Social Icons

Pages

Thursday, March 12, 2015

ကိုးကန့်သောင်းကျန်းသူ အဖွဲ့များ ခြေကုပ်ယူထားသည့် နေရာများအား တပ်မတော်စစ်ကြောင်းများက ဆက်လက် တိုက်ခိုက်ချေမှုန်း



နေပြည်တော် ၊ ၁၁-၃-၂၀၁၅

ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ ခြေကုပ် ယူထားသည့် လုံထန်ကျေးရွာ အနီး ပွိုင့်- ၁၇၅၃ တောင်ကုန်းနှင့် အနီးပ တ်ဝန်းကျင် တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်း လျက်ရှိရာ မတ် ၉ ရက်တွင် တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ်များဖြင့် လေကြောင်းပစ်ကူ လေးကြိမ် ရယူ၍ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ  ပြင်းထန်စွာ ဖြစ်ပွားခဲ့ကာ သောင်းကျန်းသူ တို့၏ အခြေပြု တောင်ကုန်း အချို့အား သိမ်းပိုက် နိုင်ခဲ့သည်။

ထို့အပြင် မြန်မာ- တရုတ် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ် (၁၁၉)၏ တောင်ဘက် စီကော်လျံ ကျေးရွာအနီး ပွိုင့်- ၂၂ဝ၂ တောင်ကုန်း အပါအဝင် ပတ်ဝန်းကျင် တစ်ဝိုက်ရှိ တောင်ကုန်း များတွင် ခြေကုပ် ယူထားသည့် ကိုးကန့် သောင်းကျန်းသူ အင်အားစု များအား ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ တပ်မတော် စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူရယူ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက် ချေမှုန်းခဲ့ရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ၄င်း ပတ်ဝန်းကျင် တစ်ဝိုက်အား စိုးမိုးထားသည့် သောင်းကျန်းသူ အခြေပြု တောင်ကုန်း အချို့အား သိမ်းပိုက်ရရှိ ခဲ့သည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်းများက ၄င်းပတ်ဝန်းကျင် တစ်ဝိုက်နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိသည်။

အထက်ပါ တိုက်ပွဲဖြစ်စဉ် များတွင် တပ်မတော်မှ စစ်သည်နှစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ပြီး ခုနစ်ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

ဒဏ်ရာရ စစ်သည် များအား တပ်မတော် ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...