Social Icons

Pages

Tuesday, February 13, 2018

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်မှု လုပ်ငန်းများကို ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေ



နေပြည်တော် ၁၃-၂-၂ဝ၁၈

မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို ပညာရှင်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သတင်းများအရ သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန သတင်းများအရ အမေရိကန်နိုင်ငံက Getty Conservation Institute (GCI) အဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ရှေးဟောင်း အဆောက်အအုံများနှင့် နံရံဆေးရေးပန်းချီများ ထိန်းသိမ်းရေး လုပ်ငန်းများကို ဖေဖော်ဝါရီ ၁၄မှ ၁၈ ရက်ထိ ပုဂံဒေသ၌ Mural Conservation လုပ်ငန်းဆောင်ရွက်မှုကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံ Musashino University အဖွဲ့နှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ ပညာရှင်များ ပူးပေါင်း၍ သစ်သား အဆောက်အအုံဆိုင်ရာ တူးဖော်မှတ်တမ်းများ၊ ကွင်းဆင်း မှတ်တမ်းများ၊ ပြုပြင်ထိန်းသိမ်းရေး ဆိုင်ရာအစီရင်ခံစာနှင့် မှတ်တမ်းများ လေ့လာဖတ်ရှုခြင်းကို ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်း (ပြည်)၌ ဖေဖော်ဝါရီ ၁၁ရက်မှ ၁၈ရက်ထိ Research Program တစ်ရပ်အနေဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြင်သစ်နိုင်ငံ University of Poitier-iPHEP အဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ပုံတောင်ဒေသနှင့် ဧရာဝတီမြစ်ကမ်း တစ်လျှောက်ရှိ ကျောက်ဖြစ်ရုပ်ကြွင်းဆိုင်ရာ သုတေသနလုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၈ ရက်ကစတင် ဆောင်ရွက်နေပြီး ဖေဖော်ဝါရီ ၂၈ရက်ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...