Social Icons

Pages

Friday, March 6, 2015

ရုရှားခရီးသွားလုပ်ငန်းပြပွဲတွင် မြန်မာနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပါဝင်ပြမည်



ရန်ကုန် ၊ ၆-၃-၂၀၁၅

ရုရှားနိုင်ငံ မော်စကိုမြို့၌ ယခုလအတွင်း ကျင်းပမည့် နိုင်ငံတကာ ခရီးသွားလုပ်ငန်း ပြပွဲတွင် မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အဖြစ် ပါဝင်ပြသရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ နိုင်ငံတကာ ခရီးသွား လုပ်ငန်းပြပွဲ (Moscow International Travel & Tourism Exhibition 2015 - MITT) ကို မတ် ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပရန် စီစဉ်ထားရာ မြန်မာနိုင်ငံမှ ခရီးသွား လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ အနေဖြင့် ၄င်းတို့၏ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများကို နိုင်ငံတကာမှ သိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ၄င်းပြပွဲ၌ ပါဝင်ပြသရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ခရီးသွား လုပ်ငန်းပြပွဲသည် ရုရှားနိုင်ငံ မော်စကိုမြို့၌ နှစ်စဉ် ကျင်းပသော နိုင်ငံတကာ ခရီးသွား လုပ်ငန်းပြပွဲကြီး တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂ဝဝ ကျော်မှ ခရီးသွား လုပ်ငန်းပေါင်း ၂ဝဝဝ နီးပါး ပါဝင် ပြသလေ့ ရှိကြောင်း သိရသည်။ အဆိုပါပြပွဲသို့ မြန်မာနိုင်ငံမှ သွားရောက် ပြသရန် ခရီးသွား လုပ်ငန်း ကုမ္ပဏီတချို့ စာရင်းပေးသွင်း ထားကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက် လာစေရန် နိုင်ငံတော်မှ ပြည်တွင်း၌ ခရီးသွား လုပ်ငန်းပြပွဲ များကို မကြာခဏ ကျင်းပခြင်း၊ ဂျာမနီ၊ ဂျပန်၊ ဗြိတိသျှ၊ ဗီယက်နမ်နှင့် ထိုင်း အစရှိသော နိုင်ငံများ၌ ကျင်းပသော အပြည်ပြည် ဆိုင်ရာ ခရီးသွားလုပ်ငန်း ပြပွဲများ၌ ပါဝင်ပြသခြင်း တို့ကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...