Social Icons

Pages

Monday, April 9, 2018

ဂုတ်တွင်း အဆင်းကွေ့၌ အပ်ချုပ်စက်များ တင်ဆောင်လာသည့် ၁၂ဘီးတွဲယာဉ် တိမ်းမှောက်



သီပေါ ၉-၄-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ကျောက်မဲနှင့် နောင်ချိုမြို့နယ်ကြားရှိ ဂုတ်တွင်း ကားလမ်းမိုင်တိုင် အမှတ် (၈၄/၂-၃) ကြားတွင် ယနေ့နံနက် ၅ နာရီမိနစ် ၃ဝ က အပ်ချုပ်စက်နှင့် စက္ကူလိပ်များ တင်ဆောင်လာသော မူဆယ်မှ မန္တလေးဘက်သို့ ဆင်းမည့် ၂၂ဘီး တွဲယာဉ်သည် ဂုတ်တွင်းအဆင်းကွေ့ကြော၌ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အပ်ချုပ်စက်များနှင့် စက္ကူလိပ်များ တင်ဆောင်လာသည့် ယာဉ်မောင်း နေထက်လင်း မောင်းနှင်သည့် 9J/----၂၂ ဘီးတွဲယာဉ်သည် လေအိတ်ပေါက်ပြီး ဂုတ်တွင်း အဆင်းကွေ့ကြောတွင် လမ်းယာဘက်သို့
တိမ်းမှောက်သွား သဖြင့်ယာဉ်ကြော ပိတ်ကာမန္တလေး-လားရှိုး-မူဆယ် သွားမော်တော်ယာဉ်များ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ အခင်းဖြစ်ပွားရာသို့ ကျောက်မဲခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချိုဦး၊ အမှတ် (၁၂ဝ) ယာဉ်ထိန်းရဲတပ်ဖွဲ့၊ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျောက်မဲ) မှ ဒုတိယရဲမှူး ကျော်ကျော်ထွန်းနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ ဂုတ်တွင်း နယ်မြေရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ နောင်ပိန်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယာဉ်ကြော အမြန်ပွင့်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ရာ ယာဉ်ငယ်များ သွားလာနိုင်ပြီး ကုန်တင်ယာဉ်ကြီးများ ဆက်လက်သွားလာနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းဖယ်ရှား လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...