Social Icons

Pages

Wednesday, March 4, 2015

စစ်မှုမထမ်း မနေရဥပဒေအရ စစ်မှုထမ်းရွေးချယ် စိစစ်ရေးအား ပွင့်လင်းမြင်သာမှု ရှိစေမည်ဟု ထိုင်းစစ်ဘက် အခိုင်အမာ ပြောကြား


ဗန်ကောက် ၊ ၄-၃-၂၀၁၅

ထိုင်းစစ်ဘက် အနေဖြင့် ၂ဝ၁၅ ခုနှစ် အတွင်း စစ်မှုမထမ်း မနေရ ဥပဒေအရ စစ်မှုထမ်းခြင်းအား ပွင့်လင်းမြင်သာမှု ရှိစေရေး အတွက် စောင့်ကြည့် စစ်ဆေးရေး အဖွဲ့ ၁၅၃ ဖွဲ့ကို ဖွဲ့စည်း တာဝန်ပေးအပ် ခဲ့ကြောင်း ထိုင်း ကြည်းတပ် ဒုတိယ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး သရီရာ ချိုင်းနက်ဝါနစ် က မတ် ၃ ရက်တွင် ပြောကြား ခဲ့သည်။

အဆိုပါ စစ်ဆေးရေး အဖွဲ့များသည် ဧပြီ ၁ ရက်မှ ၁၂ ရက်အတွင်း နိုင်ငံတစ်ဝန်း ပြုလုပ်ရန် စီစဉ်ထားသော စစ်မှု မထမ်းမနေ ရဥပဒေအရ စစ်မှုထမ်းခြင်းအား ကြီးကြပ်ကွပ်ကဲ ရမည်ဖြစ်ပြီး စစ်မှုထမ်း ရွေးချယ် စိစစ်ရေး လုပ်ငန်းများအား မြန်ဆန် ချောမွေ့စွာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီး သရီရာချိုင်း က ပြောကြား ခဲ့သည်။

စစ်မှုမထမ်း မနေရ ဥပဒေအရ စစ်မှု ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် ရရှိသူ တစ်ဦး ဖြစ်ကြောင်း ပြသသော အထောက်အထား စာရွက်စာတမ်း( Sor Dor 43 paper) အား စစ်မှု ထမ်းဆောင်ရန် ဆင့်ခေါ်သည့် ဒေသ တစ်ခုစီရှိ ကြီးကြပ် ကွပ်ကဲရေး အဖွဲ့ အကြီးအကဲက လက်မှတ်ရေးထိုး ရမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး သရီရာချိုင်း က သတိပေး ပြောကြားခဲ့သည်။

စစ်မှုမထမ်း မနေရ ဥပဒေအရ အသက် ၁၇ နှစ်အရွယ် အမျိုးသားတိုင်းသည် ၄င်းအား စစ်မှုထမ်းဆောင်ရန် အရန်အင်အား သွင်းထားပြီး ဖြစ်ကြောင်း အကြောင်းကြား သည့် သတိပေးစာ (Sor Dor 9) ကို လက်ခံရရှိပါက သက်ဆိုင်ရာသို့ သတင်းပို့၍ ၄င်း၏ ကိုယ်ရေး အချက်အလက် များအား အတည်ပြု ပေးရမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အသက် ၂၁ နှစ် ပြည့်ပြီး ပါက စစ်မှုထမ်း ရွေးချယ် စိစစ်ရေး အဖွဲ့သို့ သတင်းပို့ ရမည်ဖြစ်သည်။

၂ဝ၁၅ ခုနှစ်တွင် ထိုင်းတပ်မတော် အတွက် စစ်မှုမထမ်း မနေရ ဥပဒေအရ စစ်မှုထမ်း ရမည့် တပ်ဖွဲ့ဝင် ၉၉,၃၇၃ ဦး ရှိကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...