Social Icons

Pages

Monday, March 13, 2017

မော်လမြိုင်မြို့ ၊ ဆံတော်ရှင်ကျိုက်သုတ်စေတီတော်မြတ်ကြီး စိန်ဖူးတော် ၊ ငှက်မြတ်နားတော်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲ့ပြုလုပ်



နေပြည်တော်-၁၃-၃-၂၀၁၇

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဆံတော်ရှင် ကျိုက်သုတ် စေတီတော် မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နား တော်နှင့် လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူ ပူဇော်ပွဲကို ယနေ့ နံနက် ပိုင်းတွင် အဆိုပါ စေတီတော် ဓမ္မာရုံ၌ ပြုလုပ်ရာ မော်လမြိုင်မြို့၊ ရွှေတောင် ကျောင်းတိုက် ဆရာတော် ဓမက္မထကိ ဗဟဇုနဟတိ ဓရဂနဝ္ထါစကပဏ္ဍတိ ဘဒ္ဒန္တဝိမလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူ ကြပြီး မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် တာဝန် ရှိသူများ၊ ပြည်နယ် အစိုးရ အဖွဲ့မှ တာဝန်ရှိ သူများ၊ ဂေါပက အဖွဲ့ဝင်များ နှင့် စေတနာရှင် အလှူ ရှင်များ တက်ရောက် ကြသည်။

ဦးစွာ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူ များက သံဃာတော် များထံမှ ရှစ်ပါးသီလ ခံယူ ဆောက်တည် ကြပြီး သံဃာတော် များထံ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကာ ရွှေတောင် ကျောင်းတိုက်ဆရာတော် ထံမှ အနုမောဒနာ တရားနာ ယူ၍ လှူဒါန်းမှု အစုစုအား ရေစက်သွန်းချ အမျှပေး ဝေကြသည်။

ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများ က စိန်ဖူးတော် နှင့် ငှက်မြတ်နား တော်တို့ကို စေတီတော် မြတ်အား လက်ယာရစ် လှည့်လည် ပူဇော်ကာ စေတီတော် အထွတ်သို့ တင်လှူ ပူဇော်ကြပြီး သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။ 

မော်လမြိုင်မြို့ ရွှေတောင်ကျေင်းတိုက် ဆရာတော်ဓမ္မကထိက ဗဟဇု နဟိတဓရ ဂနဝ္ထါစကပဏ္ဍတိ ဘဒ္ဒန္တဝိမလထံမှ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တက်ရောက်လာကြသူများက လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေစဉ်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...