Social Icons

Pages

Monday, October 13, 2014

ရေလည်ပတ်မှုစနစ် Myanmar Water 2014 ကုန်စည်ပြပွဲတွင် ပြသမည်



ရန်ကုန် ၊ ၁၃-၁၀-၂၀၁၄

TSS Tokyo Water အနေဖြင့် ၄င်းတို့၏ အဆင့်မြင့် နည်းပညာ နှင့် အရည်အသွေးမီ ရေလည်ပတ်မှု စနစ်များကို အောက်တိုဘာ ၂၂ ရက်မှ ၂၄ ရက်အထိ တပ်မတော်ခန်းမ ၌ ကျင်းပမည့် Myanmar Water 2014 ကုန်စည်ပြပွဲ တွင် ပါဝင် ပြသမည် ဖြစ်ကြောင်း TSS Tokyo Water ဥက္ကဋ္ဌ Dr. Atsushi Masuko ထံမှ သိရသည်။

TSS Tokyo Water သည် ဂျပန်နိုင်ငံ ၏ အကျိုးတူ ပူးပေါင်းထားသော အဖွဲ့အစည်း ဖြစ်ပြီး တိုကျိုမြို့တော် အစိုးရ ၊ Mitsui & Co., Ltd ၊ Tokyo Engineering Corporation တို့က ယမန်နှစ် စက်တင်ဘာလ က ရန်ကုန်မြို့တော် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ YCDC နှင့်အတူ MoU သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Myanmar Water 2014 ကို နိုင်ငံတကာ ရေထောက်ပံ့မှု ၊ မိလ္လာရေဆိုး စနစ် သန့်ရှင်းရေး ၊ ရေ အရင်းအမြစ် လုံလောက်စွာ ရရှိနိုင်ရေး ၊ စွမ်းအင်ကို ထိရောက်စွာ သုံးစွဲမှု နှင့် သန့်ရှင်း စင်ကြယ်သော သောက်သုံးရေ ရရှိရေး အတွက် ဒုတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည်။

ပြပွဲတွင် မလေးရှား ၊ ထိုင်း ၊ ကိုရီးယား ၊ ဂျပန် ၊ ထိုင်ဝမ် ၊ စင်ကာပူ ၊ နယ်သာလန် နှင့် တရုတ်နိုင်ငံ တို့နှင့်အတူ နိုင်ငံပေါင်း ၂၀ မှ ပြခန်းပေါင်း ၁၈၀ တို့၏ တင်ပြ ဆောင်ရွက်မှု များနှင့်အတူ ဆန်းသစ် တီထွင်ထားသော ကုန်ပစ္စည်းများ ကို ခင်းကျင်း ပြသမည် ဖြစ်ကြောင်း သိရှိရသည်။ (၄၅၂)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...