Social Icons

Pages

Thursday, September 14, 2017

ချမ်းသာကြီးဆန်လှူ အသင်းကြီး၏ (၃၉) ကြိမ်မြောက် သက်တော်ရှည် ဂုဏဝယပူဇော်ပွဲနှင့် သြဝါဒခံယူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကျင်းပ



မန္တလေး ၁၄-၉-၂၀၁၇

မန္တလေးမြို့ ချမ်းသာကြီးဆန်လှူ အသင်းကြီး၏ (၃၉) ကြိမ်မြောက်သက်တော်ရှည် ဂုဏဝယပူဇော်ပွဲနှင့် သြဝါဒခံယူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မန္တလေး အောင်မြေသာစံမြို့နယ် ပွဲကုန်းလမ်းမတန်းရှိအဆိုပါအသင်း ရွှေပြည်ညွှန်ဗိမာန်တွင် ကျင်းပရာ နိုင်ငံတော်သံဃမမဟာနာယက ဒုတိယဥက္ကဋ္ဌအဘိဓဇ မဟာရဋ္ဌဂုရုဒက္ခိဏရာမ ဘုရားကြီးတိုက်၊ အတုလကာရီဆင်မင်း ကျောင်းဆရာတော် ဘဒ္ဒန္တသြဘာသာ ဘိဝံသ၊ သီတဂူ ဆရာတော် တွဲဖက်ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တဥာဏိဿရ အမှူးပြုသော သက်တော်ရှည် ဆရာတော်ကြီး ၁၉၄ပါး ကြွရောက်ချီးမြှင့်တော်မူ ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ချမ်းသာကြီးဆန်လှူအသင်းဥက္ကဋ္ဌနှင့် အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ မန္တလေးမြို့ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်၊ မဟာဝိဇိတာရုံ ကျောင်းဆရာတော် နိုင်ငံတော်သြဝါဒါ စရိယအဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တဝိစာရိန္ဒဘိဝံသ ဆရာတော်ထံမှ ရှစ်ပါးသီလကိုခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ဆရာတော် အရှင်သူမြတ်များက ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် အသင်းဥက္ကဋ္ဌက ဆရာတော်ကြီးများထံ ဝမ်းမြောက်ဝမ်းသာစွာဖြင့် အသင်း၏ဆောင်ရွက်မှုကို လျှောက်ထား ပန်ကြားသည်။ ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဆရာတော်က သြဝါဒကထာ မြွက်ကြားတော်မူသည်။

ထို့နောက် ဆရာတော်ကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သီတဂူဆရာတော်က ရေစက်ချအနုမောဒနာတရားကို နာယူကြည်ညိုကာလှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေကြသည်။

ဆက်လက်၍ ဒုတိယပိုင်း အခမ်းအနား အစီအစဉ်အရ ကြွရောက်တော်မူကြသည့် ဆရာတော်၊ သံဃာတော်များအား အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...