Social Icons

Pages

Monday, October 13, 2014

ယဉ်ကျေးမှု အမွေအနှစ်ဒေသ ၄၆ ဇုန်နယ်မြေများ သတ်မှတ်ပြဋ္ဌာန်းရာ ရန်ကုန်တိုင်း ဒေသကြီး ၌ ၁၆ ဇုန်ပါဝင်


ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီတော်

ရန်ကုန် ၊ ၁၃-၁၀-၂၀၁၄

အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ် ထိန်းသိမ်းနိုင်ရန် ရှေးဟောင်း နေရာ တည်ရှိရာဇုန် ၊ ကာကွယ် ထိန်းသိမ်း ထားသောဇုန် နှင့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ တည်ရှိရာ ဇုန်ဟူ၍ ခွဲခြားကာ ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၄၆ ခုကို ဇုန်နယ်မြေများ သတ်မှတ် ပြဋ္ဌာန်း၍ ယဉ်ကျေးမှု ၀န်ကြီးဌာန မှ ကာကွယ် ထိန်းသိမ်းလျက် ရှိကြောင်း သိရသည်။

ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၄၆ ခု၏ ဇုန်တည်ရှိရာ နေရာများမှ မန္တလေးတိုင်း ဒေသကြီး ၌ ၉ ဇုန် ၊ ရန်ကုန်တိုင်း ဒေသကြီး ၌ ၁၆ ဇုန် ၊ ပဲခူးတိုင်း ဒေသကြီး ၌ ၂ ဇုန် ၊ မွန်ပြည်နယ် ၌ ၂ ဇုန် ၊ စစ်ကိုင်းတိုင်း ဒေသကြီး ၌ ၅ ဇုန် ၊ ကရင်ပြည်နယ် ၌ ၂ ဇုန် ၊ ရခိုင်ပြည်နယ် ၌ ၃ ဇုန် ၊ မကွေးတိုင်း ဒေသကြီး ၌ ၃ ဇုန် ၊ ကချင်ပြည်နယ် ၌ တစ်ဇုန် ၊ တနင်္သာရီတိုင်း ဒေသကြီး ၌ တစ်ဇုန် ၊ ဧရာဝတီတိုင်း ဒေသကြီး ၌ တစ်ဇုန် နှင့် ရှမ်းပြည်နယ် ၌ တစ်ဇုန် ၊ စုစုပေါင်း ၄၆ ဇုန် ဖြစ်သည်။

၎င်း ဇုန် သတ်မှတ်မှု ၄၆ ဇုန်တွင် ရန်ကုန်တိုင်း ဒေသကြီး ၌ ၁၆ ဇုန် ပါဝင်ပြီး ထင်ရှား ကျော်ကြားသည့် စေတီပုထိုးများ တည်ရှိရာ နေရာများ ဖြစ်ကြသည်။ အဆိုပါ စေတီပုထိုး များမှာ တွံတေး ရွှေဆံတော် စေတီ ၊ ဆူးလေစေတီ ၊ တွံတေးမြို့နယ် စမ်းရွာ မှ မောင်းတီ စေတီ ၊ ဗိုလ်တထောင် ကျိုက်ဒေးအပ် စေတီ ၊ ရွှေဘုန်းပွင့် စေတီ ၊ အတုလဓိပတိ မဟာမုနိ သကျကိုးထပ်ကြီး ဘုရား ၊ ကျိုက္ကလို့ စေတီတော် ၊ ရွှေတိဂုံ စေတီတော် ၊ ကျိုက်မှော်ဝန်း စေတီတော် ၊ ငါးထပ်ကြီး ဘုရား ၊ ခြောက်ထပ်ကြီး ဘုရား ၊ ကျိုက္ကလဲ့ စေတီတော် ၊ ကျိုက်ဝိုင်း စေတီတော် ၊ ကျိုက္ကဆံ စေတီတော် ၊ ကျိုက်ပါဒကြီး ရွှေဆံတာ် စေတီ နှင့် ကျိုက်ခေါက် စေတီတော် တို့ ဖြစ်ကြသည်။

ယဉ်ကျေးမှု အမွေအနှစ် ဒေသ ၄၆ ဇုန်၏ သတ်မှတ် ဇုန်များအတွင်း ယဉ်ကျေးမှု အမွေအနှစ် များကို ထိခိုက်ပျက်စီး စေမည့် ဆောင်ရွက်မှု များဖြစ်သည့် လူနေအိမ်ခြေ အပါအ၀င် အဆောက်အအုံ သစ်များ ဆောက်လုပ်ခြင်း ၊ စက်ရုံ အလုပ်ရုံများ ၊ ဟိုတယ်များ ဆောက်လုပ်ခြင်း ၊ ခြံစည်းရုံးများ ကာရံခြင်း ၊ လမ်းဖောက် လုပ်ခြင်း ၊ ဆည်မြောင်းကန်များ တူးဖော်ခြင်း ၊ ဓာတ်တိုင်များ ၊ ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူခြင်း ၊ မြို့ရွာများ တိုးချဲ့ခြင်း ၊ မြေကွက်များ ဖော်ထုတ် နေရာချထားခြင်း စသည့် ဆောက်ရွက်မှု မျိုးမဆို မပြုလုပ်ရန် ယဉ်ကျေးမှု အမွေအနှစ် ဒေသများ ကာကွယ် ထိန်းသိမ်းရေး ဥပဒေဖြင့် တားမြစ် ထားကြောင်း သိရှိရသည်။

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...