Social Icons

Pages

Tuesday, October 2, 2018

စိုက်ပျိုးမှုနည်းစနစ်အားနည်းချက်ကြောင့်  တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့ ဖရဲသီးတင်ပို့ရန် အခက်အခဲရှိဟုဆ


ရန်ကုန် အောက်တိုဘာ ၁
စိုက်ပျိုးမှုနည်းစနစ်အားနည်းချက်ကြောင့် တရုတ်နိုင်ငံအပြင် အခြားနိုင်ငံများသို့ ဖရဲသီးတင်ပို့ရန်အခက် အခဲရှိကြောင်း မြန်မာနိုင်ငံ ဖရဲအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးစိုင်း ရွှေမောင်က ပြောပြ၍ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် ဖရဲသီးကို တရုတ်နိုင်ငံသို့သာ တင်ပို့ ရောင်းချနေပြီး အခြားနိုင်ငံများသို့ တင်ပို့နိုင်ရန် ဖရဲဈေးကွက်လိုအပ် လျက်ရှိကြောင်း၊ ယခုလက်ရှိအချိန် တွင်လည်း မြန်မာနိုင်ငံမှထွက်ရှိသည့်
ဖရဲသီးကို တရုတ်နိုင်ငံတစ်ခုတည်းကသာ   ဝယ်ယူလျက်ရှိကြောင်း သိရသည်။
-
"မြန်မာနိုင်ငံကထွက်တဲ့ဖရဲသီးကို တရုတ် နိုင်ငံတစ်နိုင်ငံတည်းကသာ ဝယ်ယူနေပါတယ်။ တခြားနိုင်ငံတွေကတော့ ဝယ်ယူမှုမရှိသေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တော်ရုံတန်ရုံ လောက်ဖရဲသီးဆိုရင် တရုတ်
နိုင်ငံက ဝယ်ယူပါတယ်။ တခြားနိုင်ငံတွေကျတော့ အော်ဂဲနစ်စနစ်နဲ့ စိုက်ပျိုးမှသာ ဝယ်ယူတဲ့အတွက် လောလောဆယ် တရုတ်နိုင်ငံကိုပဲ တင်ပို့နိုင်သေးပါတယ်" ဟု မြန်မာနိုင်ငံ ဖရဲအသင်းမှ
ဒုတိယဥက္ကဋ္ဌ ဦးစိုင်းရွှေမောင်က ပြောပြသည်။
-
မြန်မာနိုင်ငံတွင်လည်း အော်ဂဲနစ် စနစ်ဖြင့် ဖရဲစိုက်ပျိုးရန် ရေမြေနေအထားနှင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ အခက်အခဲရှိသည့်အတွက် တရုတ်နိုင်ငံမှလွဲ၍ အခြားပြည်ပဈေးကွက်သို့ ဖရဲသီးနှံ
ထိုးဖောက်နိုင်ရန် မလွယ်ကူကြောင်း သိရသည်။
-
"ပြည်တွင်းမှာကလဲ ဖရဲစိုက်ဧကတွေ တဖြည်းဖြည်းရှားလာတယ်လို့ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ဖရဲသီးနှံကို တစ်ခါစိုက်ပြီးရင် အဲဒီမြေမှာ ထပ်မံစိုက်ပျိုးရင် အထွက်နှုန်းရော၊ ဖရဲသီးရဲ့အရည်အသွေး
ရော ကျဆင်းလာတဲ့အတွက် ဖရဲစိုက်ပျိုးဖို့ မြေနေရာတွေကို ရွှေ့ပြောင်း စိုက်ပျိုးလာကြတယ်။ပြီးတော့ ဖရဲစိုက်ခင်းမှာ ပိုးမွှားအန္တရာယ်ရှိတဲ့အတွက် ပိုးသတ်ဆေးတွေကို အသုံးပြုရပါတယ်။ ဒါကြောင့် အော်ဂဲနစ်
သီးနှံဖြစ်ဖို့နဲ့  ပြည်ပဈေးကွက်တွေမှာ ထိုးဖောက်နိုင်ဖို့အတွက် အခက်အခဲရှိပါတယ်" ဟု မြန်မာနိုင်ငံ ဖရဲအသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းရွှေမောင်က ပြောပြ၍ သိရသည်။
-
#ရတနာပုံနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...