Social Icons

Pages

Friday, August 14, 2015

မြန်မာ့စိန်တလုံးသရက် ကို တစ်နှစ်ပတ်လုံး အသီးထွက်ရှိရန် ပညာရှင်များက သုတေသန လုပ်ငန်းများ ဆောင်ရွက်



မန္တလေး ၊ ၁၄-၈-၂၀၁၅

မြန်မာ့ စိန်တလုံး သရက်သီးကို ရာသီချိန် အပြင် တစ်နှစ်ပတ်လုံး အသီးထုတ်လုပ် နိုင်ရန် စိုက်ပျိုးရေး ပညာရှင်များက သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သရက် လေ့လာသူ ပညာရှင်များ ထံမှ သိရသည်။

စိန်တလုံး သရက်မျိုးသည် နေရာတိုင်းတွင် စိုက်ပျိုး ဖြစ်ထွန်း မှုမရှိဘဲ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တို့တွင် စိုက်ပျိုး ဖြစ်ထွန်းမှု ရှိသည်။

စိန်တလုံး သရက်မျိုး၏ သဘာဝ သည် အပူပိုင်း ဒေသကို နှစ်သက် သော်လည်း သရက်ပွင့် ချိန်တွင် အေးမြမှသာ အသီးတင် သည်ဟု ပညာရှင် များက ပြောသည်။ ထို့ကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် စိုက်ပျိုး၍ ရ ခြင်းဖြစ်ပြီး မန္တလေးတိုင်း ဒေသ ကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) မှ ထွက်ရှိမှုသည် အများဆုံး ဖြစ်သည်။ မြန်မာ့ စိန်တလုံး သရက်သီး သည် နာမည်ကြီး လာသည်နှင့် အမျှ ဈေးကွက် ကျယ်ပြန့်လာပြီး ဈေးနှုန်းလည်း မြင့်တက် လာသည်။

စိန်တလုံး သရက်၏ သဘာဝသည် အသီးမှည့်ချိန် စောပြီး မန္တလေးတိုင်း ဒေသကြီးတွင် ဧပြီလကုန်မှ ဇွန်လထိ၊ ရှမ်းပြည် နယ် (တောင်ပိုင်း) တွင် ဇွန်လမှ စက်တင်ဘာလ ထိ အသီးမှည့် ကာလ ဖြစ်သည်။ အထွက်များဆုံး ဒေသနှစ်ခု၏ရ င့်မှည့်ချိန် ကွာခြား သည့်အတွက် စိန်တလုံးကို ဧပြီလ ကုန်မှ စက်တင်ဘာလ ထိ တွေ့နိုင် သည်။

နာမည်ကြီး လာသည်နှင့် အမျှ ပညာရှင်များ ကလည်း အသီးသီး ချိန်ကို ဆွဲဆန့်နိုင်ရန် ကြိုးပမ်းလျက် ရှိပြီး တစ်နှစ်တွင် နှစ်ကြိမ်၊ သုံး ကြိမ်ထိ အသီးသီးရန် နည်းပညာ ရှာဖွေစမ်းသပ် လျက် ရှိသည်။ တစ် နှစ်ပတ်လုံး  အသီး ထွက်ရှိရေး သုတေသန ပညာရှင်များက စမ်းသပ်လျက် ရှိကြောင်း၊ ပညာရှင် များ၏ လေ့လာချက် များအရ စိန်တလုံး သရက်သည် နှစ်စဉ်ပုံမှန် အသီးထွက်နှုန်း မကောင်းဘဲ တစ်နှစ်ခြား တစ်ခါ အသီးထွက်နှုန်း ကောင်းသည် ဟု သိရသည်။

စိုက်ပျိုးရေး ဦးစီးဌာနမှ ပညာရှင် များနှင့် နိုင်ငံခြား ပညာရှင်များ ပူးပေါင်းပြီး GAP နည်းစနစ်များ၊ စိုက်ပျိုးပြီး အပင်ကြီးများကို အပင်သစ် ဖြစ်အောင် ပြုပြင်နည်းများ၊ ကိုင်းခုတ်ခြင်း၊ ကိုင်းချိုင်ခြင်း နည်းပညာများ၊ အသီးတင်အောင် အပင်များကို ပြုပြင်နည်း၊ စိန်တလုံး သရက်နှင့် တွဲစိုက်သင့်သည့် သရက်မျိုးများ အကြောင်း သရက်ရောဂါ နှင့် နှိမ်နင်းနည်းများ၊ အော်ဂဲနစ် သရက် ထုတ်လုပ်ရန် ပြုပြင်ပြောင်းလဲ ရမည့် အချက်များ ကို လေ့လာသင်တန်း ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (၁၈၀)

ရတနာပုံနေ့စဉ် ၊ စာ(၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...