Social Icons

Pages

Friday, September 14, 2018

ကွတ်ခိုင်မြို့အဝင်၌ ငွေကျပ်သိန်းပေါင်း ၉၆ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ



နေပြည်တော် ၁၄-၉-၂ဝ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့အဝင် ကောင်းခါး-ကွတ်ခိုင်-လွယ်ခန် ကား လမ်း၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မော်တော်ယာဉ်များအား စစ်ဆေးစဉ် စက်တင်ဘာ ၁၂ ရက် ည ၁ဝ နာရီခန့်တွင် လွယ်ခန်ကျေးရွာဘက်မှ ကွတ်ခိုင်ဘက်သို့ လီလုံစိမ်း(ဘ) လီလောက်လင်း မောင်းနှင်လာသည့် Light Truck အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY-4I/-— အား စစ်ဆေးရာ မော်တော်ယာဉ် နောက်ခန်းအတွင်း သယ်ဆောင်လာသည့် အိုက်စ်ပုံဆောင်ခဲ ၈၄ ကီလိုဂရမ်ခန့်၊ ကဖင်းမှုန့် ၁၆၈ဝ ကီလိုဂရမ်ခန့် (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၉၆ဝဝ ကျော်)၊ လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူအား ကွတ်ခိုင်မြို့မ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...