Social Icons

Pages

Monday, October 24, 2016

၂၀၁၅-၂၀၁၆ ပညာသင်နှစ် ၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ၊ ဆရာမများနှင့် ကျောင်းသား ၊ ကျောင်းသူများ သင်တန်းများအလိုက် လေ့လာရေးခရီးများ သွားရောက်


ရမည်းသင်းမြို့နယ် ၌ လေ့ကျင့်သင်ကြားလျက် ရှိသော တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ လေတပ်ဆွယ် (နေပြည်တော်) သို့ သွားရောက် လေ့လာစဉ်

တိုက်ကြီးမြို့နယ် ၌ လေ့ကျင့်သင်ကြားလျက် ရှိသော တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ ဧရာဝတီရေတပ်စခန်း ဌာနချုပ်သို့ သွားရောက် လေ့လာစဉ်

နေပြည်တော် ၊ ၂၄-၁၀-၂၀၁၆

တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး အတွက် လေ့ကျင့်သား ပြည့်ဝသည့် ကာကွယ်ရေး အရန် အင်အားစုများ တည်ဆောက် နိုင်ရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ် များ ညွှန်ကြားရေးမှူးရုံး ၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ၊ တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၁၁ ဦးတို့အား တိုက်ကြီး မြို့နယ်၊ ရမည်းသင်းမြို့နယ်၊ သံဖြူဇရပ် မြို့နယ်နှင့် ပင်လောင်းမြို့နယ် တို့ရှိ နယ်မြေခံ လေ့ကျင့်ရေး သင်တန်းကျောင်း များတွင် စခန်းချ လေ့ကျင့်ရေး သင်တန်းများ ဖွင့်လှစ်လေ့ကျင့် သင်ကြားပေးလျက် ရှိရာ သင်တန်းကာလ တတိယပတ် လေ့ကျင့်ပြီးဆုံး ခဲ့သဖြင့် ယမန်နေ့တွင် သင်တန်းများ အလိုက် လေ့လာရေး ခရီးများ အသီးသီး စေလွှတ်ပေး ခဲ့သည်။

ထိုသို့ လေ့လာရေး ခရီးများ စေလွှတ်ပေး ရာတွင် တိုက်ကြီးမြို့နယ် ၌ လေ့ကျင့်သင်ကြား လျက်ရှိသော တပ်ဖွဲ့ဝင် များသည် တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (မှော်ဘီ)၊ လေတပ်ဆွယ် (မှော်ဘီ)၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်နှင့် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် တို့အား လည်းကောင်း၊ ရမည်းသင်း မြို့နယ်၌ လေ့ကျင့် သင်ကြားလျက် ရှိသော တပ်ဖွဲ့ဝင် များသည် နေပြည်တော်ရှိ လေတပ်ဆွယ် (နေပြည်တော်)၊ ဥပ္ပါတသန္တိ စေတီတော်နှင့် တပ်မတော် စစ်သမိုင်းပြတိုက် တို့အား လည်းကောင်း၊ သံဖြူဇရပ် မြို့နယ်၌ လေ့ကျင့် သင်ကြားလျက် ရှိသော တပ်ဖွဲ့ဝင်များ သည် နယ်မြေခံ အမြောက်တပ်ရင်း နှင့် သံချပ်ကာ တိုက်ခိုက်ရေး  တပ်ရင်း၊ ဗျိုင်းနှစ်ကောင် ကျောင်းရှိ အတောင် ၄ဝဝ ပြည့် ရုပ်ပွားတော်၊ ကျိုက္ခမီ ရေလယ်ဘုရားနှင့် စက်စဲကမ်းခြေ တို့အား လည်းကောင်း၊ ပင်လောင်း မြို့နယ်၌ လေ့ကျင့် သင်ကြားလျက် ရှိသော တပ်ဖွဲ့ဝင် များသည် ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ တောင်ကွဲ စေတီတော်နှင့် နယ်မြေခံ အမြောက်တပ်ရင်း တို့အား လည်းကောင်း သွားရောက် လေ့လာကြရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်း ပြသကြသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...