Social Icons

Pages

Tuesday, March 7, 2017

မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ဟနွိုင်းမြို့ရှိ သူရဲကောင်းဗိမာန် ၊ ဟိုချီမင်းဗိမန်သို့ သွားရောက်၍ ပန်းခွေချဂုဏ်ပြု ၊ Hanoi Old Quarters သို့ရောက်ရှိလေ့လာ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီယက်နမ်အမျိုးသား
 ခေါင်းဆောင်ကြီး ဟိုချီမင်းဗိမာန်၌ ပန်းခွေချဂုဏ်ပြုစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ Ngoc Son
 ရှေးဟောင်း ဘုရားကျောင်းအတွင်း လှည့်လည်ကြည့်ရှုစဉ်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ ဟိုချီမင်းဗိမာန်တွင်
 အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်စဉ်

နေပြည်တော် ၊ ၇-၃-၂၀၁၇

ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဟနွိုင်းမြို့တွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ ပါဝင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ သည် ယမန်နေ့နံနက် ဒေသစံတော်ချိန် ၈ နာရီ ၁၅ မိနစ်တွင် သူရဲကောင်းဗိမာန်သို့ ရောက်ရှိကြသည်။ ဦးစွာ တာဝန်ရှိသူများက ကြိုဆိုကြပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များက သူရဲကောင်းဗိမာန်တွင် ပန်းခွေချ၍ ဂုဏ်ပြုကြသည်။

ထို့နောက် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဗီယက်နမ် အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း၏ ဟိုချီမင်းဗိမာန် သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆို  နှုတ်ဆက်ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များသည် ဟိုချီမင်းဗိမာန် ၌ ပန်းခွေချ၍ ဂုဏ်ပြုကြသည်။

ယမန်နေ့ မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ ပြည်တွင်းပြည်ပ ခရီးသွားများ အဓိက လည်ပတ်ကြသည့် အထင်ကရနေရာ တစ်ခုဖြစ်သော Hanoi Old Quarters သို့ သွားရောက်လေ့လာ ကြရာ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Hoan Kiem ရေကန် အတွင်းရှိ Ngoc Son ရှေးဟောင်း ဘုရားကျောင်း အတွင်း လှည့်လည်ကြည့်ရှု ကြရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြသည်။

ယင်း ဘုရားကျောင်းသည် Hoan Kiem ရေကန်အတွင်းရှိ ကျွန်းငယ်ပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး ဘုရားကျောင်း အတွင်း အေဒီ ၁၃ ရာစုနှစ်က စစ်ဘုရင်ကြီး တစ်ပါးဖြစ်သည့် Tran Hung Dao ၏ရုပ်တု အပါအဝင် အခြားစစ်ဘုရင်များ၏ ရုပ်တုများအား ထုလုပ် ထားရှိသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် Hanoi Old Quarters နှင့် Hoan Kiem ရေကန်တို့အား ဘာဂီယာဉ်ငယ် များဖြင့် လှည့်လည်ကြည့်ရှု လေ့လာခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေစဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...