Social Icons

Pages

Saturday, December 20, 2014

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၆) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၆) သင်တန်းဆင်း 
ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
နေပြည်တော် ၊ ၂၀-၁၂-၂၀၁၄

တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၆) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့၊ တပ်မတော် ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး ၏ စုဝေးခန်းမ၌ ကျင်းပရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ချီးမြှင့်သည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၁၆) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားတွင် သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

အဆိုပါ သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ နှင့်ဇနီးများ၊ တိုင်းမှူးများ၊ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆင်း အရာရှိများ၏ မိဘဆွေမျိုးများ တက်ရောက် ကြသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သင်တန်းဆင်း အရာရှိများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ပြီး အားပေးစကား ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အဖွဲ့ဝင် များသည် သင်တန်းဆင်း အရာရှိများ၊ မိဘဆွေမျိုးများ နှင့်အတူ ညစာ သုံးဆောင် ကြသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၆) သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားတွင် မြ၀တီအငြိမ့် အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှု ကို ကြည့်ရှု အားပေးစဉ်


သင်တန်းဆင်း ဂုဏ်ပြု ညစာစားပွဲ အပြီးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အဖွဲ့ဝင် များသည် ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ မြဝတီတေးဂီတ နှင့် အငြိမ့်အဖွဲ့၏ ဖျော်ဖြေ တင်ဆက်မှု များကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...