Social Icons

Pages

Showing posts with label မူးယစ်ဆေးဝါး. Show all posts
Showing posts with label မူးယစ်ဆေးဝါး. Show all posts

Thursday, April 11, 2019

တာမိုးညဲမြို့နယ်၊ ကျန်ကြာကျိုင်းကျေးရွာ၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

တာမိုးညဲမြို့နယ်၊ ကျန်ကြာကျိုင်းကျေးရွာ၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တာမိုးညဲမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၉ ရက်  မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ကျန်ကြာကျိုင်းကျေးရွာရှိ လူနေအိမ်နှစ်လုံးအား သတင်းအရဝင်ရောက်စစ်ဆေးရာ  ဦးလီလောက်ကိုင်(ဘ) ဦးလီခင်းဖူးနှင့်   ၄င်း၏ညီဖြစ်သူ  ဦးလီလောက်ဝမ်း၊  ဇနီးဖြစ်သူ ဒေါ်ချီကင်ထန်းတို့သုံးဦးကို ၈၈။၁ စာတန်းပါစိတ်ကြွဆေးပြား ၁ဝဝဝ ပြား၊ ဘိန်းစိမ်း  ၄ ဒသမ ၈၈ ကီလိုဂရမ်ခန့်(စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ်၅၉ သိန်း)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရအရေးယူဆောင်ရွက်နိုင်ရေး လောက်ကိုင် မူးယစ်တပ်ဖွဲ့စုသို့   စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။                   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, April 4, 2019

မောတောင်မြို့၊ မြို့မရပ်ကွက်၌ ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ

မောတောင်မြို့၊ မြို့မရပ်ကွက်၌ ဘိန်းစာမှုန့်များ ဖမ်းဆီးရမိ
-
နေပြည်တော် ဧပြီ ၃ 
-
တနင်္သာရီတိုင်းဒေသကြီး၊ မောတောင်မြို့၊ မြို့မရပ်ကွက်နေ ကိုဖြိုးပိုင်ဆိုင်သည့် ဥယျာဉ်ခြံသို့ သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် သွားရောက်ရှာဖွေရာ ကိုဖြိုးအား မတွေ့ရှိရဘဲ ခက်ကိုစိုး(ဘ)ဦးဖေအေးနှင့်သိန်းထိုက်(ဘ)ဦးစတို့ကို ဘိန်းစာမှုန့် ၁၂ အိတ်(ခန့်မှန်း၃၂၃ ကီလိုဂရမ်ခန့်) နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။ 
-
အဆိုပါ ဘိန်းစာမှုန့်များနှင့်အတူ ဖမ်းဆီးရမိသူများအား မောတောင်မြို့မရဲစခန်းမှ တရားဥပဒေ နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, April 3, 2019

ကွန်ဟိန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

ကွန်ဟိန်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဧပြီ  ၂ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ မြို့ရှောင်လမ်းအနီး၌ လုံခြုံရေး ဆောင် ရွက်လျက်ရှိသော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေး ဆောင်ရွက်စဉ် ယနေ့မွန်းလွဲ ၂ နာရီခွဲခန့်တွင်ကာလိမြို့ ဘက်မှ နမ့်စန်မြို့ဘက်သို့ စိုင်းနာလိန်(ဘ) ဦးစိုင်းခေါင် မောင်းနှင်၍စိုင်းခမ်းဆာ(ဘ) ဦးစိုင်းမွန်း လိုက်ပါလာသည့် မတ်တူးအမျိုးအစား လိုင်စင်မဲ့အဖြူရောင် ယာဉ်အား ရပ်တန့်စစ်ဆေးရာ၎င်းတို့အား WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁ဝဝ)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါမော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအားတရား ဥပဒေအရ  အရေးယူ ဆောင်ရွက်နိုင်ရေး ကွန်ဟိန်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, April 2, 2019

မဘိမ်း မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် နေသူများအား ဖမ်းဆီးရမိ

မဘိမ်း မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် နေသူများအား ဖမ်းဆီးရမိ
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာနေ ဦးမျိုးမြင့်(ဘ) ဦးသောင်းဖေ၏ နေအိမ်အား မတ် ၃၁ ရက် မွန်းတည့်၁၂ နာရီခန့်တွင်လုံခြုံရေး တပ်ဖွဲ့ဝင်များကသတင်းအရ ဝင်ရောက် ရှာဖွေရာ ဦးမျိုးမြင့်နှင့် မူးယစ်ဆေးဝါး လာရောက်ဝယ်ယူနေသည့် ဦးမြင့်နိုင်(ဘ) ဦးထွန်းသောင်းတို့ကို ဘိန်းဖြူ ၅ဝ ဂရမ်ပါ ဆပ်ပြာခွက် ငါးခွက်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝဝ ပြား (စုစုပေါင်းမူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၂ဝ ကျော်)၊ မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းနှစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ သူများအားတရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် မဘိမ်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, March 5, 2019

ငဖဲမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၇၁ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ငဖဲမြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၇၁ဝဝဝ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
-
နေပြည်တော်    မတ်     ၄ 
-
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပျဉ်းဝကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည်ယာဉ်ဝင်/ထွက်မှုများစစ်ဆေးဆောင်ရွက်စဉ် မတ်၂ ရက် ည ၁၁ နာရီခန့်တွင် မောင်တောမြို့နယ်၊ ချီတာကျေးရွာနေသိန်းကျော်(ဘ) ဦးစိန်သာထွန်း မောင်းနှင်ပြီး အောင်စိန်(ဘ) ဦးအောင်ကျော်မြနှင့် ကျော်မင်းဦး(ဘ)ဦးလှမင်းတို့ လိုက်ပါလာသည့် ဒိုင်နာခြောက်ဘီးယာဉ် အမျိုးအစား ယာဉ်အမှတ် ၊ BGO-2M/-----မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း မိုးကာစဇစ်တပ်အိတ်ရှည်များအတွင်းထည့်၍ တင်ဆောင်ထားသည့် WYစာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၄၃၉၉၄၅ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၇၁ဝဝဝ ကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများအား ပဒါန်းနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 25, 2019

မောင်တောမြို့အနီး နတ်မြစ်အတွင်း၌ သိန်းပေါင်း ၁၉ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

မောင်တောမြို့အနီး နတ်မြစ်အတွင်း၌ သိန်းပေါင်း ၁၉ဝဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော် ဖေဖော်ဝါရီ ၂၄ 
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အနီးရှိနတ်မြစ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၃  ရက် ည ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက် ရေမိုင်  ၁၆ ဒသမ ၇ မိုင်ခန့်အကွာသို့ အရောက်၌တစ်ဖက်နိုင်ငံဘက်သို့အထုပ်များနှင့်အတူ ရေကူးသွားနေသူ သုံးဦးအား တွေ့ရှိသဖြင့်ဖမ်းဆီးရာ မိုဟာမတ်အာလီ(ဘ) ဦးဂိုရာမြားအပါအဝင်သုံးဦးအား WY/R စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၆၅၂၅ဝ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၉ဝဝဝ ကျော်)တို့နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိသူများ၊ သိမ်းဆည်းရမိ လှေနှင့် စိတ်ကြွရူးသွပ် ဆေးပြားများအား မောင်တောမြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, February 22, 2019

မိုးမောက်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

မိုးမောက်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ
-
နေပြည်တော် ဖေဖော်ဝါရီ ၂၁ 
-
ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ ကျောက်စခန်း ပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအားစစ်ဆေး ဆောင်ရွက်စဉ် ဖေဖော်ဝါရီ ၂ဝ ရက် ည ၆ နာရီခန့်တွင် လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ အင်ယော်နော်ရိန် (ဘ)ဦးအင်ယော်ဂမ်မောင်းနှင်လာသည့် HONDA CIVIC အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 5K/----အား ရပ်တန့်စစ်ဆေးရာယာဉ်၏ နောက်ဖုံးအတွင်း အံဝှက်ပြုလုပ်၍သယ်ဆောင်လာသော ဘိန်းဖြူဆပ်ပြာခွက် ၈၃ ခွက်(၉၁၃ဂရမ်)၊ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၉၁၃ သိန်းခန့်)နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ယာဉ်နှင့်မူးယစ်ဆေးဝါးများအား မိုးမောက်မြို့နယ်ရဲစခန်းသို့စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်းသတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 20, 2019

ကွတ်ခိုင် မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူအား ဖမ်းဆီးရမိ

ကွတ်ခိုင် မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူအား ဖမ်းဆီးရမိ
-
နေပြည်တော် ဖေဖော်ဝါရီ ၁၉ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကွတ်ခိုင်မြို့နယ်အတွင်းလုံခြုံရေး ဆောင်ရွက်နေသည့်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၈ ရက် ည ၆ နာရီ မိနစ် ၂ဝ ခန့် တွင် ကွတ်ခိုင်မြို့၏ အရှေ့တောင်ဘက် မီတာ ၄ဝဝဝ ခန့်အကွာရှိ နောင်ဖျက် ကျေးရွာအဝင် လမ်းမပေါ်၌ ယာဉ်ဝင်/ထွက်မှုများအား သတင်းအရ စောင့်ဆိုင်း စစ်ဆေးနေစဉ် နောင်ဖျက်ကျေးရွာမှ ကွတ်ခိုင်မြို့ဘက်သို့ လျှိုကျိန်နိမ့်(ဘ)ဦးလျှိုတယ်ရှိုး မောင်းနှင် လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက် အတွင်းမှ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၈ဝဝဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂၇ဝ ခန့်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ ဖမ်းဆီးရမိသူ၊ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများအား ကွတ်ခိုင်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 18, 2019

တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်   ဖေဖော်ဝါရီ  ၁၇ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်း၌ ရှာင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်စဉ် လော်ဘေ(ဘ) ဦးလောညီး မောင်းနှင်၍ လော်ဘာ(ဘ) ဦးလော်ရိုး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ လော်ဘေ၏ကျောပိုးအိတ်အတွင်းမှ WYစာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၄ဝဝဝဝပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၄ဝဝ)နှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။ 
-
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအားတာချီလိတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, February 15, 2019

မိုးမောက်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

မိုးမောက်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၁၄ 
-
ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် ယနေ့မွန်းတည့် ၁၂ နာရီခန့်၌ လွယ်ဂျယ်ဘက်မှမြစ်ကြီးနားဘက်သို့ ဦးနေဝင်းအောင်(ဘ) ဦးအေးဆောင် မောင်းနှင်ပြီး ဒေါ်တင်တင်ဝင်း(ဘ)ဦးလွန်းမောင် လိုက်ပါလာသည့် NOAH အမျိုးအစား ယာဉ်အမှတ်၊ 7N/--အား ရပ်တန့်စစ်ဆေးရာ ခရီးသည် ဒေါ်တင်တင်ဝင်း၏ အစိမ်း ရောင် ပလတ်စတစ်လက်ဆွဲခြင်းနှင့် ၎င်း၏ အင်္ကျီအတွင်း ဝှက်၍သယ်ဆောင်လာသော ၁၁ ဂရမ်ခန့်ပါ ဘိန်းဖြူဆပ်ပြာခွက် ငါးခွက် (စုစုပေါင်း ၅၅ ဂရမ်ခန့်) (ခန့်မှန်းတန်ဖိုး ငွေကျပ်၅၅ သိန်းခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ ဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့်မူးယစ်ဆေးဝါးများအား မိုးမောက် မြို့နယ်ရဲစခန်းသို့စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 6, 2019

မိုးမိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

မိုးမိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၅ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့၏ မြောက်ဘက် ၄ မိုင်ခန့်အကွာရှိ မိုးမိတ်-မဘိမ်းသွား ကားလမ်း၌ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခန့်တွင် မိုးမိတ်မှမဘိမ်းဘက်သို့ ဒေါ်သန်းနု (ဘ) ဦးအောင်ခန့် မောင်းနှင်လာသည့်  မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဒေါ်သန်းနုအား စိတ်ကြွရူးသွပ် ဆေးပြား ၂၇၆၅ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ဆိုင်ကယ်နှင့် မူးယစ်ဆေးဝါးများကို  မိုးမိတ်မြို့နယ် ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 5, 2019

ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၄ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊နမ့်ပေါ်တံတားစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ည ၆ နာရီခန့်တွင် တီးမားရွာဘက်မှမူဆယ်ဘက်သို့ တီးမားကျေး ရွာနေ ကျောင်လျို(ဘ) ဦးကျောင်းရှင်းရုန် မောင်းနှင်လာပြီး မူဆယ်မြို့၊ မန်ဝိန်းရပ်၊ စွမ်စော်ရပ်ကွက်နေ လင်စူးကျဉ်(ဘ)ဦးရန်လင်နှင့် ဟုန်စီ(ဘ)ဦးဟုန်ရှင်းစီတို့ လိုက်ပါလာသည့်Mark-II အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN-5C/------ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်ဂီယာအုံ ဘေးအနောက်အံဝှက်အတွင်း ထည့်၍ သယ်ဆောင်လာသော ၈ ဂရမ်ခန့်ပါ ဘိန်းဖြူဆပ်ပြာခွက် ငါးခွက်(စုစုပေါင်း ၁၆ ဂရမ်ခန့်)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ဝဝ ပြား(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၃၆ သိန်းကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား မူဆယ်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, February 1, 2019

မောင်တောမြို့နယ်၊ ကညင်တောမြောက် ကျေးရွာ၌ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

မောင်တောမြို့နယ်၊ ကညင်တောမြောက် ကျေးရွာ၌ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
-
နေပြည်တော် ဇန်နဝါရီ  ၃၁ 
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၃ဝ ရက် ညနေ ၃ နာရီခွဲတွင် ကညင်တောမြောက်ကျေးရွာသို့ အရောက်၌ ဆိုင်ကယ်အနီရောင်စီးနင်းလာသော အမျိုးသားတစ်ဦးမှာ ပလတ်စတစ် အထုပ်တစ်ထုပ်အား လမ်းဘေးလယ်ကွင်းစပ်သို့ ပစ်ချပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ကညင်တောမြောက်ရွာ တာဝန်ခံရှေ့တွင်ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ပလတ်စတစ်အိတ် အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၆ဝ ကျော်)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
-
အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ပြင်ဖြူမြို့နယ်ရဲစခန်းသို့  စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 31, 2019

ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော် ဇန်နဝါရီ ၃ဝ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ ဦးထန်ဆိုင်လင်း၏ နေအိမ်အား ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ကသတင်းအရဝင်ရောက်ရှာဖွေရာ ၄င်း၏ နေအိမ်၌ ငှားရမ်းနေထိုင်သည့် အောင်ကျော်(ဘ) ဦးအိုက်ခေါင်နှင့် မစိန်ပွင့်(ဘ) ဦးစိန္ဒာတို့ နှစ်ဦးအား ဘိန်းဖြူ ၈ဝ ဂရမ်နှင့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၉ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇ သိန်းကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ သူများအား ကျောက်မဲမြို့မ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 30, 2019

ရခိုင်ပြည်နယ်၊ နတ်မြစ်အတွင်း၌ ငွေကျပ်သိန်းပေါင်း ၆ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ

ရခိုင်ပြည်နယ်၊ နတ်မြစ်အတွင်း၌ ငွေကျပ်သိန်းပေါင်း ၆ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၂၉ 
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၈ ရက် နံနက်၇ နာရီ ၃၅ မိနစ်ခန့်တွင် မောင်တောမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၆ ဒသမ ၅ မိုင်ခန့်အကွာသို့ အရောက်၌ အမည်မရှိ လက်ခတ်လှေ တစ်စင်းအားတွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ လှေပေါ်၌ WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃ဝ၂၂၅ဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၆ဝဝဝကျော်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မောင်တောမြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 29, 2019

ခရီးသည်တင် မော်တော်ယာဉ်ပေါ်၌ လိုက်ပါလာသူ ခြောက်ဦးထံမှ ငွေကျပ်သိန်းပေါင်း ငါးထောင်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ခရီးသည်တင် မော်တော်ယာဉ်ပေါ်၌ လိုက်ပါလာသူ ခြောက်ဦးထံမှ ငွေကျပ်သိန်းပေါင်း ငါးထောင်ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော် ဇန်နဝါရီ  ၂၈ 
-
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး ဂိတ်၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၇ ရက် ည ၁ဝ နာရီ၄၅ မိနစ်ခန့်တွင်လားရှိုးမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသော ရွှေလားရှိုးခရီးသည်တင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် စိုင်းထွန်းဦး(ဘ)ဦးဇော်ဝင်းနိုင်၊ နန်းလူစိန်(ဘ) ဦးပီပေါက်၊ နန်းစံစိန်(ဘ)ဦးစိုင်းမွန်း၊ နန်းဆိုင်ရွှေ(ဘ)ဦးစိုင်းဆန်၊ စိုင်းဆွေဟန်(ဘ) ဦးအိုက်အမ်နှင့် စိုင်းဆွေဦး(ဘ) ဦးစိုင်းရှီလီတို့ခြောက်ဦး သယ်ဆောင်လာသော ပီနံအိတ်များအတွင်းမှWY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၅ဝဝဝ)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား အုန်းချောရဲစခန်းမှ တရားဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိပြီး မူးယစ်ဆေးဝါးများနှင့် ပတ်သက်သူအားဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 22, 2019

လားရှိုးမြို့၊ နားမခေါ် ကားကြီးဝင်း အတွင်း၌ ငွေကျပ်သိန်းပေါင်း ၈၆ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ တစ်ဦး ဖမ်းဆီးရမိ

လားရှိုးမြို့၊ နားမခေါ် ကားကြီးဝင်း အတွင်း၌ ငွေကျပ်သိန်းပေါင်း ၈၆ဝဝ တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ တစ်ဦး ဖမ်းဆီးရမိ
-
နေပြည်တော် ဇန်နဝါရီ ၂၁ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နားမခေါ် ကားကြီးဝင်းအတွင်းရှိ လားရှိုး-ရန်ကုန်သွား ယာဉ်လိုင်းများ အနီး၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းစဉ် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် လှိုင်မင်းထွန်း(ဘ) ဦးတိုးလွင်သည် ခရီးဆောင် အိတ်လေးလုံးဖြင့် ရောက်ရှိလာသဖြင့် ခေါ်ယူ စစ်ဆေးရာ ခရီးဆောင်အိတ်များအတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄၃ဝဝဝဝ ပြား(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၈၆ဝဝ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါ မူးယစ်ဆေးဝါးများ၊ ဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိသူအား လားရှိုးမြို့မ ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, January 18, 2019

ခရီးသည်တင် မော်တော်ယာဉ်ပေါ်၌ လိုက်ပါလာသူနှစ်ဦးထံမှ ငွေကျပ်သိန်းပေါင်း ၅ဝဝဝ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ခရီးသည်တင် မော်တော်ယာဉ်ပေါ်၌ လိုက်ပါလာသူနှစ်ဦးထံမှ ငွေကျပ်သိန်းပေါင်း ၅ဝဝဝ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၁၇
-
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၁၆ မိုင် ကျောက်ချော စစ်ဆေးရေးဂိတ်၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်ဝင်/ထွက်မှုများ စစ်ဆေးဆောင်ရွက်စဉ်လားရှိုးမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ဦးဇော်မင်းထွန်းမောင်းနှင်လာသောမြတ်မန္တလာထွန်းခရီးသည်တင်မော်တော်ယာဉ်အား ယနေ့နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ရပ်တန့်စစ်ဆေးရာယာဉ်ပေါ်တွင် လိုက်ပါလာသည့် မချိုပြုံး(ဘ) ဦးမြင့်ဇော်နှင့် တင်ငွေ (ဘ) ဦးဘမောင်တို့နှစ်ဦး သယ်ဆောင်လာသော ခရီးဆောင်အိတ်များ အတွင်းမှ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား၁ဝဝဝဝဝ ပြား (စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၅ဝဝဝ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအားအုန်းချောနယ်မြေရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, January 11, 2019

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရပ်အနီး၌ ငွေကျပ်သိန်း၂၅ဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရပ်အနီး၌ ငွေကျပ်သိန်း၂၅ဝဝ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော် ဇန်နဝါရီ ၁ဝ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ဝမ်မိုင်ရပ်အနီး၌ လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းစဉ် ဇန်နဝါရီ ၉ ရက် ည ၉ နာရီ မိနစ် ၅ဝ ခန့်တွင် ခရစ်ယာန်ဘုရားကျောင်းလမ်းအနီးမှ လွယ်စီတုံကျေးရွာဘက်သို့ စိုင်းရှဲန်လာ(ဘ)ဦးအိုက်ပန်း မောင်းနှင်လာသော Honda Wave-125 အမျိုးအစား မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ရှေ့ခွကြားတွင် တင်ဆောင်လာသည့် ကျောပိုးအိတ်အတွင်းမှ အိုက်စ်အဖြူရောင်ပုံဆောင်ခဲ ၁ဝ ကီလိုဂရမ်ခန့် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၂၅ဝဝ)နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။ 
-
ဖမ်းဆီးရမိသူ၏ ပြောကြားချက်အရ အဆိုပါ မူးယစ်ဆေးဝါးများကို ဆန်ဆိုင်း(ခ) ရပ်ကွက်၊ ဟံသာဝတီလမ်းနေ ဒေါ်မွှေးလိန်ထံမှ ရရှိကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေရာ ဒေါ်မွှေးလိန်အား နေအိမ်မှတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူ ဒေါ်မွှေးလိန်မှ ယင်းမူးယစ်ဆေးဝါးများမှာ ပန်ဆန်းမြို့ ဒေါ်ရှောက်ရှောက်ထံမှ ရရှိခဲ့ကြောင်း သိရှိရသည်။ 
-
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းမှ တရားဥပဒေအရ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက် ရှိကြောင်းနှင့် မူးယစ် ဆေးဝါးများနှင့် ပတ်သက်သူအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 10, 2019

မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာအနီး၌ ငွေကျပ်သိန်းပေါင်း ၁၁ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်ရည်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာအနီး၌ ငွေကျပ်သိန်းပေါင်း ၁၁ဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် အက်စစ်ရည်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
-
နေပြည်တော်  ဇန်နဝါရီ  ၉ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ တိန်းလုံရွာအနီးရှိ ဦးလောက်ကျောင် ပိုင်ဆိုင်သော ခြံဝင်းအတွင်းသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရသွားရောက်ရှာဖွေရာ  မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် ငွေကျပ်သိန်းပေါင်း ၁၁ဝဝ ကျော်တန်ဖိုးရှိ မက်သနောအက်စစ်ရည်နှင့် အီသိုင်းအက်စစ်ရည်တို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ 
-
ဖြစ်စဉ်မှာ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါခြံဝင်းအတွင်းသို့ ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီခန့်တွင် သတင်းအရ သွားရောက်ရှာဖွေရာ ခြံဝင်းအတွင်း လူတစ်ဦးမျှ မတွေ့ရှိရသော်လည်း မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများဖြစ်သော ဖန်ပေါင်းချောင်အိုး အကြီး ၁၄ လုံး၊ စတီးဘွိုင်လာအိုးအကြီး/ အသေးနှစ်လုံး၊ စတီးမွှေစက်အကြီး(မော်တာပါ) သုံးလုံး၊ မွှေကန်အကြီးသုံးလုံး၊ စတီးပေါင်း ခံအိုးတစ်လုံး၊ ရေအေးပေးစက် အကြီးသုံးလုံး၊ ပလတ်စတစ်မွှေကန်အကြီး(မော်တာပါ) သုံးလုံး၊ အခြောက်ခံစက်အကြီးငါးလုံး၊ အပူ/အအေးထိန်းစက်ကြီး တစ်လုံးနှင့် အပူချိန်လျှော့စက် တစ်လုံးတို့ကို လည်းကောင်း၊ ခြံဝင်း အတွင်းရှိ ၁၂ ဘီးယာဉ်အမှတ်၊ U/----ပေါ်မှ မက်သနောအက်စစ်ရည် ၄ ဂါလန်ဆံ့၁၃ဝ ပုံးနှင့် အီသိုင်းအက်စစ်ရည် ၄ ဂါလန်ဆံ့ ၅၆ဝ ပုံးတို့ကို လည်းကောင်း ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။ 
-
အဆိုပါသိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား မူဆယ်မြို့မရဲစခန်းမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...