Social Icons

Pages

Friday, September 15, 2017

ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် ထောက်ပံပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် ဆက်လက်ပို့ဆောင်


ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင်များကလှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို တပ်မတော်လေယာဉ်ပေါ်သို့ သယ်ဆောင်ပေးစဉ်။

နေပြည်တော် ၁၅-၉-၂၀၁၇

ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များ ကလှူဒါန်းသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သည့် ထောက်ပံ့ပစ္စည်းများကို စစ်တွေလေဆိပ်သို့ ဆက်လက်ပို့ဆောင် ပေးလျက်ရှိသည်။

ထိုသို့ပို့ဆောင် ပေးလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် ခေါက်ဆွဲ၂၀၀ ဖာ၊ ဆီကြော်မုန့်ကြွပ်နှစ်ဖာ၊ အမယ်စုံ ၁၃ ထုပ်၊ ဖယောင်းပုဆိုး ၅၀လိပ်၊ အတွင်းခံဘောင်းဘီ ၁၁ ဖာနှင့် စောင်လေးထုပ်တို့ကို တပ်မတော်လေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ် စခန်းဌာနချုပ်မှ စစ်တွေလေဆိပ်သို့ ပို့ဆောင်ပေးရာ အဆိုပါလေယာဉ်သည် စစ်တွေလေဆိပ်သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိခဲ့သည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာမြို့နယ်များနှင့် ကျေးရွာများရှိ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ တပ်မတော်မှ ရဟတ်ယာဉ်၊ မော်တော်ယာဉ်၊ ရေယာဉ်များဖြင့် ဆက်လက်ပို့ဆောင် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...