Social Icons

Pages

Monday, October 13, 2014

ပထမဆုံးအကြိမ် ကျင်းပမည့် နိုင်ငံတကာ မြန်မာ့မိုင်းလုပ်ငန်း ကွန်ဖရင့် ၂၀၁၄ ပါဝင်သည့် ပြပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၃-၁၀-၂၀၁၄

မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ် ကျင်းပမည့် နိုင်ငံတကာ မြန်မာ့မိုင်း လုပ်ငန်းကွန်ဖရင့် ၂ဝ၁၄ ပါဝင်သည့် Construction Power & Mining Myanmar 2014  ပြပွဲကို အောက်တိုဘာ ၃ဝ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ရန်ကုန်မြို့ မြန်မာ ကွန်ဗင်းရှင်း စင်တာ ( MCC ) ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ ဆောက်လုပ်ရေး၊ စွမ်းအင် နှင့် သတ္တု တူးဖော်ရေး ပြပွဲ ၂ဝ၁၄ တွင် နိုင်ငံတကာ လုပ်ငန်းပြပွဲ သုံးမျိုး ပါဝင်ပြီး မြန်မာ့ေ ဆာက်လုပ်ရေး နှင့် အဆောက်အအုံ ၂ဝ၁၄ ( Building and Construction Myanmar 2014 )၊ မြန်မာ့ လျှပ်စစ်စွမ်းအင် နှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ၂ဝ၁၄ ( Energy Power and Renewable Energy Myanmar 2014 ) နှင့် မြန်မာ့မိုင်း လုပ်ငန်း၂ဝ၁၄ ( Mining Myanmar 2014 ) တို့ဖြစ်ကာ ယင်းပြပွဲ သုံးမျိုးကို အတူတကွ စုပေါင်းထားပြီး ပြသသော ကုမ္ပဏီများ ကလည်း လုပ်ငန်း အများအပြား အတွက် နည်းလမ်းများ ပေးနိုင်သော ထုတ်ကုန်နှင့် နည်းပညာ အကြံဉာဏ် များကို ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို Bankok Exhibition Services ( BES ) Ltd မှ ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ကုမ္ပဏီပေါင်း ၁၅ဝ ကျော် ပါဝင် ပြသမည် ဖြစ်ကာ တရုတ်၊ တောင်ကိုရီးယား၊ စင်ကာပူ နှင့် ထိုင်းနိုင်ငံ တို့မှ နိုင်ငံတကာ ပြခန်း လေးခု ပါဝင်၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကုမ္ပဏီများ၏ ဆွေးနွေးပွဲ များလည်း ပါဝင် ပြသမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲသို့ လာရောက်လို ပါက အွန်လိုင်းမှ ကြိုတင် အမည်စာရင်း ပေးသွင်းနိုင်ပြီး အွန်လိုင်းမှ မှတ်ပုံတင် သူများမှာ အခမဲ့ ပြပွဲ လမ်းညွှန်စာအုပ် ရရှိမည် ဖြစ်ကာ ပြပွဲ ကျင်းပနေစဉ် လာရောက် သူများ အနေဖြင့်လည်း အဆိုပါ ပြပွဲအတွင်း၌ အမည်စာရင်း ပေးသွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ အွန်လိုင်းမှ စာရင်းပေးသွင်း https://www.Facebook.com/#!/CPMMyanmar ၊ Websites များဖြစ်သော www.buildingmyanmar.comwww.electricmyanmar.comwww.miningmyanmar.comwww.CPMMyanmar.com တို့တွင် အမည်စာရင်း ပေးသွင်း နိုင်ကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...