Social Icons

Pages

Thursday, May 25, 2017

မြိတ်ကျွန်းစုဒေသကို နိုင်ငံတကာခရီးသွားများ ပိုမိုလာရောက်လည်ပတ်စေရေး ယခုနှစ်မိုးဥတုကာလမှစတင်၍ ပြင်ဆင်ဆောင်ရွက်သွားမည်



နေပြည်တော် ၂၅-၅-၂၀၁၇

မြိတ်ကျွန်းစုဒေသကို လာမည့်နှစ် ခရီးသွားရာသီတွင် နိုင်ငံတကာ ခရီးသွားများ ပိုမိုလာရောက်လည် ပတ်စေရေးအတွက် ယခုမိုးဥတုကာလမှ စတင်၍ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသတင်း များအရ သိရသည်။

ယခုအခါ မိုးဥတုသို့စတင် ရောက်ရှိနေပြီဖြစ်ပြီး မိုးဥတုကာလတွင် မြိတ်ကျွန်းစုဒေသများ၏ သဘာဝအလှအပများကို တွေ့ရှိခံစား၍မရနိုင်သဖြင့် လာရောက်လည်ပတ်သူ နည်းပါးနေလေ့ရှိပြီး ပွင့်လင်းရာသီ ဆောင်းဦးကာလအောက်တိုဘာလမှ နိုင်ငံတကာ ခရီးသွားများ ပိုမိုများပြားစွာ လာရောက်လည်ပတ် လေ့ရှိသည်။

ယခုအခါ ပွင့်လင်းရာသီ ကုန်ဆုံးချိန်ဖြစ်သဖြင့် နိုင်ငံတကာ ခရီးသွားလာရောက် လည်ပတ်မှု လျော့ကျလာတော့ မည်ဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ခရီးသွား ဝင်ရောက်မှုနည်းပါး နေချိန်တွင်လာမည့်နှစ် ခရီးသွားရာသီအတွက် နိုင်ငံတကာခရီးသွား များပိုမိုလာရောက် လည်ပတ်လာစေ ရန်ပြင်ဆင်ဆောင်ရွက် နေခြင်းဖြစ်သည်။

အဆိုပါ စီမံဆောင်ရွက်မှုများအရ လာမည့်ခရီးသွားရာသီဦး အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် မြိတ်ကျွန်းစုဒေသသို့ နိုင်ငံတကာခရီးသွား ဧည့်သည်များ ယခုထက် ပိုမိုလာရောက် လည်ပတ်လာမည်ဟု မျှော်မှန်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...