Social Icons

Pages

Tuesday, September 10, 2013

AEC အသက်ဝင်လာလျှင် နယ်မြို့များရှိ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ စိန်ခေါ်မှုများနှင့် ကြုံတွေ့နိုင်


ရန်ကုန် ၊ ၁၀-၉-၂၀၁၃

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၅ ခုနှစ်တွင် အာဆီယံ စီးပွားရေး အသိုက်အ၀န်း ( AEC ) စတင် အသက်ဝင် မည်ဖြစ်ပြီး ယင်းတို့ အသက်ဝင် လာပါက AEC နိုင်ငံများသို့ တရားဝင် လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရှိမည် ဖြစ်သည့် အတွက် မြန်မာ့ စီးပွားရေး လုပ်ငန်းများ အနေဖြင့် ပြည်ပ ကုမ္ပဏီ များနှင့် ယှဉ်ပြိုင် ရမည် ဖြစ်သည်။ ထို့ကြောင့် စတင် ၀င်ရောက်မည့် မြန်မာနိုင်ငံ ၏ အဓိက မြို့ကြီးများရှိ စီးပွားရေး လုပ်ငန်းများ အပြင် နယ်မြို့များရှိ အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများပါ စိန်ခေါ်မှု များနှင့် ကြုံတွေ့ ရမည်ဟု မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း နှင့် စီးပွားရေး ၀န်ကြီး က ပြောကြား ခဲ့သည်။

မဏိကဉ္စနာ ခန်းမတွင် ယမန်နေ့က ကျင်းပသည့် ကိုးကြိမ်မြောက် အာဆီယံ စီးပွားရေး အသိုက်အ၀န်း ( AEC ) နှင့် ပတ်သက်သည့် သဘော သဘာဝများ ၊ တွေ့ကြုံ ရမည့် အခက်အခဲများ ၊ ကြိုတင် ပြင်ဆင်ရမည့် အချက်အလက် များအား စီးပွားရေး လုပ်ငန်းရှင်များ ၊ ကုန်စည်ဒိုင် အဖွဲ့ဝင်များ ၊ အစိုးရ အဖွဲ့အစည်းများ ပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲ များတွင် စီမံကိန်း နှင့် စီးပွားရေး ၀န်ကြီး ဦးအောင်ဇံ က ပြောကြား ခဲ့ခြင်း ဖြစ်သည်။

" AEC အသက် ၀င်လာတာနဲ့ အတွေ့အကြုံ ရှိပြီးသား နိုင်ငံတွေနဲ့ ယှဉ်ပြိုင် ရတော့မယ် ၊ အဲဒီ အချိန်မှာ တွေ့ရမယ့် အခက်အခဲ တွေက မြို့ကြီး တွေတင် ကြုံရမှာ မဟုတ်ပါဘူး ၊ အသေးစား နဲ့ အလတ်စား စီးပွားရေး လုပ်ငန်းရှင် တွေ ၇၀ ရာခိုင်နှုန်း ရှိတဲ့ နယ်မြို့ တွေမှာ ရှိတဲ့ လုပ်ငန်းတွေပါ စိန်ခေါ်မှုတွေ ကြုံတွေ့ ရမှာပါ .... " ဟု ၄င်းက ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံ ရှိ အသေးစား နှင့် အလတ်စား ကုမ္ပဏီ များအနေဖြင့် အာဆီယံ စီးပွားရေး အသိုက်အ၀န်း စတင် အသက်ဝင်မည့် ၂၀၁၅ ခုနှစ်အမီ ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်နေပြီး ယင်းလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှု အတွက် ငွေ အရင်းအနှီး လိုအပ်ပါက ဘဏ်များမှ ချေးငွေ ရယူနိုင်ပြီး အသေးစား နှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရန် အတွက် အသေးစား နှင့် အလတ်စား စက်မှု လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဘဏ်မှ ယခုနှစ်အတွင်း ငွေကျပ် သန်းပေါင်း ၅၀ ကို စီးပွားရေး လုပ်ငန်း ၂၅ ခုအား ထုတ်ချေး ပေးခဲ့ကြောင်း အဆိုပါ ဘဏ်မှ အကြီးတန်း အကြံပေး ဦးစံသိန်း ကပြောကြား ခဲ့သည်။ " လုပ်ငန်းရှင် တော်တော် များများက ဘဏ်ကနေ ချေးလို့ ရတယ် ဆိုတာကိုတောင် ကောင်းကောင်း မသိကြ သေးပါဘူး ... " ဟု ပြောကြား ခဲ့သည်။


လာမည့် ၂၀၁၅ ခုနှစ်အမီ ပြည်တွင်း စီးပွားရေး လုပ်ငန်းများ အခြေ ခိုင်မာပြီး ပြည်ပ နိုင်ငံများနှင့် ယှဉ်ပြိုင် နိုင်ရန်အတ်ွက အာဆီယံ စီးပွားရေး အသိုက်အ၀န်း ( AEC ) ၏ သဘော သဘာဝ နှင့် စိန်ခေါ်မှု များကို ကြိုတင် သိရှိထားပြီး ပြင်ဆင်မှု ပြုလုပ် ပေးနိုင်ရန် အတွက် ပါရမီ စွမ်းအင် ကုမ္ပဏီ အုပ်စုမှ ဦးဆောင်ပြီး အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...