Social Icons
Pages
Showing posts with label နည်းပညာဆိုင်ရာ. Show all posts
Showing posts with label နည်းပညာဆိုင်ရာ. Show all posts
Wednesday, October 3, 2018
iPhone ကို ဒီလိုလည်းသုံးလို့ ရသေးတယ်
သင်ဟာ iPhone ချစ်သူမှန်ရင် အခြားဟန်းဆက်တွေကို ပြောင်းသုံးချင်မှာ မဟုတ်ပါဘူး။ တန်ဖိုးကြီးကြီး
ပေးဝယ်ထားရတဲ့ iPhone ကို ပြည့်ပြည့်၀၀ အသုံးချတတ်ဖို့ တော့ လိုပါလိမ့်မယ်။
-
Safari မှာ သင်လိုချင်တဲ့ အင်တာနက်စာမျက်နှာတွေကိုရှာတဲ့အခါ Period သို့ မဟုတ် Fullstop သို့ 
မဟုတ် Dot လို့ ခေါ်တဲ့ခလုတ်ကို ကြာကြာဖိထားလိုက်ရင် နောက်ဆုံးက .com, .co.uk, .org အစရှိ
တာတွေ ရွေးဖို့  ပေါ်လာပါမယ်။
-
ဘက်ထရီအားသွင်းတာ ပိုမြန်အောင်လုပ်လို့ ရပါတယ်။ Airplane Mode ကို ပြောင်းလိုက်ပါ။ နောက်ကနေ
run နေတဲ့ noti တွေ၊ Gps တွေ နဲ့  ဘက်ထရီအားသွင်းနေတုန်းကို ဘက်ထရီအားစားနေတဲ့ အပလီကေး
ရှင်းတွေ ရပ်သွားပါမယ်။ အချိန် ၁၀ မိနစ်ပဲရှိတယ်၊ အားသွင်းလိုက်ချင်တယ်ဆိုရင် အားအမြန်ဆုံးဝင်စေတဲ့
နည်းပါ။
-
အင်္ဂလိပ်လိုမပီတဲ့လူတွေ Siri ကို အမိန့် ပေးရ ခက်နေတတ်ပါတယ်။ Siri သိတဲ့အသံထွက်ကို ပြင်ပေးလို့ 
ရပါတယ်။ ‘That’s not how you pronounce’ လို့  ရွေးလိုက်ရင် Siri က ဘယ်အသံထွက်ကို ပြင်စေချင်
တာလဲလို့ မေးပါလိမ့်မယ်။ သင်ပြောတတ်တဲ့အသံကို ပြန်သွင်းပေးလိုက်ပါ။ နောက်ဆို သင့်မပီတဲ့အင်္ဂလိပ်
အသံကို Siri နားလည်သွားပါလိမ့်မယ်။
-
သင့်ဖုန်းက သင့်အကြောင်းဘာတွေသိတယ်ဆိုတာ သင်သိရင် အံ့သြသွားပါလိမ့်မယ်။ Settings > Privacy > Location Services > System Services > Frequent Locations မှာ ကြည့်လိုက်ပါ။ သင်
သွားခဲ့တဲ့နေရာတွေ၊ ဘယ်လောက်ကြာကြာနေခဲတယ် အစရှိတာတွေကို အသေးစိပ်တွေ့ ပါလိမ့်မယ်။
ကျောချမ်းစရာကြီးဖြစ်နေရင် Clear History ကို တစ်ခါထဲနှိပ်ခဲ့ပါ။ Frequesnt Locations Tab ကိုလည်း
ဗယ်ဘက်ကိုသာပွတ်ဆွဲပြီး ပိတ်လိုက်ပါတော့။
-
ညသီချင်းဖွင့်အိပ်ပြီး တစ်ညလုံးသီချင်းသံထွက်နေတာကို timer ပေးလို့ ရပါတယ်။ Go to Clock > Timer > When Timer Ends ကိုသွားပါ။ Stop Playing ကို နှိပ်လိုက်ပါ။ ပြီးတော့ သီချင်းကို ဘယ်လောက်ကြာ
ကြာ ဖွင့်ထားချင်တယ်ဆိုတာလေး ရွေးလိုက်ပါ။ ဒါဆိုရင် Timer ၂ နာရီပေးထားရင် သီချင်းက ၂ နာရီ
လာနေပါတယ်။ ၂ နာရီပြည့်သွားရင် ရပ်သွားပါမယ်။
-
ဓါတ်ပုံရိုက်တဲ့အခါ လက်နဲ့ မထိမတို့ ဘဲ ရိုက်လို့ ရပါတယ်။ Timer ပေးတာကိုပြောတာ မဟုတ်ပါဘူး။
ဖုန်းကို headphone ကြိုးတပ်လိုက်ပါ။ ကြိုးကိုလက်ထဲကိုင်ထားလိုက်ပါ။ Volume အတိုး၊အလျှော့
ခလုတ်နဲ့  ဓါတ်ပုံရိုက်လို့ ရပါတယ်။
-
လိုက်ပါ။ ဓါတ်ပုံရိုက်လို့ ရတဲ့ခလုတ် တွေ့ ပါလိမ့်မယ်။ ဗီဒီယိုရိုက်နေရင်း သဘောကျတဲ့နေရာရှိရင်
အဲဒီဓါတ်ပုံရိုက်တဲ့ခလုတ်ကိုနှိပ်ပါ။ ချလပ်လည်းမမြည်ပါဘူး။ ဖုန်းက vibration လည်း မဖြစ်ပါဘူး။
သို့ သော် ဓါတ်ပုံတွေကို ရိုက်ထားပါတယ်။ မရိုက်မိဘူးထင်ပြီး ခဏခဏမနှိပ်ပါနဲ့ ။
ရိုက်ပြီးသားစာကို ပြန်ဖျက်ချင်သလား။ ဖုန်းကို တစ်ချက်ခါလိုက်ပါ။ Undo Typing? ဆိုပြီးတွေ့ ပါလိမ့်မယ်။
Yes ရွေးလိုက်ပါ။ အို…ဆောရီး၊ မှားသွားလို့ ၊ ဖျက်လိုက်တဲ့စာ ပြန်လိုချင်တယ်လား၊ ခုနကအတိုင်း ပြန်ခါ
လိုက်ပါ။ Redo Typing? ဆိုပြီး ပြန်ပေါ်လာမယ်၊ Yes နှိပ်လိုက်ရုံပဲပေါ့။
-
Calculator နဲ့  ဂဏန်းပေါင်းလာတာ အဆင့်တော်တော်များမှ မှားနှိပ်မိတာလား၊ အစက ပြန်လုပ်စရာ
မလိုပါဘူး။ Screen ကို ဗယ်ဘက်ဖြစ်ဖြစ်၊ ညာဘက်ဖြစ်ဖြစ် ပွတ်ဆွဲလိုက်ပါ။ နောက်ဆုံးရိုက်လိုက်တဲ့
ဂဏန်း delete ဖြစ်သွားပါမယ်။
-
စာရိုက်ရင်းနဲ့  ကိန်းဂဏန်းရိုက်ဖို့  123 ကိုနှိပ်ပြီးပြောင်းလိုက်၊ ပြီးတော့ ABC နှိပ်ပြီး ပြန်ပြောင်းလိုက်
လုပ်စရာမလိုပါဘူး။ 123 ကို ဖိထားပေးလိုက်ရင် ဂဏန်းတွေတက်လာပါမယ်။ လိုအပ်တဲ့ဂဏန်းဆီကို
ပွတ်ဆွဲလိုက်ပါ။ ဂဏန်းရိုက်ပြီးသားဖြစ်မယ်၊ ကီးဘုတ်လည်း ပုံမှန်ပြန်ဖြစ်နေမယ်။ ၂ ချက် သက်သာ
တာပေါ့။
-
ကင်မရာကို focus ဖြတ်ဖို့  ရိုက်ခါနီး မျက်နာကို ထောက်ဖူးကြလိမ့်မယ်။ တစ်ပုံရိုက်ရင် တစ်ပုံထောက်
နေရမှာပေါ့။ မရိုက်ခင် screen ကို ဖိထားပေးပါ။ အပေါ်ထိပ်မှာ AF Lock ဆိုတာ ပေါ်လာလိမ့်မယ်။
သင့်ဖုန်းကင်မရာ ပြန်မပိတ်မချင်း Auto Focus ဖြတ်ထားပြီး ဖြစ်နေပါလိမ့်မယ်။ တောက်လျှောက်
ရိုက်နေရုံပါပဲ။ ကြိုက်သလိုလှည့်ပါ။
-
အရေးကြီးခါမှ Storage ပြည့်နေတာလား။ Facebook, Twitter တစ်ခုခုကိုသုံးပြီး ဆက်ရိုက်ပါ။
Only Me တော့ ပြောင်းထားလိုက်ပေါ့။ သဘောပေါက်တယ်နော်။ Facebook မှာ ပို့ စ် တိုက်ရိုက်
တင်မယ့်ပုံစံမျိုး ရိုက်လိုက်တင်လိုက်လုပ်ပါ။ ပြီးမှ ပြန်ရွေး၊တည်းဖြတ်၊အေးအေးဆေးဆေး တင်ပေါ့။
-
ဖုန်းပေါ့သွားအောင် သန့် ရှင်းရေး လုပ်တတ်ပါသလား။ Power ခလုတ်ကို ဖိထားပါ။ Power off လုပ်ဖို့ 
ဘားတန်းလေးပေါ်လာတဲ့အထိပေါ့။ အဲဒါပေါ်လာရင် Home ခလုပ်ကို ဖိထားပါ။ ခုနက ဘားတန်းလေး
ပျောက်သွားတဲ့အထိပေါ့။ အဲဒီလိုလုပ်ပေးတာ ဖုန်းရဲ့ Ram ကို ရှင်းပေးပါတယ်လို့ လေ့လာရေးသား
တင်ပြလိုက်ရပါတယ်။ 
#ရတနာပုံနေ့စဉ်သတင်းစာ
Thursday, August 30, 2018
တစ်ပတ်အတွင်း ဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော IT ပစ္စည်းများ
Lenovo Intel® Core™ i7 Laptop
Lenovo Intel® Core™ i7 Laptop သည် မျက်နှာပြင် အကျယ် ၁၅ ဒသမ ၆ လက်မရှိပြီး Intel® Core™ i7-8750H Processor ကို အသုံးပြု ထားသည့်အတွက် သုံးစွဲသူများကို အံ့သြစေလောက်သော သွက်လက်မြန်ဆန်နှုန်း ဖြင့်လုပ်ဆောင် ပေးနိုင်သည်ကို တွေ့ရှိရမည် ဖြစ်သည်။
Memory 8GB DDR4 2666 နှင့် NVIDIA® Geforce ® GTX 1050G DDR5 2G ကို အသုံးပြုထားသည်။
HDD ၌1000GB ပါဝင်သဖြင့် အချက်အလက် များစွာ သိမ်းဆည်းရာတွင် တစ်စုတစ်စည်းတည်း သိမ်းဆည်း ထားနိုင်မည် ဖြစ်သည်။ တစ်နှစ် အာမခံပါရှိပြီး ကျောပိုးအိတ် တစ်လုံးလက်ဆောင် ပါရှိမည် ဖြစ်သည်။ အရောင်မှာ အနက်ရောင် ရရှိနိုင်သည်။
ဈေးနှုန်းမှာ အမေရိကန် ဒေါ်လာ ၁၁၆၉ဒေါ်လာခန့်ဖြစ်ပြီး KMD ကွန်ပျူတာ အရောင်းဆိုင်များတွင် ဝယ်ယူနိုင်သည်။
#မြဝတီနေ့စဉ်သတင်းစာ
Wednesday, August 9, 2017
Virgin Galactic is on track to send tourists into space next year: VSS Unity spaceplane completes a successful glide test nearly 3 years after the f irm’s deadly crash
Virgin Galactic has completed another successful glide test fl ight of its VSS Unity (pictured) spaceplane, the company’s second version of SpaceShipTwo. 
• Virgin Galactic’s Unity spaceplane performed a test fl ight in California
• The plane dumped water to simulate the shift in weight when fuel is used
• The test marks a key step toward the firm sending tourists into space in 2018
• Tragedy struck the project in 2014 when a catastrophic test fl ight crash killed one pilot and injured another
Virgin Galactic has completed another successful glide test flight of its VSS Unity spaceplane, the company's second version of Space-ShipTwo.
The test, which comes almost three years since Virgin Galactic's catastrophic crash, marks a key step towards the firm's goal of sending tourists into space next year.
So far, more than 700 potential customers - including celebrities Brad Pitt, Katy Perry and Ashton Kutcher - have reserved a spot on one of the suborbital trips at a cost of $-250,000 (£-200,000) each.
Founded in 2010 with the aim of taking paying customers to space and back again, tragedy struck the project in 2014 when a catastrophic SpaceShipTwo test flight crash killed one pilot and injured another.
It took two years for the company to regain approval from the US Federal Aviation Administration (FAA) to fly SpaceShipTwo again.
The latest test saw VSS Unity sent up from California's Mojave Air and Space Port attached to a twin-fuselage White Knight carrier airplane.
Once the two crafts had reached 50,000ft (15,000m), Unity was released for an unpowered descent back to the space port.
The test saw the first time Unity's Main Oxidiser Tank was filled with nitrous oxide.
The spaceplane is designed to enter space via suborbital rocket flight, and if further tests go to plan could begin commercial flights as early as next year.
‘‘Our major first today though was that with the exception of the rocket motor fuel grain, called the CTN (Case-Throat-Nozzle), we flew with all the spaceship's principle propulsion components on-board and live,' the company said in a blog post describing the test.”
During the flight, as with previous tests, Unity dumped 450 litres of water, simulating the shift in weight that would normally be caused by rocket fuel.
Unlike other commercial spaceflight companies, such as SpaceX and Blue Origin, Virgin Galactic will initiate its flights without using a traditional rocket launch.
Instead, the firm will launch VSS Unity and other craft from a carrier plane, dubbed VMS Eve.
‘‘Within seconds,' Virgin Galactic claims, 'the rocket motor will be engaged' and Unity will fl y approximately three and a half times the speed of sound into suborbital space.”
‘‘We are really pleased with what we saw today,' said Virgin chief pilot David Mackay.” ‘‘We collected hundreds of gigabytes of data for us to review, and from the pilots' point of view, it felt really wonderful.”
'All of you here at Virgin Galactic and The Spaceship Company should be very proud: VSS Unity is a great spaceship!' 
In April, Richard Branson, founder of Virgin Galactic announced plans to launch tourists into space in 2018, with the first test fl ights beginning this year.
The Virgin Galactic boss said he would be 'very disappointed' not to go into space himself in 2018 and hopes his space tourism programme will be up and running in the same year.
And based on the latest test flight, the fi rm is on track to reachthis target.
'Lots of data to examine now, but a great day’s work and an important step towards powered fl ights,' the company wrote in its latest blog post.
'Congratulations to our pilots, the propulsion team, ground crew, mission control, and of course to Eve and Unity!' 
#Themyawadydaily
Friday, March 3, 2017
မြန်မာသင်္ဘောသားလောက ဖွံ့ဖြိုးတိုးတက်ရေးတွင် သက်ဆိုင်ရာလုပ်ငန်း နယ်ပယ်အလိုက် ပညာဖလှယ်နိုင်မှုကို အရေးကြီးအချက်တစ်ခု အဖြစ်ပါဝင်
ရန်ကုန် ၊ ၃-၃-၂၀၁၇
ကမ္ဘာ့ရေကြောင်း သွားလာမှုဆိုင်ရာ နည်းပညာများ တိုးတက်လာသည် နှင့်အမျှ မြန်မာ သင်္ဘောသားလောက ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးသည် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ် အလိုက် သင်္ဘောသားများ အချင်းချင်းကြား ပညာဖလှယ် မျှဝေနိုင်မှုသည် အရေးကြီး အချက်တစ်ခု အဖြစ် ပါဝင်နေကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ကပ္ပတိန် ဦးဇင်မောင်ထွန်း ထံမှ သိရသည်။
''မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်ရဲ့ ၁၉၉၈ - ၁၉၉၉ ကျောင်းသား တွေက အခုဆို သင်္ဘော အရာရှိကြီးတွေ အဖြစ် သင်္ဘောတွေမှာ တာဝန်ယူ နေကြပါပြီ။ တချို့က မျိုးဆက်သစ် သင်္ဘောသားတွေ ပေါ်ထွက် လာစေဖို့ ဆရာအဖြစ် တာဝန်ထမ်းဆောင် နေသူတွေရှိတယ်။ တချို့က သင်္ဘော ကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက်ပြီး သင်္ဘောကြီး တွေမှာ ကပ္ပတိန်တွေနဲ့ သင်္ဘော အင်ဂျင်နီယာ တွေအဖြစ် လုပ်ကိုင်နေသူတွေ ရှိကြတယ်။ 
သင်္ဘောသား တွေက ဒီလိုနိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ နေရာပေါင်းစုံမှာ အလုပ် လုပ်တဲ့အတွက် အတွေ့အကြုံတွေ အမျိုးမျိုး ရရှိလာကြတယ်။ ဒီ အတွေ့အကြုံကောင်း တွေကို သင်္ဘောသား အချင်းချင်း အပြန်အလှန် ပညာရပ်တွေ ဖလှယ်ကြမယ်၊ မျှဝေ ကြမယ်ဆိုရင် သင်္ဘောသား လောက ခေတ်မီ ဖွံ့ဖြိုးတိုးတက်ဖို့ ပိုမြန်ပါလိမ့်မယ်'' ဟု ကပ္ပတိန် ဦးဇင်မောင်ထွန်း ကပြောသည်။
မြန်မာနိုင်ငံရှိ ရေကြောင်း ပညာတက္ကသိုလ် နှင့် ကုန်သွယ်ရေကြောင်း ကောလိပ် (ရေကြောင်းပညာ သိပ္ပံ)တို့မှ ကျောင်းဆင်း အရာရှိများကို ပြည်ပသင်္ဘောလိုင်း အသီးသီးရှိ ကုမ္ပဏီကြီးများက သင်္ဘောသားများ အဖြစ် အလုပ်ခေါ်ယူ ရာတွင် ဦးစားပေး ခေါ်ယူကြောင်း သိရသည်။
''ကုန်သွယ်ရေကြောင်း ကောလိပ်မှာ ဒီပလိုမာရရှိတဲ့ ရေကြောင်း အရာရှိပဲ ဖြစ်ဖြစ်၊ ရေကြောင်းပညာ တက္ကသိုလ်မှာ ဘွဲ့ရရှိတဲ့ ရေကြောင်းအရာရှိ ပဲဖြစ်ဖြစ် သင်ကြားလိုက်တဲ့ ပညာရပ် တွေနဲ့တင် ရပ်တန့်မနေဘဲ ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ ရေကြောင်း ပညာရပ်နယ်ပယ် အသီးသီးကို ကိုယ်နဲ့ဆိုင်လို့ လေ့လာရသလို မဆိုင်တဲ့ ရေကြောင်းပညာရပ် နယ်ပယ်ကိုလည်း လေ့လာရပါမယ်။ ဒါမှ ဘက်စုံထောင့်စုံ ကနေ နားလည်နိုင်တဲ့ သင်္ဘောသားကောင်း တစ်ဦး ဖြစ်မှာပါ'' ဟု ရေကြောင်း အတတ်ပညာများ သင်ကြားပို့ချ ပေးနေသော အင်ဂျင်နီယာမှူး ဦးအောင်လင်းချို ကပြောသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)
Tuesday, January 10, 2017
ရန်ကုန်မြို့ မြေပဒေသာကျွန်း ရှိ ပန်းပွဲတော်တွင်မှိုများ ကြာရှည်အထားခံနိုင်ရန် နည်းပညာများ ပေးလျက်ရှိ
ရန်ကုန် ၊ ၁၀-၁-၂၀၁၇
မှိုများကြာရှည် အထားခံနိုင်ရန် နှင့် တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ဈေးကောင်း ရနိုင်ရန် နည်းပညာများကို မှိုအစုအဖွဲ့မှ မှိုစိုက်ပျိုးသူ များထံသို့ ရန်ကုန်မြို့ မြေပဒေသာကျွန်း ရှိ ပန်းပွဲတော်တွင် နည်းပညာများ ပေးလျက်ရှိကြောင်း သိရသည်။
မှိုများမှာ အဖူးများသာ ဈေးကောင်းရရှိပြီး ပွင့်သွားပါက ဈေးနှုန်း မရှိသည့်အတွက် မှိုစိုက် တောင်သူများကို မှိုများကြာရှည် ခံရန် နည်းပညာ ပေးခြင်း ဖြစ်ကြောင်း သိရသည်။
''မှိုကို ကြာရှည် အထားခံအောင် မှိုဆီစိမ်တို့၊ မှိုချဉ်တို့ ဆားရေစိမ် ပုံစံမျိုးလေးတွေ လုပ်ပြီးတော့ တန်ဖိုးမြှင့် ထုတ်ကုန်အနေနဲ့ ပစ္စည်းလည်း ထိန်းတယ်။ နောက် ဒီအပေါ်မှာလည်း လုပ်အားခကို ပြန်အမြတ်ရတဲ့ ပုံစံနဲ့ လုပ်ပြတာပါ''ဟု မှိုအစုအဖွဲ့မှ ဈေးကွက် တာဝန်ခံ ဦးဉာဏ်လင်းထွန်း ကပြောသည်။
ထို့ပြင် မှိုများမှာ စတင် စိုက်ပျိုးချိန်မှ ကိုးရက်တွင် စတင်ဆွတ်ခူး နိုင်ပြီး ၁၅ ရက်ကြာပါက မှိုတစ်ပေါင် ပြီးစီးကြောင်း၊ မှိုများခူးပြီးပါက ဈေးကွက်သို့ အချိန်မီပေး ရကြောင်း၊ မှိုဖူး တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝဝ ရရှိချိန်တွင် မှိုပွင့် တစ်ပိဿာလျှင် ငွေကျပ်၂ဝဝဝ ခန့်သာ ရရှိတတ်ကြောင်း သိရသည်။
''မှိုက ဈေးဆွဲပြီး ရောင်းလို့မရဘူး။ အချိန် ကြာလာတာနဲ့ အမျှ ရောင်းသူ လက်ထဲမှာ ပွင့်ရောပဲ။ အဲဒီပြဿနာ တွေရှိတော့ စိုက်သူနဲ့ရောင်းသူ ချိန်ကိုက်ပြီးတော့ အလုပ်လုပ် နေရတာ။ ဒီအချိန်မှာ စိုက်သူက ရောင်းရင်
ညပိုင်းမှာထဲက ပစ္စည်းကို ကုန်အောင်ရောင်း ကြတယ်။ မနက်လင်းပိုင်း မှိုထပ်ဝင်ရင် ၆ နာရီ ၇ နာရီမှာ အမြန်ကုန်အောင် ရောင်းကြ ရတယ်။ နေထွက် လာတာနဲ့ အမျှ မှိုက ပွင့်တယ်လေ'' ဟု ဦးဉာဏ်လင်းထွန်း က ပြောသည်။
အဆိုပါ တန်ဖိုးမြင့်ထုတ်ကုန် ကုန်ချော ပြုလုပ်သည့် နည်းပညာများ ပေးခြင်းဖြင့် ယင်းကုန်ချော များကို ဟိုတယ် လုပ်ငန်းများ၊ စားသောက်ကုန် လုပ်ငန်းများမှ လာရောက် ဝယ်ယူသွားပါက လက်ရှိ မှိုစိုက်ပျိုးသူများ ကြုံတွေ့ နေရသည့် အခက်အခဲများမှ ကင်းဝေး သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။ (နေနေ)
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)
Tuesday, December 13, 2016
အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်တွင် မောင်းသူမဲ့ယာဉ် များကို အများပြည်သူသုံး လမ်းမများပေါ်တွင် စတင် မောင်းနှင်ခွင့်ပြု
မီချီဂန် ၊ ၁၃-၁၂-၂၀၁၆
အမေရိကန် ပြည်ထောင်စု၊ မီချီဂန်ပြည်နယ် တွင် မောင်းသူမဲ့ ယာဉ်များ၊ စီယာတိုင်မဲ့ ယာဉ်များနှင့် တစ်စီးလုံး အော်တိုစနစ်ဖြင့် မောင်းနှင်မည့် ယာဉ်များအားလုံးကို အများပြည်သူသုံး လမ်းမများ ပေါ်တွင် စတင် မောင်းနှင်ခွင့်ပြု လိုက်သည့် ဥပဒေကို ပြည်နယ် အုပ်ချုပ်ရေးမှူး က လက်မှတ်ရေးထိုး ခွင့်ပြုပေးအပ် လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မီချီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး Rick Snyder က မောင်းသူမဲ့ယာဉ် အမျိုးမျိုးကို မီချီဂန်ပြည်နယ် အတွင်း အများပြည်သူသုံး လမ်းများပေါ်တွင် မောင်းနှင်ခွင့်ပြု သည့်ဥပဒေ ၄ မျိုးကို လက်မှတ်ရေးထိုး ခဲ့ရာ မောင်းသူမဲ့ယာဉ်များ ထုတ်လုပ်နေသည့် Ford Model T နှင့် Ford Fusion ကားကုမ္ပဏီ တို့ မှ  အကြီးအကဲများ တက်ရောက် ခဲ့ကြောင်း၊ သို့ ဖြစ်၍ ယခင်က မောင်းသူမဲ့ယာဉ် များကို စမ်းသပ်ရန်ပင် အကန့် အသတ် ဖြင့်သာ ခွင့်ပြုခဲ့သော မီချီဂန်ပြည်နယ် တွင် ယခုအခါ အလိုအလျောက် မောင်းနှင်သည့် ယာဉ်များကို လွတ်လပ်စွာ အသုံးပြုခွင့် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ 
" အမေရိကန် ပြည်ထောင်စု မှာ မောင်းသူမဲ့ ယာဉ်တွေကို အများပြည်သူပိုင် လမ်းတွေပေါ်မှာ တရားဝင် မောင်းနှင်ခွင့် ပြုလိုက်တာ မီချီဂန် က ပထမဆုံး ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား မှာလည်း ဒီလို ခွင့်ပြုချက်မျိုးတွေ ပေးအပ်ဖို့  စတင် ဆောင်ရွက်နေပါပြီ။ ကမ္ဘာပေါ်မှာ တစ်ခါမှမရှိဖူးသေး တဲ့ မောင်းသူမဲ့ယာဉ် တွေကို အခုလိုလူတွေ၊ ကားတွေကြားထဲ စေလွှတ်မယ့် ကိစ္စ အဆင်ပြေ ချောမွေ့ မှု ရှိပါ့မလားလို့  သံသယဖြစ်ပြီး စိုးရိမ်သူတွေလည်း ရှိနေပါတယ် " ဟု မီချီဂန် တက္ကသိုလ်၊ သယ်ယူ ပို့ ဆောင်ရေး သုတေသနဌာနမှ စီမံကိန်းမန်နေဂျာ Brandon Schoettle က ပြောသည်။
အမေရိကန် ပြည်ထောင်စု တွင် မောင်းသူမဲ့ယာဉ်များ မောင်းနှင် အသုံးပြုခွင့်ကို ပြည်နယ်အများစု၌ စိစစ် ဆောင်ရွက်လျက် ရှိရာ ၂၀၁၂ ခုနှစ်မှ ယနေ့ အချိန်အထိတွင် ပြည်နယ်ပေါင်း ၃၄ ခုထက်မနည်း ရှိနေပြီ ဖြစ်ကြောင်း၊ အမေရိကန် တွင် မောင်းသူမဲ့ယာဥ်မှတ်ပုံတင်ခွင့် အတွက် ကြီးလေးသော အခွန်အခ သတ်မှတ်ထားကြောင်း၊ မော်တော်ယာဉ် တစ်စီးလုံး၏ ဈေးနှုန်းထက်ပင် ပို၍ မြင့်မားကြောင်း၊ နောက်ထပ် စိန်ခေါ်မှု တစ်ခုမှာ အများပြည်သူက လက်သင့်မခံလို ခြင်းဖြစ်ကြောင်း၊ နည်းပညာ မည်မျှပင် မြင့်မားသည် ဖြစ်စေ၊ မောင်းသူမဲ့ ယာဉ် များကို ယာဉ်တန်းကြားတွင် တွေ့ မြင်ရသည့် အခါ ၄င်းတို့ မှာ အထိတ်တလန့်  ဖြစ်ရကြောင်း လေ့လာ စောင့်ကြည့်သူများ က ပြောသည်။
မြ၀တီနေ့စဉ်သတင်းစာ
Tuesday, September 27, 2016
လက်ကိုင်ဖုန်းတိုင်းကို ဖွင့်ဖတ်နိုင်သော နည်းပညာကို အစ္စရေး အသုံးပြုလျက်ရှိ
တဲလ်အဗစ် ၊ ၂၇-၉-၂၀၁၆
အစ္စရေးနိုင်ငံ အခြေစိုက် Cellebrite နည်းပညာ ကုမ္ပဏီသည် မည်သည့်ဖုန်းကို ဖြစ်စေ ဖွင့်ဖတ် ကြည့်ရှုခြင်း၊ အချက်အလက်များ ကူးယူခြင်း အစရှိသည် တို့ ကို ပြုလုပ်နိုင်သော အီလက်ထရွန်းနစ် ကိရိယာ တစ်မျိုးကို ထုတ်လုပ်ထားပြီး အောင်မြင်စွာ စမ်းသပ် အသုံးပြုလျက် ရှိကြောင်း သိရသည်။ 
Cellebrite သည် ယခုနှစ် အစောပိုင်း ကလည်း အမေရိကန် ပြည်ထောင်စု၏ FBI ကို ဗုံးဖောက်ခွဲရေး သမား တစ်ဦး၏ iPhone ကို ဖွင့်ဖတ် နိုင်အောင် ကူညီပေးခဲ့ ရာမှ ကမ္ဘာကျော် လာခဲ့ပြီး ယခုလည်း ခေတ်မီ နည်းစနစ် များဖြင့် လုံခြုံရေး အပြည့်အ၀ ပြုလုပ်ထားသော မည်သည့် စမတ်ဖုန်း၊ မော်ဒန်း၊ ၀ိုင်ဖိုင် ကိရိယာဖြစ်စေ၊ ဖွင့်နိုင်၊ ၀င်နိုင်၊ ထွက်နိုင်၊ ကြည့်ရှု ကူးယူနိုင်မည့် ကိရိယာကို ထုတ်လုပ်ထားခြင်း ဖြစ်ပြီး Cellebrite ဟု ပင် အမည်ပေး ထားကြောင်း သိရသည်။ 
Cellebrite သည် ၄င်း၏ ကိရိယာအား လက်တွေ့ စမ်းပြခဲ့ကြောင်း၊ မင်္သကာသော လက်ကိုင်ဖုန်း များမှ အချက်အလက် များကို Cellebite က ကူးယူကြောင်း၊ ထို့ နောက် ၄င်းဖုန်းများနှင့် ဆက်သွယ်လေ့ ရှိသော ဖုန်းနံပါတ် များကို ဖော်ပြပေး နိုင်ကြောင်း၊ Samsung ဖုန်းများကို အလွယ်တကူ ပင် ၀င်ရောက်ပြ ခဲ့ကြောင်း သိရသည်။ 
" ကျွန်တော့် Samsung ဟန်းဆက်ကို ယူပြီး Cellebrite နဲ့  ချိတ်လိုက်တာပဲ။ ကွန်ပျူတာနဲ့ ချိတ်သလိုပဲပေါ့။ ပြီးတာနဲ့  Cellebrite ပေါ်က ခလုပ်တစ်ချို့ ကိုနှိပ်လိုက်တာ ကျွန်တော့် ဖုန်းစကရင်ကို ခတ်ထားတဲ့ password က ပျက်သွား တယ်။ ပြီးတာနဲ့  ဖုန်းထဲက အချက်အလက် တွေအားလုံးကို ကူးပြတယ်။ အထဲက folder lock တွေကိုပါ ဖွင့်နိုင်တာကို တွေ့ ရတယ်။ ကျွန်တော့်ဖုန်း ထဲက ဓာတ်ပုံတွေ၊ အချက်အလက် တွေကို USB နဲ့  ကူးပြတယ်။ အားလုံးဟာ ရှောရှောရူရူပဲ။ ဘာမှ အထစ်အငေါ့ မရှိဘူး " ဟု Samsung ဟန်းဆက်ကို လက်တွေ့ စမ်းသပ်ခဲ့သူ တစ်ဦးက ပြောပြသည်။ 
လက်ရှိအချိန်တွင် အစ္စရေး ရဲတပ်ဖွဲ့ က Cellebrite ကို အသုံးပြုကာ မင်္သာသော လက်ကိုင်ဖုန်း များကို အလွယ်တကူ စစ်ဆေးနေ သည်ကို တွေ့ ရှိရကြောင်း၊ Cellebrite ကို နိုင်ငံတကာ အစိုးရများထံ ရောင်းချသွားဖွယ် ရှိကြောင်း၊ သို့ သော် Cellebrite အနေဖြင့် ဖိနှိပ်အုပ်ချုပ်သော အစိုးရများကို ၄င်း၏ ဖုန်းဖတ် ကိရိယာအား ရောင်းချသွားရန် အစီအစဉ်ရှိမည် မထင်ကြောင်း လေ့လာ စောင့်ကြည့်သူ တစ်ဦးက ပြောသည်။
မြ၀တီနေ့စဉ်
Friday, July 15, 2016
ပြည်ပနိုင်ငံများမှ ကုန်စည်ပြပွဲများ လာရောက်ပြသခြင်းကြောင့် နည်းပညာနှင့် အတွေ့အကြုံများ ရရှိနိုင်
ရန်ကုန် ၊ ၁၅-၇-၂၀၁၆
ပြည်ပနိုင်ငံများမှ ပြည်တွင်း၌ ကုန်စည်ပြပွဲများ လာရောက်ပြသ ခြင်းဖြင့် ယင်းတို့ထံမှ နည်းပညာနှင့် အတွေ့အကြုံ များကို ကမ်းလှမ်းရယူ နိုင်သော အခွင့်အရေးတစ်ခု ရရှိလာ နိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း UMFCCI တွဲဖက် အတွင်းရေးမှူး ဦးမျိုးသန့် က ပြောသည်။
ပြည်ပနိုင်ငံများမှ ပြည်တွင်း၌ ကုန်စည်ပြပွဲ များကို လာရောက်ပြသ ရာတွင် ယင်းတို့၏ ထုတ်ကုန်ပစ္စည်း များကို မြင်တွေ့ လေ့လာခွင့် ရသော မြန်မာ့ လုပ်ငန်းရှင်များ အတွက် အမြင်ကျယ်လာပြီး ဆန်းသစ် တီထွင်မှု အသစ်များကို ပြည်ပသို့ သွားရောက် လေ့လာရန် မလိုဘဲ တွေ့မြင်နိုင်မည် ဖြစ်သည်။ ယင်းကဲ့သို့ တွေ့မြင်ရခြင်း ကြောင့် မိမိတို့၏ ထုတ်ကုန်ပစ္စည်း များအား ဆန်းသစ် တီထွင်မှုများ၊ ဆင့်ပွား စိတ်ကူးများ ရရှိလုပ်ဆောင် နိုင်မည် ဖြစ်သည်။
ယခုအခါ နိုင်ငံတကာ၌ ကုန်ထုတ်လုပ်မှု စနစ်များ တိုးတက်မှု မြန်ဆန်နေပြီး ထုတ်ကုန်များမှာလည်း သိသာစွာ တိုးတက်များပြား လာသည်။ ယင်းကဲ့သို့ နိုင်ငံတကာမှ ထုတ်လုပ်သည့် အဆင့်မြင့် ကုန်ပစ္စည်း များကို ပြပွဲများမှ တစ်ဆင့် အမြဲမပြတ် လေ့လာ နိုင်သောကြောင့် ပြည်တွင်း၌ ကုန်စည်ပြပွဲများ ကျင်းပခြင်းသည် အလွန် ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်သည်။
ပြည်တွင်း၌ ကုန်စည်ပြပွဲများကို ထိုင်း၊ အိန္ဒိယ၊ အီတလီ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူ ၊ မလေးရှား၊ ဗီယက်နမ်၊ အမေရိကန်နှင့် ဗြိတိန် စသည့်နိုင်ငံများမှ ချိတ်ဆက်၍ လာရောက် ပြသလျက် ရှိကြောင်း သိရသည်။
ပြပွဲများတွင် ၄င်းတို့နိုင်ငံမှ စက်မှုထုတ်ကုန် ပစ္စည်းများအပြင် မြန်မာနိုင်ငံမှ ပလတ်စတစ် ၊ ရော်ဘာ၊ ပုံနှိပ်လုပ်ငန်း၊ ကုန်ပစ္စည်း ထုပ်ပိုးခြင်းနှင့် လယ်ယာ စသည့်ကဏ္ဍများ အပေါ် ပြန်လည် စိတ်ဝင်စား၍ အမြဲမပြတ် လေ့လာမှုများလည်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသည် သယံဇာတ ကြွယ်ဝသော နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်ပြီး သဘာဝ သယံဇာတ နှင့် ကုန်ကြမ်းများကို စနစ်တကျ ထုတ်ယူနိုင်ရန် အကောင်းဆုံး အနေအထားတွင် ရှိနေကာ အဆိုပါ အနေအထား 
အပေါ် ပြည်ပနိုင်ငံများ အနေဖြင့် စိတ်ဝင်စားပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ပုဂ္ဂလိက ကုမ္ပဏီများ တိုးတက်ဖွံ့ဖြိုးရေး နှင့် စက်မှုလုပ်ငန်း တစ်ခုလုံး တိုးတက်ရေးကို လုပ်ဆောင်သွားမည် ဖြစ်သည်။
ကုန်သွယ်မှု မြှင့်တင်ခြင်း လုပ်ဆောင်မည် ဆိုပါက အရည်အသွေး ပြည့်မီသည့် ပစ္စည်းများရှိရန် လိုအပ်ပြီး ယင်းပစ္စည်းများကို ပြောင်းလဲနေသော နည်းပညာများ အတိုင်း နိုင်ငံတကာ ပြပွဲများမှ ရယူ၍ ဈေးကွက်ပြန်လည် ထိုးဖောက်သွား နိုင်မည် ဖြစ်ကြောင်း သိရသည်။ (ကေကေ)
မြ၀တီနေ့စဉ် ၊ စာ(၂၆)
Thursday, July 7, 2016
Contract Farming စနစ်များကို တောင်သူများအကြား တိုးတက်လာစေရန် အကောင်အထည်ဖော်မည်
ရန်ကုန် ၊ ၇-၇-၂၀၁၆
နိုင်ငံတကာနှင့် သဘောတူ ညှိနှိုင်း စာချုပ်များ  ချုပ်ဆို၍ အပြန်အလှန် တင်ပို့ ရောင်းချသည့် Contract Farming စနစ်များကို တောင်သူများ အကြား တိုးတက် လာစေရန် Info-Zone Farming Network အဖွဲ့မှ အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း သိရသည်။
Contract Farming ဆိုသည်မှာ ဝယ်ယူသည့် ကုမ္ပဏီမှ စိုက်ပျိုးသူများ လိုအပ်နေသည့် နည်းပညာများ ပေး၍ စိုက်ပျိုးစေပြီး ထွက်ရှိလာသည့် သီးနှံများကို အကုန်ရိတ်သိမ်း ယူရန် စာချုပ်ချုပ်ဆိုသည့် စနစ်ဖြစ်သည်။
အဆိုပါ Contract Farming စနစ်ကို အကောင် အထည်ဖော် နိုင်ရန်အတွက် Info-Zone Farming Network အဖွဲ့မှ ကိုယ်တိုင်စတင် ဈေးကွက်ရှာ၍ စာချုပ်များ ချုပ်ဆိုတင်ပို့ပြီး ပြည်တွင်းရှိ တောင်သူများ ထံသို့ ပြန်လည်ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံ စိုက်ပျိုးရေး လောကအတွက် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့ အာရုံစိုက်ပြီး လုပ်သွားမယ်။ Contract Farming စနစ်တွေကို တောင်သူတွေကြား တိုးတက် လာစေဖို့ ကြိုးစား နေပါတယ်။ ကျွန်တော်တို့ တစ်ဖွဲ့တည်း ဆုံးရှုံးသွားရင် ပြဿနာ မရှိပါဘူး။ စိုက်ပျိုးပြီးမှ တောင်သူတွေ မနစ်နာ ရအောင်အတွက် ကိုယ်တိုင် အရင်စိုက်ပျိုး ထုတ်လုပ်ပြီး နည်းစနစ် တွေကို ဖြန့်ဝေ ပေးသွားမှာပါ'' ဟု Info-Zone Farming Network အဖွဲ့မှ စိုက်ပျိုးရေး နည်းပညာပိုင်း တာဝန်ခံ တစ်ဦးက ပြောသည်။
Info-Zone Farming Network အဖွဲ့သည် ဓာတုဆေးလွတ် ငရုတ်သီးကို စိုက်ပျိုးရန် ၂ဝ၁၆ ခုနှစ် မေလတွင် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့ဖြင့် စာချုပ်ချုပ်ဆို ခဲ့ပြီး ဓာတုဆေးလွတ် ဂျပန်ပိန်းဥ စိုက်ပျိုးရန် အတွက် ဂျပန်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံ ထားသည့် ဂျပန်ပိန်းဥ စက်ရုံဖြင့်လည်း စာချုပ်ချုပ်ဆို ထားသည်။
''အခု လောလောဆယ် ဂျပန်ပိန်းဥ စာချုပ်က နေပြည်တော်နဲ့ ရှမ်းပြည်နယ် ဘက်ကို ချုပ်ထားတယ်။ ပုံမှန်ပြည်တွင်း စီးဆင်းမှုက Contract မရှိဘူး။ Contract Farming လုပ်တဲ့အတွက် အကျိုးအမြတ်လည်း ပိုရှိတဲ့အပြင် တခြားနိုင်ငံ တွေရဲ့ လိုအပ်ချက်တွေ ကို သိရတယ်။ Customer လိုအပ်ချက်ကို လိုက်လုပ်ရင်း နည်းပညာပိုင်း မှာလည်း သင်ယူခွင့် ရသွားပါတယ်'' ဟု Info-Zone Farming Network အဖွဲ့မှ စိုက်ပျိုး ထုတ်လုပ်သူ ကိုမျိုးဇော် က ပြောသည်။
Contract Farming စနစ်များသည် တောင်သူများအကြား တိုးတက်လာပါက ပြည်တွင်းဈေးကွက် လိုအပ်ချက်များ အပြင် နိုင်ငံတကာ ဈေးကွက် လိုအပ်ချက်များ ကိုပါ သိရှိနိုင်မည် ဖြစ်ပြီး ပြည်ပ စိုက်ပျိုးနည်း စနစ်နှင့် မတူကွဲပြားသည့် နည်းပညာသစ် များကိုပါ သင်ယူခွင့် ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Info-Zone Farming Network အဖွဲ့သည် ဒေသအသီးသီးမှ အပင်စိုက်ပျိုး သူများ၊ မြေသြဇာပိုင်း၊ ဈေးကွက်နှင့် နည်းပညာပိုင်း ကျွမ်းကျင်သူ၊ ရင်းနှီးမြှုပ်နှံ မည့်သူများ စုပေါင်း၍ Online မှ အပြန်အလှန် ချိတ်ဆက်ဖွဲ့စည်း ထားသည့်အဖွဲ့ တစ်ခုဖြစ်ပြီး တန်ဖိုးနည်း လယ်ယာသုံး စက်ပစ္စည်းများ ကိုတီထွင်ကာ တောင်သူများ အတွက် ဈေးနည်း အချိန် သက်သာစွာ ဖြန့်ချိပေး နေသည့် အဖွဲ့တစ်ဖွဲ့ ဖြစ်ကြောင်း သိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၉)
Thursday, March 24, 2016
လက်ကိုင်ဖုန်းများသို့ မတော်တဆ ရေ၀င်ရောက်ခြင်းကို စက်ဖြင့် ကာကွယ်မှု ပြုလုပ်နိုင်
ရန်ကုန် ၊ ၂၄-၃-၂၀၁၆
၂ဝ၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်တွင်းသို့ ဂျာမနီနိုင်ငံမှ ဝင်ရောက် လာသည့် Waterproof nano vaccum coating machine သည် ဖုန်းအတွင်းသို့ ရေဝင်ရောက်မှု များနှင့် ဖုန်းအတွင်းရှိ အညစ်အကြေး များကိုလည်း သန့်စင်ပေးမှုများ လုပ်ဆောင်ရာတွင် ပျက်စီးမှု မရှိစေဘဲ ပကတိအတိုင်း ရှိနေစေရန် လုပ်ဆောင်ပေး နိုင်မည် ဖြစ်သည်။
''ဂျာမနီနိုင်ငံ ကနေ တင်သွင်းပြီး ဂျာမနီ နည်းပညာနဲ့ ပြုလုပ်ပေး တာပါ။ နာနိုဆေးရည်နဲ့ နာရီဝက်လောက် ပေါင်းခံပေး ရတာပါ။ ဒီလိုပေါင်းခံပေး ထားတာကြောင့် ဖုန်းမှာ ပျက်စီးမှု တစ်စုံတစ်ရာ လုံးဝ မရှိပါဘူး။ေ ရဝင်ရောက်မှုကို ကာကွယ်ပေးတဲ့ အပြင် အမှုန်အမွှား ဝင်တာတွေက အစ ကာကွယ်ပေး နိုင်ပါတယ်။ စတင် ဝင်ရောက်တဲ့ အချိန်တုန်း ကတော့ လုပ်ကိုင်ရမှု နည်းပါးပြီး အခုချိန်မှာ အသုံးပြုမှုများ နေပါတယ်'' ဟု ဟန်းဆက်များ ရေစိုခံရန် ပေါင်းခံပေးခြင်း ဝန်ဆောင်မှု လုပ်ငန်းမှ ကိုကျော်သူရ က ပြောသည်။
ဖုန်းပေါင်းခံ နည်းဖြင့် ရေဝင်ရောက် ခြင်းကို ကာကွယ်နိုင်ပြီး တစ်ကြိမ် ဆောင်ရွက်ထား ပါက တစ်နှစ်ခန့် ခံနိုင်ကြောင်းနှင့် ယင်း စက်တစ်လုံးလျှင် ငွေကျပ် ၆၅ သိန်းခန့်ရှိပြီး ပေါင်းခံဆေးရည်မှာ ငွေကျပ်လေးသိန်း မှ ခုနစ်သိန်းအထိ ရှိကြောင်း သိရသည်။
ဖုန်းပေါင်းခံခြင်း ပြုလုပ်ပါက ဖုန်း အမျိုးအစား ပေါ်မူတည်၍ ငွေကျပ် ၁ဝဝဝဝ မှ ၁၅ဝဝဝ အထိ ကျသင့်ကြောင်း သိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၂၆)
Monday, March 14, 2016
ကိုက်တစ်ရာ အထိ တွေ့မြင်နိုင်သည့် ညကြည့်မှန်ပြောင်း
ညမြင်ကွင်းစနစ် ပါဝင်သော မျက်မှန်များကို တပ်ဆင်၍ ညအခါ၌ မိမိပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ သွားလာနိုင် သော်လည်း ၄င်းတို့က အမှောင်ထဲတွင် ဓာတ်ပုံရိုက်ကူးရန် အတွက် လိုအပ်သော မြင်ကွင်း အကွာအဝေးကို ပေးဆောင်နိုင်မည် မဟုတ်ပေ။
ယခုအခါ အပူဓာတ်ပုံရိပ်များ ဖော်ပြနိုင်သော စနစ်များမှာ စမတ်ဖုန်း အချို့တွင် ပါဝင်လာနိုင်ပြီ ဖြစ်၍ FLIR Scout TK ကို ဖန်တီး ရာတွင်လည်း အဆိုပါ နည်းပညာမှ စတင်ခဲ့ကြောင်း သိရသည်။ 
ညမြင်ကွင်းစနစ် ကဲ့သို့ အလင်းကိုချဲ့ ထွင်၍ ဖော်ပြခြင်း မဟုတ်ဘဲ FLIR Scout TK မှာ အပူဓာတ်ပုံရိပ် များကို ဖော်ပြ၍ အဝေးတွင် ရှိနေသော လူသူ၊ သတ္တ၀ါတို့၏ ခန္ဓာကိုယ်အပူချိန်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။ 
FLIR Scout မှာ အလျားလေး လက်မအနံ ၁ ဒသမ ၅ လက်မရှိသည့် ညကြည့်မှန်ပြောင်း တစ်ခုဖြစ်၍ အလေးချိန်မှာ ခြောက်အောင်စ ခန့် ရှိသည်။ ဖုန်းတစ်လုံး ကဲ့သို့ အရွယ်အစား သေးငယ်၍ မိမိ သွားလေရာ ကိုင်ဆောင် သွားနိုင်ပြီး စခန်းချ ခရီးထွက်သည့် အချိန်များ တွင်လည်းကောင်း၊ ညအခါ ရှိုးပွဲတစ်ခု သွားရောက် ကြည့်ရှုရာတွင် လည်းကောင်း၊ မိမိ၏အိမ်ခြံဝင်း အတွင်း လုံခြုံရေးအတွက် ကြည့်ရှုရာ၌ လည်းကောင်း အသုံးပြုနိုင်သည်။ 
မှန်ပြောင်းတစ်ခုပါ FLIR Scout TK မှာ လူ၊ တိရစ္တာန်များနှင့် အရာဝတ္ထု များကို ကိုက်ပေါင်း ၁၀၀ အကွာအဝေးမှ နေ၍ တွေ့မြင်နိုင်ကြောင်း သိရသည်။ 
စမတ်ဖုန်း နှင့် ချိတ်ဆက်စရာ မလိုဘဲ ရုပ်ငြိမ်ဓာတ်ပုံများ ရိုက်ကူးခြင်း၊ ဗီဒီယိုရိုက်ကူးခြင်း များကိုလည်း လုပ်ဆောင်နိုင်ပြီး ရိုက်ကူးသော မြင်ကွင်းများကို ၄င်း၌ ပါဝင်သည့် 640x480 resolution ရှိ LCD ဖန်သားပြင်၌ ကြည့်ရှုနိုင်သည်။။ FLIR Scout မှာ ပြင်ပလှုပ်ရှားမှု များတွင် အဆင်ပြေစွာ အသုံးပြုနိုင်ရန် အတွက် ရေစိုလည်း ခံနိုင်ကြောင်း သိရသည်။ ပြင်ပလှုပ်ရှားမှု များကို လေးနာရီ ဆက်တိုက် ရိုက်ကူးနိုင်ပြီး ဘက်ထရီမှာ အားသွင်း၍ ရကြောင်း သိရသည်။ 
FLIR Scout မှာ အမေရိကန် ဒေါ်လာ ၆၀၀ ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ၄င်းတို့၏ ၀က်ဘ်ဆိုက် ပေါ်တွင် ကြေငြာထားကြောင်း သိရသည်။ အချို့  ညမြင်ကွင်း ပါဝင်သော မှန်ပြောင်းများမှာ FLIR Scout ကဲ့သို့ အကွာအ ဝေးများ ကြည့်ရှုရန် အတွက် ဖန်တီးထားခြင်း မရှိဘဲ ဈေးနှုန်းမှာလည်း FLIR ထက် နှစ်ဆခန့် ပိုရှိတတ်ကြောင်း သိရသည်။
မြ၀တီနေ့စဉ်
Monday, March 7, 2016
မောင်းသူမဲ့လေယာဉ်များ ဖမ်းရန် ပိုက်ကွန်ပစ်သော လက်နက်ဖန်တီး
လန်ဒန် ၊ ၇-၃-၂၀၁၆
အင်္ဂလန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သော Open Works Engineering က မောင်းသူမဲ့ ဒရုန်းများကို ဖမ်းဆီးနိုင်ရန်  အတွက် ပိုက်ကွန်ပစ်သော လက်နက်တစ်မျိုး ကို ဖန်တီးလိုက်ကြောင်း သိရသည်။
ပိုက်ကွန်နှင့် တကွ ဖမ်းဆီးလိုက်သော ဒရုန်းကို မြေပေါ်သို့ ဆင်းသက်ရန် အတွက် လေထီး တစ်စုံလည်း ပါဝင်ကြောင်း သိရသည်။ ၄င်းလက်နက်မှ ပိုက်ကွန်ကို ပစ်လွှတ်နိုင်သည့် အကွာအဝေးမှာ မီတာ ၁ဝဝ အတွင်းဖြစ်၍ Skywall 100 ဟု အမည် ပေးထားပြီး ဒရုန်းများကို ချိန်၍ ပစ်ခတ်ရန် အတွက် စမတ် ချိန်ကွင်းတစ်ခု ပါဝင်သည်။ 
Skywall  မှ ပိုက်ကွန်ကို တစ်ကြိမ် ပစ်လွှတ်ပြီးလျှင် နောက်တစ်ကြိမ် ပစ်နိုင်ရန် အတွက် ၈ စက္ကန့်သာ ပြင်ဆင်ချိန် လိုအပ်၍ ဒရုန်းများ ကောင်းကင်ပေါ်၌ တစ်ခုထက်ပို၍ ရှိနေပါ ကလည်း ရှင်းလင်းနိုင်ရန် အဆင်ပြေနိုင်မည် ဖြစ်ကြောင်း သိရသည်။
Skywall မှာ သာမန် လက်နက်ထက် အနည်းငယ် ကြီးသော်လည်း ပေါင်ချိန် ၂၂ ပေါင်မျှသာ ရှိ၍ ကိုင်ဆောင်ရန် အဆင်ပြေခြင်း၊ ဈေးနှုန်း မြင့်မားမှု မရှိခြင်း၊ သယ်ဆောင်ရန် အတွက် လွယ်ကူခြင်း တို့ကြောင့် ဒရုန်းဆန့်ကျင်သူ များက Skywall ကို သဘောကျ ကြသည်။ ဒရုန်းများ ရောင်းဝယ်မှုကို ကြီးကြပ်သည့် CEA အသင်းက ပြုစုထားသော စာရင်း တစ်ခုအရ ၂ဝ၁၅ ခုနှစ်က ဒရုန်းအလုံးရေ ၇ဝဝဝဝဝ ခန့် ရောင်းခဲ့ရပြီး 
အမေရိကန်နိုင်ငံရှိ ဒရုန်း ဝယ်ယူသူဦးရေ ၃ဝဝဝဝဝ က ၄င်းတို့၏ ဒရုန်းများကို မှတ်ပုံတင်၍ အသုံးပြုခဲ့ကြောင်း သိရသည်။
ဒရုန်းများမှာ ကောင်းကင်ပေါ်သို့ အလွယ်တကူ ပျံဝဲနိုင်၍ နံရံ၊ ခြံစည်းရိုးကဲ့သို့ အတားအဆီး များကိုကျော်နိုင်၍ ဒရုန်းများ ပျံသန်းခွင့် မရှိသော နေရာများ သို့မဟုတ် အာဏာပိုင်များ ကန့်သတ်ထားသည့် နေရာများ တွင်လည်း ဒရုန်းပိုင်ရှင် များက ဝင်ရောက် စူးစမ်းကြသည်။ ဒရုန်းများ အနေဖြင့် ဝင်ရောက်ရန် ခွင့်ပြုချက် ရရှိထားခြင်း မရှိသော နေရာများ၌ တွေ့ရှိပါက အဆိုပါ ဒရုန်းကို ဖမ်းဆီးပစ်ချ၍ လုံခြုံသော နေရာတွင် ထားရှိရန် သက်ဆိုင်ရာက အသိပေး ထားကြောင်း သိရသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၁)
Wednesday, January 27, 2016
ကျေးလက်ဒေသများရှိ အော်ဂဲနစ်စိုက်ခင်းများ၌ သဘာဝမြေသြဇာ ပြုလုပ်ပုံကို ဂျပန်နိုင်ငံမှပညာရှင်များ လာရောက် သင်ကြားမည်
ဂျပန်နိုင်ငံမှ ပညာရှင်များ ကွင်းဆင်းလေ့လာနေသည်ကို တွေ့ရစဉ်
ရန်ကုန် ၊ ၂၇-၁-၂၀၁၆
မြန်မာနိုင်ငံ ကျေးလက်ဒေသ များရှိ အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ များအား သဘာဝ မြေသြဇာ ပြုလုပ်ပုံနှင့် အော်ဂဲနစ်သီးနှံ အထွက်တိုးမည့် စိုက်ပျိုးရေး နည်းပညာများကို ဂျပန်နိုင်ငံမှ ပညာရှင်များ လာရောက်၍ လက်တွေ့သင်ကြား ပေးမည် ဖြစ်ကြောင်း အော်ဂဲနစ် စိုက်ပျိုးရေး ပညာရှင် ဒေါက်တာ နိုင်နိုင်မော် က ပြောသည်။
ထိုသို့ အော်ဂဲနစ်သီးနှံ စိုက်ခင်းများ၌ အသုံးပြုသည့် သဘာဝ မြေသြဇာ ပြုလုပ်ပုံများကို သင်ကြားပေး ရာတွင် ကျေးလက်ဒေသရှိ အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေး လုပ်ကိုင်သူများ သာမက အော်ဂဲနစ် စိုက်ပျိုးရေး ပစ္စည်း အရောင်းဆိုင် များရှိ သင်ကြား လိုသူများ အားလုံးကို သင်ကြားပို့ချ ပေးသွားမည် ဖြစ်သည်။
''အော်ဂဲနစ် စိုက်ခင်းတွေမှာ စိုက်ပျိုးသူတွေ မြေသြဇာ အသုံးပြုတဲ့ နေရာမှာ နွားချေး၊ သစ်ရွက်ခြောက် အဲဒါတွေကို အချိုးညီညီ ရောစပ် အသုံးမပြုဘူး။ တစ်မျိုးဆိုရင် တစ်မျိုးပဲ အသုံးပြု နေကြတယ်။ အဲဒီအတွက် အပင် အာဟာရနဲ့ အသီးအပွင့် အာဟာရ အတွက် ထိရောက် သင့်သလောက် မထိရောက်ဘူး ဖြစ်နေပါတယ်။ အခု ဂျပန်နိုင်ငံက ပညာရှင်တွေ လာရောက်ပြီး တစ်ပိုင်တစ်နိုင် သဘာဝ မြေသြဇာ ပြုလုပ်ပုံကို ကုန်ကျစရိတ် မရှိဘဲ သင်ကြားပေး မှာပါ'' ဟု ၄င်းက ဆက်လက် ပြောသည်။
သဘာဝ မြေသြဇာ ပြုလုပ်ရာတွင် သစ်ရွက်ခြောက်များ၊ တိရစ္ဆာ န် များ၏ စွန့်ပစ် ပစ္စည်းများ၊ ရေနှင့် တခြား အသုံးဝင်သည့် မြေဆီလွှာများကို အသုံးပြု၍ တစ်ပိုင်တစ်နိုင် သဘာဝ မြေသြဇာ ပြုလုပ်ပုံများကို သင်ကြား ပေးမည်ဖြစ်သည်။
ယခုအခါ မှော်ဘီမြို့၌ ဂျပန်နိုင်ငံမှ ပညာရှင်များ စမ်းသပ် စိုက်ပျိုးသည့် အော်ဂဲနစ် သီးနှံစိုက်ခင်းများ ရာနှုန်းပြည့် အောင်မြင် နေပြီး ပြည်ပသို့ တင်ပို့ရောင်းချ နေသည့်အပြင် ထပ်မံတိုးချဲ့ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
ထက်နေ
မြ၀တီနေ့စဉ် ၊ စာ(၁၂)
Thursday, January 21, 2016
Application Expo 2016 တွင် Application ပြိုင်ပွဲကိုပါ ထည့်သွင်းကျင်းပသွားမည်
ရန်ကုန် ၊ ၂၁-၁-၂၀၁၆
Application Expo 2016 ပြပွဲတွင် နည်းပညာရှင်များနှင့် ဝက်ဘ် တီထွင်သူများ အတွက် Application ပြိုင်ပွဲတစ်ခုကို ထည့်သွင်းကျင်းပ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ Application Expo 2016 ပြပွဲကို MICT Park ၌ ဖေဖော်ဝါရီ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် ကျင်းပသွားမည် ဖြစ်ပြီး ယခုနှစ်ပြပွဲသည် လေးကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။ ယခုနှစ်ပြသသည့် ပွဲ၌သာ Application ပြိုင်ပွဲကို ထည့်သွင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
''အဓိက ရည်ရွယ်ချက် ကတော့ မိုဘိုင်းလ်ဖုန်း သုံးစွဲသူတွေ မြင့်တက်လာသလို ဆော့ဖ်ဝဲလ်ပိုင်း ကိုလည်း ဈေးကွက်မြင့် လာစေချင်တယ်။ ပုံမှန်ကတော့ ပြည်သူတွေ အသိပညာ တိုးပွားအောင် လုပ်ပေးတဲ့ သဘောပါ။  နောက်ပိုင်းမှာ နိုင်ငံတကာက ကုမ္ပဏီတွေပါ ဝင်ရောက်ပြသ နိုင်အောင်ကြိုးစား နေပါတယ်။ လက်ရှိမှာ အခန်းအရေအတွက် အကန့်အသတ် ရှိတော့ ပြည်တွင်းဈေးကွက် ကိုပဲ အဓိကထား ပါတယ်။
ထူးခြားမှုအနေနဲ့ ကတော့ ဒီနှစ်မှာ Application ပြိုင်ပွဲတစ်ခုကို လူငယ်ပညာရှင်တွေ အတွက် ရည်ရွယ်ပြီး ထည့်သွင်းပေးထား ပါတယ်''ဟု ပြပွဲစီစဉ်သူ ကိုဇော်ဇော်မျိုးလွင် က ပြောသည်။
အဆိုပါပြပွဲတွင် နည်းပညာ နယ်ပယ် အတွင်းမှ စွန့်ဦး တီထွင်သူများ၊ နည်းပညာ လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင် မည့်သူများ ပါဝင်မည်ဖြစ်ပြီး လုပ်ငန်းပေါင်း ၂၅ ခုကျော်မှ ပြခန်းပေါင်း ၃ဝ ကျော် ဝင်ရောက်ပြသ ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် နည်းပညာ ထုတ်ကုန်ရှိပြီး ပြပွဲတွင် ဝင်ရောက်ပြသရန် အခက်အခဲရှိ နေသူများကိုလည်း အခမဲ့ပြသ နိုင်ရန် ယခင်နှစ်များ အတိုင်း စီစဉ်ပေး ထားကြောင်း သိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၄)
Friday, January 15, 2016
အမေရိကန်၌ ရေပန်းစားလာသော လူမှုကွန်ရက် Application သစ်က Facebook နှင့် Twitter တို့ကို အမီလိုက်ဖွယ်ရှိ
နယူးယောက် ၊ ၁၅-၁-၂၀၁၆
အမေရိကန်နိုင်ငံ၌ ရေပန်းအစားဆုံး Application စာရင်းတွင် ဝင်ရောက်လာသည့် Peach သည် Facebook နှင့် Twitter တို့ကဲ့သို့ နာမည်ကျော် လူမှုကွန်ရက် များကို ကျော်ဖြတ်မည့် အလားအလာများ ပိုင်ဆိုင် နေသည်ဟု အမေရိကန်နေ့စဉ် သတင်းဌာန က ဖော်ပြသည်။
Peach ကို Vine ဟု အမည်ပေးထားသည့် Video Sharing Application ကို ဖန်တီးခဲ့သည့် ဒွန်ဟော့ဖ်မန်း ဆိုသူက ဖန်တီး ခဲ့ခြင်းဖြစ်သည်။ Messaging Application တစ်ခုအဖြစ် ဖန်တီးထားခြင်း ဖြစ်သော်လည်း Post တင်နိုင်သည့် အပြင် Messaging များကို မျှဝေမှုပြုလုပ်ခြင်း၊ ပေးပို့မှု ပြုလုပ်ခြင်းများ တွင်လည်း GIF ပုံရိပ်များတွင် တွဲဖက်ကာ သက်ဝင် လှုပ်ရှားသည့် အခြေအနေဖြင့် ပေးပို့ခြင်းနှင့် မျှဝေနိုင်ခြင်း များကြောင့် သုံးစွဲ သူများ၏ စိတ်ဝင်စားမှုကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် တခြား လုပ်ဆောင်ချက်အ သစ်များ ပါဝင်နေခြင်း ကလည်း Messaging Application များထဲတွင် ဆန်းသစ်သည့် အခြေအနေသို့ ရောက်ရှိ စေခဲ့သည် ။ သုံးစွဲသူများ ဘက်မှ နှစ်ခြိုက်မှု အရှိဆုံး အချက်မှာ Maic Words ဟု အမည်ပေးထားသော လုပ်ဆောင်ချက် ဖြစ်ပြီး  ပုံရိပ်များ ရှာဖွေခြင်း၊ လက်ရှိ Location ကို အသုံးပြုခြင်း စသည့် လုပ်ဆောင်ချက် များကို စာလုံးတစ်လုံး ရိုက်ထည့်ရုံဖြင့် လုပ်ဆောင် နိုင်အောင် ဖန်တီးထားခြင်း ဖြစ်သည်။
အဆိုပါ လုပ်ဆောင်ချက်ကို အသုံးပြုမည် ဆိုပါက GIF ပုံရိပ်များကို ရှာဖွေမည် ဖြစ်ပြီး GIF ဟု ရိုက်ထည့် လိုက်ရုံဖြင့် ရှာဖွေနိုင်မည် ဖြစ်သည်။ လက်ရှိ ရောက်ရှိနေသော Location ကို အသုံးပြုခြင်း၊ မျှဝေခြင်းများ ပြုလုပ်မည် ဆိုပါကလည်း here ဟု ရိုက်ထည့် လိုက်ရုံဖြင့် လုပ်ဆောင် နိုင်မည် ဖြစ်သည်။
Magic Words ဖြင့် လုပ်ဆောင်နိုင်သော လုပ်ဆောင်ချက် ၁၁ ခုအထိရှိနေပြီး ထပ်မံတိုးချဲ့ သွားရန် စီစဉ် ထားခြင်းကြောင့် Peach ကို စိတ်ဝင်စားသူ ဦးရေမြင့်တက် လာခြင်းဖြစ်သည်။ ထို့ပြင် ပုံဆွဲကာ သူငယ်ချင်းများ ထံသို့ ပေးပို့နိုင်သည့် လုပ်ဆောင်ချက်လည်း ပါရှိသည်။ Peach ကို အခမဲ့ သုံးစွဲသည့် Application အဖြစ် ဖြန့်ချိခဲ့ခြင်း ဖြစ်ကာ လက်ရှိတွင် iOS အတွက်သာ ဖြန့်ချိ ထားကြောင်း သိရသည်။
မြ၀တီနေ့စဉ် ၊ စာ(၁၁)
Tuesday, January 12, 2016
Tech-Radar ကုမ္ပဏီက ဖုန်းဟန်းဆက်များကို စုစည်းကာ အမြန်ဆုံးဟန်းဆက် ကိုရွေးချယ်
နယူးယောက် ၊ ၁၂-၁-၂၀၁၆
ကမ္ဘာပေါ်တွင် စမတ်ဖုန်း အမျိုးမျိုး ထွက်ပေါ်လျက် ရှိပြီး Octa-Core Processor များကို ထည့်သွင်း အသုံးပြု နေကြရာ Dual-Core Processor ကိုသာ အသုံးပြုထားသော iPhone 6S ၏ အမြန်နှုန်း ကလည်း စိတ်ကျေနပ် ဖွယ် ကောင်းသည့် အတွက် အမေရိကန် ပြည်ထောင်စု အခြေစိုက် Tech-Radar ကုမ္ပဏီက ဖုန်းဟန်းဆက် အမျိုးမျိုးကို စုစည်းကာ ၄င်းတို့အနက် မည်သည့်ဖုန်းက အမြန်ဆုံး ဖြစ်သည်ကို ရွေးချယ်ခဲ့ ကြကြောင်း သိရသည်။
ကုမ္ပဏီမှ ပညာရှင်များသည် Samsung Galaxy S6, Sony Xperia Z5, Sony, LG G4, Lumia အစရှိသည့် ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီများထုတ် ဟန်းဆက်များကို မည်သည့် ဟန်းဆက် က အမြန်ဆုံး ဖြစ်သည်ကို လေ့လာဆန်းစစ် ခဲ့ခြင်းဖြစ်သည်။
ရှေးဦးစွာ ဟန်းဆက်များ အားလုံးကို ပါဝါပိတ်ထားပြီး အားလုံးကို ပါဝါ တစ်ပြိုင်နက် ဖွင့်ပြီး အပလီကေးရှင်း များကို စမ်းသုံး ကြည့်ခဲ့ခြင်း ဖြစ်သည်။ အပလီကေးရှင်း ၁ဝ ခုကို ဖွင့်အသုံးပြု၊ ပိတ်ပြုလုပ်ခဲ့ခြင်း ဖြစ်ရာ ဂိမ်း၊ လူမှုကွန်ရက် အီးမေးလ် အစရှိသည့် အပလီကေးရှင်း များ ပါဝင်သည်ဟု ပညာရှင် တစ်ဦးက ပြောပြသည်။
'' Samsung Galaxy S6 ရဲ့ ပရိုဆက်ဆာ အားက အတော်လေး ကောင်းပေမယ့် ဂိမ်းတွေကို Cache လုပ်မထားတာ တွေ့ရပါတယ်။ Sony Xperia Z5 မှာ Octa-Core Chip ကြီး တပ်ထားပေမယ့် Boot  လုပ်တာနှေးတတ် တာကို တွေ့ရပါတယ်။ iPhone 6S ကတော့ ကြားရတာ အားနည်းပေမယ့် သုံးကြည့်ရင်တော့ ပေါ့နေတာကို တွေ့ရပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။
''ဖုန်းကို ပါဝါပိတ်ထားပြီး ဖွင့်တဲ့အခါ Boot Time အမြန်ဆုံးက iPhone 6S ပါ။ ၁၃ ဒသမ ၁၉ စက္ကန့်ပဲ ကြာပါတယ်။ Samsung က ဒုတိယပါ။ ပါဝါတက်ဖို့  ၁၆ ဒသမ ၂၈ စက္ကန့် ကြာပါတယ်။ LG G4 ဆိုရင် ၂၈ ဒသမ ၁၈ စက္ကန့်တောင် ကြာပါတယ်။ Lumia 950 ဆိုရင် ၃၅ ဒသမ ၂၆ စက္ကန့် နဲ့  Xperia Z5 က ၄၂ ဒသမ ဝ၇ စက္ကန့်နဲ့ အနှေးဆုံးအဖြစ် မှတ်တမ်းဝင် သွားပါတယ်'' ဟု ၄င်းက ဆက်လက် ပြောပြသည်။
#Yadanarpondaily
Wednesday, December 30, 2015
သစ်မွှေးပင်များမှ သစ်မွှေးဆီကို သစ်မွှေးဆီကုမ္ပဏီများနှင့် ပူးပေါင်း၍ ထုတ်လုပ်သွားမည်
လားရှိုး ၊ ၃၀-၁၂-၂၀၁၅
လားရှိုးမြို့နယ် အတွင်းရှိ သစ်မွှေး စိုက်သူများ အနေဖြင့် သစ်မွှေးဆီ ထုတ်လုပ်သည့် နည်းပညာ တတ်ကျွမ်းမှု မရှိသေး သောကြောင့် သစ်မွှေးကုမ္ပဏီ များနှင့် ပူးပေါင်း၍ သစ်မွှေးဆီ ထုတ်လုပ်ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လားရှိုးမြို့နယ် နောင်ဖော့ ကျေးရွာရှိ သစ်မွှေး စိုက်ခြံတစ်ခြံမှ သိရသည်။
အဆိုပါ ကျေးရွာနှင့် အနီးတစ်ဝိုက် တွင် သစ်မွှေး စိုက်ပျိုးသူ သုံးဦးခန့်သာ ရှိပြီး သစ်မွှေး စိုက်သူများ အနေဖြင့် လွန်ခဲ့သည့် သုံး၊ လေးနှစ်ခန့်မှ စတင်ကာ သစ်မွှေး စိုက်ပျိုးခြင်းကို ဆောင်ရွက်ကြပြီး စိုက်ပျိုးခဲ့သည့် အပင်များမှာ ယခု အချိန်တွင် အပင်သက်တမ်း နှစ်နှစ်မှ လေးနှစ်ခန့် တွင်သာ ရှိနေကြသည်။
သစ်မွှေးဆီ ထုတ်လုပ်နိုင်ရေး အတွက် သစ်မွှေး စိုက်သူများသည် အပင်သက်တမ်း ငါးနှစ်တွင် သစ်မွှေးကုမ္ပဏီ များနှင့် ပူးပေါင်းကာ အဆီထည့် ဆေးထိုးပြီး နှစ်နှစ် အကြာတွင် အဆီ ထုတ်လုပ်ခြင်းကို စမ်းသပ်ကာ ထုတ်လုပ် နိုင်သည့်အဆင့် ရောက်ပါက အဆီထုတ်ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီများက လာရောက် ဆေးထိုးရာတွင် ပင်စည် တစ်လက်မ အတွက် ငွေကျပ် ၆ဝဝဝ ကျသငြ့်ပီး သစ်မွှေး ပျိုးပင်ပေါက် များကို ယခင်က ရန်ကုန်မြို့တွင် ဝယ်ယူ ရသော်လည်း ယခုအခါ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနတွင် တစ်ပင်လျှင် ငွေကျပ် ၁၅ဝဝ ဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ စတင် စိုက်ပျိုးရာတွင် မိုးဦးကာလ၌ စိုက်ပျိုးကြပြီး ပျိုးပင်၏ အရွယ် ပမာဏမှာ နှစ်ပေခန့် အရွယ်မှ စတင်စိုက်ပျိုး ကြကြောင်း သိရသည်။
သစ်မွှေးပင်သည် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရာသီဥတုအတွက် ခံနိုင်ရည်ရှိသော အပင်တစ်မျိုး ဖြစ်သည်။ စတင် စိုက်ပျိုးခါစ တွင်သာ မြေသြဇာ ထည့်ပြီး မိုးများလာပါက ပေါင်းရှင်းခြင်း၊ မြေဆွခြင်းကိုသာ ဆောင်ရွက် ကြသည်။ ထို့ကြောင့် သက်တမ်း တစ်လျှောက် အထူးဂရုစိုက် စရာမလိုကြောင်း ၄င်းခြံလုပ်ငန်းမှ ခြံလုပ်သား တစ်ဦး၏ ပြောပြချက်အရ သိရသည်။ (၁၇၆)
Thursday, December 17, 2015
ဟိုက်ဒရိုဂျင် လောင်စာဆဲလ် ထည့်သွင်းထားသည့် ဘက်ထရီဖြင့် ဒရုန်းများကို မိနစ် ၆၀ ထိ ပျံသန်းနိုင်မည်
လန်ဒန် ၊ ၁၇-၁၂-၂၀၁၅
ကမ္ဘာပေါ်တွင် လူမဲ့ အဝေးထိန်းယာဉ်ပျံ ဒရုန်းများကို စစ်ဘက် နယ်ဘက် တို့၌ ကျယ်ပြန့်စွာ အသုံးပြု လာကြရာ ဘက်ထရီ အားကုန်ခန်း လွယ်သည့် ပြဿနာမှာ စိတ်ပျက်ဖွယ် ကိစ္စတစ်ရပ် ဖြစ်လာသောကြောင့် နိုင်ငံတကာ နည်းပညာ ကုမ္ပဏီများက ဒရုန်းများ အချိန်ပိုကြာမြင့်စွာ ပျံသန်းနိုင်ရန် အသုံးပြုနိုင်သည့် ဘက်ထရီကို ဖန်တီး ပြုလုပ်လျက် ရှိရာ ဗြိတိန် နည်းပညာ ကုမ္ပဏီ Intelligent Energy က ဟိုက်ဒရိုဂျင် လောင်စာဆဲလ် များ ထည့်သွင်း အသုံးပြုထားသည့် ဘက်ထရီကို ထုတ်လုပ်လိုက်ပြီး ၄င်း ဘက်ထရီ ဖြင့် ဒရုန်းများသည် နာရီနှင့်ချီ ပျံသန်း နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
''လက်ရှိအချိန်မှာ ဒရုန်းတွေ က မိနစ် ၂ဝပဲ ပျံသန်း နိုင်ပါတယ်။ အခု ကျွန်တော်တို့ ထုတ်လုပ်ထားတဲ့ ဟိုက်ဒရိုဂျင် ဘက်ထရီနဲ့ ဆိုရင် အနည်းဆုံး မိနစ် ၆ဝ ပျံသန်းနိုင်မှာ ဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင် ဘက်ထရီကို Matrice 100 အမျိုးအစား ဒရုန်းမှာ စမ်းသပ်အသုံးပြု ကြည့်ခဲ့ပြီးပါပြီ '' ဟု Intelligent Energy မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
''ဟိုက်ဒရိုဂျင် လောင်စာဆဲလ် တွေက ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ကို လျှပ်စစ်ဓာတ်အား အဖြစ် အသွင်ပြောင်းပေး ပါတယ်။ အဲဒီအတွက် ဓာတုဖြစ်စဉ် တစ်ခုတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အစွန်းထွက် ပစ္စည်းဆိုလို့ ရေငွေ့ပဲ ထွက်ပါတယ်။ ဟိုက်ဒရိုဂျင် လောင်စာဆဲလ် တွေက ပရင်တာ မင်တောင့် တွေလိုပဲ Cartridge နဲ့ လာပါတယ်။ ဒီတော့ ဒရုန်းတစ်စင်းမှာ ဘက်ထရီလဲလှယ် တပ်ဆင်ဖို့ ဆိုတာကလဲ စက္ကန့်ပိုင်း လောက်ပဲ ကြာမယ့် ကိစ္စဖြစ်လာမှာပါ'' ဟု ၄င်းက ဆက်လက် ပြောပြသည်။
ဒရုန်းနည်းပညာ တိုးတက်လာသည်နှင့် အမျှ ပုဂ္ဂလိက ဝယ်ယူသုံးစွဲသူ များလည်း အများအပြား ရှိလာရာ ကန့်သတ်နယ်မြေ များတွင် ဝင်ရောက် ပျံသန်း ကြသည့်အတွက် သက်ဆိုင်ရာမှ အရေးယူခြင်း၊ တားမြစ်ခြင်း၊ အပြစ် ပေးခြင်းများ ကိုလည်း ပြုလုပ်နေ ရကြောင်း သိရသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၂)
Tuesday, December 15, 2015
ကမ္ဘာ့ပထမဆုံး ရာနှုန်းပြည့် ပြည်လည်အသုံးပြု နိုင်မည့် ဘိုင်ပိုလီမာပလတ်စတစ် ကို စမ်းသပ်ထုတ်လုပ်
တစ်နာရီခန့် အပူပေးလိုက်ရုံဖြင့် မူလ မော်လီကျူလာ အခြေအနေသို့ ပြန်လည်ရောက်ရှိ နိုင်သည့် ဘိုင်ပိုလီမာ ပလတ်စတစ် ကို အမေရိကန် သုတေသီများက စမ်းသပ်ထုတ်လုပ် ထားပြီး ၄င်း မော်လီကျူလာ အခြေအနေမှ လိုအပ်သည့် ကုန်ပစ္စည်းကို ပြန်လည်ထုတ်လုပ် နိုင်မည်ဖြစ်သည်။
ထိုသို့ ရာနှုန်းပြည့် ပြန်လည် အသုံးပြုနိုင်မည့် ပလတ်စတစ် အမျိုးအစားကို ထုတ်လုပ်လိုက် နိုင်ခြင်းဖြစ်သည့် အတွက် ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာ ကြီးထွားလာ နေသော သဘာဝ ပတ်ဝန်းကျင် အတွက် များစွာ အထောက်အကူပြု သွားမည် ဖြစ်ကြောင်း သိရသည်။
ကော်လိုရာဒိုပြည်နယ် တက္ကသိုလ်မှ သုတေသီများက Gamma Butyrolatone (GBL)(ခေါ်) မိုနိုမာ ဓာတ်ကို အသုံးပြုကာ ဘိုင်ပိုလီမာ ပလတ်စတစ်ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ GBL ကို ဆင်ကော် ဖျက်ဆေးများ၊ သန့်ရှင်းရေး ပြုလုပ်သည့် ဆေးရည်များတွင် အသုံးပြုလေ့ ရှိကြောင်း၊ GBL ၏ ဓာတု ဖွဲ့စည်းပုံသည် တည်ငြိမ် ကျစ်လျစ် လွန်းသည့်အတွက် ဓာတ်ပြောင်း သွားအောင် ပြုလုပ်ရန် မဖြစ်နိုင် သလောက် ခဲယဉ်းသည်ဟု သိပ္ပံ ပညာအရ သိသာထင်ရှား သော်လည်း သုတေသီများ၏ မလျှော့သော ဇွဲဖြင့် အဆိုပါ ပလတ်စတစ် အမျိုးအစားသစ် ကို ရရှိခဲ့ခြင်း ဖြစ်သည်။
''လက်ရှိအချိန်မှာ ကျွန်တော်တို့ တစ်ယောက်ချင်း စီက တစ်နှစ်ကို ပလတ်စတစ်ပေါင်၂ဝဝ အသုံးပြုပါတယ်။ ဒီ ပလတ်စတစ် အများစုက ဇီဝပျက်သုဉ်း စနစ်နဲ့  ပျက်စီးသွားမှာ မဟုတ်သလို ပြန်လည် အသုံးပြုလို့ ရနိုင်တဲ့ ပစ္စည်းမျိုးလဲ မဟုတ်လေတော့ တစ်နှစ်ကို ပလတ်စတစ် တန်ချိန် သန်း ၂၇ဝ တိုးတိုးလာနေတာ ဖြစ်ပြီး တန်ချိန် ၁၈ သန်းလောက်က သမုဒ္ဒရာတွေ ထဲကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ အစကတည်းက ဖျက်ဆီး ပစ်ရမယ့် ပလတ်စတစ် တန်ချိန် ၂၄၃၉၇၈ ဟာ ပင်လယ် သမုဒ္ဒရာ တွေထဲမှာ ပလတ်စတစ် တွေဟာ ကျွန်းကြီးတွေလို များပြားလာတာ ဖြစ်နေပါတယ်''ဟု သုတေသီ တစ်ဦးက ပြောပြ၍ သိရသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၂)
Tuesday, December 8, 2015
သွေးနမူနာစစ်ဆေးကာ ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ပေးမည့်စနစ် ပါဝင်သော စမတ်နာရီများထုတ်ရန် Google ပြင်ဆင်
News: Blood Drawing Device : Blood sampling could be coming to Google's future smartwatches
Google ကုမ္ပဏီသည် သွေးနမူနာများ စစ်ဆေးပေးပြီး ကျန်းမာရေး အခြေအနေကို စောင့်ကြည့်ပေးမည့် စနစ် ပါဝင်သော စမတ်နာရီများ ထုတ်လုပ်ရန် ပြင်ဆင်လျက် ရှိကြောင်း Androidwearfuture သတင်းဌာန မှ သိရသည်။
လက်ရှိတွင် နှလုံးခုန်နှုန်းအား စောင့်ကြည့် မှတ်တမ်းတင်ကာ ကျန်းမာရေး အခြေအနေ များကို အကြံပြုခြင်း၊ သတိပေးခြင်းများ ပြုလုပ်နိုင်သည့် စနစ်ကို စမတ်နာရီ များတွင် ထည့်သွင်း အသုံးပြုနေပြီ ဖြစ်သည်။
Google သည် ခန္ဓာကိုယ်၏ ကျန်းမာရေး အခြေအနေကို ပိုမို အထောက်အကူ ပြုနိုင်ရန် ရည်ရွယ်သည့် အနေဖြင့် သွေးနမူနာ များအား စောင့်ကြည့်တိုင်းတာ ပေးမည့်စနစ် ထည့်သွင်းရေး အတွက် ပြင်ဆင်ခြင်း ဖြစ်သည်။
အဆိုပါစနစ်တွင် မျက်စိဖြင့် မမြင်နိုင်သော အမှုန်များနှင့် အသံလှိုင်းများကို အရေပြား အတွင်းသို့ ပို့လွှတ်ကာ သွေးနမူနာ ရယူမည်ဖြစ်ပြီး တုံ့ပြန်လာသည့် အခြေအနေ များပေါ် မူတည်၍ ကျန်းမာရေး အခြေအနေ ကို အကဲဖြတ် မှတ်တမ်းတင် သွားမည် ဖြစ်သည်။
သွေးလည်ပတ်မှု စနစ်မှာ ကျန်းမာရေးကို အကဲဖြတ်နိုင်သည့် ခန္ဓာကိုယ်၏ လုပ်ဆောင်ချက် တစ်ခု ဖြစ်ခြင်းကြောင့် Google သည် သွေးနမူနာကို လေ့လာကာ ကျန်းမာရေးကို အထောက်အကူ ပြုစေသည့် စနစ် တီထွင်ရန် စီစဉ်ခြင်း ဖြစ်သည်။
အဆိုပါစနစ်ကို လက်ရှိတွင် စတင်ဖန်တီး နေပြီဟု Google နည်းပညာဌာနခွဲ နှင့်နီးစပ် သူများက အတည်ပြု ထားသည်။ သို့သော် Google သည် အဆိုပါ စနစ် ထည့်သွင်းထားသော စမတ်နာရီများကို လာမည့်နှစ် အတွင်း စတင် ဈေးကွက်တင်ရန် ရည်မှန်းထား သော်လည်း ရည်ရွယ်သကဲ့သို့ ဖြစ်လာရန် မလွယ်ကူကြောင်း ခန့်မှန်းထားသည်။
မြ၀တီနေ့စဉ် ၊ စာ(၁၁)
Related Posts Plugin for WordPress, Blogger...