Social Icons

Pages

Tuesday, July 16, 2013

မိုးရာသီ ကုန်စည်စီးဆင်းမှု နည်းပါးနေသဖြင့် ကုန်တင်ယာဉ်ကြီးအချို့ လုပ်ငန်းရပ်နားထား


ရန်ကုန် ၊ ၁၆-၇-၂၀၁၃

မိုးရာသီ ကုန်စည် စီးဆင်းမှု နည်းပါး နေသဖြင့် ကုန်တင်ယာဉ်ကြီး အချို့ လုပ်ငန်းများ ရပ်နား ထားရကြောင်း ကုန်တင်ယာဉ် ပိုင်ရှင်များ ထံက သိရသည်။

အထက် အောက် စုန်ဆန်ကာ ကုန်စည် တင်ပို့ နေကြရသည့် ကုန်တင်ယာဉ် ကြီးများ အနေဖြင့် ယခုကဲ့သို့သော ကာလမျိုးတွင် ကုန်စည် တင်ပို့မှု နည်းပါး တတ်သော်လည်း လမ်းတံတား ကြေးများကြောင့် ကုန်စည် သယ်ယူ ပို့ဆောင်ခ မမျှတသဖြင့် အရှုံးပေါ် နိုင်ခြင်း ကြောင့်လည်း ရပ်နားထား ကြခြင်း ဖြစ်ကြောင်း ယာဉ်ပိုင်ရှင် အချို့က ပြောကြားသည်။

ပုံမှန်အားဖြင့် မိုးကာလတွင် ကုန်စည် သယ်ယူ ပို့ဆောင်ရမှုမှာ ပွင့်လင်းရာသီ ထက်နည်းသည် မှန်သော်လည်း ယခုနှစ်တွင် ကုန်စည် ရှားပါးမှု မှာ ယမန်နှစ်ထက် များကြောင်း သိရသည်။ ယင်းအပြင် အရောင်းအ၀ယ် ပါးနေသည့် ရာသီ ဖြစ်သည့် အတွက် ကုန်တင်ယာဉ် အချို့က တန်ဆာခများ လျှောချ ပေးခဲ့သော်လည်း ကုန်အတက် နည်းနေဆဲပင် ဖြစ်ကြောင်း မြန်မာနိုင်ငံ အထက်ပိုင်းရှိ ကုန်တင်ယာဉ် ပိုင်ရှင် အချို့က ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံ အထက်ပိုင်းတွင် ကုန်တန်ဆာခ များကို ဇွန်လမှ စတင်ကာ လျှော့ပေးခဲ့ပြီး မန္တလေး မှ မူဆယ်သို့ ကုန်စည် တစ်ပိဿာလျှင် ငွေကျပ် ၇၅ ကျပ်မှ ၅၄ ကျပ်သို့ လည်းကောင်း ၊ မူဆယ်မှ မန္တလေး သို့ ကုန် တစ်ပိဿာလျှင် ငွေကျပ် ၃၈ ကျပ် ၀န်းကျင်သာ ရှိကြောင်း သိရသည်။


မန္တလေး - မူဆယ် လမ်းကြောင်းတွင် ဆန်ကို အဓိက တင်ပို့ကြခြင်း ဖြစ်ပြီး မူဆယ်ဘက်မှ ဆန်ဈေးကျ သွားသဖြင့် ကုန်တက်နည်း ခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ယာဉ်ပိုင်ရှင် များက သုံးသပ် ပြောကြား ခဲ့သည်။ ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ် ပထမ ၃ လဖြစ်သည့် ဧပြီ ၊ မေ နှင့် ဇွန်လများတွင် မူဆယ် လမ်းကြောင်း မှ ဆန်တန်ချိန် ၂၅၁၀၀၀ တင်ပို့ ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...