ကွာလာလမ်ပူ ၊ ၁၃-၈-၂၀၁၅
လျှို့ဝှက်သည်းဖို ဇာတ်လမ်း သဖွယ် ပျောက်ဆုံးခဲ့သော မလေးရှား ခရီးသည်တင် လေယာဉ်ကြီး MH 370 ၏ကံကြမ္မာကို ပြင်သစ်ပိုင် ရီယူနီယံ ကျွန်းပေါ်မှ ပင်လယ်ပျော် ခရင်းကောင် လေးများက ဖော်ထုတ်ပေး နိုင်ဖွယ် ရှိကြောင်း သိပ္ပံပညာရှင် များက မျှော်လင့်ထား ကြသည်။
ဖြစ်ရပ်မှန်ကို သိရှိရန် နီးကပ်လာပြီ ဖြစ်ကြောင်း သိပ္ပံ ပညာရှင်များက ပင်လယ်ပျော် ခရင်းကောင် လေးများက ရှင်းလင်း တိကျသော သဲလွန်စများ ရှာဖွေ ပေးတော့မည် ဖြစ်ကြောင်း ရှင်းပြသည်။
MH370 ၏ လေယာဉ်တောင်ပံ အစိတ်အပိုင်း တွင်ကပ်ငြိ ပါရှိလာသော ခရင်းကောင်လေး များကို တွေ့ရှိလာရ သဖြင့် ၄င်း လေယာဉ်ကြီး ပင်လယ်ပြင်၏ မည်သည့်နေရာ၊ မည်သည့် ရေအနက်တွင် အချိန်မည်မျှ ကြာကြာ ကတည်းက ကျရောက် လာခဲ့ကြောင်းကို သိပ္ပံ ပညာရှင်များက သတင်းအစအန ကူညီရှာဖွေပေး တော့မည် ဖြစ်ကြောင်းကို ပင်လယ်ပြင် ဆိုင်ရာ သိပ္ပံပညာရှင် ဘရိန်းဟဲလ်မု က ရှင်းပြသည်။
ပင်လယ်ပျော် ခရင်းကောင်လေး များသည် မျိုးကွဲများစွာ ရှိပြီး ပင်လယ် သမုဒ္ဒရာအတွင်း နေထိုင်လေ့ ရှိပြီး အချို့သော အကောင်ငယ်လေး များသာ ကမ်းရိုးတန်း ဒေသများတွင် နေထိုင်တတ် ကြသည်။ ခရင်းကောင် လေးများ၏ အရွယ်အစားသည် အလွန်အရေး ပါသော သဲလွန်စ ဖြစ်နေပြီး ယခု တွေ့ရှိ လာခဲ့သော လေယာဉ်တောင်ပံ အပျက်အစီးတွင် ကပ်ငြိပါလာသော ခရင်းကောင် များသည် ကမ္ဘာ့မည်သည့် ဒေသက ခရင်းကောင် လေးများ ဖြစ်ကြောင်းနှင့် ရေထဲတွင် လေယာဉ် ကြီး မည်သည့်အချိန်ကတည်းက ရောက်ရှိခဲ့ကြောင်းကို ထုတ်ဖော် လေ့လာနိုင်မည်ဖြစ်သည်။
သို့ဖြစ်၍ MH370 ရှာဖွေရေး လုပ်ငန်းများကို ရေလမ်း၊လေလမ်း နှင့် ကုန်းတွင်းပိုင်းပါ မကျန် ရီယူနီယံကျွန်း တစ်ဝိုက်ကို အသေးစိတ် ရှာဖွေ နိုင်တော့မည် ဖြစ်သည်။ မလေးရှား နိုင်ငံမှ ရှာဖွေရေး အဖွဲ့က ထပ်မံတွေ့ရှိ လာခဲ့သော လေယာဉ်ကြီးမှ ထိုင်ခုံများ၊ ပြတင်းပေါက် အပျက်အစီး များသည် လည်း ပျက်ကျသွား ခဲ့သော လေယာဉ်ကြီး၏ ပစ္စည်းများ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။
၂ဝ၁၄ ခုနှစ် မတ်လ ၈ ရက်က မလေးရှား နိုင်ငံမှ တရုတ်နိုင်ငံသို့ သွားရောက်စဉ် ခရီးသည် ၂၃၉ ဦး နှင့် လေယာဉ် အမှုထမ်းများ ပါဝင် သော MH370 လေယာဉ်ကြီး သည် ပျောက်ဆုံး သွားခဲ့ရပြီး ၄င်း လေယာဉ်ကို ရှာဖွေရာတွင် လျှို့ဝှက်ဆန်းကြယ် သဖွယ် ဖြစ်ခဲ့ရသည်။
လပေါင်း ၁၇ လကြာသည့် တိုင်အောင် ပျောက်ဆုံး ခဲ့ရသော လေယာဉ် အကြောင်းကို ရှင်းလင်း တိကျသော သဲလွန်စများက မည်သို့ ဖြစ်ပျက်ခဲ့သည်ကို စောင့်မျှော်နေသော ကမ္ဘာ့ပြည်သူများ အတွက် မကြာမီသိရှိ ကြရမည် ဖြစ်ကြောင်း သိရသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၂)
#Yadanarpondaily
No comments:
Post a Comment