Social Icons

Pages

Wednesday, December 19, 2018

မြန်မာတက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်း ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရ

မြန်မာတက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်း ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရ
-
နေပြည်တော်  ဒီဇင်ဘာ  ၁၈ 
-
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပ နေသည့်  အရှေ့တောင်အာရှတက္ကသိုလ်များ  အားကစားပြိုင်ပွဲ၏ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင်  နေပြည်တော်ရှိ  ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားရာ  မြန်မာတက္ကသိုလ် လက်ရွေးစင်ဘော လုံးအသင်း ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည် ဒီဇင်ဘာ ၁၆ ရက်က  ကျင်းပသည့် အုပ်စုနောက်ဆုံးပွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက  ထိုင်းအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိပြီး မြန်မာအသင်း ပွဲကုန်ကစား ရှစ်မှတ်ဖြင့် ဗိုလ်လု ပွဲသို့တက်ရောက်လာခြင်းဖြစ်သည်။ အလားတူ  ပွဲစဉ်များအပြီးတွင် ထိုင်းအသင်းက ပွဲကုန်ကစား ကိုးမှတ်ဖြင့် ဗိုလ်လုပွဲ တက်ရောက်လာခြင်းဖြစ်သည်။      
-
မြန်မာအသင်းသည် ပွဲစသည်နှင့်တိုက်စစ်ဖွင့်ကာ  ယှဉ်ပြိုင်ကစားခဲ့သော်လည်း  ပထမပိုင်းတွင်  ထိုင်းအသင်းကို ဦးဆောင် ဂိုး ပေးခဲ့ရသည်။ ဒုတိယပိုင်းတွင် ထိုင်းအသင်းက ဒုတိယဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့သောကြောင့် မြန်မာအသင်းကို ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ သည်။ 
-
အလားတူ တတိယနေရာ လုပွဲအဖြစ် ယနေ့နံနက်ပိုင်းတွင် မလေးရှား အသင်းနှင့် လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပွဲပြီးချိန် အထိ ဂိုးမရှိသရေ ရလဒ်သာထွက်ပေါ်နေ သောကြောင့်  ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ယှဉ်ပြိုင်ကစားရာ မလေးရှားအသင်းက လာအို အသင်းကို    ၅ ဂိုး-၃ ဂိုးဖြင့် အနိုင်ရရှိပြီး တတိယ ရရှိခဲ့ကြောင်း သိရသည်။ 
-
ဇော်မျိုး(နေပြည်တော်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...