Social Icons

Pages

Friday, August 14, 2015

တရုတ်-မြန်မာ နှစ်နိုင်ငံ စတုတ္ထမြောက် နယ်စပ်ဂိတ်အသစ် တစ်ခုကို ထပ်မံဖွင့်လှစ်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်


မူဆယ် ၊ ၁၄-၈-၂၀၁၅

တရုတ်-မြန်မာ နယ်စပ်ဖြစ်သည့် တရုတ်ပြည် ကြယ်ဂေါင် နယ်စပ် ကုန်သွယ်ရေးဇုန် တွင် မူဆယ်မြို့နှင့် ဝင်ထွက် သွားလာနိုင်ရေး အတွက် စတုတ္ထမြောက် နယ်စပ်ဂိတ် အသစ် တစ်ခုကို ထပ်မံဖွင့်လှစ် နိုင်ရန် နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေး နေကြောင်း ကြယ်ဂေါင် စီမံရေး အုပ်ချုပ်ရေး ကော်မတီ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး Feng Xiao Tuan က ပြောသည်။

တရုတ် ကောင်စစ်ဝန် ချုပ်ရုံး (မန္တလေး) နှင့် တရုတ်- မြန်မာ ချစ်ကြည်ရေး အသင်း (အထက် မြန်မာပြည်) မှ စီစဉ် စေလွှတ်သည့် အထက် မြန်မာပြည် သတင်းမီဒီယာ အဖွဲ့ တရုတ်နိုင်ငံ လေ့လာရေး ခရီးစဉ် အတွင်း တရုတ်နိုင်ငံ တယ်ဟုန်ပြည် နယ်ခွဲ အတွင်းရှိ ကြယ်ဂေါင် နယ်စပ် ကုန်သွယ်ရေးဇုန် သို့ ရောက်ရှိစဉ် အဆိုပါ တာဝန်ရှိ သူများက မီဒီယာ များကို ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည် ကြယ်ဂေါင် နယ်စပ် ကုန်သွယ်ရေးဇုန် တွင် မူဆယ်မြို့ နှင့် ဝင်ထွက် သွားလာနိုင်ရန် နန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ် စသည့် နယ်စပ်ဂိတ် သုံးခုရှိပြီး မန့်ဝိန်းဂိတ်မှ အိမ်စီးကားများ၊ ကုန်ကားများ အဝင်အထွက် ရှိပြီး ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ် များမှာ လူ အဝင်အထွက် ပြုလုပ်သည့် နယ်စပ်ဂိတ်များ ဖြစ်ကြောင်း သိရသည်။

အသစ် ဖွင့်လှစ်ရန် စီစဉ်နေသည့် စတုတ္ထမြောက် ဂိတ်ကို ကြယ်ဂေါင် မြောက်ဘက်ကိုင်း တွင် ဖွင့်လှစ်နိုင်ရန် လက်ရှိတွင် တွေ့ဆုံ ဆွေးနွေးနေပြီး အဆိုပါ နယ်စပ်ဂိတ် အသစ်၌ ကုန်ကားများ သာမက အိမ်စီးကားများပါ အဝင်အထွက် ပြုလုပ်နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...