Social Icons

Pages

Tuesday, December 15, 2015

ကမ္ဘာ့ပထမဆုံး ရာနှုန်းပြည့် ပြည်လည်အသုံးပြု နိုင်မည့် ဘိုင်ပိုလီမာပလတ်စတစ် ကို စမ်းသပ်ထုတ်လုပ်



တစ်နာရီခန့် အပူပေးလိုက်ရုံဖြင့် မူလ မော်လီကျူလာ အခြေအနေသို့ ပြန်လည်ရောက်ရှိ နိုင်သည့် ဘိုင်ပိုလီမာ ပလတ်စတစ် ကို အမေရိကန် သုတေသီများက စမ်းသပ်ထုတ်လုပ် ထားပြီး ၄င်း မော်လီကျူလာ အခြေအနေမှ လိုအပ်သည့် ကုန်ပစ္စည်းကို ပြန်လည်ထုတ်လုပ် နိုင်မည်ဖြစ်သည်။

ထိုသို့ ရာနှုန်းပြည့် ပြန်လည် အသုံးပြုနိုင်မည့် ပလတ်စတစ် အမျိုးအစားကို ထုတ်လုပ်လိုက် နိုင်ခြင်းဖြစ်သည့် အတွက် ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာ ကြီးထွားလာ နေသော သဘာဝ ပတ်ဝန်းကျင် အတွက် များစွာ အထောက်အကူပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ကော်လိုရာဒိုပြည်နယ် တက္ကသိုလ်မှ သုတေသီများက Gamma Butyrolatone (GBL)(ခေါ်) မိုနိုမာ ဓာတ်ကို အသုံးပြုကာ ဘိုင်ပိုလီမာ ပလတ်စတစ်ကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ GBL ကို ဆင်ကော် ဖျက်ဆေးများ၊ သန့်ရှင်းရေး ပြုလုပ်သည့် ဆေးရည်များတွင် အသုံးပြုလေ့ ရှိကြောင်း၊ GBL ၏ ဓာတု ဖွဲ့စည်းပုံသည် တည်ငြိမ် ကျစ်လျစ် လွန်းသည့်အတွက် ဓာတ်ပြောင်း သွားအောင် ပြုလုပ်ရန် မဖြစ်နိုင် သလောက် ခဲယဉ်းသည်ဟု သိပ္ပံ ပညာအရ သိသာထင်ရှား သော်လည်း သုတေသီများ၏ မလျှော့သော ဇွဲဖြင့် အဆိုပါ ပလတ်စတစ် အမျိုးအစားသစ် ကို ရရှိခဲ့ခြင်း ဖြစ်သည်။

''လက်ရှိအချိန်မှာ ကျွန်တော်တို့ တစ်ယောက်ချင်း စီက တစ်နှစ်ကို ပလတ်စတစ်ပေါင်၂ဝဝ အသုံးပြုပါတယ်။ ဒီ ပလတ်စတစ် အများစုက ဇီဝပျက်သုဉ်း စနစ်နဲ့  ပျက်စီးသွားမှာ မဟုတ်သလို ပြန်လည် အသုံးပြုလို့ ရနိုင်တဲ့ ပစ္စည်းမျိုးလဲ မဟုတ်လေတော့ တစ်နှစ်ကို ပလတ်စတစ် တန်ချိန် သန်း ၂၇ဝ တိုးတိုးလာနေတာ ဖြစ်ပြီး တန်ချိန် ၁၈ သန်းလောက်က သမုဒ္ဒရာတွေ ထဲကို ရောက်ရှိသွားတာ ဖြစ်ပါတယ်။ အစကတည်းက ဖျက်ဆီး ပစ်ရမယ့် ပလတ်စတစ် တန်ချိန် ၂၄၃၉၇၈ ဟာ ပင်လယ် သမုဒ္ဒရာ တွေထဲမှာ ပလတ်စတစ် တွေဟာ ကျွန်းကြီးတွေလို များပြားလာတာ ဖြစ်နေပါတယ်''ဟု သုတေသီ တစ်ဦးက ပြောပြ၍ သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...