နေပြည်တော် ၊ ၁၂-၃-၂၀၁၅
တပ်မတော် စစ်ကြောင်းများက မတ် ၁ဝ ရက် နံနက် ၈ နာရီခွဲခန့်၌ ပါစင်ကျော် အရှေ့ဘက် တစ်ဝိုက် နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်စဉ် ကိုးကန့် သောင်းကျန်းသူ အင်အားစု များက အသင့်နေရာယူ စောင့်ဆိုင်း၍ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင် ပစ်ခတ်တိုက်ခိုက် သဖြင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွား နေစဉ် ကိုးကန့် သောင်းကျန်းသူ အင်အားစုများ ထပ်မံ ရောက်ရှိလာပြီး တပ်မတော် စစ်ကြောင်း များအား အမြင့်ပိုင်းရှိ ကျောက်ဆောင်များ ပေါ်မှ ပစ်အားသုံး တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်း များက လက်နက်ကြီး ပစ်ကူများ ရယူ၍ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် သောင်းကျန်းသူများ အရှေ့ဘက်သို့ ဆုတ်ခွာ သွားခဲ့သည်။
ထို့အပြင် မွန်းလွဲပိုင်း တွင် လောက်ကိုင်မြို့၊ ရပ်ကွက်(၂)ရှိ နေအိမ်တစ်လုံး အား သတင်းအရ ဝင်ရောက် ရှင်းလင်းရာ လက်နက်/ခဲယမ်း နှင့် မူးယစ်ဆေးဝါး များ သိမ်းဆည်း ရမိခဲ့သည်။
အလားတူ လောက်ကိုင်မြို့ အနီး လုံခြုံရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်းအား ယမန်နေ့ နံနက် ၃ နာရီခွဲ ခန့်တွင် ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့က လက်နက်ငယ် များဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မိမိဘက်မှ ပြန်လည် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် သောင်းကျန်းသူ များ ပြန်လည် ဆုတ်ခွာ သွားသည်။
အထက်ပါဖြစ်စဉ် များတွင် ကိုးကန့် သောင်းကျန်းသူများထံမှ သောင်းကျန်းသူ သုံးဦး ဖမ်းဆီးရမိ ခဲ့ကာ လက်နက်ငယ် တစ်လက်၊ ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများ၊ WY စာတမ်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၂ဝဝ ပြား (ကာလတန်ဖိုး ၃၃ဝဝဝဝဝ ကျပ်) နှင့် ICE အမှုန့် ၁၁ ဂရမ် (ကာလတန်ဖိုး ၂၂ဝဝဝဝ ကျပ်) တို့အား သိမ်းဆည်း ရမိခဲ့ပြီး တပ်မတော်မှ စစ်သည်လေးဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ကာ အရာရှိ/ စစ်သည် ငါးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment