်နေရာကနေ တစ်စားပွဲတည်းထိုင်ပြီး စကားပြော၊ သဘောတူညီချက်တွေ ထုတ်နိုင်တာဟာ လွယ်ကူတဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ NCA က ပေးတဲ့ စုပေါင်းစိတ်ဓာတ်၊ ညှိနှိုင်းဆွေးနွေးခြင်း ရလဒ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံမူတွေကို ချမှတ်ရာမှာလည်း NCA ရဲ့ အခန်း(၁)၊ အခြေခံမူ(၁၁) ချက်အတိုင်း လိုက်နာဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ဂဃနဏ နားလည်သဘောပေါက်ဖို့ လိုအပ်မှာဖြစ်ကြောင်း အကြံပြုလိုပါတယ်။ အခြေခံမူ(၁၁)ချက်ထဲက ပထမအချက်မှာ ဒီနေ့ငြိမ်းချမ်းရေးရဲ့ အုတ်မြစ်ဖြစ်တဲ့  တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ တောင်းဆိုနေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း ရေးသား သဘောတူခဲ့ကြပါတယ်။ မလွဲမသွေလိုက်နာဖို့ လိုအပ်တဲ့ရှေးရှုချက် သို့မဟုတ် ရည်မှန်းချက်  ၃ ခု၊ အခြေခံအချက် ၃ ခုနဲ့  အာမခံချက် ၃ခုတို့ ပါဝင်တာတွေ့ရမှာ ဖြစ်ပါတယ်။
-
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေနဲ့ တည်ဆောက်သွားမယ်လို့ သဘောတူညီ ထားပါတယ်။ ဒီလိုတည်ဆောက်ရာမှာ ရှေးရှုရာမှာ၊ ရည်မှန်းချက်ထားရမှာက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးပဲ ဖြစ်ပါတယ်။ အခြေခံရမှာက လောကပါလတရား(၃)ပါးဖြစ်တဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ ဖြစ်ပါတယ်။ အာမခံထားတာက ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ပဲ ဖြစ်ပါတယ်။ ဒီအာမခံချက်တွေရရှိဖို့ ကျွန်တော်တို့ လိုက်နာရမှာက ဒို့တာဝန်အရေးသုံးပါး ဖြစ်ကြောင်း သတိပြုကြစေလိုပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးရခက်နေတယ်လို့ ပြောနေကြတဲ့ "ခွဲမထွက်ရ"ဆိုတဲ့  ကိစ္စနဲ့ ပတ်သက်ပြီး ပြောလိုပါတယ်။ လက်နက်ကိုင် လမ်းစဉ်ကိုစွန့်ပြီး  နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြုလုပ်ရာမှာ အမြဲဦးတည်ထားရမှာက ဒို့တာဝန်အရေးသုံးပါး ဖြစ်ပါတယ်။ဒါ့ကြောင့် ပြည်ထောင်စုပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲရေးကို ဦးတည်တဲ့ ကိစ္စတွေကို မူလဆွေးနွေးမှုမှာကတည်းက ရှောင်ရှားဖို့ လိုမှာဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့ မည်သည့်အစိတ်အပိုင်းကိုမဆို ပြည်ထောင်စုမှ ခွဲထွက်ခြင်း မပြုရလို့လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၁၀ မှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် "ခွဲမထွက်ရ"ဆိုတဲ့ စကားရပ်ဟာ ထာဝရ ငြိမ်းချမ်းရေးအတွက် အမှန်တကယ်လိုအပ်တဲ့ စကားရပ်တစ်ခု၊ အာမခံချက်တစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ယနေ့ ကျင်းပပြုလုပ်နေတဲ့ နှစ်ပတ်လည်နေ့အပါအ၀င် ငြိမ်းချမ်းရေး ညီလာခံများဟာ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်က အစပျိုးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ "ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း"ဆိုတဲ့ ဖိတ်ခေါ်ချက်အရ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ဆွေးနွေးရာမှာ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာလက်ခံဖို့၊ ခွဲထွက်ရေးကိစ္စမပြောဖို့ ကနဦးသဘောတူပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ တိုးတက် ဆောင်ရွက်ခဲ့တယ်ဆိုတာကို အမှတ်ရကြဖို့လိုပါတယ်။ ဒါ့ကြောင့် "ခွဲမထွက်ရ"ဆိုတဲ့ သဘောတူညီချက်ကို ထည့်သင့်/မထည့်သင့် အငြင်းပွားနေစရာမလိုပါဘူး။ NCA ရဲ့ အခြေခံမူ၊ ၂၀၀၈ ခုနှစ် အခြေခံဥပဒေရဲ့ အခြေခံမူတွေအရ ထည့်ကိုထည့်ရမယ့်သဘော တူညီချက်ဖြစ်ကြောင်း ပြောလိုပါတယ်။ ဥပဒေ၊ စည်းမျဉ်း၊  စည်းကမ်းဆိုတာ"တိုက်တွန်းချက်၊ တားမြစ်ချက်" လို့လည်း အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။ ဥပဒေကဲ့သို့ သဘောသက်ရောက်တဲ့  ပြည်ထောင်စုသဘောတူ စာချုပ်မှာလည်း တိုက်တွန်းချက်၊  လုပ်ဆောင်ရမှာတွေကို ဖော်ပြသလို တားမြစ်ချက်တွေ၊ မလုပ်ဆောင်ရမှာတွေကိုလည်း ဖော်ပြထားမှ ပြည့်စုံမှာဖြစ်ပါတယ်။ "ခွဲမထွက်ရ" ဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းဟာ အချို့အဖွဲ့အစည်းများ ပြောနေသလို တိုင်းရင်းသားညီအစ်ကို မောင်နှမများ အပေါ်  မယုံကြည်လို့မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက် အပြည့်ရှိစေဖို့၊ ယုံကြည်ချင်လို့၊ တစ်ဦးနဲ့တစ်ဦး သံသယကင်းကင်းနဲ့ ထာဝရငြိမ်းချမ်းရေး လမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာ ဖြစ်ကြောင်း ပြောကြားလိုပါ တယ်။
-
ပြည်ထောင်စုစနစ်၊ သို့မဟုတ် ဖက်ဒရယ်စနစ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းထားရာမှာ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးတဲ့ အယူအဆ သဘောတရား တစ်ရပ်ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်ကို တစ်သမတ်တည်း ပုံသေမှတ်ယူလို့ မရသလို နိုင်ငံအလိုက်ကျင့်သုံးမှုကလည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူနိုင်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု စနစ်အတွက် ပေါင်းစည်းကြရာမှာလည်း အတူယှဉ်တွဲနေထိုင်သည့် ဖက်ဒရယ်စနစ် (Coming together Federalism)၊ သိမ်းသွင်း နေထိုင်သည့် ဖက်ဒရယ်စနစ် (Putting together Federalism)၊ အတူပေါင်းစည်းနေထိုင်သည့် ဖက်ဒရယ်စနစ် (Holding together Federalism) ဆိုပြီး ရှိကြရာမှာ ကျွန်တော်တို့နိုင်ငံသည် အင်္ဂလိပ်ကိုလိုနီမဖြစ်ခင် ကိုယ့်မင်း၊ ကိုယ့်ချင်းဘ၀ကည်းက တိုင်းရင်းသားအားလုံး အတူပေါင်းစည်းနေထိုင် တဲ့ ပြည်ထောင်စုစနစ် (Holding together Federalism)ကို ကျင့်သုံးခဲ့တဲ့  မိသားစု နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြန်မာရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းကို အင်္ဂလိပ်တို့ ဖမ်းဆီး ခေါ်ဆောင်သွားစဉ်မှာ အင်္ဂလိပ် လက်ထဲက သီပေါမင်းကို ပြန်လုမယ်ဆိုပြီး နောက်လိုက် နောက်ပါ ၅၀၀ နဲ့ မန္တလေးဘုရားကြီးကစောင့်ခဲ့တဲ့သူဟာ ရှမ်းစော်ဘွားတစ်ဦးဖြစ်တဲ့ ညောင်ရွှေစော်ဘွားကြီး ဦးစောမောင်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နယ်ချဲ့အင်္ဂလိပ်တွေက ဗမာနဲ့ တိုင်းရင်းသား တွေ ပူးပေါင်းသွားမှာကို  စိုးရိမ်ခဲ့ကြပါတယ်။ မပူးပေါင်းမိအောင်လည်း တိုင်းရင်းသားဒေသတွေနဲ့ မြန်မာပြည်အလယ်ပိုင်းဒေသကို သွေးခွဲ အုပ်ချုပ်နိုင်ရေး ရှမ်းပြည်နယ်များ အက်ဥပဒေ (Shan States Act of 1888)၊ ကချင်တောင်တန်းလူမျိုးစုများ စည်းမျဉ်းဥပဒေ (Khachi Hill Tribes Regulation-1895)၊ ချင်းတောင်တန်း စည်းမျဉ်းဥပဒေ (Chin Hill Regulation-1896)ဆိုပြီး အုပ်ချုပ်မှု စနစ်အမျိုးမျိုး၊ ဥပဒေ အမျိုးမျိုးကျင့်သုံး ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်ကနေ ၁၉၃၇ ခုနှစ်အထိ ကျင့်သုံးခဲ့တဲ့ ဒိုင်အာခီ အုပ်ချုပ်ရေးမှာလည်း တိုင်းရင်းသား ဒေသတွေကို ပါဝင်ခွင့်မရစေဘဲ ခွဲခြားအုပ်ချုပ်ရုံတင်မက ဥပဒေပြု ကောင်စီမှာလည်း လူမျိုးရေး ကွဲပြားမှုဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အထွေထွေ မဲဆန္ဒနယ်မှ ရွေးချယ်သူများ၊ အိန္ဒိယလူမျိုးများမှ ရွေးချယ်သူများ၊ ကရင်အမျိုးသားများမှ ရွေးချယ်သူများ၊ အင်္ဂလိပ်ကပြားများမှ ရွေးချယ်သူများ၊ ဗြိတိသျှလူမျိုးများမှ ရွေးချယ်သူများဆိုပြီး အချိုးခွဲခြားသတ်မှတ်ခဲ့ကြောင်း တွေ့ရပါတယ်။ တောင်တန်း၊ မြေပြန့် သွေးခွဲအုပ်ချုပ်ရုံနဲ့ အားမရဘဲ မြန်မာပြည်မမှာပင် ထပ်မံသွေးခွဲအုပ်ချုပ်တာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ၉၁ ဌာနအုပ်ချုပ်ရေးကို ကျင့်သုံး ခဲ့ရာမှာလည်း အထွေထွေ မဲဆန္ဒနယ်၊ ကရင်လူမျိုး မဲဆန္ဒနယ်၊ အိန္ဒိယလူမျိုးမဲဆန္ဒနယ်၊ အင်္ဂလိပ်ကပြားလူမျိုးမဲဆန္ဒနယ်၊ ဥရောပလူမျိုးမဲဆန္ဒနယ်နဲ့ ချစ်တီးအသင်းဆိုပြီး ခွဲခြားသတ်မှတ်ကာ ဥပဒေပြုအောက်လွှတ်တော်မှာ ပါဝင်စေခဲ့ကြောင်း တွေ့ရပါတယ်။ အခြားတိုင်းရင်းသားများ သီးခြား မပါခဲ့ပါဘူး။
-
ဒီလို သွေးခွဲအုပ်ချုပ်မှုရဲ့ အကျိုးဆက်တွေကြောင့် တိုင်းရင်းသားချင်း၊ လူမျိုးစုချင်းအကြား သွေးကွဲခဲ့ရပြီး တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများအထိ ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအဆိုးရွားဆုံး အချိန်ဟာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန် ဒီမိုကရေစီခေတ်မှာ နိုင်ငံရေးကွဲပြားမှု၊  လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားရေး ကွဲပြားမှု၊ အယူဝါဒရေး ကွဲပြားမှုမှတစ်ဆင့် အုပ်ချုပ်တဲ့အစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင် ဆန့်ကျင်ခြင်းမှ ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာက "ရန်ကုန်အစိုးရ"လို့  ခေါ်ရတဲ့အထိ နှိမ့်ချခေါ်ဝေါ်ခံခဲ့ရတာကို သတိပြုမိ ကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ထိ တောက်လောင်နေဆဲဖြစ်တဲ့ လက်နက်ကိုင် ပဋိပက္ခရဲ့ ဇာစ်မြစ်နဲ့ စတင်ခဲ့တဲ့အချိန်ကာလအရ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခသည် တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်များအကြား စတင်ဖြစ်ပွားခဲ့တာမဟုတ်ဘဲ သက်ဆိုင်ရာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ဆိုရခြင်းဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ အစိုးရရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ အဖွဲ့အစည်း ပီသစွာ ကာကွယ်ရခြင်းပဲဖြစ်ပါတယ်။ ဒီနေ့အချိန်အခါမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင် များအကြား ဖြစ်ပွားနေသော ပဋိပက္ခသာဖြစ်တယ်လို့ တစ်ဖက်သတ် ကောက်ချက်ချနေခြင်းဟာ မသင့်လျော်သော၊ ယုတ္တိမတန်သော ကောက်ချက်သာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
-
ကျွန်တော်တို့နိုင်ငံဟာ ကိုလိုနီလက်ထက်မှာ အစိတ်စိတ် အမြွှာမြွှာ သွေးခွဲအုပ်ချုပ်ခံခဲ့ရပြီးနောက် လွတ်လပ်ရေးမရခင်မှာ ပေါင်းစည်းပြီး အတူတကွ လွတ်လပ်ရေးရယူနိုင်ရေး ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ပင်လုံသမိုင်းကို လေ့လာကြည့်ရင် ပင်လုံစာချုပ်ဟာ လွယ်လွယ်ကူကူဖြစ်ပေါ်လာတဲ့ စာချုပ်မဟုတ်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ သွေးထိုးလှုံ့ဆော်မှုတွေ၊ တစ်ဖက်သတ် လိုလားချက်နဲ့ တောင်းဆိုမှုတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ပင်လုံညီလာခံက ပြန်ဖို့နဲ့ ပြည်မချည်း သက်သက် လွတ်လပ်ရေးရယူဖို့ အကြံဖြစ်ခဲ့ဖူးပါတယ်။ အပါးတော်မြဲဖြစ်တဲ့ ဗိုလ်ထွန်းလှကို ပြန်ဖို့အတွက် လေယာဉ်ခေါ်ယူခိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ပြန်မယ်ဆိုတဲ့ သတင်းကြားရတော့ ပင်လုံတစ်ဝိုက်မှာ စုစည်းနေတဲ့ တိုင်းရင်းသား ပြည်သူလူထုနဲ့ ကျောင်းသားတွေက "ရှမ်း-ဗမာ ပူးပေါင်းပါ"၊ "နယ်ချဲ့ အလိုမရှိ"စတဲ့ ကြွေးကြော်သံတွေနဲ့ လှည့်လည် ကြွေးကြော်ခဲ့လို့ ပင်လုံစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပင်လုံစိတ်ဓာတ် ပင်လုံသဘောတူညီချက်ကို လိုက်နာရန် ဆိုပြီး ပြောလာကြတာကို တွေ့ရပါတယ်။ ပင်လုံစိတ်ဓာတ်ဆိုတာဘာလဲ။  ဘယ်လောက်အခက် အခဲတွေ့ရှိနေပါစေ အတူတကွ ပေါင်းစည်းနေထိုင်ခြင်းလို့ပဲ သဘောပေါက်ပါတယ်။ ပင်လုံစာချုပ်ဟာ နှစ်ပေါင်းများစွာ အတူတကွ ပေါင်းစည်းနေထိုင်ခြင်း (Holding-together) ရှိခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအတွက် စည်းလုံးမှု ပိုမိုကျစ်လျစ်ခိုင်မာစေရေး အသိအမှတ်ပြုတဲ့ မိမိသဘော ဆန္ဒအလျောက် ထပ်မံပေါင်းစည်းနေထိုင်ခြင်း (Agreement Holding- together) စာချုပ်တစ်ခုလို့ မြင်ပါတယ်။ ပင်လုံစာချုပ်မှာ အပိုဒ် ၉ ပိုဒ်သာ ပါဝင်ပါတယ်။ ဒီစာချုပ်ရဲ့ အပိုဒ်တိုင်း၊ စာကြောင်းတိုင်းမှာ ခွဲထွက်ခြင်းလို့ အဓိပ္ပာယ်သက်ရောက်တဲ့ စကားလုံးတစ်ခုမှ မပါပါဘူး။ ဘယ်လို ပေါင်းစည်းပြီး လွတ်လပ်ရေးရယူမယ်ဆိုတာသာ ပါပါတယ်။ ဒီနေ့ အပြော အများဆုံး၊ ရည်ညွှန်းအခံရဆုံး စာပိုဒ်ကတော့ စာပိုဒ် ၅ ရဲ့ နောက်ဆုံးစာကြောင်းပါပဲ။ အဲဒီစာကြောင်းမှာ "Full autonomy in internal administration for the Frontier  Areas is accepted in principle" "နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်"လို့ ပညာရှင်အချို့က ဘာသာပြန်ထားပါတယ်။ စာချုပ်ပါ "Internal administration""နယ်တွင်းအုပ်ချုပ်ရေး"ဆိုတဲ့ စကားကို သတိပြုမိကြမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်"ကိုယ်ပိုင်အုပ်ချုပ်ရေး" ဖြစ်ပါတယ်။ NCA မှာ  ကျွန်တော်တို့သဘောတူထားတာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် NCA သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတာထက် ပိုမိုကျယ်ပြန့်တယ်လို့ ကျွန်တော်ပြောခဲ့တာဖြစ်တဲ့ အပြင် NCA  သည်သာ  ပြည်ထောင်စုရဲ့ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရန်အတွက် တစ်ခုတည်းသော ထွက်ရပ်လမ်းလို့ တင်စား ပြောဆိုခဲ့တာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး၊ အာမခံချက်ကို ရယူတဲ့အခါ ဒို့တာဝန်အရေးသုံးပါး လမ်းကြောင်း၊ ခွဲမထွက်ရေး အာမခံချက်တို့က သွေဖည်မသွားဖို့ အထူးလိုအပ်ပါတယ်။
-
ကျွန်တော်တို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက် ကြရာမှာ NCA စာချုပ်ရဲ့ အပိုဒ် ၂၂၊ အပိုဒ်ခွဲ(ဃ)အရ "ပြည်ထောင်စု ညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် ဥပဒေများကို လိုသလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြုလုပ်ရန်" လို့ သဘောတူညီထားပါတယ်။ လုပ်ထုံး လုပ်နည်းနဲ့အညီ ပြုလုပ်ရန် ဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအတိုင်း ပြုလုပ်သွားရမှာဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုလုပ်နိုင်ပေမယ့် အသစ်ပြန်လည်ရေးဆွဲခြင်းကိုတော့ ခွင့်ပြုမထားကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်နေကြတာဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးကနေတစ်ဆင့် ထာဝရငြိမ်းချမ်းရေးဆီသို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ငြိမ်းချမ်းရေးထက်အရေးကြီးတာ ဘာမှမရှိဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဆွေးနွေးနေကြတာတွေဟာ ငြိမ်းချမ်းရေးကို အဓိကဦးတည်ပြီး လက်နက်ကိုင် လမ်းစဉ်ချုပ်ငြိမ်းဖို့ ဖြစ်ပါတယ်။ နိုင်ငံရေး အထုပ်ဖြည်ဖို့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြောင်းပြပြီး မိမိတို့ရဲ့ တစ်ဖက်သတ် လိုလားချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေပါတယ်။ ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တကယ်လိုအပ်တဲ့ အခြေခံဥပဒေပါပြဋ္ဌာန်း ချက်တွေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကို မူအားဖြင့် သဘောတူပါတယ်။ သို့သော် ငြိမ်းချမ်းရေးနဲ့မဆိုင်ဘဲ မိမိတိုရဲ့ နိုင်ငံရေး လိုဘကို ဖြည့်ဆည်းဖို့ NCA လမ်းကြောင်းကို တလွဲအသုံးချပြီး အခြေခံဥပဒေနဲ့ အခြားဥပဒေများကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကိုတော့ သဘောတူညီဖို့ ခက်ခဲမှာဖြစ်ပါတယ်။ တိုင်းရင်းသား ပြည်သူလူထုရဲ့ အကျိုးကိုရှေးရှုပြီး ၂၀၁၅ ခုနှစ်အတွင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ရဲ့ ဇယား-၂ မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းမှာ အချက် ၃၄ ချက်၊ ဇယား-၅ မှ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခ များမှာ အချက် ၂၀ တို့ကို ပြင်ဆင်ဖြည့်စွက်ပြီး လုပ်ကိုင်ခွင့်တွေ ထပ်မံ တိုးချဲ့ပေးထားတာဟာ လက်တွေ့မျက်မြင်ပဲဖြစ်ပါတယ်။ လိုအပ်ရင် ထပ်မံဆွေးနွေးတိုးချဲ့နိုင်ရေး ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ထွက်ပေါ် လာခဲ့တဲ့ အချို့တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားအရ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် တွေမှာ မဲအများစုရရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ မဲနဲ့ပဲ တိုင်းဒေသကြီး၊ ပြည်နယ် ၀န်ကြီးချုပ်တွေကို ရွေးကောက်တင်မြှောက်နိုင်ခွင့်ဟာလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရမှာ နိုင်ငံရေးအရ ခန့်အပ်ခံရတဲ့ ၀န်ကြီးများရဲ့နောက်မှာ အတွင်းဝန်များ ခန့်ထားပြီး အုပ်ချုပ်ရေးယန္တရားကို  နိုင်ငံရေးအပြောင်းအလဲ ဖြစ်တိုင်း နှောင့်နှေးရပ်တန့်မှုမဖြစ်အောင် စီမံဆောင်ရွက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုပဲ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း နိုင်ငံရေးအရ ခန့်အပ်ခံထားရတဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေနဲ့ သီးခြားဖြစ်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor)တွေကို တာဝန်ပေးနိုင်ဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ ဒီစနစ်ကို ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာ အောင်မြင်စွာ ကျင့်သုံးနေတာကို တွေ့မြင်နိုင်မှာဖြစ်ပါတယ်။
-
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နဲ့ အလုပ်လုပ်ရတာ၊ နိုင်ငံတော်တာဝန်ကို ရယူရတာဟာ အခက်အခဲရှိတယ်ဆိုတဲ့ အသံတွေ ပိုမိုကြားလာရပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ နိုင်ငံကို အာမခံချက်ပေးထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်ခြင်းဆိုတာ နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်များက မဲဆန္ဒရှင်များကို အာမခံချက် ပေးခြင်း ဖြစ်ပါတယ်။ အခြေခံဥပဒေပါ ကိစ္စရပ်များ အောင်မြင်စွာ ဆောင်ရွက်ဖို့ဆိုရင် လွှတ်တော်နဲ့အစိုးရက ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ယခင် သမ္မတကြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ဒီနိုင်ငံကို ဒီအခြေခံဥပဒေနဲ့ စီမံဆောင်ရွက်သွားတာပဲဖြစ်ပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သလို တိုင်းပြည်ရဲ့စီးပွားရေးကိုလည်း အခြေအနေတစ်ခုအထိ တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေး နယ်ပယ်တွေမှာလည်း အောင်မြင်မှုမှတ်တိုင်များကို စိုက်ထူနိုင်ခဲ့ပါတယ်။ လက်ရှိနိုင်ငံတော် အစိုးရဟာလည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ  ရွေးကောက်ပွဲဝင်၊ အစိုးရဖွဲ့စည်းပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုရင်၊ အဓိကတာဝန်ရှိတဲ့ (Institution) တွေကလည်း လိုက်နာမှု မရှိဘူးဆိုရင် လက်ရှိအစိုးရဟာ အတိုက်အခံပါတီဘ၀ကနေ အာဏာရပါတီအဖြစ် ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ယူဆပါတယ်။အခြေခံဥပဒေမှာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေကို ပိတ်ပင်ထားတာ၊ အတိုက်အခံတွေကို နှိပ်ကွပ်ထားတာ၊ နိုင်ငံသားအခွင့်အရေးတွေကို ချိုးနှိမ်ထားတာ၊ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာ တွေရှိရင် ထောက်ပြကြဖို့၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ ပြောလိုပါတယ်။ ဒီလိုမဟုတ်ဘဲ နိုင်ငံရေး လက်စားချေလိုမှု (Political Revenge) ဒီမိုကရေစီ အနိုင်ကျင့်မှုမျိုးတွေ ပြုလုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဆုတ်ယုတ်သွားမှာဖြစ်ပါတယ်။ အချို့သော ကမ္ဘာ့နိုင်ငံများမှာ ဖြစ်ပွားနေတဲ့  နိုင်ငံရေး လက်စားချေမှုတွေဟာ သင်ခန်းစာ ယူစရာတွေဖြစ်ပါတယ်။ အလားတူ နိုင်ငံရေးလက်စားချေလိုမှုနဲ့ တည်ဆဲဥပဒေတွေကို စိတ်ချရတဲ့ အခြေအနေတစ်ခု မရောက်မီဖျက်သိမ်းပစ်တာ၊ အသစ်ပြဋ္ဌာန်းတာတွေကိုလည်း ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီအစပျိုးကာလမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အဓိကအရေးကြီးပါတယ်။ တိုင်းရင်းသားအရေး၊ အမျိုးသားအကျိုးစီးပွား အရေးထက် ပိုအရေးကြီးတာ မရှိပါဘူး။ စစ်ရေးနဲ့ နိုင်ငံရေးမှာ မတရားတာမရှိဘူးလို့ ဆိုရိုးစကားရှိပေမယ့်၊ ကျွန်တော့်အနေနဲ့ကတော့ ရိုးသားတဲ့နိုင်ငံရေး၊ တရားမျှတတဲ့ နိုင်ငံရေးကိုသာ လိုချင်ပါတယ်။
-
ဖက်ဒရယ်ပြည်ထောင်စုစနစ်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို တောင်းဆိုကြရာမှာ ပြည်ထောင်စုအတွင်းရှိ မည်သည့်တိုင်းဒေသကြီး၊ ပြည်နယ်မှာမဆို တိုင်းရင်းသား လူမျိုးစုတစ်စုတည်း သီးသန့်နေထိုင်တာမဟုတ်ဘဲ လူမျိုးပေါင်းစုံ ပေါင်းစည်းနေထိုင်လျက်ရှိတာကို သတိပြုရမှာဖြစ်ပါတယ်။ သာဓကအားဖြင့် ၂၀၁၄ ခုနှစ်၊ လူဦးရေစာရင်းအရ ကချင်ပြည်နယ်မှာ ဆိုရင် လူဦးရေ ၁၆ သိန်းကျော်ရှိပြီး၊ လူဦးရေအချိုးမှာ ဗမာ ၂၉.၂ ရာခိုင်နှုန်း၊ ရှမ်း ၂၃.၆ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၁၈.၉၇ ရာခိုင်နှုန်း၊ လီဆူး ၇ ရာခိုင်နှုန်း၊ ရ၀မ် ၅.၅ ရာခိုင်နှုန်း၊ လော်ဝေါ် ၃.၃၃ ရာခိုင်နှုန်း၊ လာချိတ် ၂.၈၉ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၁.၅၇ ရာခိုင်နှုန်းနဲ့ ကျန်တိုင်းရင်းသားများ ၈ ရာခိုင်နှုန်းခန့် ရောနှောနေထိုင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကတိုင်းရင်းသား လူမျိုးကြီး ၈ မျိုးလို့ ဆိုပေမယ့် တိုင်းရင်းသား မျိုးနွယ်စု ၁၃၀ ကျော်ရှိပါတယ်။ ဒီမိုကရေစီဆိုရာမှာ လူအများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီ လိုက်နာ ဆောင်ရွက်ရမှာဖြစ်သလို လူနည်းစုရဲ့ဆန္ဒကိုလည်း လေးစားရမှာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်လို့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လူနည်းစု တိုင်းရင်းသားများရဲ့ဆန္ဒ၊ သဘောထားနဲ့ အခွင့်အရေး တွေကိုလည်း ထည့်သွင်းတွက်ချက်ရမှာဖြစ်ပါတယ်။
-
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနဲ့ ပတ်သက်လို့ကတော့ အားလုံးဟာ NCA ကို လက်မှတ်ရေးထိုးဖို့ လိုအပ်ပါတယ်။  NCA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ တောင်းဆိုချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့က NCA ကို လက်နက်သဖွယ် စွဲကိုင် နေတာမဟုတ်ပါဘူး။ NCA ကိုဆုပ်ကိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် အကျပ်ကိုင်နေခြင်း လုံးဝမရှိပါကြောင်း ပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ သွားနေရာမှာ "တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း" လုပ်နေလို့ မရဘူး။ အားလုံးက တစ်ပြေးညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု မရပ်စဲဘဲ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နေခြင်းဟာ အငြင်းပွားမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။ စစ်ရေးဆိုင်ရာစစ်မျက်နှာအပြင် နိုင်ငံရေးဆိုင်ရာ စစ်မျက်နှာအသစ် တစ်ခုကိုပါ ထပ်မံဖွင့်လှစ်လိုက်သလိုပဲ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များရဲ့ လက်နက်ကိုင်ပြီး အစိုးရအဆက်ဆက်ကို တောင်းဆိုခဲ့တာဟာ အမျိုးသား တန်းတူရေး၊  ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေး တွေပဲဖြစ်ပါတယ်။ ဒါတွေကို NCA မှာ မူအားဖြင့် သဘောတူထားပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ဆွေးနွေးနေကြပြီဖြစ်ပါတယ်။ နိုင်ငံရေး အာဏာရယူလိုရင် တရားဝင်နိုင်ငံရေး ထူထောင်ပြီး ရွေးကောက်ပွဲဝင်၊ စီးပွားရေးလုပ်ချင်ရင် ကုမ္ပဏီထောင်၊ ကိုယ်နိုင်ငံကို ကာကွယ်မယ့် စစ်မှုထမ်းလုပ်ချင်တယ်ဆိုရင် နိုင်ငံတော်ရဲ့ တရားဝင်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ထဲကို ၀င်ရောက်ရမှာဖြစ်ပါတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး တစ်ဖက်က ငြိမ်းချမ်းရေးကို အကြောင်းပြကာ လက်နက်စွဲကိုင်လျက် နိုင်ငံရေး တည်ဆောက်နေတာတွေ၊ လက်နက်အင်အား၊ လူအင်အား တည်ဆောက်နေတာတွေ၊ နယ်မြေ တည်ဆောက်နေတာတွေ၊ တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့် တာတွေဟာ ပြည်သူလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ခြင်း၊ ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို ဆန့်ကျင်ခြင်း၊  လက်နက်ကိုင်ပြီး  "သူတစ်လူ၊ ငါတစ်မင်း"၊ "နယ်တစ်နယ်၊ ဓားတစ်စင်း"စနစ်ကို တည်ထောင် လိုခြင်းသာ ဖြစ်တယ်လို့ ယူဆရမှာဖြစ်ပြီး ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်နေမှု မှန်သမျှကို နည်းလမ်းပေါင်းစုံသုံးပြီး တားဆီး သွားရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးစဉ်မှာ လက်နက်ကိုင်ပြီး စီးပွားရေး လုပ်ငန်းတွေ လုပ်နေတာဟာ အခွင့်အရေးတစ်ခုကို ဖိအားပေး ဖန်တီးယူနေသလိုဖြစ်နေပြီး သင့်လျော်မှုမရှိပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးဆဲအချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ လိုအပ်ချက်များကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ လက်နက်ကိုင်ပြီး လုပ်လို့ရတယ်ဆိုတဲ့ အယူအဆကို ဆင်ခြင်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော် အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပေါ်မှာ တန်းတူရည်တူ သဘောထားခဲ့ပါတယ်။ အင်အားကောင်းပြီး ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ရတဲ့ KNU အဖွဲ့အပေါ်မှာလည်း တစ်သဘောတည်း၊ အင်အားနည်းပြီး ထိတွေ့တိုက်ပွဲမရှိ သလောက်ဖြစ်တဲ့ CNF နဲ့ ANP တို့လို လက်နက်ကိုင်အဖွဲ့တွေ အပေါ်မှာလည်း တစ်သဘော တည်းထားပြီး NCA စာချုပ်ကို လက်မှတ်ရေးထိုးစေခဲ့တာဖြစ်ပါတယ်။ NCA လက်မှတ်ထိုးပြီးမှ NCA အရေခြုံပြီး နိုင်ငံရေး၊ လက်နက်၊ လူအင်အား၊ နယ်မြေတိုးချဲ့တည် ဆောက်နေတာတွေဟာ တည်ငြိမ်မှုရှိပြီးဖြစ်တဲ့ နယ်မြေတွေနဲ့ တိုင်းရင်းသားတွေအပေါ် အကျိုးယုတ်စေမှာဖြစ်လို့ ရှောင်ရှားဖို့ လိုအပ်ပါတယ်။ RCSS (SSA) အဖွဲ့ဟာဆိုရင် နိုင်ငံရေးနဲ့လုံခြုံရေး အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြောင်းလဲဖွဲ့စည်းလာတဲ့ ဦးခွန်ဆာ ခေါင်းဆောင်တဲ့ (MTA) အဖွဲ့က ၁၉၉၆ ခုနှစ် ဇန်န၀ါရီလ  ၅ ရက်နေ့မှာ အစိုးရထံ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ၀င်ရောက်လာရာကနေ ဇန်န၀ါရီလအကုန်မှာ ပြန်လည်ခွဲထွက် တောခိုခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ NCA စာချုပ်ကို သဘောတူလက်မှတ် ရေးထိုးထားပြီး နိုင်ငံရေး၊ လက်နက်အင်အား၊ လူအင်အားတည်ဆောက်မှု၊ သတ်မှတ်ပေးထားတဲ့ နယ်မြေထက် အဆများစွာကျော်လွန်ပြီး နယ်မြေတည်ဆောက်မှုတွေ ပြုလုပ်နေလို့ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိတာကို တွေ့ရပါတယ်။ NCA ကို တစ်လွဲအသုံးမချဖို့ ပြောလိုပါတယ်။ တစ်လွဲအသုံးချရင် တိုင်းရင်းသား ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ် စည်းစိမ်ကို အကာအကွယ်ပေးဖို့  တာဝန်ရှိတဲ့ တပ်မတော်အနေနဲ့  လက်ပိုက်ကြည့် နေနိုင်မှာ မဟုတ်ကြောင်း အသိပေးလိုပါတယ်။
-
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်များ လှုပ်ရှား သွားလာခွင့်ပြုထားတဲ့ နေရာအတော်များများမှာ ပစ်ခတ်တိုက်ခိုက်မှု မရှိတာ တွေ့ရပါလိမ့်မယ်။ဘာဖြစ်လို့ပါလဲ။ နှစ်ဖက်တာဝန်ရှိသူများက ထိန်းသိမ်းလိုက်နာ ကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အေးချမ်းတဲ့ အကျိုးများ ဒေသခံတွေ ခံစားရပြီး သူတို့ဘ၀တိုးတက်မှု ရှိအောင် ဆောင်ရွက်နိုင်ခွင့်ရကြလို့   ဒီနယ်မြေ တွေဟာ ယခင်ကထက် ပိုမိုတိုးတက်လာတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ သို့ဖြစ်တဲ့အတွက် ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံး လုပ်ဆောင်နိုင် လေလေ ပြည်သူတို့ဘ၀ တိုးတက်လာစေလေဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်မဆွဲဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန် လျှောက်လှမ်းဖို့ ပြောလိုပါတယ်။ ပြည်သူတွေကလည်း ထာဝရ ငြိမ်းချမ်းရေးကို အမြန်ရရှိရေး မျှော်လင့်နေပါတယ်။
-
လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ကျွန်တော်တို့မဖြစ်မနေ ဖြတ်သန်းရမယ့် အဆင့်တစ်ခုကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းပဲဖြစ်ပါတယ်။ မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးတဲ့နိုင်ငံပဲဖြစ်စေ နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိကလက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်၊ တပ်မတော်တစ်ခု (Single Army)သာ ထားရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဥပဒေနှင့်အညီခွင့်ပြုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တွေရရှိရင် လက်နက်ကိုင် လမ်းစဉ်ကို သံယောဇဉ်ဖြတ်တောက်ရမှာ ဖြစ်ပါတယ်။ ကာကွယ်ရေး တာဝန်ကို ဆက်လက်ထမ်းဆောင်ချင်ရင် တပ်မတော်အတွင်း ၀င်ရောက်ရမှာဖြစ်ပါတယ်။ တပ်မတော် အနေနဲ့လည်း သတ်မှတ်စစ်မှုထမ်းစည်းမျဉ်းနဲ့ အရည်အချင်းအလိုက် ရာထူး၊ နေရာတွေ ပေးသွားမှာဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်ဟာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ရဲဘော် သုံးကျိပ်ကနေ စတင်ခဲ့ပြီး ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)ကနေ သန္ဓေ တည်ခဲ့တာဖြစ်ပါတယ်။ ဂျပန်ခေတ်မှာ တပ်မတော်ကို အင်အား လျော့ချခံခဲ့ရပြီး BDA အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် အင်္ဂလိပ်တို့ ဒုတိယအကြိမ်  ပြန်ဝင်လာချိန်မှာ မျိုးချစ်ဗမာ့ တပ်မတော် (PBF)ကို ဖျက်သိမ်းပြီး ၎င်းတို့စစ်ပြေးစဉ် အိန္ဒိယမှာ ဖွဲ့ခဲ့တဲ့ အမည်ခံ(Burma Army) နဲ့ အစားထိုးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုတစ်ရပ်လုံးက လက်မခံဘဲ နေသူရိန်လူထု အစည်းအဝေးကြီးမှာ "တပ်မတော်နဲ့ပတ်သက်သောအဆို"ကို တင်သွင်းပြီး တပ်မတော် ဆက်လက် ရပ်တည်ရေး ဆောင်ရွက်ခဲ့ပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ သာယာဝတီ၊ ဟင်္သာတစတဲ့ မြို့ကြီး တွေမှာလည်း နေသူရိန်လူထု အစည်းအဝေးကြီးက  တင်သွင်းတဲ့အဆို များကို ထောက်ခံပွဲပြုလုပ်ပြီး တစ်ခဲနက်ထောက်ခံခဲ့ကြပါတယ်။ ဒါကြောင့် အင်္ဂလိပ်တို့က မြန်မာ့တပ်မတော်ဖွဲ့စည်းရေး ကန္ဒီစာချုပ်ကို ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ချုပ်ဆိုခဲ့ပါတယ်။ တပ်မတော် (ရေ)၊ တပ်မတော်(လေ) ဖွဲ့စည်းရေးအတွက် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာနှင့် ဂျွန်ဒဗလျူဖရီးမင်းတို့ ချုပ်ဆိုခဲ့တဲ့ လက်ျာ-ဖရီးမင်း စာချုပ်ကို ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့မှာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဗမာ့လေတပ်မတော်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဗမာ့ရေတပ်မတော်ဆိုပြီး ပေါ်ပေါက်လာခဲ့ တာဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်က တပ်အစိတ်အပိုင်း အသီးသီးနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ နိုင်ငံတော်ပြန်တမ်း၊ နိုင်ငံတော်ရဲ့ ဖွဲ့စည်းမိန့်နဲ့ ပေါ်ပေါက် လာတဲ့ တပ်များဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားများဟာ မိမိဆန္ဒအလျောက် တပ်မတော်သို့ ၀င်ရောက်တာဝန်ထမ်းဆောင်ကြသူ များဖြစ်ပြီး ခွဲတမ်းအနေနဲ့ တာဝန်ထမ်းဆောင်ကြသူများ မဟုတ်ပါဘူး။  တပ်မတော်အရာရှိများဟာ နိုင်ငံတော်ပြန်တမ်းနဲ့ ခန့်အပ် ခံထားရသူများဖြစ်သလို စစ်သည်များဟာလည်း သတ်မှတ် အရည်အချင်း၊ စစ်မှုထမ်းစည်းမျဉ်းတွေနဲ့ ခန့်အပ်ခံထားရသူတွေဖြစ်ပါတယ်။ ဆင့်ကဲအုပ်ချုပ်မှုစနစ်နဲ့ နိုင်ငံတော်အပေါ် သစ္စာခံရသူများ ဖြစ်ပါတယ်။ ဒီဖြစ်တည်မှုတွေ၊ ပြန်တမ်းတွေ၊ စည်းမျဉ်း စည်းကမ်းတွေဟာ စစ်မှုထမ်းအားလုံး လိုက်နာစောင့်ထိန်းရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ ပြည်နယ် အလိုက် ကာကွယ်ရေးတပ်များ ထားရှိရေး၊ အဆင့်ဆင့်တာဝန် ထမ်းဆောင်မှုမရှိဘဲ စစ်မှုထမ်း စည်းမျဉ်းကို ကျော်လွန်ခန့်ထားရေးတို့ဟာ မဖြစ်နိုင်တဲ့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန်ဆွဲလိုတဲ့ အတွေးအခေါ်များသာဖြစ်ကြောင်း ပြောလိုပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ ဒီမိုကရေစီ စနစ်နဲ့ကိုက်ညီတဲ့ တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ မူအားဖြင့် သဘောတူပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကနဦးဆောင်ရွက်ရမှာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးဟာ NCA စာချုပ်ကို လက်မှတ် ရေးထိုးပြီး လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေးကိစ္စရပ်များကို ဦးစွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
-
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့-

     -   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံမူများ ချမှတ်ရာမှာ သဘောတူညီပြီးဖြစ်တဲ့ NCA ရဲ့ အခြေခံမူများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ခုနှစ်ရဲ့ အခြေခံမူ များကို ရှေးရှုပြီး ဆောင်ရွက်သွားကြပါ။
-
   -  ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြရာမှာ တဒင်္ဂငြိမ်းချမ်းရေး၊ အစိုးရ သက်တမ်းတစ်ခုအတွင်း မှာသာ ရရှိရမည့်ငြိမ်းချမ်းရေးကို ဆောင်ရွက်နေခြင်း မဟုတ်ဘူး ဆိုတာ အထူးသတိပြုပြီး ရေရှည်မျှော်မှန်း ဆောင်ရွက်သွား ကြပါ။
-
  -  NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့လည်း တိုင်းရင်းသားပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး ဆန္ဒကို တန်ဖိုးထားပြီး လက်မှတ်ရေးထိုးသွားကြဖို့နဲ့ လက်မှတ် ရေးထိုးပြီးသား အဖွဲ့များအနေနဲ့လည်း  စိတ်ရင်း စေတနာ မှန်မှန်နဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဆက်လက် လျှောက်လှမ်း သွားကြဖို့ အကြံပြုပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
-
အားလုံးကို ကျေးဇူးတင်ပါတယ်။
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...