Social Icons

Pages

Friday, September 15, 2017

ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ နယ်မြေတည်ငြိမ် အေးချမ်းလာသဖြင့် မူလနေရပ်များ သို့ပြန်လည်ပြောင်းရွှေ့၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်



နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသားပြည်သူများ ၎င်းတို့၏မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးစဉ်။

တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့ကနေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၁၅-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်မှုကြောင့် နယ်မြေတည်ငြိမ် အေးချမ်းမှုရှိလာသည့်အတွက် တချို့သည် ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့ လျက်ရှိကြသည်။

ထိုသို့ပြောင်းရွှေ့လျက်ရှိရာ ယနေ့တွင် မောင်တောမြို့နယ်၊ သုပဏ္ဏကကျေးရွာသို့ ရောက်ရှိနေသည့် ကြောင်နဘေကျေးရွာမှ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၉၀ ဦး၊ ပန်းကုန်းမကျေးရွာသို့ ရောက်ရှိနေသည့် ပေါက်ကြက် ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၂၄၀ ဦးနှင့် ဒိုးတန်းကျေးရွာရှိ ဒေသခံတိုင်းရင်း သားပြည်သူ ၂၂၀ ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်လမ်းကြောင်း လုံခြုံရေးလိုက်ပါလျက် ၎င်းတို့၏ မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့ရာတွင် ကူညီဆောင်ရွက် ပေးသည်။

ထို့ပြင် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာယနေ့တွင် မောင်တောမြို့၊ တောင်ပြိုဝဲကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ၂၁ ဦး၊ ခမောင်းဆိပ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူ ၁၆ ဦးနှင့် ဘူးသီးတောင်မြို့နယ်၊ တောင်ဘဇာကျေးရွာရှိ ဒေသခံတိုင်းရင်းသား ပြည်သူ ၁၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...