Social Icons

Pages

Monday, October 13, 2014

အာရှတွင် အကြီးဆုံး ကုန်းလိပ်ဖြစ်သည့် လိပ်မောင်း အား စိတ်ဝင်စားသူများလာ


လိပ်မောင်း

ရန်ကုန် ၊ ၁၃-၁၀-၂၀၁၄

ရန်ကုန် တိရစ္ဆာန် ဥယျာဉ်သို့ လာရောက် အပန်းဖြေ လေ့လာသူများ အနက် လူငယ် အများစုသည် ရှားပါးမျိုးစိတ် တစ်ခုဖြစ်သည့် လိပ်မောင်း မျိုးစိတ်အား စိတ်ဝင်စားမှု ရှိစွာ အဖွဲ့လိုက် လာရောက် လေ့လာမှုများ ရှိကြောင်း သိရသည်။

အဆိုပါ လိပ်မောင်း(ရခိုင်) သည် ခြေခြောက်ချောင်း ရှိပြီး အာရှတွင် အကြီးဆုံး ကုန်းလိပ် အမျိုးအစား ဖြစ်ကာ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေသကြီး တို့၌ ပျံ့နှံ့နေထိုင် ကြသည်။ ကျောခွံသည် ဘဲဥပုံရှိပြီး ခုံးလျက်ရှိကာ အရွယ်ရောက် လိပ်အလျားသည် ၆၀ စင်တီမီတာ ရှိသည်။ ရင်ဘတ်ခြမ်း အခွံသည် အဝါရောင် သို့မဟုတ် အနက်ရောင် ရှိပြီး ဘေးပတ်လည် တွင် အနက်စင်း ကွက်များ ရှိသည်။ ဦးခေါင်းသည် အညိုရင့်ရောင် သို့မဟုတ် အနက်ရောင် ဖြစ်သည်။

ခြေထောက်နှင့် အမြီးမှာ အနက်ရောင် ရှိကာ ခြေထောက်ပေါ်တါင် ကြီးမား ချွန်ထက်သော ဆူးချွန်ငယ် ရှိသည်။ ယင်းလိပ်ကို ခြေခြောက်ချောင်း လိပ်ဟုလည်း ခေါ်ကြသည်။ အသီးအရွက်စား လိပ်ဖြစ်ပြီး မျိုးသုဉ်းလု နီးပါး ဖြစ်၍ ဖမ်းဆီး သတ်ဖြတ်ခြင်း မပြုရန် သက်ဆိုင်ရာမှ တားမြစ်ထားကြောင်း သိရသည်။

လိပ်များသည် လွန်ခဲ့သော နှစ်သန်းပေါင်း နှစ်ထောင်ဝ န်းကျင်က ဒိုင်နိုဆော သတ္တဝါ များထက် ဦးစွာ ပေါ်ပေါက်ခဲ့သည့် တွားသွား သတ္တဝါများအနက် ရှေးအကျဆုံး တွားသွား သတ္တဝါလည်း ဖြစ်သည်။ ကြယ်လိပ်၊ လိပ်မောင်း၊ ဆီချိုလိပ်၊ ဇင်းချောလိပ်၊ လိပ်ပါးနီ၊ ဝလေးလုံးလိပ်၊ ဘီးဝန်းလိပ်၊ ဆောက်လိပ်၊ လိပ်ကျည်၊ လိပ်ပုတ်သင်ညို စသည်ဖြင့် များစွာသော လိပ်မျိုးစိတ်ပေါင်း ၂၆ဝ ခန့် ကမ္ဘာပေါ်တွင် ရှိပြီး မြန်မာပြည် တွင် ပင်လယ်လိပ် အပါအဝင် လိပ်မျိုးစိတ် စုစုပေါင်း ၃၂ မျိုးရှိသည်။

၎င်းတို့အနက် ခြောက်မျိုးသည် မြန်မာနိုင်ငံ၏ ဒေသရင်း မျိုးစိတ်များ  ဖြစ်ပြီး အခြားနိုင်ငံများ၌ မတွေ့ရဘဲ အချို့သော လိပ်မျိုးစိတ် များသည် လည်း မျိုးသုဉ်းလု နီးပါးနှင့် ကြုံတွေ့ နေရကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...