Social Icons

Pages

Wednesday, March 4, 2015

တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများအား ကိုးကန့်သောင်းကျန်းသူ အဖွဲ့များက နှောင့်ယှက်ပစ်ခတ်



နေပြည်တော် ၊ ၄-၃-၂၀၁၅

လောက်ကိုင်ဒေသ တွင် တပ်မတော် စစ်ကြောင်းများ က ဒေသတည်ငြိမ် အေးချမ်းရေး အတွက် နယ်မြေရှင်းလင်း ဆောင်ရွက်လျက် ရှိရာ ယမန်နေ့ နံနက် ၄ နာရီခွဲခန့်တွင် လောက်ကိုင်မြို့ တောင်ဘက်ရှိ ယန္တရားဝင်း အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော် စစ်ကြောင်းအား ကိုးကန့် သောင်းကျန်းသူ အင်အားစုအချို့က လက်နက်ငယ် များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး တပ်မတော် စစ်ကြောင်းက ပြန်လည်ခုခံ တိုက်ခိုက်ရှင်းလင်း ခဲ့သဖြင့် သောင်းကျန်းသူ များသည် အရှေ့တောင ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

၎င်းအပြင် နံနက် ၅ နာရီခန့်တွင် မော်ထိုက်မြို့ အနောက်ဘက်ရှိ ချင်မိုလင်ရွာ အနီး၌ လည်းကောင်း၊ နံနက် ၆ နာရီ ခန့်တွင် ရန်လုံကျိုင်းရွာ အနီး၌ လည်းကောင်း နယ်မြေ လုံခြုံရေး ဆောင်ရွက် နေသော တပ်မတော် စစ်ကြောင်းများ အား ကိုးကန့် သောင်းကျန်းသူ အဖွဲ့များက လက်နက်ငယ် များဖြင့် အလစ်အငိုက် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော် စစ်ကြောင်း များ၏ စနစ်တကျ ပြန်လည်ပစ်ခတ် တိုက် ခိုက်မှုကြောင့် သောင်းကျန်းသူ များ ဆုတ်ခွာ သွားခဲ့ပြီး တပ်မတော် စစ်ကြောင်း များက လိုက်လံ ရှင်းလင်းလျက် ရှိသည်။

အထက်ပါ ကိုးကန့် သောင်းကျန်းသူ အဖွဲ့များ၏ နှောင့်ယှက် တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ကိုးကန့် သောင်းကျန်းသူ အဖွဲ့မှ အလောင်း နှစ်လောင်း၊ ခြောက်လုံးပြူး တစ်လက်နှင့် လက်ပစ်ဗုံး တစ်လုံး သိမ်းဆည်း ရမိပြီး တပ်မတော်မှ စစ်သည် နှစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။ ဒဏ်ရာရ စစ်သည်များအား တပ်မတော် ဆေးရုံများသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...