Social Icons

Pages

Thursday, August 13, 2015

ဂျပန်နိုင်ငံတောင်ပိုင်း၌ အမေရိကန် စစ်ရဟတ်ယာဉ်တစ်စင်း ပျက်ကျ


U.S. military helicopter crashes off Japan's Okinawa, seven hurt

အိုကီနာဝါ ၊ ၁၃-၈-၂၀၁၅

ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါကျွန်း ၌ သြဂုတ် ၁၂ ရက်တွင် အမေရိကန် စစ်ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ အနည်းဆုံး ခုနစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက ထုတ်ပြန် ထားသည်။

အဆိုပါ စစ်ရဟတ်ယာဉ် သည် လေ့ကျင့်မှု ပြုလုပ်နေစဉ် အိုကီနာဝါကျွန်း အနီးရှိ ပင်လယ် အတွင်းသို့ ပျက်ကျခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ကယ်ဆယ်ရေး အဖွဲ့များက ရဟတ်ယာဉ် ပေါ်တွင် လိုက်ပါလာသူ ၁၇ ဦးကို ပြန်လည် ကယ်ဆယ် နိုင်ခဲ့ကြောင်း ကျိုတို သတင်းဌာန က ဖော်ပြထားသည်။

အဆိုပါ ရဟတ်ယာဉ်သည် ဆင်းသက်ရန် ကြိုးပမ်းစဉ် ကမ့်ရှဝပ် အခြေစိုက် စခန်းအနီး၌ ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် ပျက်ကျရသည့် အကြောင်းရင်း အတိအကျ ကိုမူ အာဏာပိုင် များက ဆက်လက် စုံစမ်း ဖော်ထုတ်လျက် ရှိသည်။

ပျက်ကျခဲ့သည့် စစ်ရဟတ်ယာဉ်မှာ UH-60 Black Hawk အမျိုးအစား ရဟတ်ယာဉ် ဖြစ်ပြီး အမေရိကန်သည် ယင်း အမျိုးအစား စစ်ရဟတ်ယာဉ် များကို အီရတ်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့၌လည်း အသုံးပြုလေ့ ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...