Showing posts with label စီးပွားရေးဆိုင်ရာ. Show all posts
Showing posts with label စီးပွားရေးဆိုင်ရာ. Show all posts
Thursday, October 11, 2018
ရေရှည်စီမံကိန်းများချမှတ်ခြင်းဖြင့်သာ ကမ္ဘာ့ စီးပွားရေးကျဆင်းမှုကို ရှောင်ရှားနိုင်မည်
ကုန်သွယ်ရေးတင်းမာမှုတွေ၊ အကြွေးပိ မှုတွေကြောင့် စီးပွားရေးအဆင်မပြေမှုတွေ ပိုမိုမြင့်တက်လာတဲ့အတွက် ဒီနှစ်အတွင်းနဲ့လာမယ့်နှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကျဆင်းသွားမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က ခန့်မှန်းထားပါတယ်။
-
အဓိကအားဖြင့် အမေရိကန်နဲ့တရုတ် ကြားဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတိုးတက်မှုက သိသိသာသာကျဆင်းသွားမှာဖြစ်ပြီး ၂ဝ၁၈ ခုနှစ်နဲ့ ၂ဝ၁၉ ခုနှစ်အတွင်း ကမ္ဘာ့
အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) က ၁ဝ ပုံ ၂ ပုံအထိကျဆင်းသွားမှာဖြစ်တယ် လို့ IMFက သုံးလတစ်ကြိမ်ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေးအမြင် အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
-
ဒါ့ပြင် စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဒီနှစ်အတွင်း စီးပွားရေးကျဆင်းမှုကို ဆိုးဆိုးရွားရွားခံစားရမှာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ကတော့ လာမယ့်နှစ်ကျမှသာ စီးပွားရေးကျဆင်းမှုကို
ခံစားရမှာဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြ ထားပါတယ်။ ဒါကြောင့် အရင်အစီရင်ခံစာတွေမှာ ဖော်ပြခဲ့တဲ့ အန္တရာယ်တွေက လက်တွေ့ကမ္ဘာမှာ အမှန်တကယ်ဖြစ်ပေါ်လာပြီဖြစ်ကြောင်း IMF က သတိပေး ထားပါတယ်။
-
အမေရိကန်အစိုးရက နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခွန်ငွေ လျှော့ချပေးခြင်းနဲ့ မူဝါဒပြောင်းလဲခြင်းတို့မှ တစ်ဆင့် စီးပွားရေးလုပ်ငန်းတွေကို လှုံ့ဆော် ပေးနိုင်မှုကြောင့် စီးပွားရေးကျဆင်းမှုဒဏ်
ကို အလွန်အမင်းမခံစားရပေမယ့်လည်း ဒီအရာတွေအားလုံးက ၂ဝ၂ဝ ပြည့်နှစ်မှာ ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်စတင်လိုက်တဲ့ ကုန်သွယ်ရေးပဋိပက္ခတွေကြောင့် အဓိကကုန်
သွယ်ဖက်နိုင်ငံတွေကြား ထပ်ဆောင်းအခွန်တွေ အပြန်အလှန်ချမှတ်ခြင်းတွေ ဖြစ်ပေါ် စေခဲ့ပါတယ်။ အဲဒီရဲ့အကျိုးဆက်က ဘယ်သူတွေကိုထိခိုက်စေလဲဆိုရင် တရုတ်နိုင်ငံ အပါအဝင် တခြားအာရှစီးပွားရေးအင်အား ကြီးနိုင်ငံတွေ၊ အာဂျင်တီးနား၊ တူရကီနဲ့ ဘရာဇီးတို့လို အားနည်းချက်ရှိတဲ့နိုင်ငံတွေကို ထိခိုက်စေပါတယ်။
-
ပြည်တွင်းလုပ်ငန်းများကို အကာအကွယ် ပေးရေးမူဝါဒ မြင့်တက်လာခြင်း
-
ပြည်တွင်းလုပ်ငန်းတွေကို အကာအကွယ် ပေးရေးဆိုတဲ့ပြောဆိုမှုတွေက လုပ်ဆောင်မှု အဖြစ်သို့ ပြောင်းလဲလာတာကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေး တင်းမာမှုတွေမြင့်တက် လာခြင်းက ကမ္ဘာ့စီးပွားရေး အတွက်အဓိက ကျတဲ့ စိန်ခေါ်မှု ဖြစ်လာပါတယ်။
-
အဲဒီပြည်တွင်း လုပ်ငန်းတွေကို အကာအကွယ်ပေးရေး လုပ်ဆောင်မှုတွေမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒေါ်လာ ၂၅ဝ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ် ကုန်ပစ္စည်းတွေ အပေါ် ထပ်ဆောင်း အခွန်တိုးမြှင့်ကောက် ခံခြင်းနဲ့ ကမ္ဘာတစ်ဝန်းမှ တင်သွင်းတဲ့ အလူမီနီယမ်နဲ့ သံမဏိတွေအပေါ် ထပ်ဆောင်း အခွန်ကောက်ခံခြင်း တို့လည်း ပါဝင်ပါတယ်။
-
ဒါကြောင့် ကုန်သွယ်ရေး တင်းမာမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မသေချာမရေရာမှုတွေက စက်မှု လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ် နှံမှုကို ဆိုင်းငံ့ခြင်း ဒါမှမဟုတ် စွန့်လွှတ်ခြင်းတို့ကို လုပ်ဆောင်လာနိုင်ပါတယ်။ အဲဒီလို လုပ်ဆောင်လာရင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ဝယ်လိုအားကဏ္ဍတွေမှာ တိုးတက်မှုနှေးကွေး သွားနိုင်ပါတယ်။ အကယ်၍ အဲဒီလိုနှေးကွေးမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကုန်သွယ်ရေး တင်းမာမှုတွေက အမြင့်ဆုံးအခြေအနေ အထိရောက်ရှိနိုင်ပြီး စီးပွားရေးပျက်ကပ် အနေအထားဆီ ဦးတည်သွားနိုင်တယ်လို့ IMF က သတိပေးထားပါတယ်။
-
ဒီနှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်းက ၄ ဒသမ ၂ ရာခိုင်နှုန်း သာရှိပြီး IMF က ဇူလိုင်လအတွင်း ခန့်မှန်း ထားတဲ့ပမာဏထက် ၁ဝ ပုံ ၆ ပုံနည်းပါးပြီး လာမယ့်နှစ်မှာဆိုရင်တော့ စီးပွားရေးတိုး တက်မှုက ၄ ရာခိုင်နှုန်းသာရှိတော့မှာဖြစ်ပါတယ်။ ဒါ့ပြင် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုက ၃ ဒသမ ၆ ရာခိုင်နှုန်းသာရှိတော့မယ်လို့ IMF က အခုအစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။
-
ဒါကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုရဲ့ရလဒ်တွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်ဖို့၊ အဖွဲ့အစည်းတွေ အပေါ်အယုံအကြည် မရှိမှု တိုးမြင့်လာခြင်းကို တုံ့ပြန်ရာမှာ ကူညီနိုင်ဖို့နဲ့ ဖွဲ့စည်းပုံပြောင်းလဲရာမှာ ပြည်တွင်း လုပ်ငန်းအကာအကွယ် ပေးရေးလုပ်ဆောင် မှုတွေကို ရှောင်ရှားနိုင်ဖို့ အစိုးရတွေအနေနဲ့ မူဝါဒတွေ ချမှတ်သင့်တယ်လို့ IMF က တိုက်တွန်းထားပါတယ်။ ဒါ့ပြင် ကုန်သွယ် ရေးတိုးတက်စေဖို့ အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ ပူးပေါင်းအဖြေရှာ ဆောင်ရွက်ဖို့ ၎င်းတို့က အလေးအနက်ပြောထားပါတယ်။
-
စိန်ခေါ်မှုများကိုရင်ဆိုင်နေရတဲ့ တရုတ်နဲ့ အမေရိကန်
-
တရုတ်နဲ့ အမေရိကန် အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးက ဒီနှစ်အတွင်း ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက် နိုင်ပြီး ၂ဝ၁၉ ခုနှစ်မှာ ၂ ဒသမ ၅ ရာခိုင် နှုန်းနဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ ၁ ဒသမ ၈ ရာခိုင် နှုန်းသာ မြင့်တက်တော့ မယ်လို့ IMF က ခန့် မှန်းထား ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည် ထောင်စုရဲ့ အခွန်ငွေလျှော့ချမှုနဲ့ ငွေကြေးသုံး စွဲမှုတိုးမြှင့်ခြင်းတွေက စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေပါတယ်။
-
ဒါ့ပြင် ကုန်သွယ်ရေး ပဋိပက္ခမြင့်တက် မှုကြောင့်ဖြစ် ပေါ်လာတဲ့ ရုတ်တရက် ငွေကြေးဖောင်းပွမှု မဖြစ်အောင်လည်း အတန်အသင့်အကူအညီ ပေးနိုင်ပြီး အပြန်အလှန်အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့အတိုးနှုန်းတွေက မျှော်မှန်း ထားတာထက် ပိုမိုလျင်မြန်စွာ မြင့်တက်လာ စေပါတယ်။
-
ကုန်သွယ်ရေး ပဋိပက္ခက တရုတ်နိုင်ငံ အတွက်တော့ ပြောပလောက် အောင်ထိခိုက်မှု မဖြစ်စေပါဘူး။ ဒီနှစ်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုက ၆ ဒသမ ၆ ရာခိုင် နှုန်းအထိ ကျဆင်းမှာဖြစ်ပြီး ၂ဝ၁၉ ခုနှစ်မှာတော့ ၆
ဒသမ ၂ ရာခိုင်နှုန်းသာကျဆင်းမှာ ဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်အစိုးရရဲ့စီးပွားရေး လှုံ့ဆော်မှုလုပ်ဆောင်ချက်တွေက ထပ်ဆောင်း အခွန်ကြောင့် ဖြစ်ပေါ်လာတဲ့အကျိုး ဆက်တွေကို အနည်းငယ် ပြေလျော့စေဖွယ် ရှိပါတယ်။
-
ကုန်ထုတ်စွမ်းအားစိန်ခေါ်မှု
-
ရေရှည်ကာလကို ကြည့်မယ်ဆိုရင် သက်ကြီးရွယ်အို အရေအတွက် များပြားလာခြင်းနဲ့ ကုန်ထုတ်စွမ်းအား တိုးတက်မှုနှေးကွေးခြင်းတို့က စီးပွားရေးဖွံ့ဖြိုးတဲ့ နိုင်ငံတွေအတွက်
အဓိက စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံတွေရဲ့စီးပွားရေး ကျဆင်းမှုကြောင့်ပဲ တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုက ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှာ ၃ ဒသမ ၆ ရာခိုင် နှုန်းအထိ ကျဆင်းသွားမှာ ဖြစ်ပါတယ်။
-
ဒါကြောင့် အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ ဘဏ္ဍာရေး မူဝါဒတွေ၊ ပညာသင်ကြားရေး ရင်းနှီးမြှုပ်နှံမှုတွေ သာတူညီမျှရှိရေးအတွက် ပြည့်စုံလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုစနစ်ပေးရေးတွေကို ရေရှည်စီမံကိန်း ရေးဆွဲပြီး လုပ်ဆောင်ရမှာဖြစ်သလို ဒီအချက်တွေကလည်း အဓိကဦးစားပေး လုပ်ဆောင်ရမယ့် အချက်တွေ ဖြစ်ပါတယ်။ ဒီလိုရေရှည် စီမံကိန်းတွေကို ဆောင်ရွက်ပေးမှသာ ကုန်သွယ်ရေး စစ်ပွဲရဲ့ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိမှာဖြစ်ပြီး စီးပွားရေးကျဆင်းမှုကနေ ရှောင်ရှား နိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပါတယ်။
Ref: AFP, Bloomberg
#မြ၀တီနေ့စဉ်သတင်းစာ
Tuesday, October 2, 2018
စိုက်ပျိုးမှုနည်းစနစ်အားနည်းချက်ကြောင့်  တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့ ဖရဲသီးတင်ပို့ရန် အခက်အခဲရှိဟုဆ
ရန်ကုန် အောက်တိုဘာ ၁
စိုက်ပျိုးမှုနည်းစနစ်အားနည်းချက်ကြောင့် တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့ ဖရဲသီးတင်ပို့ရန်အခက် အခဲရှိကြောင်း မြန်မာနိုင်ငံ ဖရဲအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်း ရွှေမောင်က ပြောပြ၍ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ဖရဲသီးကို တရုတ်နိုင်ငံသို့သာ တင်ပို့ ရောင်းချနေပြီး အခြားနိုင်ငံများသို့ တင်ပို့နိုင်ရန် ဖရဲဈေးကွက်လိုအပ် လျက်ရှိကြောင်း၊ ယခုလက်ရှိအချိန် တွင်လည်း မြန်မာနိုင်ငံမှထွက်ရှိသည့်
ဖရဲသီးကို တရုတ်နိုင်ငံတစ်ခုတည်းကသာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
-
"မြန်မာနိုင်ငံကထွက်တဲ့ဖရဲသီးကို တရုတ် နိုင်ငံတစ်နိုင်ငံတည်းကသာ ဝယ်ယူနေပါတယ်။ တခြားနိုင်ငံတွေကတော့ ဝယ်ယူမှုမရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တော်ရုံတန်ရုံ လောက်ဖရဲသီးဆိုရင် တရုတ်
နိုင်ငံက ဝယ်ယူပါတယ်။ တခြားနိုင်ငံတွေကျတော့ အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးမှသာ ဝယ်ယူတဲ့အတွက် လောလောဆယ် တရုတ်နိုင်ငံကိုပဲ တင်ပို့နိုင်သေးပါတယ်" ဟု မြန်မာနိုင်ငံ ဖရဲအသင်းမှ
ဒုတိယဥက္ကဋ္ဌ ဦးစိုင်းရွှေမောင်က ပြောပြသည်။
-
မြန်မာနိုင်ငံတွင်လည်း အော်ဂဲနစ် စနစ်ဖြင့် ဖရဲစိုက်ပျိုးရန် ရေမြေနေအထားနှင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ အခက်အခဲရှိသည့်အတွက် တရုတ်နိုင်ငံမှလွဲ၍ အခြားပြည်ပဈေးကွက်သို့ ဖရဲသီးနှံ
ထိုးဖောက်နိုင်ရန် မလွယ်ကူကြောင်း သိရသည်။
-
"ပြည်တွင်းမှာကလဲ ဖရဲစိုက်ဧကတွေ တဖြည်းဖြည်းရှားလာတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ဖရဲသီးနှံကို တစ်ခါစိုက်ပြီးရင် အဲဒီမြေမှာ ထပ်မံစိုက်ပျိုးရင် အထွက်နှုန်းရော၊ ဖရဲသီးရဲ့အရည်အသွေး
ရော ကျဆင်းလာတဲ့အတွက် ဖရဲစိုက်ပျိုးဖို့ မြေနေရာတွေကို ရွှေ့ပြောင်း စိုက်ပျိုးလာကြတယ်။ပြီးတော့ ဖရဲစိုက်ခင်းမှာ ပိုးမွှားအန္တရာယ်ရှိတဲ့အတွက် ပိုးသတ်ဆေးတွေကို အသုံးပြုရပါတယ်။ ဒါကြောင့် အော်ဂဲနစ်
သီးနှံဖြစ်ဖို့နဲ့ ပြည်ပဈေးကွက်တွေမှာ ထိုးဖောက်နိုင်ဖို့အတွက် အခက်အခဲရှိပါတယ်" ဟု မြန်မာနိုင်ငံ ဖရဲအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းရွှေမောင်က ပြောပြ၍ သိရသည်။
-
#ရတနာပုံနေ့စဉ်သတင်းစာ
Tuesday, September 18, 2018
မြန်မာနိုင်ငံ၌ SKD စနစ်ဖြင့် ကားထုတ်လုပ်ရန် လျှောက်ထားသော ပြည်ပကား ကုမ္ပဏီများအနက် တရုတ်နိုင်ငံမှ အများဆုံးဖြစ်
ရန်ကုန် ၁၈-၉-၂၀၁၈
စက်မှုဝန်ကြီးဌာနသည် ၂ဝ၁၉ ခုနှစ် တွင် မြန်မာနိုင်ငံ၌ SKD (Semi Knock Down) စနစ်ဖြင့် ပြည်ပကား ကုမ္ပဏီများကို ထုတ်လုပ်ခွင့်ပေးမည် ဖြစ်ရာ တရုတ်နိုင်ငံမှ ကားကုမ္ပဏီများက အများဆုံး လျှောက်ထားကြောင်း သိရသည်။
လက်ရှိ ယင်းလုပ်ငန်းဆောင်ရွက်ရန် ပြည်ပမှ ကားထုတ်လုပ်သော ကုမ္ပဏီငါးခုမှ လျှောက်ထားရာ တရုတ်နိုင်ငံမှ ကားကုမ္ပဏီ သုံးခုပါဝင်ကြောင်း သိရသည်။ မကြာမီ စက်မှုဝန်ကြီးဌာနမှ SKD စနစ်ဖြင့် ကားထုတ်လုပ်လိုသော ပြည်ပကားကုမ္ပဏီများ ၏လျှောက်ထားမှုကို လက်ခံမည်ဖြစ်ပြီး လက်ရှိတွင် တရုတ်နိုင်ငံမှ ကားကုမ္ပဏီများက အောင်မြင်မှု ရရှိနေကြောင်းနှင့် လျှောက်ထားသော ကုမ္ပဏီများထဲမှ သင့်လျော်သော ကုမ္ပဏီကို စက်မှုဝန်ကြီး ဌာနမှ ရွေးချယ်လုပ်ကိုင်ခွင့်ပေးမည်ဖြစ် ကြောင်း သိရသည်။
''မြန်မာနိုင်ငံရဲ့ ပြည်သူအများစုက တန်ဖိုးသင့်နဲ့ တန်ဖိုးနည်းကားတွေကို အဓိကအနေနဲ့ ဝယ်ယူစီးနင်းကြတဲ့အတွက် တရုတ်နိုင်ငံက ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း အဲဒီလိုကားတွေကိုပဲ အဓိက ထုတ်လုပ်တာဖြစ်လို့ တရုတ်ကား ကုမ္ပဏီတွေက ဈေးကွက် ဝင်တာပါ။ SKD စနစ်အရ တရုတ်နိုင်ငံက ကားကုမ္ပဏီတွေသာ လုပ်ကိုင်ခွင့်ရရင် တရုတ်မှာရှိတဲ့ စက်ရုံကနေ ပစ္စည်းတွေကို တင်သွင်းပြီး ပြည်တွင်းမှာ ပြန်လည် တပ်ဆင်ထုတ်လုပ်မှာပါ။
တရုတ်နိုင်ငံက ကားကုမ္ပဏီတွေက လက်ရှိအချိန်မှာ နည်း ပညာကောင်းတွေ အသုံးပြုပြီး ကားတွေကို ထုတ်လုပ်နေတာကြောင့် ပြည်တွင်းကို ဝင်လာရင်အကျိုးရှိမှာပါ'' ဟု မြန်မာနိုင်ငံ မော်တော်ယာဉ်တင်သွင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်း ကပြောသည်။
# မြ၀တီနေ့စဉ်သတင်းစာ
Monday, January 8, 2018
ကျောက်ဖြူ အထူးစီးပွားရေးဇုန်၌ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် တရုတ်နိုင်ငံမှ စိတ်ဝင်စား
ကျောက်ဖြူ ၈-၁-၂ဝ၁၈
ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၌ စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရန် တရုတ်နိုင်ငံက အထူးစိတ်ဝင်စား လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Hong Liang ထံမှ သိရသည်။
''တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ လုပ်နေပါတယ်။ အထူးသဖြင့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားနေပါတယ်။ ကျောက်ဖြူအထူး စီးပွားရေးဇုန်က ရခိုင်ပြည်နယ် အတွင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်နိုင်မှာဖြစ်သလို နေရပ်ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း လုပ်ဆောင်ပေးနိုင်တဲ့ စီးပွားရေးဇုန်ဖြစ်လို့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားနေပါတယ်'' ဟု တရုတ်သံအမတ်ကြီး Hong Liang ကပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဆင်းရဲမှုကို ထိထိရောက်ရောက် လျှော့ချနိုင်ပါက ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအကျိုးရှိစေမည် ဖြစ်သဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ အတွင်းရှိ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပူးပေါင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် လက်ရှိ ရခိုင်ပြည်နယ်အတွင်း ကိစ္စရပ်များနှင့် ပတ်သက်၍ အဆင့် (၃) ဆင့်ဖြင့် ပြုလုပ်ရန် အဆိုပြုခဲ့ပြီး ယင်းအဆိုပြုချက်များ ကိုလည်း မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်နှင့် တခြားသောနိုင်ငံ တကာမှလည်း အသိအမှတ်ပြု သဘောတူကာ တချို့သောအချက်များကို ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
#Themyawadydaily
Friday, July 14, 2017
ကိုယ်ပိုင် အမှတ်တံဆိပ်ဖြင့် လက်ဖက်ရောင်းချသူများ ဆိုးဆေးပါ မပါစစ်ဆေးနိုင်ရန် နည်းပညာနှင့် ပစ္စည်းများ FDA မှ ပံ့ပိုးပေးမည်
ရန်ကုန် ၁၄-၇-၂၀၁၇
ပြည်တွင်းရှိ ကိုယ်ပိုင်အမှတ် တံဆိပ်ဖြင့် လက်ဖက်ရောင်းချ သူများအား ဆိုးဆေးပါ၊ မပါ ကိုယ်တိုင်စစ်ဆေး သိရှိနိုင်ရန် စစ်ဆေးသည့် နည်းပညာနှင့် ပစ္စည်းများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။
လက်ဖက်များတွင် တားမြစ်ထားသည့် အဝါရောင် ဆိုးဆေးများ အသုံးပြုထားသည်ကို စစ်ဆေးတွေ့ရှိ ရသဖြင့် ယင်းဆိုးဆေးကို ချက်ချင်းစစ်ဆေး သိရှိနိုင်သည့် စက်များနှင့် နည်းပညာများအား FDA မှ ပံ့ပိုးကူညီ ပေးမည် ဖြစ်သည်။
''လက်ဖက်မှာပါတဲ့ အဝါရောင်ဆိုးဆေးက စားသုံးလို့မရပါဘူး။ ဒါကြောင့် ဒါကိုစစ်ဆေးဖို့ စစ်ဆေးနည်းနဲ့ ပစ္စည်းကိရိယာ လိုချင်ကြတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ရောင်းချသူ တွေအတွက် အဓိက လိုအပ်ပါတယ်။ စစ်ဆေးနည်းသင်ချင်တယ် ဆိုရင်တော့ ကျွန်တော်တို့ဘက်က နည်းပညာပိုင်းနဲ့ ပစ္စည်းပိုင်းကို ပံ့ပိုးပေးလို့ရပါတယ်''ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင် ကပြောသည်။
ထိုသို့စစ်ဆေးရာတွင် ချက်ချင်း အဖြေထွက်နိုင်မည့် Test Tube များဖြင့် စစ်ဆေးနိုင်မည် ဖြစ်ပြီး စစ်ဆေးသည့်နည်းမှာ လွယ်ကူ၍ ရောင်းချသူများ ကိုယ်တိုင် စစ်ဆေးနိုင်ရန် နည်းပညာများကို ပြသကာ စက်များအား ရောင်းချပေးမည် ဖြစ်သည့်အပြင် အမှတ်တံဆိပ် ကပ်ကာ Test Tube မှ ထောက်ခံချက် ပေးအပ်ပြီး ရောင်းချနိုင်မည် ဖြစ်ကြောင်း သိရသည်။
#Themyawadydaily
Wednesday, June 7, 2017
ပြည်ပမှ ဘိလပ်မြေတင်သွင်းမှု ၆ဝ ရာခိုင်နှုန်းလျော့ကျ
ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံတစ်ရုံကို တွေ့ရစဉ်။
ရန်ကုန် ၇-၆-၂၀၁၇
ပြည်တွင်း၌ ပြည်ပမှ ဘိလပ်မြေစက်ရုံ လုပ်ငန်းများတွင် ဖက်စပ်ရင်းနှီးမြှုပ်နှံလာရာ ယခုဘဏ္ဍာနှစ်အတွင်း လက်ရှိအချိန်ထိ ပြည်ပမှ ဘိလပ်မြေတင်သွင်းမှု ၆ဝ ရာခိုင်နှုန်းအထိ လျော့ကျလာကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
''အဓိကက ပြည်တွင်းမှာ ဘိလပ်မြေစက်ရုံ တော်တော်များများကို လာရောက်ရင်းနှီးမြှုပ်နှံ တည်ဆောက်တာတွေ ရှိလာတော့ ပြည်ပက ဘိလပ်မြေ တင်သွင်းတာတွေ တစ်နှစ်ထက်တစ်နှစ် လျော့ကျလာတယ်။ အခုဘဏ္ဍာနှစ် လက်ရှိအချိန်ထိ အရင်နှစ်က တင်သွင်းမှုထက် လျော့နည်း လာတာတွေ့ရတယ်''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်ကပြောသည်။
၂ဝ၁၇- ၂ဝ၁၈ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ မေလနောက်ဆုံးပတ်အထိ ပြည်ပမှ ဘိလပ်မြေတင်သွင်းမှု တန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၄၂ဝ သန်းရှိပြီး ပြီးခဲ့သည့်နှစ် အလားတူကာလအထိ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆၁၇ သန်းတန်ဖိုးအထိ တင်သွင်းခဲ့ကြောင်း သိရသည်။
ပြည်တွင်းထုတ် ဘိလပ်မြေများကို ပိုမိုသုံးစွဲလာကြခြင်းမှာ ပြည်ပမှ မှာယူတင်သွင်းသည့် ဘိလပ်မြေဈေးနှုန်းထက် လက်ရှိပြည်တွင်း၌ ထုတ်လုပ်နေသော ဘိလပ်မြေဈေးနှုန်းမှာ တစ်အိတ်လျှင် ငွေကျပ်၂ဝဝဝ ခန့်အထိ ဈေးသက် သာသည့်အပြင် အရည်အသွေးပိုင်းလည်း ကောင်းမွန်စိတ်ချ ရသောကြောင့်ဖြစ်သည်။
ပြည်တွင်း၌ ဖက်စပ်ထုတ်လုပ်နေသော ဘိလပ်မြေများသည် အမျိုးအစားအလိုက် ကြံ့ခိုင်မှုစွမ်းရည် ကွာခြားမှုရှိနေသော်လည်း ဘိလပ်မြေအိတ်များတွင် ကြံ့ခိုင်မှု နှုန်းထားများကို ဖော်ပြပေးထားကြောင်း၊ ယင်းကဲ့သို့ဖော်ပြ ပေးထားသဖြင့် ဆောက်လုပ်မည့် အဆောက်အအုံပုံစံနှင့် ကိုက်ညီမည့် နှုန်းထားများကို ရွေးချယ်ဝယ်ယူနိုင်ကြောင်း သိရသည်။
#Themyawadydaily
Wednesday, May 17, 2017
စီးပွားဖြစ်သစ်မွှေး စိုက်ပျိုးသူများကို သစ်မွှေးလုပ်ငန်း ရှင်များအသင်းက ကူညီမည်
ရန်ကုန် ၁၇-၅-၂၀၁၇
မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်း ရှင်များအသင်းက ပြည်တွင်းရှိ စီးပွားဖြစ်သစ်မွှေး စိုက်ပျိုးသူများအား သစ်မွှေးစိုက်ပျိုးထုတ်လုပ် ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်သည့် နည်းပညာနှင့် ဈေးကွက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကူညီပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်မွှေးထုတ်လုပ်သူ များအသင်း ဥက္ကဋ္ဌ ဦးသောင်းညွန့်ထံမှ သိရသည်။
မြန်မာနိုင်ငံ သစ်မွှေးလုပ်ငန်းရှင်များ အသင်းက သစ်မွှေးစိုက်ပျိုး ထုတ်လုပ်ခြင်း နှင့်ပတ်သက်သည့် နည်းပညာ၊ ဈေးကွက် ဖွံ့ဖြိုးရေး ဆောင်ရွက်ရန်၊ သစ်မွှေးလုပ်ငန်းဆိုင်ရာ စက်မှုအဆင့်ရောက်ရှိ ရေးအတွက် ဆောင်ရွက်ရန်၊ အရည်အသွေး ပြည့်မီသည့် ထုတ်ကုန်သစ် အဖြစ်ထုတ်လုပ်၍ နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ပြီး နိုင်ငံခြားဝင်ငွေ ရလမ်းများ ဖော်ဆောင်ရန်၊ မြန်မာ့သစ်မွှေး မျိုးသုဉ်းပျောက်ကွယ် တော့မည့် အခြေအနေမှ ဖွံ့ဖြိုး တိုးတက်စေရန် စသည်တို့ကို လုပ်ဆောင် လျက်ရှိသည်။
သစ်မွှေး အရည်အသွေးနှင့် ပတ်သက်၍ ခွဲခြားရာတွင် ထွက်ရှိသည့် နိုင်ငံ၊ မွှေးကြိုင်သည့်ရနံ့၊ တာရှည်ခံနိုင်မှု၊ သစ်သား၏ ကျစ်လျစ်သိပ်သည်းမှု၊ ထုတ်လုပ်သည့် ကုန်ချောပစ္စည်း သန့်စင်မှု၊ အဆီ၊ အစေး ပါဝင်မှု၊ အသွေးအရောင်နှင့် အရွယ်အစား စသည်တို့အပေါ် မူတည်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ သစ်မွှေးခွဲခြားမှု မတူညီကြောင်းနှင့် သစ်မွှေးအရည်အသွေး အကောင်းဆုံး ထွက်ရှိသည့် နိုင်ငံများမှာ ဘူလ်တန်၊ အိန္ဒိယ၊မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား နိုင်ငံတို့ဖြစ်သည်။
ထို့ပြင် သစ်မွှေးဆီကို အသည်းခြောက်ရောဂါ၊ အသည်းရောင်အသားဝါ၊ အသည်းကင်ဆာ၊ မှိုရောဂါအမျိုးမျိုး၊ ဟိုမုန်းအားဆေး၊ လေဖြတ်ရောဂါ၊ နှလုံးရောဂါ၊ သွေးကင်ဆာရောဂါနှင့် ခုခံအားကျဆင်းသည့် ရောဂါများကုသရာတွင် စမ်းသပ်သုံးစွဲ နေပြီဖြစ်ကြောင်း သိရသည်။
#Themyawadydaily
Monday, November 7, 2016
ကမ္ဘာ့ဘဏ်၏ Doing Business- 2017 အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှု များစွာကို ပြုလုပ်နိုင်ခဲ့သည်ဟု ဖော်ပြထား
နေပြည်တော် ၊ ၇-၁၁-၂၀၁၆
ကမ္ဘာ့ဘဏ်မှ နှစ်စဉ်ထုတ်ပြန် ခဲ့သည့် Doing Business- 2017 အစီရင်ခံစာတွင် မြန်မာနိုင်ငံ သည် ပြုပြင် ပြောင်းလဲမှု များစွာကို ပြုလုပ်နိုင်ခဲ့ သဖြင့် ဒေသတွင်းရှိ စွမ်းဆောင်ရည် မြင့်မားသည့် နိုင်ငံများကဲ့သို့ တိုးတက်မှု လမ်းကြောင်းကို လိုက်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု ဖော်ပြ ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။
အဆိုပါ Doing Business အစီရင်ခံစာ ကမ္ဘာ့ဘဏ်မှ နှစ်စဉ် ထုတ်ပြန်ပေး နေသည့် ကမ္ဘာပေါ်ရှိ စီးပွားရေး လုပ်ကိုင်ရ လွယ်ကူသည့် နိုင်ငံများ၏ အဆင့် သတ်မှတ်ချက်ကို ဖော်ပြသည့် အစီရင်ခံစာ ဖြစ်သည်။ ယခုနှစ် ထုတ်ပြန်ခဲ့သည့် Doing Business- 2017 အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ကိုင်ရ လွယ်ကူသည့် နိုင်ငံအဆင့် သတ်မှတ်ချက်တွင် ယခင်နှစ် ကထက် အဆင့်တစ်ဆင့် မြင့်တက် လာခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် အဆိုပါ Doing Business- 2017 အစီရင်ခံစာ တွင် မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ငန်းများ စတင် ဆောင်ရွက်ခြင်း ကဏ္ဍတွင် အဆင့်လေးဆင့် မြင့်တက် လာခဲ့သဖြင့် ကမ္ဘာပေါ်ရှိ ၁၈၉ နိုင်ငံတွင် အဆင့်(၁၄၆) နေရာ တွင်ရှိနေကာ လုပ်ငန်း တည်ဆောက်ခွင့် ပါမစ် ထုတ်ပေးခြင်း ကဏ္ဍတွင် အဆင့်(၆)ဆင့် မြင့်တက်လာကာ အဆင့် (၆၆) တွင်ရှိသည်။
ထို့အတူ ရင်းနှီးမြှုပ်နှံ သူများကို အကာအကွယ် ပေးခြင်းကဏ္ဍတွင် အဆင့်(၂)ဆင့် မြင့်တက်လာကာ အဆင့်(၁)တွင် ရှိနေပြီး ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း ကဏ္ဍတွင်လည်း အဆင့်(၂)ဆင့် မြင့်တက်လာကာ အဆင့်(၁၄၃) နေရာတွင် ရပ်တည် နေခဲ့သည်။
ကမ္ဘာ့ဘဏ်၏ Doing Business- 2017 အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကဏ္ဍ(၉)ခု ခွဲခြား သုံးသပ်ထားခြင်း ဖြစ်ရာ အထက် ဖော်ပြပါ ကဏ္ဍများသည် အဆင့်မြင့်တက် လာသဖြင့် မြန်မာနိုင်ငံ သည် ဒေသတွင်းရှိ စွမ်းဆောင်ရည် မြင့်မားသည့် နိုင်ငံများကဲ့သို့ ပင် တိုးတက်မှု လမ်းကြောင်းကို လိုက်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ Doing Business- 2017 အစီရင်ခံစာတွင် ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)
Monday, March 23, 2015
အမျိုးသားပို့ကုန် မဟာဗျူဟာစီမံကိန်းကို မကြာမီ ထုတ်ပြန်ကြေညာမည်
ရန်ကုန် ၊ ၂၃-၃-၂ဝ၁၅
ရေးဆွဲထားသော အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းကို ပြည်သူများနှင့် လုပ်ငန်းရှင်များ သိရှိစေရန် သက်ဆိုင်ရာမှ မကြာမီ ထုတ်ပြန်ကြေညာ သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၌ ပြည်တွင်းပြည်ပ ကုန်သွယ်ရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် လာစေရန်၊ ပြည်တွင်းမှ ပို့ကုန်ပစ္စည်း များကို ပြည်ပသို့ တင်ပို့ရာတွင် စည်းစနစ်တကျ ဖြစ်လာစေရန်နှင့် ကုန်စည် စီးဆင်းမှု ပိုမိုမြန်ဆန် လာပြီး ပြည်ပ ဈေးကွက်များ ချဲ့ထွင် လာနိုင်စေရန် စသည့် ရည်ရွယ်ချက် များကြောင့် အဆိုပါ အမျိုးသား ပို့ကုန် မဟာဗျူဟာ စီမံကိန်းကို စီစဉ် ရေးဆွဲခြင်း ဖြစ်ပြီး မတ် ၂၅ ရက်တွင် ထုတ်ပြန် ကြေညာရန် စီစဉ် ထားကြောင်း သိရသည်။
မဟာဗျူဟာ စီမံကိန်းကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးဆွဲထားပြီး ငါးနှစ်စီမံကိန်း အနေဖြင့် စီစဉ် ရေးဆွဲထားခြင်း ဖြစ်၍ စီမံကိန်းတွင် ပါဝင်သော အချက်အလက် များကို မတ် ၁၈ ရက်က သက်ဆိုင်ရာ တာဝန်ရှိ သူများမှ သတင်းမီဒီယာ များသို့ ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်တွင် အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက် လာနိုင်သည့်အခါ ပြည်ပနိုင်ငံ များသို့ ကုန်ပစ္စည်းများ တင်ပို့ရာတွင် တိကျ ခိုင်မာသော မူဝါဒများ ရှိခြင်းကြောင့် ထိခိုက်နစ်နာ မှုများ ရှိမည် မဟုတ်ကြောင်း၊ ယင်း မဟာဗျူဟာ စီမံကိန်းကို ရေးဆွဲရာတွင် အကြို ညှိနှိုင်းခြင်း၊ အသေးစိတ် ဆွေးနွေးခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း နှင့် အကောင်အထည် ဖော်ခြင်း ဟူသော အဆင့် လေးဆင့်ဖြင့် စနစ်တကျ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ထို့အပြင် အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းသည် ပြည်ပနိုင်ငံ များသို့ ပို့ကုန် ပစ္စည်းအမယ်များ တိုးမြင့် လာစေရန်၊ ပြည်တွင်း၌ တန်ဖိုးမြှင့် ထုတ်ကုန် ( Value Added Product ) များ ပိုမိုထုတ်လုပ် လာနိုင်စေရန်နှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ သည်လည်း ပြည်ပ ဈေးကွက်များသို့ ကုန်ပစ္စည်းများ ထုတ်လုပ်တင်ပို့ လာနိုင်စေရန် စသည့် ရည်မှန်းချက် များဖြင့် ပြည်တွင်းပြည်ပမှ ကျွမ်းကျင် သူများနှင့် တာဝန်ရှိ သူများ စုပေါင်း ရေးဆွဲခဲ့သော စီမံကိန်းတစ်ခု ဖြစ်ကြောင်း သိရသည်။
ဆောင်းဦး
#Themyawadydaily
#မြ၀တီနေ့စဉ်
Monday, October 6, 2014
အင်္ဂလန်နိုင်ငံ World Finance အဖွဲ့အစည်းက ကမ္ဘောဇဘဏ် လီမိတက်အား ၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံးဘဏ် လုပ်ငန်းဆုများ ချီးမြှင့်
နေပြည်တော် ၊ ၆-၁၀-၂၀၁၄
အင်္ဂလန်နိုင်ငံ လန်ဒန် အခြေစိုက် World Finance အဖွဲ့အစည်းက ၂ဝ၁၄ ခုနှစ် အတွက် Best Banking Group in Myanmar 2014 နှင့် Best Commercial Bank in Myanmar 2014 ဆုများကို ကမ္ဘောဇဘဏ်
လီမိတက် အား လည်းကောင်း၊ ကမ္ဘာ့တိုက်ကြီး ၇ တိုက်အနက် အာရှတိုက် တစ်ခုလုံး အတွက် Banker of the Year in Asia 2014 ဆု (ပုံ)ကို မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌအား လည်းကောင်း ချီးမြှင့် လိုက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
ယင်း ထုတ်ပြန်ချက်တွင် ကမ္ဘောဇဘဏ် လီမိတက် အား Best Banking Group in Myanmar 2014 ဆုချီးမြှင့် ရခြင်းနှင့် စပ်လျဉ်း၍ အတိုချုပ် ဖော်ပြရာတွင် ''ကမ္ဘောဇဘဏ် လီမိတက်သည် ပြည်သူလူထု အပေါ် အကောင်းဆုံး ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များအား နိုင်ငံဒေသ အနှံ့အပြားတွင် ဘဏ်ခွဲများစွာ ဖွင့်လှစ်ပြီး ဆောင်ရွက် ပေးနိုင်ခြင်း၊ ပြည်သူလူထု ၏ ယုံကြည် စိတ်ချရဆုံး နှင့် အခိုင်မာဆုံး ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်ခြင်း၊ မြန်မာနိုင်ငံ၏ ငွေကြေး ကဏ္ဍတွင် ခေတ်မီ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များဖြင့် ဈေးကွက် ဝေစု အများဆုံး ရရှိသည့် ဦးဆောင်ဘဏ် ဖြစ်ခြင်းနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ကို အကောင်းဆုံး ဆောင်ရွက် ပေးနိုင်ခြင်း'' စသည် တို့ကြောင့် လည်းကောင်း၊ Best Commercial Bank in Myanmar 2014 ဆုချီးမြှင့် ရခြင်းနှင့် စပ်လျဉ်း၍ ''ကမ္ဘောဇဘဏ် လီမိတက် ဝန်ထမ်းများ၏ စုပေါင်း ညီညွတ် စွာဖြင့် အကောင်းဆုံး ဝန်ဆောင် ပေးနိုင်မှု၊ ရိုးသား ဖြောင့်မတ်မှု၊ ခေတ်မီ နည်းပညာများ အသုံးပြု၍ ဝန်ဆောင် ပေးနိုင်မှု၊ Customer များအပေါ် အထူး အလေးထားမှု၊ အုပ်ချုပ်မှု ကောင်းမွန်ခြင်း နှင့် စွဲမြဲ ခိုင်မာမှု၊ မြန်မာနိုင်ငံ ရှိ ဘဏ်လုပ်ငန်း ကဏ္ဍတွင် အင်အား စုဖွဲ့မှု အကြီးမားဆုံး ဖြစ်ပြီး နိုင်ငံ တစ်ဝန်းလုံး တွင် ဦးဆောင်ဘဏ် အဖြစ် ရပ်တည် ဆောင်ရွက် နိုင်မှု'' စသည် တို့ကြောင့် လည်းကောင်း ဖော်ပြ ထားသည်။
ကမ္ဘောဇဘဏ် လီမိတက် သည် မြန်မာ နိုင်ငံ နေရာဒေသ အနှံ့အပြား တွင် ဘဏ်ခွဲ ပေါင်း ၂၈ဝ ကျော် အောင်မြင်စွာ ဖွင့်လှစ် ခဲ့ပြီး ဝန်ထမ်းအင်အား ၁၂ဝဝဝ ကျော်ဖြင့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု များကို နေ့စဉ် ဆောင်ရွက် ပေးလျက်ရှိကာ ယခုနှစ် အတွင်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြား ၌ ဘဏ်ခွဲပေါင်း ၄ဝဝ အထိ တိုးချဲ့ဖွင့်လှစ် သွားရန် စီစဉ် ဆောင်ရွက် ထားပြီး ဖြစ်ကြောင်း သိရှိရသည်။
#Themyawadydaily
Sunday, September 28, 2014
နယ်စပ်ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ပိတ်ပင်ထားခဲ့သည့် လုပ်ငန်းသုံး ယာဉ်များကို တင်သွင်းခွင့်ပြု
ရန်ကုန် ၊ ၂၈-၉-၂၀၁၄
မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်ဂိတ် များမှတစ်ဆင့် ကားတင်သွင်း ရာတွင် ယခင်ကာလ များက တင်သွင်းခွင့် ပိတ်ပင်ထား ခဲ့သည့် လုပ်ငန်းသုံး ယာဉ်များကို ယခုအခါတွင် တင်သွင်းခွင့်ပြု ပေးလိုက်ပြီ ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ သိရသည်။
နယ်စပ် ကုန်သွယ်ရေး စခန်းများမှ လက်ရှိ အချိန်တွင် တရားဝင် တင်သွင်းခွင့်ပြု ပေးထားသည့် မော်တော်ယာဉ် များမှာ Bus ၊ Truck နှင့် ယန္တရားများကို တင်သွင်းခွင့်ပြု ပေးလျက် ရှိကြောင်း သိရသည်။ ထိုကဲ့သို့ တင်သွင်းရာတွင် လုပ်ငန်းသုံးယာဉ် အုပ်စုဖြစ်သည့် Extra Cab ၊ Space Cab ၊ Open Cab များကို တင်သွင်းခွင့် မပြုခဲ့ဘဲ Pick UP အမျိုးအစား 2 Door ( Single Cab ) များကိုသာ တင်သွင်း ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ နယ်စပ် ကုန်သွယ်ရေး စခန်းများ မှတစ်ဆင့် ပြည်တွင်းသို့ ယာဉ်တင်သွင်းခွင့် ကို ကန့်သတ် ထားခဲ့ရာမှ ယခုအခါတွင် ထို ကန့်သတ်ချက် များကို နိုင်ငံတော်မှ ဖြေလျှော့ ပေးလိုက်သည့် အတွက် နယ်စပ်ဂိတ်များမှ ယာဉ်တင်သွင်း ရာတွင် တင်သွင်းခွင့် ကန့်သတ်ခံ ခဲ့ရသည့် လုပ်ငန်းသုံးယာဉ် အုပ်စု Extra Cab ၊ Space Cab ၊ Open Cab များကို တင်သွင်းခွင့်ပြု ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် လုပ်ငန်းသုံးယာဉ် များကို တင်သွင်းခွင့် ဖြေလျှော့ ပေးလိုက်သည့် အတွက် မြန်မာ နိုင်ငံအတွင်း ကားဈေးကွက်တွင် လုပ်ငန်းသုံးယာဉ် ဈေးနှုန်းများ အပြောင်းအလဲ ဖြစ်ပေါ် လာနိုင်ကြောင်း ပြည်တွင်း ကားဈေးကွက် အတွင်းမှ သိရသည်။
ကံထူး
#Themyawadydaily
Monday, September 1, 2014
မြန်မာကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက်ရိုင်း နှင့် ကျောက်စိမ်းအသား ကျောက်များပြပွဲကို အောက်တိုဘာလ တွင် ကျင်းပပြုလုပ်မည်
ရန်ကုန် ၊ ၁-၉-၂၀၁၄
မြန်မာ နိုင်ငံသား ကျောက်မျက် လုပ်ငန်းရှင် များကို မြန်မာ ကျပ်ငွေဖြင့် ရောင်းချမည့် ကျောက်မျက်ရိုင်း နှင့် ကျောက်စိမ်း အသားကျောက် များပြပွဲကို အောက်တိုဘာလ တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာ မှ သိရသည်။
ကျောက်မျက် ပြပွဲတွင် တင်ပြ ရောင်းချမည့် ကျောက်မျက်များ ကို စစ်ဆေးခြင်း၊ လက်ခံခြင်း၊ အခြေခံ ရောင်းဈေး ညှိနှိုင်း သတ်မှတ်ခြင်း များကို စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၇ ရက်အထိ ဌာနနှင့် လုပ်ငန်းရှင် တို့ ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ပြီး ပြပွဲကို အောက်တိုဘာ ၁၄ ရက်မှ ၁၈ ရက် အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာ နိုင်ငံသား ကျောက်မျက် လုပ်ငန်းရှင် များကို မြန်မာ ကျပ်ငွေ ဖြင့် ရောင်းချမည့် ယခု ပြပွဲသည် ၂ဝ၁၄ ခုနှစ် အတွင်း ဒုတိယ အကြိမ်မြောက် ပြုလုပ်သည့် ပြပွဲဖြစ်ပြီး ဇန်နဝါရီ ပထမပတ် က တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ပြီးခဲ့သည့် ပြပွဲတွင် ပြည်တွင်း အဆင့်နိမ့် အသားကျောက် ၂၈ဝဝ ကျော်ကို ပြသ ရောင်းချ ခဲ့သည်။
ယခု အောက်တိုဘာ တွင် ပြုလုပ်မည့် ပြပွဲတွင်မူ လုပ်ငန်းရှင်များ လာရောက် တင်ပြသည့် ကျောက်မျက် အရေအတွက် အတိုင်း ရောင်းချမည် ဖြစ်ပြီး အရိုင်း အဆင့်သာ အများဆုံး လာရောက် ပြသ နိုင်ကြောင်း မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်းပြပွဲ ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ယူရိုငွေဖြင့် ပြသ ရောင်းချ ခဲ့သည့် (၅၁) ကြိမ်မြောက် ကျောက်မျက် ရတနာ ပြပွဲကို ပြီးခဲ့သည့် ဇွန်လလယ်က ကျင်းပပြီးစီး ခဲ့ပြီး အတွဲပေါင်း ၇ဝဝဝ ကျော် ပြသ ရောင်းချခဲ့ရာ ပြည်ပ ကုန်သည် ဦးရေ ၅ဝဝဝ ကျော် ဝင်ရောက်ခဲ့ပြီး ကျောက်မျက် အရိုင်း အများစုကို တရုတ် ကုန်သည် အချို့က မြန်မာ ကုန်သည် အချို့ထက် ဈေးပိုပေး ဝယ်ယူ ကြကြောင်း သိရသည်။
အိအိအောင်
#Yadanarpondaily
Monday, August 11, 2014
အသစ် တည်ဆောက်လျက် ရှိသည့် ဘိလပ်မြေ စက်ရုံများ ပြီးစီးပါက တစ်နှစ်လျှင် တန်ချိန် ၁၀ သန်းကျော် တိုးမြှင့် ထုတ်လုပ်နိုင်မည်
ရန်ကုန် ၊ ၁၁-၈-၂၀၁၄
မြန်မာနိုင်ငံ အတွင်း လိုအပ်လျက် ရှိသော ဘိလပ်မြေ ပမာဏ ရရှိရန် အတွက် အသစ် တည်ဆောက်လျက် ရှိသည့် ဘိလပ်မြေ စက်ရုံများ ပြီးစီးပါက တစ်နှစ်လျှင် တန်ချိန် ၁၀ ဒသမ ၅၃ သန်းအထိ တိုးမြှင့် ထုတ်ပေး နိုင်မည် ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
မြန်မာနိုင်ငံ အတွင်း စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက် ရှိရာ စီးပွားရေး အဆောက်အဦ များ တည်ဆောက်မှု မှာလည်း များပြား လာသည်။ ထို့ကြောင့် ဆောက်လုပ်ရေး ကဏ္ဍများ အတွက် လိုအပ်သော ဘိလပ်မြေ ပမာဏ ရရှိရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များကိုလည်း ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် နိုင်ငံပိုင် နှင့် ပုဂ္ဂလိက မှ အသစ် တည်ဆောက်လျက် ရှိသော ဘိလပ်မြေ စက်ရုံများ ရှိနေပြီး မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အသစ် တည်ဆောက်လျက် ရှိသော ဘိလပ်မြေ စက်ရုံ ၉ ရုံအထိ ရှိသည်။
ထို့အပြင် မြန်မာနိုင်ငံ ၌ အစိုးရပိုင် ဘိလပ်မြေ စက်ရုံ ၃ ရုံနှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေ စက်ရုံ ၁၂ ရုံအထိ ရှိပြီး ယင်းစက်ရုံများမှာ ၂၀၁၅ ခုနှစ်တွင် ပြီးစီး နိုင်မည်ဟု ခန့်မှန်း ထားသည်။
ယခုအခါ စက်မှု ၀န်ကြီးဌာန လက်အောက်ရှိ ကြံခင်း ဘိလပ်မြေ စက်ရုံကို တန်ချောင် Nissan Co., Ltd ( မလေးရှား နိုင်ငံ ) နှင့် အကျိုးတူ ပူးပေါင်းရန် ပြင်ဆင် နေကြောင်း ၊ ယင်းအတွက် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိပြီး နိုင်ငံခြား ရင်းနှီး မြှပ်နှံမှု များကိုလည်း ထပ်မံ ဖိတ်ခေါ် သွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဘိလပ်မြေ စက်ရုံအသစ် များကို မန္တလေးတိုင်း ဒေသကြီး ၊ ကရင်ပြည်နယ် ၊ မွန်ပြည်နယ် နှင့် ရှမ်းပြည်နယ် စသည့် ဒေသများ၌ တည်ဆောက်လျက် ရှိပြီး လတ်တလော တွင် နိုင်ငံသား ပိုင် ရင်းနှီးမြှုပ်နှံမှု ပိုမို များပြားပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များမှာ နည်းနေ သေးကြောင်း သိရသည်။
မြန်မာနိုင်ငံ ၏ ဆောက်လုပ်ရေး ကဏ္ဍတွင် လိုအပ်သော ဘိလပ်မြေ ပမာဏ ကို ထိုင်းနိုင်ငံ မှ အဓိက တင်သွင်း နေကြောင်း သိရှိရသည်။
စိုးမိုး
#Themyawadydaily
Monday, July 14, 2014
ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံသို့ အ၀တ်အထည် တင်ပို့မှုနှင့် အော်ဒါမှာယူမှု အများဆုံးရရှိ
ရန်ကုန် ၊ ၁၄-၇-၂၀၁၄
ယခုနှစ်အတွင်း ဂျပန် နှင့် တောင်ကိုရီးယား နိုင်ငံသို့ မြန်မာနိုင်ငံ အနေဖြင့် အ၀တ်အထည် တင်ပို့မှု နှင့် အော်ဒါမှာယူမှု အများဆုံး ဖြစ်ကြောင်း အမျိုးသား စီမံကိန်း နှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
အဆိုပါ အထည်ချုပ် လုပ်ငန်းကဏ္ဍ တွင် ပြည်ပနိုင်ငံ များ အနေဖြင့် ယခုနှစ်အတွင်း လက်ခစား စနစ်ဖြင့် အထည်ချုပ် လုပ်ငန်း များ၌ ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု အရဖြစ်စေ ၊ နိုင်ငံသား ကုမ္ပဏီများ နှင့် ပူးပေါင်း၍ ဖက်စပ် ရင်းနှီး မြှုပ်နှံမှု အရဖြစ်စေ ဆက်တိုက် ၀င်ရောက် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်လျက် ရှိကြောင်း ၊ လက်ရှိတွင် တောင်ကိုရီးယား ၊ ဟောင်ကောင် ၊ ထိုင်ဝမ် ၊ ထိုင်း ၊ အင်ဒိုနီးရှား နှင့် ဂျပန် စသည့် နိုင်ငံတို့မှ ရန်ကုန်တိုင်း ဒေသကြီး ရှိ ရွှေပြည်သာ ၊ ရွှေလင်ဗန်း ၊ အနော်ရထာ ၊ ရွှေသံလွှင် နှင့် လှိုင်သာယာ စက်မှုဇုန် များ၌ အထည်ချုပ် စက်ရုံများ တည်ထောင် လုပ်ကိုင်ရန် ခွင့်ပြုချက်များ ရယူ ထားကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် ပြည်ပသို့ အ၀တ်အထည် တင်ပို့မှုမှ လစဉ် ပျမ်းမျှရငွေမှာ အမေရိကန် ဒေါ်လာ သန်း ၅၀ နီးပါးရှိပြီး အချို့လ များတွင် အ၀တ်အထည် တင်ပို့မှုမှ ရငွေ အမေရိကန် ဒေါ်လာသန်း ၉၀ နီးပါးအထိ ရှိကြောင်း ၊ ယင်းလုပ်ငန်း များမှ တစ်ဆင့် ပြည်တွင်း ဈေးကွက်၌ သာမက ပြည်ပ ဈေးကွက်သို့ တင်ပို့မှု များလည်း ရှိလာမည် ဖြစ်သဖြင့် အော်ဒါ နှင့် ဈေးကွက် ရှိပါက ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေး နှစ်တွင်လည်း အ၀တ်အထည် တင်ပို့မှုမှ ၀င်ငွေ ပိုလာနိုင်ကြောင်း သိရသည်။
ထိုကဲ့သို့ အ၀တ်အထည် တင်ပို့မှုမှ ယခုနှစ်အတွင်း ယခင် ကာလတူထက် အမေရိကန် ဒေါ်လာ ၁၈၉ သန်းကျော် ပိုမို ရရှိထားကြောင်း၊ ၄င်း တင်ပို့သော နိုင်ငံများမှာ သြစတြေးလျ ၊ ယူအေအီး ၊ ဘယ်လ်ဂျီယံ ၊ တရုတ် ၊ ဟောင်ကောင် ၊ အိန္ဒိယ ၊ အီတလီ ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ မလေးရှား ၊ စင်ကာပူ ၊ စပိန် ၊ ထိုင်း ၊ ဗြိတိန် နှင့် အမေရိကန် နိုင်ငံတို့ ဖြစ်ကြောင်း သိရှိရသည်။
စိုးမိုး
#Themyawadydaily
Thursday, October 31, 2013
ဆန်ဖြူများထက် ပိုမို အစားခံသော မြန်မာပေါင်းဆန် ကို EU နိုင်ငံများတွင် ဈေးကွက် နေရာရလာ
ရန်ကုန် ၊ ၃၁-၁၀-၂၀၁၃
ရုရှားနိုင်ငံမှ မြန်မာ့ ပေါင်းဆန်များကို ဝယ်ယူစားသုံး သည့်နည်းတူ အီးယူနိုင်ငံ များမှလည်း မြန်မာ့ပေါင်းဆန် များကို ဝယ်ယူ လာကြသဖြင့် ယခုအခါ အဆိုပါ နိုင်ငံများသို့ မြန်မာ့ ပေါင်းဆန်များ ကို ပိုမိုတင်ပို့ လာရကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး ၏ ပြောကြားချက် အရ သိရသည်။
မကြာသေးမီက ရုရှားနိုင်ငံမှ မှာယူသဖြင့် ပေါင်းဆန် တန်ချိန် ၁၅ဝဝ ကို တင်ပို့ပြီးသည့် နောက်ပိုင်းတွင် ယခုကဲ့သို့ EU နိုင်ငံများ မှလည်း မှာယူလာ ကြသည်မှာ မြန်မာ့ ပေါင်းဆန် များသည် အီးယူ နိုင်ငံများတွင် နာမည်ကောင်း ရရှိလာသည့် နည်းတူ ဈေးကွက် နေရာ များလည်း ရရှိလာခြင်း ပင်ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။
ယခု အောက်တိုဘာ လလယ်ပိုင်း နှင့် လကုန်ပိုင်း၌ ပင် Golden Lace company, May Yu Marine company နှင့် Shwe Wah Yaung company တို့မှ စပိန် ၊ နယ်သာလန် ၊ ပိုလန် ၊ ခရိုအေးရှား အစရှိသောနိုင်ငံများသို့ ဧည့်မထ ငါးမှတ် ပေါင်းဆန် ၊ ဇီယာ ငါးမှတ်ပေါင်း ဆန်နှင့် ပေါင်းဆန် ဆန်ကွဲ B (2, 3,4 ) စုစုပေါင်းတန်ချိန် ၈၅ဝ နီးပါးကို တင်ပို့ နိုင်ခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးပတ် အတွင်း ကလည်း Golden Lace company နှင့် Bamar Commodity Trading Company တို့မှ စပိန်နိုင်ငံ သို့ ဧည့်မထ ငါးမှတ် ပေါင်းဆန် စုစုပေါင်း တန်ချိန် ၁၁၂၅ တန် တင်ပို့ နိုင်ခဲ့သည်။
အီးယူနိုင်ငံ များ၏ ရာသီဥတု အနေအထား အရ မြန်မာ့ ပေါင်းဆန်များကို စားသုံးခြင်းသည် ကျန်းမာရေး အရ သင့်တော်မှု ရှိခြင်း ၊ မြန်မာ့ပေါင်းဆန် သည် အဆိုပါ နိုင်ငံများတွင် စားနပ် ရိက္ခာအဖြစ် အသုံးပြုနေသော ဆန်ဖြူများထက် ပိုမို အစားခံခြင်း ၊ တခြားနိုင်ငံ များထက် မြန်မာနိုင်ငံ မှ ဆန်များ မှာယူရာတွင် သွင်းကုန် အခွန် ကင်းလွတ်ခွင့် ရရှိခြင်း စသော အကျိုးကျေးဇူး များကြောင့် မြန်မာ့ပေါင်းဆန် များကို ဝယ်ယူ အားပေး လာကြခြင်း ဖြစ်သည်။
ယခုနှစ်အတွင်း ကျန်ရှိနေသေး သောလများ တွင်လည်း အီးယူ နိုင်ငံများသို့ မြန်မာ့ပေါင်းဆန် များကို နောက်ထပ် တင်ပို့နိုင် ရန် အလားအလာများ ရှိနေသေးကြောင်း သိရှိရသည်။
Wednesday, October 16, 2013
တရုတ်နှင့် ဗီယက်နမ် တို့သည် ၂ဝ၁၇ ခုနှစ်တွင် အပြန်အလှန် ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံ ရောက်ရှိရန် မျှော်မှန်း
တရုတ် ဝန်ကြီးချုပ် လီခချန်
ဟနွိုင်း ၊ ၁၆-၁၀-၂၀၁၃
တရုတ်နှင့် ဗီယက်နမ် နိုင်ငံတို့သည် လာမည့် ၂ဝ၁၇ ခုနှစ် တွင် နှစ်စဉ် အပြန်အလှန် ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံ ထိ ရောက်ရှိမည် ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့သို့ အလည်အပတ် ရောက်ရှိ နေသော တရုတ် ဝန်ကြီးချုပ် လီခချန် က ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင် များနှင့် အောက်တိုဘာ ၁၅ ရက်က တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
တရုတ်နိုင်ငံ သည် လွန်ခဲ့သော ၉ နှစ် အတွင်း ဗီယက်နမ် နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ပြီး ၂ဝ၁၃ ခုနှစ် ပထမ ၈လ အတွင်း အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄ဝ ဘီလီယံ ရှိခဲ့ရာ လာမည့် ၂ဝ၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆ဝ ဘီလီယံ ထိ ရောက်ရှိရန် ရည်မှန်း ထားကြောင်း သိရသည်။ လီခချန်၏ အလည်အပတ် ခရီးစဉ် အတွင်း ထုတ်ပြန် ခဲ့သော ပူးတွဲ ကြေညာချက် အရ အိမ်နီးချင်း ကောင်းများ ဖြစ်ရေးနှင့် ပြီးပြည့်စုံသော ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ မူဝါဒ တစ်ရပ်အား ထပ်လောင်း အတည်ပြု ခဲ့ကြသည် ဟု သိရသည်။
နှစ်နိုင်ငံ အနေဖြင့် ကမ်းလွန် ၊ ကမ်းနီးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြင့်ရန် လုပ်ငန်းအဖွဲ့ ၃ ဖွဲ့အား ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ၊ ကုန်သွယ်မှု ဆိုင်ရာ ပိုငွေများ လျှော့ချရန် တရုတ်နိုင်ငံ အနေဖြင့် ဗီယက်နမ် နိုင်ငံထံမှ ကုန်ပစ္စည်းများ တိုးမြှင့် တင်သွင်း သွားမည် ဖြစ်ကြောင်း လီခချန် က ပြောကြားသည်။ ဗီယက်နမ် နိုင်ငံအနေဖြင့် တရုတ် စီးပွားရေး လုပ်ငန်းရှင် များ၏ ရင်းနှီးမြှုပ်နှံမှု အား ကြိုဆို လက်ခံ ပါကြောင်း ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဇွန်း က ပြန်လည် ပြောကြား ခဲ့သည်ဟု သိရှိရသည်။
Tuesday, October 8, 2013
အမျိုးသား ပို့ကုန် မဟာဗျူဟာ ရေးဆွဲသည့် နေရာတွင် ကုန်ပစ္စည်း ထုတ်လုပ်နိုင်သည့် အပိုင်းကို ဦးစားပေး လုပ်ဆောင်ရန်လို
ပြည်တွင်း အထည်ချုပ်လုပ်ငန်း တစ်ခုကို တွေ့ရစဉ်
ရန်ကုန် ၊ ၈-၁၀-၂၀၁၃
အမျိုးသား ပို့ကုန် မဟာဗျူဟာ (
National Export Strategy ) ရေးဆွဲသည့် နေရာတွင်
ကုန်သွယ်မှု အပိုင်းကိုသာ အဓိက ဦးစားပေး၍ မရဘဲ ကုန်ပစ္စည်း ထုတ်လုပ် နိုင်သည့် အပိုင်းကိုလည်း
ဦးစားပေး လုပ်ဆောင်ရန် လိုအပ် နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ အထွေထွေ
အတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောကြားခဲ့သည်။
'' အမျိုးသားပို့ကုန် မဟာဗျူဟာ ရေးဆွဲတဲ့
နေရာမှာ လူတွေက Trade ကို မြင်ကြတယ် ၊ ဒါက မမှန်ဘူးလားဆို တော့ မှန်ပါတယ် ၊ ထုတ်လုပ်မှု
ကိုအခြေခံပြီးမှ Trade က ဖြစ်လာတာပါ ၊ အမှန်က ကုန်ပစ္စည်း ထုတ်လုပ်မှုက အရေးကြီး ဆုံးပါ
၊ ထုတ်လုပ်တဲ့ ကုန်ပစ္စည်း မရှိဘဲ Export လုပ်လို့ မရပါဘူး ... " ဟု ၄င်းက ဆက်လက်
ပြောကြား ခဲ့သည်။
အမျိုးသား ပို့ကုန် မဟာဗျူဟာ ရေးဆွဲရာတွင်
နိုင်ငံခြားငွေ ရှာဖွေနိုင်သည့် လုပ်ငန်းများ အဖြစ် ဆန်စပါးကဏ္ဍ ၊ ပဲမျိုးစုံ ၊ နှမ်းကဏ္ဍ
၊ ရေထွက်ပစ္စည်း ကဏ္ဍ ၊ သစ်တောထွက် ပစ္စည်းကဏ္ဍ ၊ အထည်အလိပ် ကဏ္ဍနှင့် ခရီးသွား လုပ်ငန်း ကဏ္ဍများကို
ထည့်သွင်းထားပြီး အောက်တိုဘာလ ၇ ရက် ၊ ၈ ရက်နှင့် ၉ ရက်များတွင် ရေထွက်ကုန် လုပ်ငန်း
လုပ်ကိုင်သူများ နှင့် တွေ့ဆုံ သွားမည်ဟု သိရသည်။
မြန်မာ့ရေထွက်ကုန် လုပ်ငန်းတွင် အခြေခံ
ကုန်ကြမ်း ရေထွက်ကုန် ပစ္စည်းများ ပေါများ နေသော်လည်း ကုန်ချော အဖြစ် ပြုပြင်ပြောင်းလဲ
ထုတ်လုပ်နိုင်ခြင်း မရှိသေး၍ နိုင်ငံခြား ဝင်ငွေရရှိမှု အပိုင်းတွင် ရသင့်သလောက် မရရှိ
ကြောင်း ၊ ရေထွက် လုပ်ငန်း လုပ်ကိုင် သည့် ပညာရှင်များက သုံးသပ် ပြောကြား ခဲ့သည်။
" ဒီမှာက ရေထွက်ကုန်မှာ ကုန်ကြမ်း
တွေပေါတယ် ၊ သူများ နိုင်ငံတွေမှာရှား နေတဲ့ ငါးမျိုးစိတ်တွေ တောင်ရှိတယ် ၊ အဲဒါတွေကို
ဖမ်းဆီးရ မိရင် ဒီအတိုင်း ပြည်ပကို တင်ပို့နေတယ် ၊ အဲဒီတော့ ဈေးက ရသင့် သလောက် မရဘူး
၊ ကုန်ချောအဖြစ် ပြောင်းပြီး ပို့နိုင်ဖို့ကြိုးစား ရမယ် . . . . '' ဟု ရေထွက်ပစ္စည်း
ထုတ်လုပ် သူများ နှင့် ပို့ကုန်လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင် က ပြောကြား
ခဲ့ကြောင်း သိရှိရသည်။
Sunday, September 22, 2013
တရုတ်လက်ဖက်အ၀င် များသောကြောင့် လက်ဖက်စိုက် တောင်သူများ အခက်ကြုံ
ရန်ကုန် ၊ ၂၂-၉-၂၀၁၃
မြန်မာနိုင်ငံ ပလောင် တိုင်းရင်းသား များ၏ အဓိက စီးပွားရေး ဖြစ်သော လက်ဖက် စိုက်ပျိုးခြင်း ၊ ထုတ်လုပ် ရောင်းချခြင်း များသည် အိမ်နီးချင်း တရုတ် နိုင်ငံမှ လက်ဖက်များ အဝင်များလာ သောကြောင့် ပြည်တွင်း လက်ဖက် စိုက်ပျိုးသော တောင်သူများမှာ ဈေးကွက် ထိခိုက်လာပြီး အခက်အခဲများ နှင့် ကြုံတွေ့နေရကြောင်း ပလောင် တိုင်းရင်းသား များထံက သိရသည်။
တရုတ် လက်ဖက်ခြောက် များမှာ မည်သို့ ထုတ်လုပ် ထားသည်ကို မသိရ သော်လည်း အသုံးခံခြင်း နှင့် လက်ဖက်ရည် ဆိုင်များတွင် အသုံးများ လာခြင်း များကြောင့် ပြည်တွင်း စိုက်ပျိုး ထုတ်လုပ် သူများအား ထိခိုက် လာနေပြီ ဖြစ်ကြောင်း လက်ဖက်စိုက် တောင်သူများ က ပြောကြား ခဲ့သည်။ ယခင်နှင့် နှိုင်းယှဉ် ပါက လေးပုံသုံးပုံ ခန့် ကျဆင်းလာပြီး လက်ဖက်စိုက် တောင်သူများမှာ စီးပွားရေး ကျဆင်းမှုများ ရှိနေကြောင်း စုံစမ်း သိရှိရသည်။
ပလောင်ဒေသသည် လက်ဖက်ကို အဓိက စိုက်ပျိုးသော ဒေသဖြစ်ပြီး သားစဉ် မြေးဆက် လက်ဖက် စိုက်ပျိုးခြင်းဖြင့် အသက်မွေးမြူ ကြကြောင်း ၊ ပြည်တွင်း ဈေးကွက် ကမောက်ကမ ဖြစ်ခြင်းသည် လက်ဖက်စိုက် တောင်သူများ၏ လူမှုဘ၀ များကိုပါ ရိုက်ခတ် နေကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ထုတ်လုပ်သော လက်ဖက်ခြောက် မှာ အစစ်အမှန် ဖြစ်သောကြောင့် လက်ဖက်ရည် ဆိုင်များတွင် နှစ်ရည်မှ သုံးရည်သာ အသုံး ခံကြောင်း သိရသည်။
အဆိုပါ တရုတ်နိုင်ငံ မှ တင်သွင်း လာသော လက်ဖက်ခြောက် များမှာ လက်ဖက်ရည်ဆိုင် များအကြိုက် ဖြစ်နေပြီး အဖန်ဓာတ် များသောကြောင့် ငါးရည် အထိပင် အသုံးခံ နေသောကြောင့် ပြည်တွင်း လက်ဖက်ရည်ဆိုင် များသို့ ဖြန့်ချိ နေသော လက်ဖက်ခြောက် ဈေးကွက်ကို ပိုမို ထိခိုက် နေရပြီး ဈေးကွက် ပျက်သည်အထိ ဖြစ်နေကြောင်း သိရှိရသည်။ (၄၄၉)
Thursday, September 12, 2013
နိုင်ငံအတွက် နိုင်ငံခြားငွေ အဓိက ရှာဖွေပေးနေသည့် မြန်မာ့ငါးရှဥ့်
၁၂-၉-၂၀၁၃
နိုင်ငံတော်၏ ရေထွက် သယံဇာတ များတွင်
ငါးရှဥ့် ၊ ကဏန်း နှင့် ငါးလင်ပန်း များသည် ရောင်းလိုအား ထက် ဝယ်လိုအား မြင့်မား နေသည့်
အတွက် နိုင်ငံတကာ ဈေးကွက်တွက် မျက်နှာပန်း လှလျက် ရှိနေသည်။
မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန
ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် ရေထွက် သယံဇာတများ မျိုးမသုဉ်း စေရေးအတွက် သဘာဝ အလျောက်
ဖမ်းဆီးခြင်း တို့အပြင် မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ကြရန် စည်းရုံး ပညာပေးခြင်း
နှင့် အတူ တွန်းအားပေး ဆောင်ရွက်လျက် ရှိနေသည်။
ငါးရှဥ့်၏ မျိုးပွားရာသီမှာ မတ်လ မှ
စက်တင်ဘာလ အထိ ဖြစ်သော်လည်း ငါးရှဥ့်ကို တစ်ပိုင်တစ်နိုင် စမ်းသပ် မွေးမြူသူများ အနေဖြင့်
ယခုအခါ စီးပွားဖြစ် မွေးမြူသူများ များပြား လာသည့် အတွက် ရာသီမရွေး ငါးရှဥ့်ကို ပြည်တွင်း
ဈေးကွက်မှ သည် ပြည်ပ ဈေးကွက်အထိ တွင်ကျယ်စွာ ရောင်းဝယ်လျက် ရှိသည်။ ငါးရှဥ့် များကို
တရုတ်နိုင်ငံ မှ အများဆုံး ၀ယ်ယူလျက် ရှိပြီး မူဆယ် ၊ ချင်းရွှေဟော် စသည့် နယ်စပ်ဂိတ်ပေါက်
များမှ အများဆုံး တင်ပို့ ရောင်းချ နေကြောင်း သိရသည်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာရေး နှစ်တွင် ငါးရှဥ့်
တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၃ဝ ရရှိရန် လျာထားခဲ့ရာ ငါးရှဥ့် မက်ထရစ် တန်ချိန်ပေါင်း
၁ဝဝဝဝ ကျော်တင်ပို့ နိုင်ခဲ့သည့် အတွက် အမေရိကန် ဒေါ်လာသန်း ၅ဝ နီးပါး ရရှိခဲ့ကြောင်း
ငါးလုပ်ငန်း ဦးစီးဌာန ၏ သတင်း ထုတ်ပြနချက် အရ သိရသည်။ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာရေး နှစ်တွင်
ပြည်ပပို့ ရေထွက်ကုန် ပစ္စည်းများတွင် ငါးရှဥ့်တင်ပို့မှုမှ အများဆုံး ရရှိခဲ့သည်ဟု သိရသည်။
၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် ငါးရှဥ့်
တင်ပို့မှု အမေရိကန် ဒေါ်လာ သန်း ၃ဝ လျာထားရာတွင် ဘဏ္ဍာရေး နှစ်၏ ငါးလတာ ကာလအတွင်း အမေရိကန်
ဒေါ်လာ ၂၅ သန်းကျော် ရရှိနေပြီ ဖြစ်သည့်အတွက် လျာထားချက် ထက်များစွာ ကျော်လွန် ရရှိနိုင်ကြောင်း
ငါးရှဥ့် မွေးမြူရေး လုပ်ငန်းရှင် များထံ မှ ကြားသိရသည်။
တရုတ် နိုင်ငံဘက်တွင် ငါးရှဥ့် နှင့်
ကဏန်း ဈေးကွက် ခိုင်မာ နေသည်မှာ ၁၈၉၉ - ၁၉၉၀ ပြည့်နှစ်ခန့်က စတင် ခဲ့ကြောင်း သိရသည်။
မူလက ငါးရှဥ့်ကို သဘာဝ အရ ဖမ်းဆီး ထုတ်လုပ် ရောင်းဝယ် နေကြသော်လည်း ဈေးကွက် လိုအပ်ချက်အရ
စီးပွားဖြစ် မွေးမြူနေကြပြီ ဖြစ်သည်။ ဖျာပုံမြို့နယ် မှ ငါးရှဥ့်မွေးမြူသူ လုပ်ငန်းရှင်
တစ်ဦးက ငါး ၊ ပုစွန် မွေးမြူရတာ အရင်းအနှီး များပြီး မြေဧက များစွာ လိုကြောင်း ၊ ငါးရှဥ့်များ
ကြီးထွားရန် ကျွေးရသည့် အစာမှာ တီကောင် ၊ ခရု နှင့် ကျောရိုးမဲ့ သတ္တ၀ါများ အပြင် ငါးအသေးလေး
များ ကျွေးရသည့် အတွက် အစာဝ ပါကြောင်း ၊ တစ်နှစ်ပတ်လုံး (ဥ)ချပေး နိုင်သည့်အတွက် ခြောက်လမှ
ခုနစ်လ အထိ မွေးမြူပါက ရောင်းတန်းဝင် ငါးရှဥ့်များ ရရှိသည့် အတွက် အချိန်ကာလတို အတွင်း
အရင်းအနှီး နည်းနည်းဖြင့် မွေးမြူ ထုတ်လုပ် နိုင်သည့် အတွက် စီးပွားရေး အရ တွက်ခြေကိုက်
ကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့အပြင် ငါးရှဥ့်၏ သဘာဝ အနေအထားကို
စာရေးသူ လေ့လာရာ အကြေးခွံမဲ့ သတ္တဝါဖြစ်ပြီး ကိုယ်ခန္ဓာ ချောမွေ့သည် ၊ အလင်းထက် အမှောင်ကို
ကြိုက်နှစ် သက်သည် ၊ လေရှူနှုန်း နည်းပါးသဖြင့်
ပျော်ဝင် အောက်ဆီဂျင် နည်းပါးသော ရေတွင် မွေးမြူရှင်သန် နိုင်ပြီး အုတ်ကန် ဖြင့်သော်
လည်းကောင်း ၊ မြေကန်တူးဖော် ၍သော် လည်းကောင်း မွေးမြူနိုင်သည်။ ရေသွင်း ရေထုတ် ပြုလုပ်နိုင်ရန်
ရေနှင့် နီးစပ်သော နေရာ ဖြစ်လျှင် ပိုမို ကောင်းမွန်ကြောင်း နှင့် တစ်နှစ်သား အရွယ်
ငါးရှဥ့်သည် ခုနစ်လက်မ (အလျား ၁၇ စင်တီမီတာ) ရှိကြောင်း လေ့လာ သိရှိရသည်။
ကြီးပွားရေး အတွက် စီးပွားရှာ ကြရာတွင်
ဈေးကွက် လိုအပ်ချက် မြင့်မားနေသည့် ငါးရှဥ့်မွေးမြူ စီးပွားရှာလို သူများအနေဖြင့်
မွေးမြူရေး နှင့်ရေလုပ်ငန်း ဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန ၊ ခရိုင်/မြို့နယ် ငါးလုပ်ငန်း
ဦးစီးဌာနများနှင့် ငါးလုပ်ငန်း သင်တန်းကျောင်း တို့ထံ ဆက်သွယ် စုံစမ်း မွေးမြူ နိုင်ကြောင်း
လေ့လာ ရေးသား တင်ပြအပ်ပါသည်။ ။
(၀င်းအောင် တမာမြေ)
Tuesday, September 10, 2013
AEC အသက်ဝင်လာလျှင် နယ်မြို့များရှိ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ စိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင်
ရန်ကုန် ၊ ၁၀-၉-၂၀၁၃
မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၅ ခုနှစ်တွင်
အာဆီယံ စီးပွားရေး အသိုက်အ၀န်း ( AEC ) စတင် အသက်ဝင် မည်ဖြစ်ပြီး ယင်းတို့ အသက်ဝင်
လာပါက AEC နိုင်ငံများသို့ တရားဝင် လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရှိမည် ဖြစ်သည့် အတွက်
မြန်မာ့ စီးပွားရေး လုပ်ငန်းများ အနေဖြင့် ပြည်ပ ကုမ္ပဏီ များနှင့် ယှဉ်ပြိုင် ရမည်
ဖြစ်သည်။ ထို့ကြောင့် စတင် ၀င်ရောက်မည့် မြန်မာနိုင်ငံ ၏ အဓိက မြို့ကြီးများရှိ စီးပွားရေး
လုပ်ငန်းများ အပြင် နယ်မြို့များရှိ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများပါ
စိန်ခေါ်မှု များနှင့် ကြုံတွေ့ ရမည်ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့်
စီးပွားရေး ၀န်ကြီး က ပြောကြား ခဲ့သည်။
မဏိကဉ္စနာ ခန်းမတွင် ယမန်နေ့က ကျင်းပသည့်
ကိုးကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အ၀န်း ( AEC ) နှင့် ပတ်သက်သည့် သဘော သဘာဝများ
၊ တွေ့ကြုံ ရမည့် အခက်အခဲများ ၊ ကြိုတင် ပြင်ဆင်ရမည့် အချက်အလက် များအား စီးပွားရေး
လုပ်ငန်းရှင်များ ၊ ကုန်စည်ဒိုင် အဖွဲ့ဝင်များ ၊ အစိုးရ အဖွဲ့အစည်းများ ပါဝင်သည့် အလုပ်ရုံ
ဆွေးနွေးပွဲ များတွင် စီမံကိန်း နှင့် စီးပွားရေး ၀န်ကြီး ဦးအောင်ဇံ က ပြောကြား ခဲ့ခြင်း
ဖြစ်သည်။
" AEC အသက် ၀င်လာတာနဲ့ အတွေ့အကြုံ
ရှိပြီးသား နိုင်ငံတွေနဲ့ ယှဉ်ပြိုင် ရတော့မယ် ၊ အဲဒီ အချိန်မှာ တွေ့ရမယ့် အခက်အခဲ
တွေက မြို့ကြီး တွေတင် ကြုံရမှာ မဟုတ်ပါဘူး ၊ အသေးစား နဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင်
တွေ ၇၀ ရာခိုင်နှုန်း ရှိတဲ့ နယ်မြို့ တွေမှာ ရှိတဲ့ လုပ်ငန်းတွေပါ စိန်ခေါ်မှုတွေ ကြုံတွေ့
ရမှာပါ .... " ဟု ၄င်းက ရှင်းပြခဲ့သည်။
မြန်မာနိုင်ငံ ရှိ အသေးစား နှင့် အလတ်စား
ကုမ္ပဏီ များအနေဖြင့် အာဆီယံ စီးပွားရေး အသိုက်အ၀န်း စတင် အသက်ဝင်မည့် ၂၀၁၅ ခုနှစ်အမီ
ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်နေပြီး ယင်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု အတွက် ငွေ
အရင်းအနှီး လိုအပ်ပါက ဘဏ်များမှ ချေးငွေ ရယူနိုင်ပြီး အသေးစား နှင့် အလတ်စား စီးပွားရေး
လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် အတွက် အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်း ဖွံ့ဖြိုး
တိုးတက်ရေး ဘဏ်မှ ယခုနှစ်အတွင်း ငွေကျပ် သန်းပေါင်း ၅၀ ကို စီးပွားရေး လုပ်ငန်း ၂၅
ခုအား ထုတ်ချေး ပေးခဲ့ကြောင်း အဆိုပါ ဘဏ်မှ အကြီးတန်း အကြံပေး ဦးစံသိန်း ကပြောကြား
ခဲ့သည်။ " လုပ်ငန်းရှင် တော်တော် များများက ဘဏ်ကနေ ချေးလို့ ရတယ် ဆိုတာကိုတောင်
ကောင်းကောင်း မသိကြ သေးပါဘူး ... " ဟု ပြောကြား ခဲ့သည်။
လာမည့် ၂၀၁၅ ခုနှစ်အမီ ပြည်တွင်း စီးပွားရေး
လုပ်ငန်းများ အခြေ ခိုင်မာပြီး ပြည်ပ နိုင်ငံများနှင့် ယှဉ်ပြိုင် နိုင်ရန်အတ်ွက အာဆီယံ
စီးပွားရေး အသိုက်အ၀န်း ( AEC ) ၏ သဘော သဘာဝ နှင့် စိန်ခေါ်မှု များကို ကြိုတင် သိရှိထားပြီး
ပြင်ဆင်မှု ပြုလုပ် ပေးနိုင်ရန် အတွက် ပါရမီ စွမ်းအင် ကုမ္ပဏီ အုပ်စုမှ ဦးဆောင်ပြီး
အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
Subscribe to:
Posts (Atom)



















