နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ကျန်းမာရေးအခြေအနေအား ကြည့်ရှုအားပေးစဉ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ထိခိုက်ဒဏ်ရာရရှိသော အရာရှိ၊ စစ်သည်များ၏ မိသားစုများကို အားပေးစကားပြောကြားစဉ်
နေပြည်တော် ၊ ၁၇-၂-၂၀၁၅
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ ဦးသိန်းညွန့်၊ ဦးစိုးသိန်း၊ ဦးရဲထွဋ်၊ ဒေါက်တာ သန်းအောင်၊ တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာလာခဲ့ကြရာ မန္တလေးတိုင်း ဒေသကြီး ၊ အနီးစခန်း လေဆိပ်သို့ ရောက်ရှိကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် အဖွဲ့ဝင်များသည် လတ်တလော ကာလအတွင်း လောက်ကိုင်ဒေသ တိုက်ပွဲများ၌ နိုင်ငံတော် အတွက် ရဲဝံ့ စွန့်စားစွာ တိုက်ပွဲဝင်ကာကွယ်ခဲ့ရာမှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သော တပ်မတော် သားအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင် များအား ပြင်ဦးလွင်တပ်နယ်၊ တပ်မတော် ဆေးရုံ၌ သွားရောက်တွေ့ဆုံပြီး တစ်ဦးချင်းစီ တွေ့ဆုံ အားပေး ကာ ၎င်းတို့အတွက် လိုအပ်မည့် ဂုဏ်ပြုငွေနှင့် လက်ဆောင်ပစ္စည်း ၊ စားသောက်ဖွယ်ရာ များကို ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ နှင့် အဖွဲ့ဝင်များသည် တပ်မတော်ဆေးရုံ ခန်းမ၌ ကျင်းပသည့် အလှူငွေ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် ကြသည်။
အခမ်းအနားတွင် နိုင်ငံတော် သမ္မတနှင့် ပြည်ထောင်စု ၀န်ကြီးများက ၎င်းတို့၏ လစာငွေများထဲမှ လစဉ် (၂၅) ရာခိုင်နှုန်း စုဆောင်းထားသော ရန်ပုံငွေမှ လောက်ကိုင်ဒေသ စစ်ဆင်ရေးတွင် ကျဆုံးသွားသော တပ်မ တော်အရာရှိ/ စစ်သည်များ အတွက် ငွေကျပ် သိန်း(၉၀၀) နှင့် ဆေးရုံ တက်ရောက်၍ ဆေးဝါးကုသမှု ခံယူနေကြရသည့် ထိခိုက်ဒဏ်ရာရ တပ်မတော်အရာရှိ၊ စစ်သည်များ အတွက် ငွေကျပ် သိန်း(၁၀၀) စုစုပေါင်း ငွေကျပ် သိန်း (၁၀၀၀) ကို နိုင်ငံတော်သမ္မတ ကိုယ်စား သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းညွန့် က ပေးအပ်ရာ တပ်မတော်သားများ ကိုယ်စား ကာကွယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝ န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် က လက်ခံ ရယူသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment