Social Icons

Pages

Tuesday, July 10, 2018

မြဝတီကော့ကရိတ် အာရှလမ်းမကြီး တောင်နံရံပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်



ကော့ကရိတ် ၁ဝ-၇-၂ဝ၁၈

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ကော့ကရိတ်အပိုင် နတ်စင်ကွေ့နေရာ၌ ယနေ့နံနက် ၂နာရီခန့်က တောင်နံရံ ပြိုကျမှုကြောင့် ခရီးသွားယာဉ်များနှင့် ကုန်တင်ယာဉ်များ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း ကော့ကရိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောပြ၍သိရသည်။

"လူနဲ့ ယာဉ်တွေ ထိခိုက်ပျက်စီးမှု မရှိပါဘူး။ အခုလောလော ဆယ်မှာတော့ ကော့ကရိတ်က မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရှင်းလင်း ဆောင်ရွက် ပေးနေပါတယ်။ ကျွန်တော်တို့ လမ်းဦးစီးဌာန ကိုလဲ အကြောင်းကြား ထားတဲ့အတွက် မကြာခင်ဘက်ဟိုး တစ်စီးရောက်လာ တော့မှာပါ။ မြဝတီလူမှု ကယ်ဆယ်ရေး အဖွဲ့ကလဲအင်အား ၈ဝ လောက် လာရောက်ကူညီ ပေးမှာဖြစ်ပါတယ်။ မြေပြိုတဲ့ ထုကများတော့ လူအားနဲ့မနိုင်ပါဘူး။ စက်အားနဲ့ပါ ရှင်းလင်းရမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောပြသည်။

ထို့ပြင် မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးထူးလွင်နှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ခရီးသွားယာဉ်များမှ ခရီးသွားပြည်သူများက ဝိုင်းဝန်းရှင်းလင်း ပေးကြောင်း သိရသည်။

"ကျွန်တော်တို့ အခုလက်ရှိ ယာဉ်ကြောသွားလာမှု အမြန်ဆုံးပွင့်စေဖို့ လမ်းလွှဲ ဖောက်နေပါတယ်။ လမ်းလွှဲပြီးရင် ယာဉ်ငယ်တွေကို ဦးစားပေးအရင် ဖြတ်သန်းစေမှာပါ။ အခု ပြိုတဲ့နေရာကိုလဲ စက်ယန္တရားတွေနဲ့ ရှင်းလင်းနေပါ တယ်" ဟု ကော့ကရိတ်ခရိုင်လမ်း ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခွန်ထွန်းသက်အောင်က ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...