Social Icons

Pages

Wednesday, October 16, 2013

တရုတ်နှင့် ဗီယက်နမ် တို့သည် ၂ဝ၁၇ ခုနှစ်တွင် အပြန်အလှန် ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံ ရောက်ရှိရန် မျှော်မှန်း


တရုတ် ဝန်ကြီးချုပ် လီခချန်

ဟနွိုင်း ၊ ၁၆-၁၀-၂၀၁၃

တရုတ်နှင့် ဗီယက်နမ် နိုင်ငံတို့သည် လာမည့် ၂ဝ၁၇ ခုနှစ် တွင် နှစ်စဉ် အပြန်အလှန် ကုန်သွယ်မှု တန်ဖိုး အမေရိကန် ဒေါ်လာ ၁ဝဝ ဘီလီယံ ထိ ရောက်ရှိမည် ဖြစ်ကြောင်း ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့သို့ အလည်အပတ် ရောက်ရှိ နေသော တရုတ် ဝန်ကြီးချုပ် လီခချန် က ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင် များနှင့် အောက်တိုဘာ ၁၅ ရက်က တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ သည် လွန်ခဲ့သော ၉ နှစ် အတွင်း ဗီယက်နမ် နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ပြီး ၂ဝ၁၃ ခုနှစ် ပထမ ၈လ အတွင်း အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄ဝ ဘီလီယံ ရှိခဲ့ရာ လာမည့် ၂ဝ၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆ဝ ဘီလီယံ ထိ ရောက်ရှိရန် ရည်မှန်း ထားကြောင်း သိရသည်။ လီခချန်၏ အလည်အပတ် ခရီးစဉ် အတွင်း ထုတ်ပြန် ခဲ့သော ပူးတွဲ ကြေညာချက် အရ အိမ်နီးချင်း ကောင်းများ ဖြစ်ရေးနှင့် ပြီးပြည့်စုံသော ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ မူဝါဒ တစ်ရပ်အား ထပ်လောင်း အတည်ပြု ခဲ့ကြသည် ဟု သိရသည်။


နှစ်နိုင်ငံ အနေဖြင့် ကမ်းလွန် ၊ ကမ်းနီးနှင့် ဘဏ္ဍာရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု တိုးမြင့်ရန် လုပ်ငန်းအဖွဲ့ ၃ ဖွဲ့အား ဖွဲ့စည်း သွားမည် ဖြစ်ကြောင်း ၊ ကုန်သွယ်မှု ဆိုင်ရာ ပိုငွေများ လျှော့ချရန် တရုတ်နိုင်ငံ အနေဖြင့် ဗီယက်နမ် နိုင်ငံထံမှ ကုန်ပစ္စည်းများ တိုးမြှင့် တင်သွင်း သွားမည် ဖြစ်ကြောင်း လီခချန် က ပြောကြားသည်။  ဗီယက်နမ် နိုင်ငံအနေဖြင့် တရုတ် စီးပွားရေး လုပ်ငန်းရှင် များ၏ ရင်းနှီးမြှုပ်နှံမှု အား ကြိုဆို လက်ခံ ပါကြောင်း ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဇွန်း က ပြန်လည် ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...