Social Icons

Pages

Friday, March 6, 2015

နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်း နှင့် ကိုးကန့် သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွား လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၆-၃-၂၀၁၅

တပ်မတော် စစ်ကြောင်းများက လောက်ကိုင်ဒေသ တည်ငြိမ် အေးချမ်းရေး ဆောင်ရွက်လျက် ရှိရာ မတ် ၄ ရက် ညနေ ၅ နာရီ မိနစ် ၂ဝခန့်တွင် ကြွယ်ပါးရွာ အရှေ့ဘက် တစ်ဝိုက်၌ တပ်မတော် စစ်ကြောင်းက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ကိုးကန့် သောင်းကျန်းသူ အင်အားစု အချို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တပ်မတော် စစ်ကြောင်း၏ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် သောင်းကျန်းသူ များသည် အရှေ့ဘက်သို့ ဆုတ်ခွာ သွားခဲ့သည်။

ထို့အတူ ကြွယ်ပါးရွာ အရှေ့တောင် ဘက်တွင် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းအား ည ၇ နာရီ မိနစ် ၄ဝ ခန့်တွင် ကိုးကန့် သောင်းကျန်းသူ အင်အားစုအချို့ က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး တပ်မတော် စစ်ကြောင်း၏ စနစ်တကျ ပြန်လည် ပစ်ခတ်တိုက်ခိုက် မှုကြောင့် သောင်းကျန်းသူ များသည် အရှေ့ဘက် သို့ ဆုတ်ခွာ သွားခဲ့သည်။

အဆိုပါဖြစ်စဉ် များတွင် ကိုးကန့် သောင်းကျန်းသူ များထံမှ ဒုံးပစ်လောင်ချာ နှစ်လက်၊ ကျည်အိမ် ခြောက်ခု၊ စက်လတ်ကျည်  ဘောက်ဝိုင်း သုံးခု၊ လက်ပစ်ဗုံး ငါးလုံး၊ စနိုက်ပါကျည် ၂၇၈ တောင့်၊ အမ်-၂၂ ကျည် ၄၂၅ တောင့်၊ ကျည်ဆန်ထည့်ပုံး တစ်ပုံး၊ ကျည်ကာ အင်္ကျီ လေးထည်၊ MNDAA လက်မောင်း တံဆိပ်ပါ ယူနီဖောင်း ၁၅ ထည်၊ ကျောပိုးအိတ် အခွံ ၁၄လုံး၊ TNT ယမ်းအုံ ရှစ်လုံးနှင့် စနက်တံ တစ်ချောင်းတို့အား သိမ်းဆည်း ရမိခဲ့ပြီး မိမိဘက်မှ စစ်သည်တစ်ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့၍ စစ်သည်တစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

ထို့အပြင် မတ် ၃ ရက် ညနေ ၃ နာရီတွင် လောက်ကိုင် မြို့နယ်၊ တုံချိန်ကျေးရွာ နေ ခြံပိုင်ရှင် ဦးထိန်ဆန်း ၏ နေအိမ်အား သတင်းအရ တပ်မတော် စစ်ကြောင်းနှင့် နယ်မြေခံ ရဲတပ်ဖွဲ့များ ပူးပေါင်းပြီး ဝင်ရောက် စစ်ဆေး ရှာဖွေခဲ့ရာ ပွိုင့်-၃၈ မမ ပစ္စတိုတစ်လက်၊ ၄င်းကျည်အိမ် တစ်ခု၊ ကျည် ၁၆ တောင့်၊ ပြောက်ကျား ယူနီဖောင်း နှစ်စုံ၊ အစိမ်းရောင် ယူနီဖောင်း လေးစုံ၊ မြန်မာကျပ်ငွေ ၅၁၅ဝဝဝ နှင့် တရုတ်ယွမ်ငွေ ၅၄ဝ တို့အား သိမ်းဆည်းရမိ 

ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...