Social Icons

Pages

Friday, September 14, 2018

ပေါက်တောမြို့အနီး ကုလားတန်မြစ်အတွင်း လှေတစ်စင်းပေါ်မှ တရားမဝင် တင်ဆောင်လာသော ကျွဲများ ဖမ်းဆီးရမိ



နေပြည်တော် ၁၄-၉-၂ဝ၁၈

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ရှိ ကုလားတန်မြစ်အတွင်း တရားဥပဒေ စိုးမိုးရေး ဆောင် ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၂ ရက် နံနက် ၁ နာရီ ၂၅ မိနစ်ခန့်တွင် တောင်ဦးမော်ကျေးရွာ၏ အနောက်ဘက် ရေမိုင် ၂ မိုင်ခန့်အကွာ၌ အရှေ့တောင်ဘက်မှ အနောက်မြောက်ဘက်သို့ မောင်းနှင်လျက်ရှိသော မသင်္ကာဖွယ် စက်လှေတစ်စင်း အား တွေ့ရှိသဖြင့် သွားရောက်စစ်ဆေးရာ အလျား ၃၇ ပေ၊ အနံ ၁ဝ ပေ၊ ရေစူး ၃ ဒသမ၅ ပေခန့်ရှိ စက်လှေတစ်စင်းပေါ်တွင် မာမတ်ရှော်လီ(ဘ) ဦးမတ်ဆလောင်ကို တရားမဝင် တင်ဆောင်လာသော ကျွဲ ၁၇ ကောင်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ၊ စက်လှေနှင့် ကျွဲများအား ပေါက်တောမြို့မရဲစခန်းသို့ စနစ် တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...