Social Icons

Pages

Wednesday, March 8, 2017

မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကျင်းပ



နေပြည်တော် ၊ ၈-၃-၂၀၁၇

(၂၄)ကြိမ်မြောက်၊ မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ) ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း၊ တပ်မတော် ဆေးသုတေသန နှင့်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း နှင့် တပ်မတော်အရာရှိ ကြီးများ၊ ပါရဂူများ၊ နိုင်ငံတကာ ဆေးပညာရှင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဖိတ်ကြားထားသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ပညာရပ်ဆိုင်ရာ အဖွင့်အမှာစကား အား ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်း က ပြောကြားသည်။ ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် ဗိုလ်ချုပ် စိုးဝင်း တို့သည် ဖွင့်ပွဲသို့တက်ရောက် လာကြသည့် နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မတော် အရာရှိကြီးများ နှင့်အတူ ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် ဆေးပညာရပ် ဆိုင်ရာ သုတေသန ပိုစတာများ၊ ဆေးနှင့်ဆေးရုံ၊ ဆေးခန်းသုံး ပစ္စည်းများအား လှည့်လည်ကြည့်ရှု ကြသည်။

နှီးနှောဖလှယ်ပွဲ ပထမနေ့တွင် Symposium of the Conference အဖြစ် Reducing Mortality among Servicemen: A Focus on Liver Diseases ၊ Symposium အဖြစ် Moving Towards Better Octcome Congenital Heart Diseases တစ်ခု၊ What's New in Osteoporosis ? တစ်ခုနှင့် Special Talks လေးခုတို့အား ဆွေးနွေးကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ Global Malaria Programme ၏ညွှန်ကြားရေးမှူး Dr. Pedrol Alonso မှ အပူပိုင်းငှက်ဖျား ရောဂါ ကာကွယ်ထိန်းချုပ်ရေး သုတေသန ဆိုင်ရာ ကိစ္စရပ်များအား ပါဝင်ဆွေးနွေး ကြမည် ဖြစ်သည်။

၎င်းအပြင် ခွဲစိတ်ကုသမှုဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ မေ့ဆေးဆိုင်ရာ သုတေသနစာတမ်း နှစ်စောင်၊ ဆေးပညာရပ် ဆိုင်ရာ သုတေသန စာတမ်းလေးစောင် ကိုလည်း ဖတ်ကြားတင်သွင်း ကြမည်ဖြစ်ပြီး အဆိုပါ ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို မတ် ၁ဝ ရက်ထိ ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...