Social Icons

Pages

Monday, April 9, 2018

ဗန်းမော်မြို့တွင် မူးယစ်ဆေးဝါး ရောင်းချသူနှင့် သုံးစွဲရန်ရောက်ရှိနေသူ သုံးဦးကို မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိ



ဗန်းမော် ၉-၄-၂ဝ၁၈

ကချင်ပြည်နယ် ဗန်းမော်မြို့ အမှတ် (၁) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ဗန်းမော်မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချသူနှင့် မူးယစ်ဆေးဝါး သုံးစွဲရန် ရောက်ရှိနေသူသုံးဦး စုစုပေါင်းလေးဦးကို မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး သတင်းအရ ဗန်းမော်မြို့ အမှတ် (၁) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ် ခါးလီနှင့် တပ်ဖွဲ့ဝင်များသည် ဧပြီ ၇ ရက် နံနက် ၁၁နာရီက နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများနှင့် ပူးပေါင်း၍ ဗန်းမော်မြို့မင်းကုန်း ရပ်ကွက်နေ မျိုးမင်းလတ် (ခ) အန်းကူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မျိုးမင်းလတ် (ခ) အန်းကူနှင့်အတူ မျိုးမင်းဦး(ခ)အပွီး၊ ဇော်ယု(ခ)သားကြီး၊ ဥာဏ်ဝင်းတို့ကို အတူတွေ့ရှိရသည်။

ဆက်လက်ရှာဖွေရာ အခန်းအတွင်း အိပ်ရာခုတင်ခေါင်းရင်း အနီး ကြမ်းပြင်ပေါ်ရှိ ခါးချိတ်အိတ် အတွင်းရှိ အထုပ်ငယ် ၁ဝ ထုပ်အတွင်းမှ ကာလတန်ဖိုး ငွေကျပ် ၁၃၅ဝဝဝ ရှိ WY စာတန်းပါ စိတ်ကြွ ဆေးပြား ၉ဝ၊ ပလတ်စတစ်ဘူးငယ် နှစ်ခုအတွင်းမှ ကာလတန်ဖိုးငွေကျပ် ၈၂ဝဝဝဝရှိ ဘိန်းဖြူအမှုန့် ၈ ဒသမ ၂ ဂရမ်၊ ၎င်းတို့ ကိုင်ဆောင်သည့် ခေါက်ပိုက်ဆံအိတ်များ အတွင်းမှ မျိုးမင်းလတ်နှင့် ဇော်ယုအမည်ပါ နိုင်ငံသား စိစစ်ရေး ကတ်ပြားနှစ်ခု၊ မျိုးမင်းဦး အမည်ပါ ယာဉ်မောင်း လိုင်စင်တစ်ခု၊ မြန်မာငွေစက္ကူ ရောရာ ၃ဝ၃၅ဝဝနှင့် ၎င်းတို့ကိုင် ဆောင်သည့် လက်ကိုင်ဖုန်း ခုနစ်လုံး တို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖမ်းဆီးရမိသည့် မျိုးမင်းဦး (ခ) အပွီး၊ ဇော်ယု (ခ) သားကြီးနှင့် ဥာဏ်ဝင်းတို့သုံးဦးမှာ မူးယစ်ဆေးဝါး ဝယ်ယူသုံးစွဲရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးမင်းလတ်(ခ)အန်းကူ၊ မျိုးမင်းဦး(ခ)အပွီး၊ ဇော်ယု(ခ)သားကြီး၊ဥာဏ်ဝင်း ဗန်းမော်မြို့နေသူ လေးဦးကို ဗန်းမော်မြို့မရဲစခန်းက မယ(ပ)၅၅/ ၂ဝ၁၈၊ မူး/စိတ်ပုဒ်မ- ၁၉(က)/  ၂ဝ(က)/၂၁ဖြင့် အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...