Social Icons

Pages

Wednesday, March 8, 2017

နွေစပါးစိုက်ပျိုးရာတွင် အပူချိန်လွန်ကဲမှုကြောင့် စိုက်ခင်းများပျက်စီးမှု မရှိစေရန် ပညာပေးဆောင်ရွက်မည်



နေပြည်တော် ၊ ၈-၃-၂၀၁၇

မြန်မာနိုင်ငံအတွင်း တောင်သူ လယ်သမားများ နွေစပါး စိုက်ပျိုးရာတွင် အပူချိန် လွန်ကဲမှုကြောင့် စိုက်ခင်းများ ပျက်စီးမှု မရှိစေရန် ကွင်းဆင်း ပညာပေးခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးမျိုးတင့်ထွန်း ထံမှ သိရသည်။

ယခုနှစ် နွေရာသီတွင် အပူချိန် လွန်ကဲမှု ရှိနိုင်သည်ဟု မိုးလေဝသ ပညာရှင်များက သုံးသပ်ပြောကြား ထားသဖြင့် စိုက်ခင်းများ ပျက်စီး ဆုံးရှုံးခြင်းများ မဖြစ်ပေါ်နိုင်စေရန် တောင်သူလယ်သမား များထံ တိုက်ရိုက် ကွင်းဆင်း ပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စပါးစိုက်ခင်းများ မပျက်စီးရေးကို ပိုမိုအလေးထား ဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး စပါးပျက်စီး ဆုံးရှုံးခြင်းများ လျော့နည်း စေရန်နှင့် ကာကွယ်နိုင်ရန် ဆောင်ရန်၊ ရှောင်ရန် နည်းပညာများကို တောင်သူလယ်သမား များထံ ဖြန့်ဝေပေးမည် ဖြစ်သည်။ 

ယမန်နှစ်က နွေစပါးစိုက်ပျိုးရာတွင် ရေလှောင်တမံများ၊ ဆည်မြောင်းများ၊ ကန်ချောင်းများနှင့် မြစ်များမှ ရေများကို လျှပ်စစ် မြစ်ရေတင် စီမံကိန်းများမှ တစ်ဆင့် ရေသွင်း စိုက်ပျိုးခဲ့သည်။ နှစ်စဉ် နွေစပါး စိုက်ပျိုးရာတွင် အပူချိန် လွန်ကဲခြင်းကြောင့် စပါးပင် အမြစ်များ ခြောက်၍ သေဆုံးခြင်း၊ လယ်ဧက အများစုတွင် ပိုးကျ၍ ဝါခြင်း၊ သီးနှံဖျက်ပိုး များကြောင့် စပါးပင်များ အောင်မြင်ဖြစ်ထွန်းမှု နည်းပါးခြင်းတို့နှင့် တောင်သူ လယ်သမားများ ရင်ဆိုင်ရသဖြင့် ယခုနှစ်တွင် ယင်းကဲ့သို့ မဖြစ်စေရန် အထူးအလေးထား ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...