Social Icons

Pages

Monday, October 13, 2014

ချင်းတွင်းမြစ်ကြောင်း ပြုပြင်ရေး နိုင်ငံတကာ ချေးငွေရယူလို


မုံရွာ ၊ ၁၃-၁၀-၂၀၁၄

နိုင်ငံတကာ ချေးငွေရလျှင် ချင်းတွင်း မြစ်ကြောင်း ပြုပြင် ပြောင်းလဲရေးကို လုပ်ဆောင် လိုကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

''လောလောဆယ် ချင်းတွင်းမြစ် ပြုပြင် ပြောင်းလဲရေး အတွက် နိုင်ငံတော် ဘတ်ဂျက် နဲ့တော့ အမြဲ လုပ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုရင် အဲဒီမြစ်က ရေကြောင်း ပို့ဆောင်ရေး အတွက် အဓိက အရေးကြီးဆုံး ဖြစ်တဲ့ အတွက်ပါ။ ချင်းတွင်းမြစ် ကို ဧရာဝတီမြစ် လိုပဲ နိုင်ငံတကာ ဘတ်ဂျက် ရရင် ဒီထက်ပိုပြီး ပြုပြင်မှုတွေ လုပ်ချင် ပါတယ် ... '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ရေ အရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးရေး ဦးစီးဌာန အနေဖြင့် ဧရာဝတီမြစ် နှင့် ချင်းတွင်းမြစ် ပြုပြင်ရေး အတွက် တစ်နှစ်လျှင် ငွေကျပ်သန်း ၂၆ဝဝ သာရရှိပြီး ဧရာဝတီ မြစ်ကြောင်း ပြုပြင်ရေး အတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ချေးငွေ ရရှိ ထားပြီးဖြစ်ကာ ငါးနှစ် စီမံကိန်းချ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရေကြောင်း ပို့ဆောင်ရေး တွင် အဓိက အရေးပါသည့် ချင်းတွင်းမြစ် ကိုလည်း ပြုပြင်မှုများ လုပ်ဆောင် လိုခြင်း ဖြစ်သည်။

၎င်းဌာန အနေဖြင့်လည်း ရခိုင်ပြည်နယ် ရှိ မြစ်အချို့ကို ပြုပြင်မှုများ လုပ်ဆောင် နေကြောင်း၊ ရခိုင်ပြည်နယ် သည် ရေလုပ်ငန်း များပြားစွာ ဆောင်ရွက် နေသည့် အတွက် မြစ်ကြောင်းများ ပြုပြင်မှု များစွာ လိုအပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ချင်းတွင်းမြစ် သည် ဧရာဝတီမြစ် အတွင်း စီးဝင်သည့် အကြီးဆုံး ရေဝေမြစ် ဖြစ်ကာ ၁၂ဝ၇ ကီလိုမီတာ ရှည်လျားကြောင်း သိရသည်။ ချင်းတွင်းမြစ် သည် ထမံသီ၊ ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝ၊ ကလေးမြို့၊ မင်းကင်းနှင့် မုံရွာမြို့ တို့ကို ဖြတ်ပြီးစီးဆင်း နေသည့် မြစ်တစ်ခု ဖြစ်သည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...