Social Icons

Pages

Thursday, September 14, 2017

တရုတ်အခြေစိုက် ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံတွင် ကျွဲ၊နွား၊သိုး၊ဆိတ်မွေးမြူ၍ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ရန် စီစဉ်နေ



နေပြည်တော် ၁၄-၉-၂၀၁၇

တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုက ကျွဲ၊ နွား၊ သိုး၊ ဆိတ်များကို မြန်မာနိုင်ငံတွင်မွေးမြူ၍ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ ရောင်းချရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်(ရန်ကုန်)မှ သိရသည်။

ထိုသို့တင်ပို့နိုင်ရန် မြန်မာနိုင်ငံရှိ ကျွဲ၊နွား၊သိုး၊ ဆိတ်စသည်တို့၏ အရည်အသွေးကို တရုတ်နိုင်ငံဗဟို အစိုးရအဖွဲ့က အသိအမှတ်ပြုထားသည့် တရုတ်ကုန်ပစ္စည်း အရည်အသွေး စစ်ဆေးရေးအဖွဲ့(AQSIQ) ကလေ့လာဆန်းစစ် မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"တရုတ်နိုင်ငံက လာရောက်ရင်းနှီး တဲ့ကုမ္ပဏီကတော့ ပိုင်ခမ်ကုမ္ပဏီဖြစ်ပါတယ်။ ဒီကုမ္ပဏီက နိုင်ငံပေါင်း၂ဝမှာ သူတို့ရင်း နှီးမြှုပ်နှံမှု ပြုလုပ်ထားပါတယ်။ ဒါပြင် သူတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေမှာပါ ရင်းနှီးမြှုပ်နှံမှုပြုလုပ် ထားတဲ့ အနေအထားမှာရှိပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့က သူတို့နိုင်ငံရဲ့ကြီးမားတဲ့ ဈေးကွက်အတွင်းမှာ ဝင်ရောက်နိုင်ဖို့ တစ်ဖက်တစ်လမ်းက နေပြီးတော့ ပံ့ပိုးနိုင်အောင်လို့ လာရောက်ရင်းနှီးမြှုပ်နှံတာဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌဦးစိန်ဝင်းက ပြောပြသည်။

မြန်မာနိုင်ငံရှိ ကျွဲ၊ နွား၊ သိုး၊ဆိတ်စသည့် မွေးမြူရေးတိရစ္ဆာန်များကို ပြည်ပတင်ပို့ရာ၌ အထူးကုန်စည်ခွန်ဥပဒေနှင့် ငြိစွန်းနေ ခြင်းကြောင့် ကျွဲ၊နွား၊ ဆိတ်နှင့်သိုးတို့ကို အထူးကုန်စည်ကုန်အဖြစ်မှ ပယ်ဖျက်ပေးသည့် အမိန့်ကြေညာချက်ကို သက်ဆိုင်ရာဌာနက မကြာမီထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနမှသိရသည်။မြန်မာနိုင်ငံ၌ ၁၉၄၇ခုနှစ်က အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားသည့်ကျွဲ၊ နွား၊ သိုး၊ဆိတ်စသည့် မွေးမြူရေးတိရစ္ဆာန်များကို သတ်ဖြတ်ခြင်း၊ တရားမဝင်တင်ပို့ရောင်းချ ခြင်းတို့ပြုလုပ်လျှင် ထောင်ဒဏ်ခြောက်လမှ သုံးနှစ်ထိနှင့် ငွေကျပ်ငါးသိန်းထက် မပိုသောဒဏ်ငွေ ချမှတ်နိုင်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...