Social Icons
Pages
Showing posts with label အခမ်းအနားဆိုင်ရာ. Show all posts
Showing posts with label အခမ်းအနားဆိုင်ရာ. Show all posts
Monday, October 8, 2018
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်းခံခဲ့ရသည့် စစ်သည်၊ စစ်သမီးများ၏ဖျော်ဖြေတင်ဆက်မှုများအား တက်ရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ အောက်တိုဘာ - ၇
မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကိုထိန်းသိမ်းရန်၊ ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် နိုင်ငံတော်နှင့်တပ်မတော်အဆင့်ဖျော်ဖြေရေးများတွင် အဆင့်အတန်းမြင့်မားစွာဖျော်ဖြေနိုင်စေရန် အတွက်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ စက်တင်ဘာလ အတွင်းကျင်းပပြုလုပ်ခဲ့သည့်(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်းခံခဲ့ရသော စစ်သည်၊ စစ်သမီးများသည် အောက်တိုဘာ ၆ ရက်ညပိုင်းတွင် နေပြည်တော်ရှိ၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင်၌ အဆို၊ အက၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြကွက်များအား ကပြဖျော်ဖြေ တင်ဆက်ကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည့်ရှုအားပေးသည်။
အဆိုပါဖျော်ဖြေပွဲအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့်ဇနီး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော် အရာရှိကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) ရုံး/ဌာနအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဖျော်ဖြေပွဲအခမ်းအနားတွင် အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေး တပ်မှ စစ်သည် များက "စံတော်ချိန်တီးလုံး၊ နှဲထပ်ပတ်ထပ်လက်စွမ်းပြ" တီးလုံးဖြင့်လည်းကောင်း၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး(အစားခန့်)အေးသူဇာကျော် က တေးရေး ရွှေတိုင်ညွန့်ရေးဖွဲ့ခဲ့ပြီး တေးသံရှင်စိန်ပါတီကသီဆိုခဲ့သည့် "စံပယ်တင်မှဲ့" တေးသီချင်းဖြင့် လည်းကောင်း၊ တပ်သားအေးမင်းထွန်းနှင့် တပ်ကြပ်ကြီး (အစားခန့်)နွယ်နီဝင်းတို့က "အပေါင်းမွေ့ဘွယ်သောင်းရွှေ့လယ်" မြိုင်ထနှစ်ပါးသွား အကဖြင့်လည်းကောင်း၊ ဒုတိယအရာခံဗိုလ် စန်းလွင်က တေးရေးမင်းယုနိုင်(ကဗျာ)က ရေးဖွဲ့ခဲ့ပြီး တေးသံရှင်စန္ဒရားထွန်းညွန့်သီဆိုခဲ့သည့် "စာဆိုစစ်သည်" သီချင်းဖြင့် လည်းကောင်း၊ အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများ က "စင်တင်မျက်လှည့်" ဖြင့်လည်းကောင်း၊ အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေး တပ်ခွဲမှ စစ်သည်၊ စစ်သမီးများက "စိန်သရဖူအငြိမ့်"ဖြင့်လည်းကောင်း၊ အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများက "နန်းဘုံသီဟာဘွေ အိုးစည်ယိမ်း အက" ဖြင့်လည်းကောင်းသီဆိုကပြဖျော်ဖြေကြသည်။
ယင်းနောက် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်၊ စစ်သမီးများက သက္ကရာဇ် ၁၂၄၇ ခုနှစ် နယ်ချဲ့အင်္ဂလိပ်အစိုးရလက်အောက်သို့ ကျရောက်စဉ် သူ့ကျွန်မခံလိုသည့် ပုဂံ ညောင်ဦးမြို့နယ်၊ ငါ့သရောက်ဆယ်ရွာမှ တိုင်းရင်းဆေးဆရာ ဆရာချိုမှသားနှစ်ယောက်နှင့် အတူမျိုးချစ်စိတ်ရှိသည့်ဒေသခံ များနှင့်စုပေါင်း၍ ဗိုလ်ချိုအမည်ခံပြီးနယ်ချဲ့အစိုးရအား လေးနှစ်ခန့် တော်လှန် တိုက်ခိုက်ခဲ့စဉ် အနိုင်ယူအောင်မြင်ခဲ့မှုများနှင့် ကျန်းမာရေးအခြေအနေ ကြောင့်သီရိပစ္စယာ ဂူပြောက်ဘုရားတွင်အနားယူနေချိန်၌ သစ္စာဖောက်နယ်ချဲ့အလိုတော်ရိတစ်ယောက်ကြောင့် အဖမ်းခံခဲ့ရပြီး ကြိုးစင်တက်ခဲ့ရမှုများအား ပုံဖော်တင်ဆက်ထားသည့် "ရဲမာန်ဝံ့ကြွားပုဂံသား" ပြဇာတ်ဖြင့်ဖျော်ဖြေတင်ဆက်ကြပြီး နောက် (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့် ပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်းခံခဲ့ရသည့် စစ်သည်၊ စစ်သမီးများက "ဇာတိမာန်"သီချင်းဖြင့်သီဆိုဖျော်ဖြေကြသည်။
ဖျော်ဖြေပွဲအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့က သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည့် စစ်သည်၊ စစ်သမီးများအား ဂုဏ်ပြုပန်းခြင်းနှင့်ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
Wednesday, October 3, 2018
မြေထုနှင့်တူသော ဂန္ဒီ၏ ခန္တီ
အိန္ဒိယနိုင်ငံဖခင်ကြီး မဟတ္တမဂန္ဒီ၏ နှစ်(၁၅ဝ)ပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။
-
အဆိုပါအခမ်းအနား၌  သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များနှင့်  သီတဂူဆေးရုံတော်များ၏ အဓိပတိ  တွဲဖက်ရွှေကျင် သာသနာပိုင် Ph.D.,D.Litt. အဘိဓဇ မဟာရဋ္ဌဂုရုသီတဂူ ဆရာတော် အရှင်ဉာဏိဿရ၏ မိန့်ကြားချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
-
ကျွန်ုပ်ချစ်ခင်ကြည်ညိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေထဲမှာ မဟတ္တမဂန္ဒီဟာ ရှေ့ဆုံးမှာ ရှိပါတယ်။ သူ့အကြောင်းကို ငယ်ငယ်တည်းက လေ့လာပြီးတော့ ကြည်ညိုနေမိတာ အခုထိပါပဲ။ မြတ်ဗုဒ္ဓ၏ ခန္တီပါရမီအကြောင်းကို မြေထုနှင့်တူသည်ဟု ပိဋကတ်ကျမ်းစာတို့မှာ ဖော်ပြထားပါတယ်။ မြေကြီးပေါ်နေတဲ့ လူတွေဟာ   မြေကြီးပေါ်မှာ အလှပြင် တန်ဆာဆင်တာတွေလည်း လုပ်ကြတယ်။  အညစ်အကြေးတွေကိုလည်း သွန်ကြတယ်။ ဒီမြေကြီးဟာ  အလှအပတွေပေါ်မှာလည်း မက်မောခြင်းမရှိ။ အညစ်အကြေးတွေ ပေါ်မှာလည်း စက်ဆုပ်ခြင်း မရှိ။ "Delight and Disgust" အစွန်းနှစ်ဖက်မှ လွတ်အောင် ရှောင်ခြင်းဟာ ခန္တီပဲ။ မဟတ္တမဂန္ဒီကြီးမှာ  ဒီအရည်အချင်းနဲ့  ပြည့်ဝတာကို တွေ့ရလို့ ကျွန်ုပ်ကြည်ညိုမိတယ်။
-
မဟတ္တမဂန္ဒီကြီးဟာ အိန္ဒိယပြည်ကြီး၏ လွတ်လပ်ရေးကို ကြိုးပမ်းတဲ့အခါမှာ  ဆူပူ သောင်းကျန်းခြင်း၊ လက်နက်ကိုင်ခြင်းတို့ကို အလုံးစုံဖယ်ရှား၍ ခန္တီတရားဖြင့် သူ့လွတ်လပ်ရေး တပ်ကြီးကိုဖွဲ့စည်းခဲ့တယ်။  မြတ်ဗုဒ္ဓ၏ ဒေသနာတစ်နေရာမှာ ''ခန္တီဗလံ ဗလာနီကံ'' သည်းခံခြင်း၏ ခွန်အားသည် တစ်သိန်းမကသော စစ်သည်တို့ဖြင့်  ဖွဲ့စည်းထားသော တပ်မတော်ကြီးနှင့်တူ၏ဟု  ဟောတော်မူထားပါသည်။   မဟတ္တမဂန္ဒီကြီး၏ လွတ်လပ်ရေး တပ်မတော်ကြီးမှာ သေနတ်မပါသော ခန္တီတရားပင်ဖြစ်သည်ဟု ကျွန်ုပ်ဆိုချင်ပါတယ်။ ''ခန္တျာဘိယျော နဝိဇ္ဇတိ(ဝေရောစနအသုရိန္ဒသုတ္တံ)'' ဟူသော မြတ်ဗုဒ္ဓ၏ မိန့်ခွန်းတော်မှာ ခန္တီတရားကို  ကျော်လွှားနိုင်သော လူ၏စွမ်းအား တခြားမရှိဟု  ဟောတော်မူထားပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ လွတ်လပ်ရေး သမိုင်းတို့မှာ လက်နက်များဖြင့် တိုက်ရသော သွေးချောင်းစီးစစ်ပွဲများသာ တွေ့ရ၏။ မဟတ္တမဂန္ဒီကြီး၏  လွတ်လပ်ရေး တိုက်ပွဲသည် သူ၏ခန္တီ တပ်မတော်ဘက်က သေနတ်တစ်ချက်မှ မဖောက်ရဘဲ လွတ်လပ်ရေး ရယူသွားသည့် အံ့သြဖွယ်ရာ  ခေါင်းဆောင်ကြီး တစ်ယောက်ဖြစ်သည်ကို ကျွန်ုပ်ကြည်ညိုမိ တယ်။
-
ဂန္ဒီကြီး၏ မိန့်ခွန်းတစ်နေရာမှကျွန်ုပ်ဖတ်ဖူး မှတ်ဖူးပါသည်- (There is nothing new to teach the world, but the "TRUTH") ဟု မဟတ္တမဂန္ဒီကြီးက ပြောပါတယ်။ ဘာသာ ရေးခေါင်းဆောင်၊  နိုင်ငံရေးခေါင်းဆောင်၊ လူမှုရေးခေါင်းဆောင်များ အားလုံး လူသားတို့ ၏ ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်အောင် အားထုတ်နေကြပါတယ်။ ခေါင်းဆောင်တွေ အားလုံး သစ္စာတရားကို လက်ကိုင်ထားဖို့သူ အလေးအနက် ညွှန်ကြားခဲ့တယ်။ မြတ်ဗုဒ္ဓ၏ တရားဦးမှာ  ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်လိုသူတိုင်း သစ္စာတရားကို သိရမယ်လို့ ဟောတော်မူထားပါတယ်။ သို့သော် အစွန်းရောက်နေသော ခေါင်းဆောင်တွေမှာ သစ္စာတရား ပျောက်ဆုံးနေတတ်ပါတယ်။ ထို့ကြောင့် ကျွန်ုပ်အနှစ်ချုပ် ပြောချင်တာကတော့ Delight and Disgust) အစွန်းနှစ်ဖက် လွတ်အောင်ရှောင်၍ မြေထုနှင့်တူသော ခန္တီတရားကို လက်ကိုင်ထားကာ   ဘာသာရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ လူမှုရေး ခေါင်းဆောင်အားလုံး လူသားတို့၏ ဒုက္ခဒေါမနဿ အပေါင်းမှ လွတ်မြောက်အောင် အားထုတ်နိုင်ကြပါစေဟု   ဆုတောင်းပါတယ်။
-
''ခန္တီတရားနှင့်သစ္စာတရား ဤကမ္ဘာမှာ ထွန်းကားပါစေ''
-
#မြ၀တီနေ့စဉ်သတင်းစာ
Thursday, July 20, 2017
မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းရင်ပြင်၌ နှစ် (၇ဝ) ပြည့်အာဇာနည်နေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ
မန္တလေး ၂၀-၇-၂၀၁၇
နှစ် (၇ဝ) ပြည့်အာဇာနည်နေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေးမြို့ မန္တလာသီရိ အားကစား ကွင်းရှေ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာ ကြသောပြည်သူများက ဂုဏ်ပြုတပ် ဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခြင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အား မေတ္တာပို့အမျှဝေရန် နစ်မိနစ် ငြိမ်သက်ခြင်းတို့ကို စုပေါင်းဆောင်ရွက် ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းဗိုလ်ရှိန်နှင့် တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်း ဝင်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ကင်းထောက်ကြီးများ၊ ကင်းထောက်လူငယ် မောင်မယ်များနှင့် တက်ရောက်လာ ကြသောပြည်သူများသည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေ ချ၍အလေးပြု ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာကြသော ပြည်သူများ၊ ကျောင်းသား၊ကျောင်းသူများ နှင့်အတူ မန္တလာသီရိ အားကစားကွင်း အတွင်း၌ တိုင်းဒေသကြီး ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကြီးမှူးခင်းကျင်းပြ သထားသော အာဇာနည်နေ့ အထိမ်းအမှတ်ဓာတ်ပုံပြခန်းကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ထို့နောက်နံနက် ၁ဝ နာရီ ၃၇ မိနစ်အချိန်တွင် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် လာကြသော ပြည်သူလူထု ကြီးသည် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများအား ဝမ်းနည်းခြင်း အထိမ်းအမှတ် ဖြင့်ဥသြဆွဲ၍ငြိမ်သက်ကာ အလေးပြုကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
#Yadanarpondaily
Thursday, July 6, 2017
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂ဝ၁၇ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာ အခမ်းအနားကျင်းပ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓိဓဇမဟာရဋ္ဌဂုရု အဘိဓိဓဇအဂ္ဂမမဟာသဒ္ဓမ္မဇောတိကိက ဒေါက်တ်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အခမ်းအနားတက်ရောက်လာကြသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြစဉ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓိဓဇမဟာရဋ္ဌဂုရု အဘိဓိဓဇအဂ္ဂမမဟာသဒ္ဓမ္မဇောတိကိက ဒေါက်တ်တာဘဒ္ဒန္တကုမာရာဘိဝံသထံ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းစဉ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏိာရာမဘုရားကြီးတိုက် အတုလကာရီဆင်မင်းကျောင်းပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသြဘာသာဘိဝံသထံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရေတာရှည်ဆရာတော် ဘဒ္ဒန္တသြဘာသထံ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီးဒေါ်ခင်သက်ဌေးတို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကုန်းသာဆရာတော် ဘဒ္ဒန္တဝိလာသထံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့က ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင်ကန်သုံးဆင့်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်။
ဆရာတော်ထံ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်တို့က ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်။
နေပြည်တော် ၆-၇-၂၀၁၇
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂ဝ၁၇ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် မဟာသာသနာ့ ဗိမာန်တော်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာရာမဘုရားကြီးတိုက် အတုလကာရီဆင်မင်းကျောင်း ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသြဘာသာ ဘိဝံသအမှူးပြုသော ဆရာတော်သံဃာတော် များကြွရောက် တော်မူကြသည်။
မင်္ဂလာအခမ်းအနား မစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသနာ့ ဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ် လှူဒါန်းသည်။
အခမ်းအနားတွင် တက်ရောက်လာသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီးဆရာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ပဓာနနာယကဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ် လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အတုလကာရီ ဆင်မင်းကျောင်းပဓာန နာယကဆရာတော်ထံ ဝါဆိုသင်္ကန်းနှင့်
လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေးတို့က နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရေတာရှည်ဆရာတော် ဘဒ္ဒန္တသြဘာသ ထံလည်းကောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်ဇနီး
ဒေါ်ချိုချိုတို့က နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကုန်းသာဆရာတော်ဘဒ္ဒန္တ ဝိလာသထံလည်းကောင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ဇနီးဒေါ်နန့်ကြင်ကြည်က နိုင်ငံတော်သံဃမဟာ နာယက အဖွဲ့ ဒုတိယဥက္ကဋ္ဌ ရေဦးဆရာတော် ဘဒ္ဒန္တဥတ္တမဥာဏာ ဘိဝံသထံလည်းကောင်း ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ လွိုင်လင်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာ နန္ဒထံလည်းကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ကန်သုံးဆင့်ဆရာတော် ဘဒ္ဒန္တဂုဏိကာ ဘိဝံသထံလည်းကောင်း ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့်ဇနီး ဒေါ်ဌေးရည်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ဇနီး ဒေါ်သိန်းယဉ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဇနီးဒေါ်ခင်လေးသက်တို့က ဆရာတော် သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က ဆရာတော် သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက် အတုလကာရီ ဆင်မင်းကျောင်း ပဓာနနာယကဆရာတော်ထံမှ နိုင်ငံတော် သမ္မတနှင့်ဇနီးနှင့် ဧည့်ပရိသတ်များက အနုမော ဒနာတရားနာကြားကြပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်ပရိသတ်များက ဆရာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။
#Themyawadydaily
Tuesday, June 27, 2017
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားပြုလုပ်
တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေး မူးယစ်ဆေးဝါး ပညာပေးပြခန်းအား 
လှည့်လည်ကြည့်ရှုစဉ်။
နေပြည်တော် ၂၇-၆-၂၀၁၇
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာတိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူတစ်ဦးက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ထံမှပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ကဗျာ၊ ဆောင်းပါး၊ပန်းချီ၊ ကာတွန်း၊ပိုစတာ၊ ကွန်ပျူတာပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲ တို့တွင် ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများအား တိုင်းမှူးနှင့်တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါး ပညာပေးပြခန်းအား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။
#Themyawadydaily
Tuesday, March 28, 2017
(၇၂)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိသော စစ်ရေးပြတပ်ခွဲများအား ဆုချီးမြှင့်ပွဲကျင်းပ
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး (၇၂)နှစ်မြောက်တပ်မတော်နေ့
 စံပြတပ်ခွဲပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြုတပ်ခွဲအား
 ဆုပေးအပ်စဉ်။
စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး (၇၂)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအကောင်းဆုံး ဒုတိယဆုရရှိသော လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကိုယ်စားပြုစစ်ရေးပြ တပ်ခွဲအား ဆုပေးအပ်စဉ်။
တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး
 မောင်မောင်အေး (၇၂)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ ဂုဏ်ပြုဆုရရှိသော
 ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ ) ကိုယ်စားပြု အထူးတပ်ဖွဲ့အား ဆုပေးအပ်စဉ်။
နေပြည်တော် ၊ ၂၈-၃-၂၀၁၇
(၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ဆုရရှိကြသော စစ်ရေးပြ တပ်ခွဲများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ စုရပ်သစ်တပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်၍ ဆုများကိုပေးအပ် ချီးမြှင့်သည်။
ဦးစွာ ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးအား စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဇော်တင် ဦးဆောင်သည့် စစ်ရေးပြ စစ်ကြောင်းများက အလေးပြုကြသည်။
ထို့နောက် (၇၂)နှစ်မြောက် တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး က စစ်ရေးပြ ဂုဏ်ပြုဆုရရှိ ကြသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ ) ကိုယ်စားပြု အထူးတပ်ဖွဲ့၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြုတပ်ဖွဲ့၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်ရုံး ကိုယ်စားပြုတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြုတပ်ဖွဲ့၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု တပ်ဖွဲ့၊ တပ်မတော် (ကြည်း) အမျိုးသမီး စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့(အမျိုးသမီး) စစ်ရေးပြ တပ်ခွဲ တို့အား လည်းကောင်း၊ အလံကိုင်အဖွဲ့ ဂုဏ်ပြုဆုကို တပ်မတော်(ကြည်း) အမျိုးသမီး အလံကိုင် အဖွဲ့အား လည်းကောင်း၊ အထူးတာဝန် တပ်ဖွဲ့ အမျိုးသမီးတပ်ခွဲ ဂုဏ်ပြုဆုကို အထူးတာဝန် တပ်ဖွဲ့ အမျိုးသမီးတပ်ခွဲ အားလည်းကောင်း၊ မြင်းစီးစစ်ရေးပြ တပ်စု ဂုဏ်ပြုဆုကို မြင်းစီးစစ်ရေးပြ တပ်စုအား လည်းကောင်း၊ ဗဟိုစစ်တီးဝိုင်းအဖွဲ့ ဂုဏ်ပြုဆု ရရှိသော ဗဟို စစ်တီးဝိုင်းအဖွဲ့ အားလည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲတီးဝိုင်း ဂုဏ်ပြုဆုကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ရဲတီးဝိုင်းအဖွဲ့ အားလည်းကောင်း၊ အလံကိုင်အဖွဲ့ အကောင်းဆုံးဆု ရရှိသော အနော်ရထာ စစ်ကြောင်း ကိုယ်စားပြု အလံကိုင် အဖွဲ့အားလည်းကောင်း၊ စစ်တီးဝိုင်းအဖွဲ့ အကောင်းဆုံးဆု ရရှိသော ဘုရင့်နောင် စစ်ကြောင်း ကိုယ်စားပြု စစ်တီးဝိုင်းအဖွဲ့အား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အကောင်းဆုံးစခန်း တတိယဆု ရရှိသော အနောက်မြောက်တိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး တတိယဆုရရှိ သော အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး တတိယဆု ရရှိသော အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး တတိယဆုရရှိသော အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ အကောင်းဆုံး စခန်း ဒုတိယဆု ရရှိသော ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကိုယ်စားပြု စစ်ရေးပြ တပ်ခွဲအား လည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံး ဒုတိယဆု ရရှိသောစစ်လက်နက် ပစ္စည်းညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး ဒုတိယဆု ရရှိသော ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး ဒုတိယဆု ရရှိသော လျှပ်စစ် နှင့် စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက အကောင်းဆုံး စခန်းပထမဆု ရရှိသော ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်ချီသီချင်း အကောင်းဆုံးပထမဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁) အားလည်းကောင်း၊ စစ်စည်းကမ်း အကောင်းဆုံး ပထမဆု ရရှိသော ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စစ်ရေးပြ အကောင်းဆုံး ပထမဆုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ) ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ(၁) အား လည်းကောင်း၊ စံပြတပ်ခွဲ တတိယဆု ရရှိသော စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး ကိုယ်စားပြု စစ်ရေးပြတပ်ခွဲ အားလည်းကောင်း၊ စံပြတပ်ခွဲ ဒုတိယဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြု တပ်ခွဲ အားလည်းကောင်း၊ စံပြတပ်ခွဲ ပထမဆု ရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြု စစ်ရေးပြဂုဏ်ပြု တပ်ခွဲ အားလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။
ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဆုချီးမြှင့်ပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၇)
(၇၂)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အနုပညာရှင်များနှင့် စစ်ချီတေး ၊ စစ်သည်တေးသီချင်း ၊ ကဗျာ နှင့် ၀တ္ထုစာမူဆု ရရှိသူစာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး (၇၂)နှစ်မြောက် တပ်မတော်နေ့ 
ဂုဏ်ပြုဇာတ်လမ်း ဖြစ်သည့် ပြည်ထောင်စုသစ္စာ ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင် ခဲ့ကြသည့် 
အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆုရရှိသူ 
စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲသို့ 
တက်ရောက် လာကြသူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံစဉ်။
စိတ်ဓာတ်ရေးရာနှင့်လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး
 (၇၂)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု ပြည်ထောင်စုသစ္စာ ဇာတ်လမ်းတွင်ပါဝင်ခဲ့သည့်
စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော (၇၂)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု ပြည်ထောင်စုသစ္စာ
 ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဝေဠုကျော် (အနုပညာအကြံပေး) အား 
ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ်။
တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်
 ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး (၇၂)နှစ်မြောက် တပ်မတော်နေ့ 
စစ်ချီတေးသီချင်း ပြိုင်ပွဲတွင် ပထမဆုရရှိသော တပ်ကြပ်ကြီး စောခဲနေကနဲစော အား 
ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်စဉ်
နေပြည်တော် ၊ ၂၈-၃-၂၀၁၇
(၇၂)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြု ဇာတ်လမ်းဖြစ်သည့် " ပြည်ထောင်စုသစ္စာ "  ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင် ခဲ့ကြသည့် အနုပညာရှင်များနှင့် စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့် ဝတ္ထုစာမူဆု ရရှိသူ စာပေ ပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပြည်ထောင်စုသစ္စာ ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် အနုပညာရှင်များ၊ စစ်ချီတေး၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထု စာမူဆုရရှိသူ စာပေပညာရှင်များ တက်ရောက်ကြသည်။
ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက ဂုဏ်ပြုအမှာ စကား ပြောကြားသည်။
ထို့နောက် စိတ်ဓာတ်ရေးရာနှင့်လူထု ဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တပ်မတော်နေ့ ဂုဏ်ပြု ပြည်ထောင်စုသစ္စာ ဇာတ်လမ်းတွင် ပါဝင်ခဲ့သည့် ဇာတ်ကား ဖြစ်မြောက်ရေး တာဝန်ခံ ဗိုလ်မှူးကြီး ခင်မောင်ချို၊ ဝတ္ထုနှင့် ဒါရိုက်တာ ဗိုလ်မှူး တင်အောင်စိုး၊ တွဲဖက်ဒါရိုက်တာ မယွန်း၊ ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်ကြသည့် နေမင်း၊ ကောင်းခန့်၊ မိုးဇက်၊ အကယ်ဒမီ မေသဉ္ဇာဦးနှင့် မေကဗျာဦး တို့ကို လည်းကောင်း၊ စစ်ထောက်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော က ထုတ်လုပ်မှု တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ တည်းဖြတ် နှင့်တွဲဖက် ဒါရိုက်တာ ဗိုလ်ကြီး ဗညားအောင်၊ ဇာတ်ညွှန်း မင်းခိုက်စိုးစံ၊ ရုပ်ရှင် သရုပ်ဆောင်များ ဖြစ်ကြသည့် အကယ်ဒမီ ဝေဠုကျော် (အနုပညာအကြံပေး)၊ နေဒွေး၊ ထူးခန့်ကျော်၊ ပြည့်စုံမင်းနှင့် မေဘရဏီသော် တို့ကို လည်း ကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပစ္စည်းများ အသီးသီးပေးအပ် ကြသည်။
ဆက်လက်၍ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး က (၇၂)နှစ်မြောက် တပ်မတော်နေ့ စစ်ချီတေးသီချင်း ပြိုင်ပွဲတွင် ပထမဆု ရရှိသော တပ်ကြပ်ကြီး စောစဲနေကနဲစော၊ ဒုတိယဆု ရရှိသော ဗိုလ်ကြီးဖုန်းမြင့် (ငြိမ်း)၊ တတိယဆု ရရှိသော ဦးဝေလင်း (ဝေလင်း-သုခုမ)၊ နှစ်သိမ့်ဆုရရှိသော တပ်ကြပ် အောင်မိုးတင့်နှင့် တပ်ကြပ်ကြီး ဇော်မျိုးထွန်း၊ စစ်သည်တေး သီချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ဗိုလ်ကြီးဉာဏ်ပိုင်စိုး (စစ်သူ)၊ ဒုတိယဆုရရှိသော ဒေါ်ခင်စန္ဒီစိမ့် (အလင်္ကာမေ)၊ တတိယဆု ရရှိသော ဦးဝေလင်း (ဝေလင်း-သုခုမ)၊ နှစ်သိမ့်ဆုရရှိသော ဒေါ်မေသန့်ရွှေ (ငယ်သန့်သုခုမ) နှင့် မောင်သူရတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ထို့နောက် တပ်မတော်နေ့ ကျင်းပရေးစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော် က ကဗျာတိုပြိုင်ပွဲတွင် ပထမဆုရရှိသော ဗိုလ်ကြီး အောင်မျိုးထွန်း၊ ဒုတိယဆု ရရှိသော ဦးမြင့်ငွေ (ချမ်းမြဆောင်း-ကလော)၊ တတိယဆုရရှိသော ဦးမျိုးမြင့် (မောင်ပြေငြိမ်း-ဇလွန်)၊ နှစ်သိမ့်ဆုရရှိသော ဦးအောင်သက်ကို (ပုံညာမြေရွှေဖူး)၊ ကဗျာရှည်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဦးခင်မောင်ထွန်း (မင်းသွေးနွယ်- ဇီးကုန်း)၊ ဒုတိယဆုရရှိသော ဒေါ်ထားရှင် (ရှင်ထား-မြိတ်)၊ တတိယဆု ရရှိသော တပ်ကြပ်ကြီး/ စာရေးဆရာ ဘိုသန်း (ဘုန်းရဲနိုင်-ဂန့်ဂေါ)၊ နှစ်သိမ့်ဆု ရရှိသော ဦးကျော်အေး (ပွင့်သစ်ဦး-ကလေးဝ)နှင့် ဦးအေးဝင်း (မင်းသစ်ဝင်း- ကျောက်တံခါး) တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် စာမူပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ် အောင်ရဲဝင်း က ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိသော ဗိုလ်မှူး အေးဇော်(ငြိမ်း) (ပိုင်ဇင်ဇော်-သတ္တု)၊ ဒုတိယဆု ရရှိသော တပ်ကြပ် ညွန့်ရင်(နွေးထက်လှိုင်)၊ တတိယဆု ရရှိသော တပ်ကြပ် တင်ဇော်လတ် (တေဇလွှမ်း)၊ နှစ်သိမ့်ဆုရရှိသော အရာခံဗိုလ်/ စာရေး သောင်းဝင်း (မောင်သောင်းဝင်း- တမန်ဟောင်း) နှင့် မမဉ္ဇူအောင်(မဉ္ဇူ-ပခုက္ကူ )၊ ဝတ္ထုရှည်ပြိုင်ပွဲတွင် ပထမဆု ရရှိသော ဗိုလ်ကြီး ဝင်းထက် (ဝမ်းထက်မိုး-ဇိန့်-အောင်လံ)၊ တတိယဆုရရှိသော ဒေါ်ခိုင်သူဇာဝင်း (ခင်လယ်လယ်ချစ်-မြန်/ဂုဏ်)၊ နှစ်သိမ့်ဆု ရရှိသော တပ်ကြပ်ကြီး/ စာရေးဆရာ မောင်မောင်လွင် (ရွှေဘိုသား)နှင့် ဗိုလ်မှူး အောင်စိုးဝင်း (ကိုမြိုင်-အညာသား) တို့အားဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ကြသည်။
အခမ်းအနား အပြီးတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက တက်ရောက်လာကြ သူများအား လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အဖွဲ့ဝင်များနှင့် အတူ ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ ကြကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၈)
Monday, March 27, 2017
တစ်အူထုံ့ဆင်း ညီကိုရင်း သွေးချင်းသားစစ် ပြည့်ရင်နှစ် ရင်းမြစ်ပေါင်းစု အားမာန်ထု ပြည်ထောင်စုတပ်မတော်
တစ်အူထုံ့ဆင်း ညီကိုရင်း သွေးချင်းသားစစ် ပြည့်ရင်နှစ် ရင်းမြစ်ပေါင်းစု အားမာန်ထု
 ပြည်ထောင်စုတပ်မတော် 
''ကာကွယ်ရေးသည် စစ်ရေးတစ်ခုတည်းသာမကဘဲ များစွာကျယ်ပြန့်ကြောင်း၊ တပ်မတော်အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ပြည်သူလူထု၏အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်၏ မြေပေါ်၊ မြေအောက် သယံဇာတပစ္စည်းများကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိပြီး နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလုပ်ဆောင်ရမည်''
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် 
(၂၇-၂-၂ဝ၁၇ ရက်နေ့တွင် တပ်မတော်အရာရှိကြီးများအားတွေ့ဆုံမှာကြားချက်မှ ကောက်နုတ်ချက်)
မြန်မာနိုင်ငံသည် ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်သကဲ့သို့ တပ်မတော် သည်လည်း ပြည်ထောင်စု တပ်မတော်ပင် ဖြစ်ပါသည်။ တစ်အူ ထုံ့ဆင်း၊ သွေးချင်း သားစစ်များ ဖြစ်ကြသော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည့် တိုင်းရင်းသား တို့ဖြင့် ဖွဲ့စည်း ထားသော တပ်မတော်သည် ပြည်ထောင်စု တပ်မတော်ပင် ဖြစ်ပါသည်။ 
''ပြည်ထောင်စု တပ်မတော်''ဟု မီးမောင်းထိုး အဓိပ္ပာယ်ဖွင့်ဆို နေရသည်မှာ ယနေ့ခေတ် ကာလ အခြေအနေ အရ ပြည်ထောင်စုကို ဖြိုခွဲမည့် အကြံအစည်များကို တိုက်ရိုက် တစ်မျိုး၊ သွယ်ဝိုက်၍ တစ်ဖုံတွေ့မြင် နေရ၍ ဖြစ်ပါ သည်။ ပြည်ထောင်စုကြီး ပြိုကွဲရန် ဆိုသည်မှာလည်း သမိုင်းအစဉ်အလာ ကြီးမားသည့် ပြည်ထောင်စု တပ်မတော်ကို ဖြိုခွဲနိုင်မှ ဖြစ်မည်ကို ထိုသူတို့သိ ကြပါသည်။ ထို့ကြောင့်နည်း အမျိုးမျိုးဖြင့် ဖျက်ဆီးနေ ကြခြင်း ဖြစ်ပါသည်။ တပ်မတော် သမိုင်းသည် နိုင်ငံ့သမိုင်းနှင့် ဆက်စပ်နေသည် မှာလည်း အကြောင်းရင်း များစွာရှိပါသည်။ နိုင်ငံတိုင်းသည် တိုင်းပြည် ထူထောင်တည်ဆောက်ခဲ့ ရမှုတိုင်းတွင် အင်အား တစ်ရပ်ကို အခြေပြု၍ တည်ဆောက်ရ သည်သာဖြစ်ရာ နိုင်ငံတော်ကို စုစည်းမည့်၊ နိုင်ငံတော်ကို တည်ဆောက်မည့်၊ နိုင်ငံတော်ကို ကာကွယ်မည့် အင်အားအတွက် အင်အားတစ်ရပ်ကို ထူထောင်ရာတွင် တပ်မတော်ကို ထူထောင်ရ သည်သာ ဖြစ်ပါသည်။ 
ထိုသဘောတရားသည် ယခုမှ ပေါ်ပေါက်လာခဲ့သည် မဟုတ်ဘဲ ရှေးနှစ်ပေါင်း များစွာကပင် ပေါ်ပေါက်ခဲ့ သောသဘော တရားရေးရာ ဖြစ်ပြီး လက်တွေ့လည်းအကောင် အထည်ဖော် ခဲ့ကြသည်သာ ဖြစ်ပါသည်။ မြန်မာ့ တပ်မတော် သည်လည်း ရှေးမြန်မာမင်းများ လက်ထက်မှ ပင်စတင်၍ ဘုန်းမီးနေလ တောက်ပခဲ့သည်။ မြန်မာနိုင်ငံတော် အတွင်းတွင် ကချင်၊ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ဟူသော မြန်မာ တိုင်းရင်းသား မျိုးနွယ်စု များသည် တသီးတခြားစီ နေထိုင်ကြသည် မဟုတ်ဘဲ ရောနှောလျက် ကျယ်ပြန့်စွာ ပေါင်းစည်း နေထိုင်ကြသည် ဖြစ်ရာ ထိုစဉ်အခါက ရှေးမြန်မာ တပ်မတော်တွင် လည်းတိုင်းရင်းသား များဖြင့်ပါဝင် ဖွဲ့စည်းထားကြောင်း တွေ့ရမည် ဖြစ်ပါသည်။
၁၉ ရာစုတွင် ပြည်ပကျူးကျော်စစ် အဖြစ် အင်္ဂလိပ်တို့နှင့် ဖြစ်ပွားခဲ့သော အင်္ဂလိပ်မြန်မာစစ်ပွဲ သုံးကြိမ်ဖြင့် တိုင်းပြည်ကျွန်ဖြစ် ခဲ့ရပါသည်။ ပြည်ပကျူးကျော် ကျွန်ပြုမှုကို မြန်မာတိုင်းရင်းသား တို့သည် သူ့ကျွန်မခံ ဇာတိမာန်ဖြင့် တွန်းလှန် တိုက်ခိုက်ခဲ့ကြ ပါသည်။ ဤသည်ပင် ပြည်ထောင်စု နိုင်ငံ၏ ပြယုဂ် ဖြစ်ပါသည်။
 မြန်မာတစ် နိုင်ငံလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီးနောက် မြန်မာတိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင် အသီးသီးတို့ စုပေါင်း၍ တွန်းလှန် တိုက်ခိုက်မှု သမိုင်းကြောင်း တို့ကိုတင်ပြ လိုပါသည်။ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်တွင် ဖုန်ကန်ဒူဝါသည် ကချင်၊ ရှမ်း၊ ဗမာ တော်လှန်ရေး တပ်များကို ခေါင်းဆောင်၍ ဗန်းမော်ခရိုင်တွင် လည်းကောင်း၊ ဗိုလ်ဖိုးစော  ခေါင်းဆောင်သော ကချင်၊ ဗမာတော်လှန်ရေး တပ်များသည် မိုးကောင်းမြို့နယ်တွင် လည်းကောင်း၊ ဆမားဒူဝါ ခေါင်းဆောင်သော ကချင်၊ ဗမာတော်လှန်ရေး တပ်များသည် မြစ်ကြီးနား ခရိုင်တွင် လည်းကောင်း၊ ဆနားနယ်မှ ဆနား ဒူဝါသည် မိုးကောင်းမြို့နယ်တွင် လည်းကောင်း၊ တုံဟုံးဒူဝါ၊ စောရန်ပိုင်နှင့် မိုးလိုင်စော်ဘွား စောခမ်းလိုင်တို့ ခေါင်းဆောင်သော ကချင်၊ ရှမ်း၊ ဗမာတော်လှန်ရေး တပ်များသည် ဗန်းမော်ခရိုင်တွင် လည်းကောင်း နယ်ချဲ့အင်္ဂလိပ်တို့ကို တွန်းလှန်ခဲ့ ကြသည်။
ရှမ်းပြည်နယ် တွင်လည်း မိုးနဲစော်ဘွား စောခွန်ကြည်၊ ရပ်စောက်စော်ဘွား စောဝိုင်း၊ မိုင်းပွန်စော်ဘွား စောခွန်တီ၊ ကျိုင်းတုံစော်ဘွား စောခမ်းဖု၊ မိုင်းနောင်စော်ဘွား နှင့် မောက်မယ် စော်ဘွားတို့သည် အိမ်ရှေ့စံ ကနောင်မင်းသား ၏ သားတော်ဖြစ်သော လင်းပင်းမင်းသား နှင့်ပူးပေါင်း၍ လင်းပင်းအုပ်စုကို ဖွဲ့စည်းတည် ထောင်ကာ နယ်ချဲ့အင်္ဂလိပ် တို့အားတော်လှန် ခဲ့ပါသည်။ ဝန်းသိုစော်ဘွား ဦးအောင်မြတ် ခေါင်းဆောင်သော ရှမ်း၊ ကချင်၊ ဗမာတိုင်းရင်းသား တို့သည် ကသာခရိုင် ဝန်းသိုနှင့် မိုးကောင်းမြို့ နယ်တွင် တော်လှန် တိုက်ခိုက်ခဲ့ ကြပါသည်။ 
နယ်ချဲ့ အင်္ဂလိပ်တို့သည် ထီးချိုင့်နှင့် ကသာတို့တွင် ရှေ့တန်းစစ်ဌာနချုပ် ပြုလုပ်ကာ ဝန်းသိုနယ်မြေအား တောင်ဘက်နှင့် မြောက်ဘက်တို့မှ နှစ်ဖက်ညှပ် ဝင်ရောက် တိုက်ခိုက်ရာ ဝန်းသိုစော်ဘွား ဦးအောင်မြတ် ခေါင်းဆောင်သော ရှမ်း၊ ကချင်၊ ဗမာ တော်လှန်ရေး တပ်များက ဝန်းသိုတပ်၊ မိုးကောင်းတပ်၊ ကောလင်းတပ်၊ မြေနီတပ် စသည့်တပ် များဖြင့် ခုခံတိုက်ခိုက် ခဲ့ကြပါသည်။ ဝန်းသိုနယ်မြေတွင် ဖြစ်ပွားသော တိုက်ပွဲများ၌ နယ်ချဲ့အရာရှိ ၁ဝ ဦးအပါ အဝင် တပ်သား ၅၁ ဦးကျဆုံး၍ အများအပြား ဒဏ်ရာရရှိ ခဲ့သည်။
ချင်းတိုင်းရင်းသား ကြွမ်ဘိနှင့် ဗမာတိုင်း ရင်းသား ရွှေဂျိုးဖြူ မင်းသားတို့ ဦးဆောင်သော တိုင်ချွန်းနှင့် ဆီးယင်းချင်း တော်လှန်ရေးတပ် များသည် ချင်းတောင်တန်း ဒေသ ချင်းပေါက်ရွာ၊ ကန်ပုလဲရွာ၊ ကလေးမြို့တို့သို့ လာရောက် တိုက်ခိုက်ခဲ့ ကြသော နယ်ချဲ့တပ်များကို ရွပ်ရွပ်ချွံချွံ ခုခံခဲ့ ကြသည်။ ချင်းတောင်တန်းဒေသတွင်ဖြစ်ပွားသော တိုက်ပွဲများတွင် နယ်ချဲ့တို့ဘက်မှ အရာရှိများ အပါအဝင် တပ်သား ၃၆ ဦးကျဆုံးပြီး ၅၄ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ပါသည်။
ကယားပြည်နယ် တွင်လည်း အရှေ့ကယား နယ်စော်ဘွားကြီး စောလဖော်သည် အင်္ဂလိပ်တို့ သိမ်းသွင်းထားသော စော်ဘွားများကို လှည့်လည် တိုက်ခိုက်၍ လက်နက်လူသူ စုရုံးလျက် အင်အားကြီးထွား လာကာ အင်္ဂလိပ် နယ်ချဲ့တပ်များကို တွန်းလှန်တိုက်ခိုက် ခဲ့သဖြင့် နယ်ချဲ့တပ်များ အထိနာ ခဲ့ရသည်။ 
ဗမာတိုင်းရင်းသား များဖြစ်သော ဗိုလ်ဥတ္တမ၊ ဗိုလ်ရွဲ၊ ဗိုလ်ချို၊ ဗိုလ်ရာညွန့် စသည့်ခေါင်းဆောင် များသည် မင်းဘူး၊ မြင်းခြံနှင့် မိတ္ထီလာခရိုင် တို့တွင် နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲများ ဆင်နွှဲ ခဲ့ပါသည်။ မကွေး၊ ပျဉ်းမနား၊ ရမည်းသင်း၊ ပခုက္ကူ၊ ရွှေဘို၊ မန္တလေး၊ ကျောက်ဆည်ခရိုင် များမှ နယ်ချဲ့တော်လှန်မှု များတွင် ဗိုလ်မင်းရောင်၊ ဗိုလ်ရိုင်း၊ မြင်စိုင်းမင်းသား၊ ဗိုလ်လယ်၊ ရွှေဓားဗိုလ်၊ ဗိုလ်လှဦးတို့မှာ ထင်ရှားသော တော်လှန်ရေး ခေါင်းဆောင်များ ဖြစ်ခဲ့ပါသည်။ တိုင်းတစ်ပါး သားတို့၏ နယ်ချဲ့ကျူးကျော် မှုနှင့် ရင်ဆိုင်ရ ချိန်တွင် မြန်မာ တိုင်းရင်းသား တို့သည် အမျိုးထိလျှင် မချိအောင် နာတတ်သည့် မျိုးချစ် စိတ်ဓာတ်ဖြင့် စွန့်လွှတ် စွန့်စား ကာ တွန်းလှန် တိုက်ခိုက်ခဲ့သည့် အတိတ်သမိုင်း သက်သေများကို တွေ့ရှိရ ပါသည်။ သွေးစည်း ချစ်ကြည် ကြသည့် တိုင်းရင်းသား များဖြင့် ဖွဲ့စည်း တည်ထောင် ထားသော ပြည်ထောင်စု နိုင်ငံဖြစ်ကြောင်း တိုင်းရင်းသား များ၏ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲစဉ် များက အထင်အရှား ပြဆိုပါသည်။
ယနေ့ခေတ် တပ်မတော် သည်ကား လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အတူဒုတိယ ကမ္ဘာစစ်အတွင်း ပေါ်ပေါက်လာသော တပ်မတော် ဖြစ်ပါသည်။ လွတ်လပ်ရေး မတိုင်မီ ခြောက်နှစ်ကျော် ကာလဖြစ်သော ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ၂၇ ရက်နေ့တွင် ဗန်ကောက်မြို့ရှိ ဦးလွန်းဖေ ၏နေအိမ်၌ မြန်မာ့လွတ်လပ်ရေး အတွက် အသက်ပေးပြီး တိုက်ပွဲဝင်ရန် သစ္စာဓိဋ္ဌာန် ပြု၍ သွေးသောက်ပွဲ ကျင်းပခဲ့သည်။ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မြန်မာ့ လွတ်လပ်ရေး တပ်မတော်ကို တာဝန်များ ခွဲဝေခန့်အပ် ခဲ့လေသည်။ လွတ်လပ်ရေး ရရှိရန် အတွက် ဖွဲ့စည်းခဲ့ သည်ဖြစ်ရာ တပ်မတော်သည် လွတ်လပ်ရေး မရမီတစ်နည်း အားဖြင့် လွတ်လပ်သော အစိုးရအဖွဲ့အစည်း မပေါ်ပေါက်မီ မှာပင် ပေါ်ထွန်းပြီး ဖြစ်ကြောင်း တွေ့ရှိရ သည့်အပြင် တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော် ပင်ဖြစ်ကြောင်း တွေ့ရှိရမည် ဖြစ်ပါသည်။ 
ယခုကဲ့သို့ တိုင်းရင်းသားများ ပါဝင်သည့် ပြည်ထောင်စု တပ်မတော် ဖြစ်ကြောင်း သမိုင်းကြောင်း အထောက်အထားနှင့် တင်ပြနေရ ခြင်းမှာလည်း မျက်မှောက် ကာလသတင်း အချက်အလက် ခေတ်တွင် တစ်ဖက်သတ်ဆန် သော၊ အစွန်းရောက်သော သတင်းမှား များဖြင့် သွေးသားချင်း ညီအစ်ကိုများကို လူမျိုးရေး သွေးခွဲမှုများ ရှိလာပြီး ထိုလုပ်ကြံ သတင်းများ သည်လည်း လျင်မြန်စွာ ပျံ့နှံ့လေ့ ရှိပါသည်။ အမှားကို အမှန်ထင်ပါက ပြည်ထောင်စု ကြီးအတွက် ကြီးမားသော အန္တရာယ် များသို့ ရှေးရှု ပါလိမ့်မည်။ ပြည်သူလူထု တစ်ရပ်လုံး အသိတရား ရှိရှိနှင့် သတိတရား ကိုလည်း လက်ကိုင် ထားနိုင်မှ တန်ကာကျ မည်ဖြစ်ရာ ပေးဆပ်ရမှု များစွာမရှိ သေးဘဲ အသိတရား၊ သတိတရား ရှိကြပါ စေကြောင်း ဆန္ဒပြုနေ မိပါသည်။
မြန်မာ့သမိုင်း ကြောင်းအရ ဆိုရှယ်လစ် စီးပွားရေး စနစ်တစ်ရပ်ကို ထူထောင်ခဲ့ကြပြီး မအောင်မြင်တော့သည့် အခြေအနေတွင် ဈေးကွက်စီးပွားရေး စနစ်၊ ပါတီစုံ ဒီမိုကရေစီ စနစ်ဖြင့် နိုင်ငံတော်ကို ထူထောင် တည်ဆောက်ရန် အခြေအနေတွင် ၁၉၈၈ ခုနှစ် နှောင်းပိုင်း ကာလတွင် တပ်မတော်က အသွင်ကူးပြောင်း ရေးကာလ တစ်ရပ်ကို ထိန်းကျောင်း ဆောင်ရွက်ခဲ့ ရပါသည်။ ထို့နောက် ဆယ်စုနှစ် နှစ်ခု ကျော်ကာလကို ဖြတ်သန်းလျက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တစ်ရပ်နှင့် အတူ အုပ်ချုပ်မှု စနစ်၊ စီးပွားရေး စနစ်၊ နိုင်ငံတော် လုံခြုံရေး နှင့် ကာကွယ်ရေး စနစ်တို့ကို တပ်မတော်က ပြောင်းလဲ ဆောင်ရွက်ခဲ့ ရပါသည်။ ထိုကာလ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ကျော်ဖြင့် ငြိမ်းချမ်းရေးရ ယူလျက် နိုင်ငံတော် တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကိုဆောင်ရွက်ခဲ့ ပါသည်။ ထိုကာလသည် တပ်မတော်အစိုးရ ဖြစ်သဖြင့် တိုင်းရင်းသား လက်နက်ကိုင် တို့နှင့်ငြိမ်းချမ်းရေး ရယူရာတွင် နိုင်ငံရေး ဆွေးနွေးမှု အား ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီရွေးကောက်ခံ အစိုးရပေါ်ပေါက် လာချိန်တွင် နိုင်ငံရေးအရ ညှိနှိုင်း ဆွေးနွေးရန် ရည်မှန်းထားသည် ဖြစ်သဖြင့် ယနေ့ကာလ ကဲ့သို့ အခြေအနေများ ဖြစ်ပေါ်လာရ ခြင်းဖြစ်ပါသည်။ ယခုအခါ NCA ခေါ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ပင် ပေါ်ပေါက်လာခဲ့ ပြီးဖြစ်ပါသည်။ 
မျက်မှောက်ကာလကို ကြည့်ပါက ၂ဝ၁၁ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို စတင်လျှောက်လှမ်း ခဲ့ပါသည်။ ပထမသက်တမ်း ကာလ ရွေးချယ်ခံအစိုးရ အနေဖြင့် တပ်မတော်အစိုးရ အုပ်ချုပ်မှုပုံစံမှ ပြောင်းလဲရခြင်း၊ နိုင်ငံရော ပြည်သူလူထုပါ ဒီမိုကရေစီ အတွေ့အကြုံ မရှိခြင်း၊ နိုင်ငံတွင် ဒီမိုကရေစီ ရင့်ကျက်မှု မရှိသေးခြင်းတို့ကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု များတွင် အခက်အခဲများစွာ တွေ့ခဲ့ရပါသည်။ သို့ဖြစ်၍ ပထမငါးနှစ် သက်တမ်းကာလ၊ ဒုတိယသက်တမ်း၏ ပထမနှစ်ကာလ တိုင်အောင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ထင်သလောက် ခရီးမပေါက် သေးသည်ကို တွေ့မြင်ကြရမည် ဖြစ်ပါသည်။ ထို့ကြောင့်ပင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ''တပ်မတော်အနေဖြင့် ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းကို ခိုင်ခိုင်မာမာ၊ တည်တည်ငြိမ်ငြိမ် ဖြစ်စေလိုကြောင်း၊ နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများတွင် တပ်မတော်က အားသွန်ခွန်စိုက် အကူအညီပေးရန် နှင့် ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း " တပ်မတော်အရာရှိကြီး များနှင့်တွေ့ဆုံသည့် ၂၇-၂-၂ဝ၁၇ ရက်နေ့တွင် မိန့်ကြားခဲ့ခြင်း အပေါ် မှတ်သားနာယူရ ပါသည်။
တပ်မတော်သည် လွတ်လပ်ရေးရချိန်မှ ယနေ့အထိ နိုင်ငံ့အရေးကိစ္စရပ် များကို ရှေ့တန်းက မားမားမတ်မတ် ရပ်တည်ခဲ့ရသည် ချည်းဖြစ်ပါသည်။ ၁၉၄၈-၁၉၄၉ ခုနှစ် ပြည်တွင်း ရောင်စုံသောင်းကျန်းမှု၊ ၁၉၅၈ ခုနှစ်
အာဏာရပါတီ၏ နိုင်ငံရေး အကွဲအပြဲ၊ ၁၉၆၂ ခုနှစ် ပြည်ထောင်စုပြိုကွဲမည့် အခြေအနေ၊ ၁၉၈၈ ခုနှစ် အရေးအခင်းတို့တွင် တပ်မတော်က နိုင်ငံတော် အကျိုးစီးပွားများကို ကာကွယ် စောင့်ရှောက်ခဲ့ရသည် ချည်းဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ပထဝီဝင်နိုင်ငံရေး အရ မဟာဗျူဟာကျသော တည်နေရာကို ပိုင်ဆိုင် ထားပါသည်။ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံအကြားတွင် လည်းကောင်း၊ တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသအကြား တွင်လည်းကောင်း ပေါင်းကူးသဖွယ် မဟာဗျူဟာမြောက် တည်ရှိနေပါသည်။ မဟာဗျူဟာအရ အရေးပါသော နေရာကိုရရှိ ထားရာတွင် အခွင့်အလမ်း များကို လက်ဝယ်ပိုင်ဆိုင်ရယူ နိုင်ရန် ကြိုးပမ်း ရမည်ဖြစ်သကဲ့သို့ စိန်ခေါ်မှုဟူသော မလိုလားအပ်သည့် သက်ရောက်မှုများ ကိုလည်း သတိတရားဖြင့် ကာကွယ်တားဆီး ရမည်ဖြစ်ပါသည်။ ကြိုတင်ကာကွယ် တားဆီးနိုင်ပါက နိုင်ငံတော်အတွက် အတိုင်းထက်အလွန် အောင်မြင်မှုပင်ြ ဖစ်ပါမည်။ မြန်မာလူထု တစ်ရပ်လုံးသည် ထိုအခွင့်အလမ်း များကို ရယူနိုင်ရန် လိုအပ်ပါသည်။
ယနေ့အချိန် ကာလသည် ပါတီစုံဒီမိုကရေစီ စနစ်တစ်ရပ်ကို စတင်ထူထောင် လာရာမှ ခြောက်နှစ်တာ ကာလကိုဖြတ်သန်း နေရသောအချိန် ကာလဖြစ်ပါသည်။ မိမိဆန္ဒ သဘောထားများကို နိုင်ငံရေးစင်မြင့် ထက်တွင် အကြမ်းဖက်မှု၊ လက်နက်စွဲကိုင်မှု မပါရှိဘဲ တွေ့ဆုံညှိနှိုင်း အဖြေရှာရေး ဟူသော ဒီမိုကရေစီစနစ်၏ အနှစ်သာရကို ပီပြင်စွာ အကောင်အထည် ဖော်နိုင်ရန်၊ ထာဝရငြိမ်းချမ်း ရေးရရှိရန် ကြိုးပမ်းနေရဆဲ ကာလဖြစ်ပါသည်။
ထိုကာလတွင် တပ်မတော်သည် ပြည်ထောင်စု တပ်မတော်ဖြစ်သည် နှင့်အညီ ပြည်ထောင်စုကြီး၏ အကျိုးစီးပွားကို ထာဝရ စောင့်ရှောက်နေသည် သာဖြစ်ပါသည်။ မင်္ဂလာရှိသော (၇၂)နှစ်မြောက် တပ်မတော်နေ့ အခါ သမယတွင် တပ်မတော်နေ့ ဦးတည်ချက်များ ၌ ''နိုင်ငံတော်အစိုးရ၏ လုပ်ငန်းတာဝန် အရပ်ရပ်ကို ထိပါးလာမှုများအား တပ်မတော်မှ ကာကွယ် စောင့်ရှောက်ရေး'' ဟူသောအချက် နှင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာ တွင် ချမှတ်ထားသော တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်ဖြင့် ''နိုင်ငံတော် အစိုးရ၏ ဦးဆောင်မှုနှင့်အတူ ပါဝင် ဆောင်ရွက်ရေး'' ဟူသော ဦးတည်ချက်များ ပါဝင်နေသည်ကို မြင်တတ်ကြည့်တတ် ကြရန် လိုအပ်မည် ဖြစ်ပါသည်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏ မိန့်ကြားချက် ဖြစ်သော နိုင်ငံတော် ကာကွယ်ရေး ဟူသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် လေးနက်ပုံကို တပ်မတော်သားများ သာမက ပြည်သူ တစ်ရပ်လုံးက သိရှိနားလည် သင့်လှကြောင်း အကြံပြုလိုပါသည်။ ပြည်ထောင်စု တပ်မတော် ဖြစ်သည်နှင့်အညီ နိုင်ငံတော်၏ ပကတိလိုအပ်ချက် တစ်ရပ်ဖြစ်သော ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ပြည်ထောင်စုဖွား တိုင်းရင်းသား အားလုံးနှင့်အတူ ပြည်ထောင်စု တပ်မတော် ကလည်း ဦးလည်မသုန် ဆောင်ရွက်နေမည်သာ ဖြစ်ပါသည်။ ပြည်ထောင်စု တပ်မတော်သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ တစ်အူထုံ့ဆင်း ညီအစ်ကိုရင်းများ ဖြစ်ကြသည့် သွေးချင်းသားချင်း ပြည့်ရင်နှစ် အစစ်အမှန် တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည့် နိုင်ငံ့ရင်းမြစ်များ ပေါင်းစုလျက် နိုင်ငံ့အားမာန် ထုတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိ ပေရာ ''တစ်အူထုံ့ဆင်း ညီကိုရင်း သွေးချင်းသား စစ်ပြည့်ရင်နှစ် ရင်းမြစ်ပေါင်းစု အားမာန်ထု ပြည်ထောင်စု တပ်မတော်'' ဟူ၍ (၇၂)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုညွှန်းဆို ရေးသားလိုက် ရပါသည်။ ။
မောင်မန်းညို (မဟာဝိဇ္ဇာ)
မြ၀တီနေ့စဉ်သတင်းစာ
Friday, March 24, 2017
(၆၇)ကြိမ်မြောက် ကမ္ဘာ့မိုးလေ၀သနေ့ အခမ်းအနားကျင်းပ
နေပြည်တော် ၊ ၂၄-၃-၂၀၁၇
(၆၇)ကြိမ်မြောက် ကမ္ဘာ့မိုးလေဝသနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ Hotel Royal ACE ၌ ကျင်းပသည်။
အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ယခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်ကတော့ သဘာဝ ဘေးလျော့ပါးဖို့၊ မိုးတိမ်များကို အလေးထားစို့ (Understanding Cloud) ဖြစ်ပါကြောင်း၊ ရေသံသရာ လည်ပတ်မှု ဖြစ်စဉ်နှင့် ကမ္ဘာလုံးဆိုင်ရာ ရေသယံဇာတများ ပျံ့နှံ့မှု အခြေအနေ ပုံဖော်ရာတွင် တိမ်များ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီး ပါကြောင်း၊ မိုးလေဝသ၊ ရာသီဥတုနှင့် ရေတို့အတွက် တိမ်များ၏ အရေးပါမှုသည် လွန်စွာကြီးမားကြောင်း ကို ထင်ရှား ပေါ်လွင်အောင် ဖော်ညွှန်းလိုသည့် အတွက် ယခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်ကို (Understanding Cloud)) ဟု ရွေးချယ်သတ်မှတ်ခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ မိုးလေဝသနေ့ကို ၁၉၆၁ ခုနှစ် မတ် ၂၃ ရက်မှစတင်ပြီး နှစ်စဉ်ကျင်းပ လာခဲ့ရာ ယခုနှစ်ဆိုလျှင် (၅၇) ကြိမ်တိုင် ရှိပြီးဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုင်တီယမ် က ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူးထံမှ ပေးပို့သော ကမ္ဘာ့မိုးလေဝသနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက် လာကြသူများက ကမ္ဘာ့မိုးလေဝသနေ့ အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးသည်။
အခမ်းအနားတွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှ အငြိမ်းစား အရာထမ်း၊ အမှုထမ်းများအား ဂါရဝပြု ကန်တော့ခြင်း နှင့် မိုးလေဝသ၊ ဇလဗေဒ၊ မြေငလျင်၊ စိုက်ပျိုးရေး မိုးလေဝသ ပညာရပ်များ ဆိုင်ရာစာတမ်း ၁၇ စောင်ကို စာတမ်းတင်သွင်းသူ များက ဖတ်ကြား ကြကြောင်း သိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)
Thursday, March 23, 2017
(၇၂)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုအလှူငွေများ ပေးအပ်လှူဒါန်း
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး အခမ်းအနား တက်ရောက်လာသူ 
များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စဉ်
တပ်မတော်နေ့ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် 
ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး အလှူငွေများ လက်ခံရယူစဉ်
နေပြည်တော် ၊ ၂၃-၃-၂၀၁၇
(၇၂)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုအလှူငွေများ ပေးအပ် လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း ရှိ ဆင်ဖြူရှင် ခန်းမ၌ကျင်းပ ပြုလုပ်ရာ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တပ်မတော်နေ့ ကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ တပ်မတော်နေ့ စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ် ဇော်တင်နှင့် စစ်ကြောင်းမှူးများ၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ဦးစွာ အလှူရှင်များ ဖြစ်ကြသော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ မြဝတီ ထရေးဒင်း ၏ မိတ်ဖက်ကုမ္ပဏီ ၆၉ ခု၊ နန်းသဇင် ကုမ္ပဏီ၊ မြဝတီဘဏ် လီမိတက် ၊ Dagon Win Win Co., Ltd. ၊ International Gateways Co., Ltd.၊ ကြယ်နီလာကုမ္ပဏီ များအုပ်စု၊ ကမ္ဘောဇဘဏ် လီမိတက်၊ Max Myanmar ကုမ္ပဏီလီမိတက်၊ ဦးလှမျိုး၊ အောင်မြင်သူ အုပ်စု ကုမ္ပဏီလီမိတက်၊ လိုတရ တောင်းတိုင်းရ ကျောက်မျက် တူးဖော်ရေးနှင့် သယ်ယူပို့ဆောင် ရေး ကုမ္ပဏီ၊ IBDC Co., Ltd. များပါဝင်သော စုစုပေါင်းကုမ္ပဏီ ၁၉၉ ခုတို့မှ ဂုဏ်ပြုအလှူငွေ စုစုပေါင်းငွေကျပ် ၇၃၅၃ သိန်းကျော်အား ပေးအပ်လှူဒါန်းကြရာ တပ်မတော်နေ့ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မောင်မောင်အေး နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ကြသည်။
ထို့နောက် အလှူရှင်များ ကိုယ်စား အလှူရှင်တစ်ဦးက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဂုဏ်ပြုအလှူငွေ ပေးအပ်လှူဒါန်းပွဲ အပြီးတွင် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက တက်ရောက်လာသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)
Thursday, March 16, 2017
စစ်ကိုင်းမြို့ ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တတိယအကြိမ် မဟာဘွဲ့နှင်းသဘင် ကျင်းပ
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ၊ တွဲဖက်ရွှေကျင် သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဘွဲ့ရသံဃာတော်အား ဘွဲ့အပ်နှင်းစဉ်
သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တတိယအကြိမ်မြောက် မဟာဘွဲ့နှင်းသဘင်တွင် ဆရာတော်ကြီးများ ၊ သံဃာတော်များ ၊ သီလရှင်များ ၊ လူပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသူများ စုပေါင်းဓာတ်ပုံရိုက်စဉ်
နေပြည်တော် ၊ ၁၆-၃-၂၀၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုးရှိ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် တတိယအကြိမ် မဟာဘွဲ့နှင်းသဘင် ကို ယမန်နေ့ နေ့လယ်ပိုင်းတွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သဒ္ဓမ္မဇောတိက သိမ်တော်ကြီး၌ ပြုလုပ်ရာ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် များ၏ အဓိပတိ၊ တွဲဖက်ရွှေကျင် သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ်  ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ အမှူးပြုသော အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ ဒေါက်တာဘွဲ့ရ၊ မဟာဝိဇ္ဇာဘွဲ့ရ နှင့် ဝိဇ္ဇာဘွဲ့ရ သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ကြွရောက် တော်မူကြပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သက်ပုံ နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ ဘွဲ့လက်ခံရယူမည့် ကျောင်းသား၊ ကျောင်းသူများက ကတိသစ္စာပြုကြပြီး သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများက ဘွဲ့ခံကျောင်းသား၊ ကျောင်းသူများအား ဘွဲ့လက်မှတ်များ အပ်နှင်းကြသည်။
ထို့နောက် ဘွဲ့ခံကျောင်းသား၊ ကျောင်းသူများက သီတဂူသစ္စာအဓိဋ္ဌာန် ၁၅ ချက် ရွတ်ဆိုကြပြီး ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသနှင့် အောက်စဖို့ဒ် တက္ကသိုလ် ပါမောက္ခဒေါက်တာ ဓမ္မသာမိ တို့က ဘွဲ့နှင်း သဘင်မိန့်ခွန်းများ ချီးမြှင့်ကြကာ သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ က နိဂုံးချုပ်သြဝါဒစကား ပြောကြားသည်။
အဆိုပါတတိယအကြိမ် မဟာဘွဲ့နှင်းသဘင် တွင် ဒေါက်တာဘွဲ့ရ သံဃာတော်တစ်ပါး၊ မဟာဝိဇ္ဇာဘွဲ့ရ သံဃာတော်လေးပါးနှင့် သီလရှင်လေးပါး၊ ဝိဇ္ဇာဘွဲ့ရ သံဃာတော် ၁၃၆ ပါး၊ သီလရှင် ၃၅ ပါးနှင့် လူပုဂ္ဂိုလ် ငါးဦးတို့ကို ဘွဲ့များအသီးသီး ချီးမြှင့်အပ်နှင်း ခဲ့ကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)
Tuesday, November 1, 2016
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို ၊ တွေ့ဆုံဆွေးနွေး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui တို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui တို့ တွေ့ဆုံဆွေးနွေးစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်စဉ်
နေပြည်တော် ၊ ၁-၁၁-၂၀၁၆
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဗဟိုစစ်ကော်မရှင် အဖွဲ့ဝင်၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghu ၏ ဖိတ်ကြားချက် အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲတွင် Gen. Fang Fenghu က ဂုဏ်ပြုတပ်ဖွဲ့ ဖြင့် ကြိုဆိုသည်။
ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုမည့် Ba Yi တပ်မတော်ခန်းမ သို့ ရောက်ရှိလာရာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghu က ကြိုဆို နှုတ်ဆက်ပြီး ဂုဏ်ပြုကြိုဆိုပွဲ သို့ တက်ရောက် လာကြသည့် နှစ်နိုင်ငံ တပ်မတော် အရာရှိကြီးများနှင့် အပြန်အလှန် မိတ်ဆက်ပေး ကြသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် တို့သည် ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကို ခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ အား စစ်ဆေးသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်တို့သည် သီးခြားတွေ့ဆုံ ဆွေးနွေးသည်။ ယင်းနောက် အစည်းအဝေး ခန်းမတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghu ဦးဆောင်သည့် အဖွဲ့တို့ ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က မြန်မာ-တရုတ် နှစ်နိုင်ငံသည် တူညီသည့် မျိုးနွယ်စုက ပေါက်ဖွား လာကြပြီး နှစ်နိုင်ငံနယ်စပ် ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသား များလည်း တူညီမှု ရှိပါကြောင်း၊ ရှည်လျားသည့် ဆက်ဆံမှု သမိုင်းကြောင်းနှင့် ထိတွေ့ ဆက်ဆံမှု နယ်ပယ်များစွာ ရှိပါကြောင်း၊ ကီလိုမီတာ ၂ဝဝဝ ကျော် နယ်နိမိတ် ထိစပ်နေသည့် အိမ်နီးချင်း နိုင်ငံဖြစ်ခြင်း နှင့် နက်ရှိုင်းသည့် မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး ရှိခြင်းတို့အပေါ် အခြေခံ၍ ညီအစ်ကို နိုင်ငံများအဖြစ် ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြား၍ မြန်မာနိုင်ငံတွင် ပြည်သူ့ဆန္ဒ နှင့်အညီ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်နေမှု အခြေအနေများ၊ တိုင်းပြည်၏ အခြေခံ လိုအပ်ချက် ဖြစ်သည့် တည်ငြိမ် အေးချမ်းမှု ရရှိရေးအတွက် နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းစေရန် ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်က နှစ်နိုင်ငံပြည်သူ လူထုအကြား နှစ်ပေါင်းများစွာ နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီး ခဲ့မှု အခြေအနေများ၊ လက်ရှိကာလ နှစ်နိုင်ငံ အကြီးအကဲများ၊ တပ်မတော် အကြီးအကဲများ အပြန်အလှန် ချစ်ကြည်ရေး ခရီး လည်ပတ်မှုများဖြင့် ဆက်ဆံရေး ပိုမိုဖွံ့ဖြိုး တိုးတက်နေသည့် အခြေအနေများ၊ အလားအလာ ကောင်းများကြောင့် ပိုမိုနီးကပ်စွာ ထိတွေ့ ဆက်ဆံခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားမည် ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်ပြီး တပ်မတော်နှစ်ရပ် အကြား နှစ်ဖက်ခေါင်းဆောင် များ၏ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ၊ မဟာဗျူဟာ အဆင့် ဆွေးနွေးညှိနှိုင်း မှုများ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး ဆိုင်ရာများ၊ အားကစား၊ ယဉ်ကျေးမှုနှင့် ဆေးပညာဆိုင်ရာ အပြန်အလှန် ထိတွေ့ ဆက်ဆံမှု ပူးပေါင်း ဆောင်ရွက်မှု ကိစ္စရပ်များ၊ လေ့ကျင့်ရေး ဆိုင်ရာများ၊ သင်တန်းများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲ အပြီးတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghu က မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံသည်။ ဦးစွာ ဂုဏ်ပြုညစာ စားပွဲတွင် Gen. Fang Fenghu က ဂုဏ်ပြုကြိုဆို နှုတ်ခွန်းဆက် စကားပြော ကြားပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နွေးထွေးသည့် ဧည့်ဝတ် ကျေပွန်မှု၊ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူး ဖြစ်ထွန်းစေသည့် ညှိနှိုင်း ဆွေးနွေးမှုများ အတွက် ဝမ်းမြောက်ကြောင်း ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက် လာသူများ အတူတကွ ညစာသုံးဆောင် ကြပြီး ညစာသုံးဆောင် နေစဉ်အတွင်း တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဖျော်ဖြေရေးအဖွဲ့ က တေးသီချင်းများ တီးမှုတ်ဖျော်ဖြေ ကြသည်။
ညစာသုံးဆောင်ပြီး ချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghu တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်း များ အပြန်အလှန် ပေးအပ်ကြပြီး ညစာစားပွဲသို့ တက်ရောက် လာကြသူများနှင့် အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)
Friday, June 3, 2016
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားစဉ်
နေပြည်တော် ၊ ၃-၆-၂၀၁၆
စွမ်းဆောင်မှု ဆိုသည်မှာ အလွန် ကျယ်ပြန့်သော အဓိပ္ပာယ် ရှိကြောင်း၊ စွမ်းရည်၊ စွမ်းအားများကို လက်တွေ့ အကျိုးရှိရှိ အသုံးချနိုင်မှ စွမ်းဆောင်မှု ဆိုတာ ဖြစ်လာမည် ဖြစ်ကြောင်း၊ လုပ်နိုင်စွမ်း၊ ဖြစ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း များကို လက်တွေ့ အသုံးချနိုင်သူ၊ လက်တွေ့ အောင်မြင်အောင် ဆောင်ရွက်နိုင်သူ ဖြစ်မှသာ စွမ်းဆောင် နိုင်စွမ်းရှိသူဟု ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း၊ တပ်မတော်၏ သစ္စာအဓိဋ္ဌာန် ၄ ချက်ကို ဦးထိပ်ရွက်ပြီး ''ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော် အတွက်'' ဆိုသည့် မွန်မြတ် လေးနက်သော ခံယူချက် စိတ်ထား၊ ကောင်းမွန်သော စွမ်းဆောင်ရည် များဖြင့် တာဝန် ထမ်းဆောင်ခဲ့ ကြသူများကို နိုင်ငံတော် အစိုးရမှ တပ်မတော် စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့များကို ချီးမြှင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် က ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ဇေယျာသီရိ ဗိမာန်၌ ကျင်းပ ပြုလုပ်သော စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ များ ချီးမြှင့် အပ်နှင်းခြင်း အခမ်းအနား တွင် ဂုဏ်ပြု နှုတ်ခွန်းဆက် စကား ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း နှင့်ဇနီး၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဇနီး၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေး ဦးစီးချုပ် (လေ)နှင့်ဇနီး၊ စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်ခြင်းခံ ရသည့် အရာရှိကြီးများ နှင့်ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီး များနှင့်ဇနီးများ တက်ရောက် ကြသည်။
အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ထူးဆောင် ဘွဲ့များ ချီးမြှင့် အပ်နှင်းရခြင်းနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံ အသီးသီး တွင်လည်း ယခုလို ဘွဲ့၊ တံဆိပ်များကို သက်ဆိုင်ရာ နိုင်ငံအလိုက် ပြဋ္ဌာန်း ထားသည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက် များ၊ စံချိန်စံညွှန်း များနှင့်အညီ ဂုဏ်ပြုပေးအပ် ချီးမြှင့်လျက် ရှိကြောင်း၊ ထိုသို့ ဂုဏ်ပြုချီးမြှင့် ခြင်းသည် နိုင်ငံသူ နိုင်ငံသားများ အားကျ ဂုဏ်ယူစေရန်၊ စိတ်ဓာတ်ရေးရာ မြှင့်တင်နိုင် စေရန်၊ မိမိနိုင်ငံနှင့် မိမိ လူမျိုးကို ကာကွယ် စောင့်ရှောက် လိုစိတ် ပြည့်ဝ လာစေရန်၊ နိုင်ငံတော်နှင့် ပြည်သူ့အကျိုး ကို သယ်ပိုး ဆောင်ရွက် လိုစိတ်တွေ ပွားများ လာစေရန်၊ နိုင်ငံခေတ်မီ ဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်း လုပ်ဆောင်ကြ ရာတွင် စံနမူနာပြ ဖြစ်စေရန် စသည့် ရည်ရွယ်ချက် ပေါင်းများစွာဖြင့် လုပ်ဆောင် ကြခြင်း ဖြစ်ကြောင်း ၊ ၄င်း ရည်ရွယ်ချက် များကို စုစည်းပါက တပ်မတော် အနေဖြင့် နိုင်ငံတော်အတွက် ပကတိ လိုအပ်ချက် ဖြစ်နေစဉ်တွင် နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှုနှင့် အတူ သန္ဓေတည် ပေါက်ဖွားခဲ့ကြောင်း၊ ယင်း အချိန်ကာလတွင် မြန်မာပြည်သူ များ၏ မျှော်လင့်ချက်၊ အလိုလားဆုံး ဆန္ဒ၊ တစ်နည်းအားဖြင့် အမျိုးသား နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်သည် လွတ်လပ်ရေးပင် ဖြစ်ကြောင်း၊ ပြည်သူများ၏ အလိုလားဆုံး ဆန္ဒဖြစ်သော လွတ်လပ်ရေးကို တပ်မတော်၏ ဦးဆောင်မှုဖြင့် တိုက်ပွဲကြီးငယ် ပေါင်းများစွာကို ပြည်သူ တစ်ရပ်လုံးနှင့် အတူ လက်တွဲပြီး ဆင်နွှဲရယူ နိုင်ခဲ့ကြောင်း၊ ''လွတ်လပ်ရေး'' ဆိုသော အမျိုးသား နိုင်ငံရေး လိုအပ်ချက်ကြောင့် စတင်ပေါ်ပေါက် လာခဲ့သည့် တပ်မတော် အနေဖြင့် ''ထီးသုဉ်း၊ နန်းသုဉ်း၊ ကြငှန်းသုဉ်း '' နှင့် တစ်ပါးကျွန် ဘဝမှ လွတ်လပ်သော နိုင်ငံတစ်ခုကို ဦးဆောင် တည်ဆောက် ခဲ့ခြင်းသည် မည်သူမျှ ငြင်းဆိုမရ နိုင်သည့် သမိုင်းမှန် တစ်ခုပင် ဖြစ်ကြောင်း ပြောကြားသည်။
တပ်မတော်၏ အမျိုးသား နိုင်ငံရေးတာဝန် ထမ်းဆောင်မှုနှင့် ပတ်သက်၍ လွတ်လပ်ရေး ရပြီး နောက်ပိုင်းတွင် နိုင်ငံကို နှစ်ပေါင်း တစ်ရာကျော် ကျွန်ပြုခဲ့သော နယ်ချဲ့များ၏ သွေးခွဲ အုပ်ချုပ်မှုကြောင့် ပေါ်ပေါက် လာရသော နိုင်ငံရေး၊ အယူဝါဒရေး၊ တိုင်းရင်းသားရေး၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနား မှုများ၊ ပဋိပက္ခ များကြောင့် တိုင်းရင်းသား များ၏ စည်းလုံး ညီညွတ်မှုများ ပြိုကွဲပြီး တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ပျက်ပြားခဲ့ ရကြောင်း၊ လွတ်လပ်ပြီး ခါစ ''တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန်'' ဆိုသော အခြေအနေ ဆိုးများမှ တိုင်းပြည်ကို ကာကွယ် စောင့်ရှောက်ပြီး လွတ်မြောက် ရုန်းထွက် စေနိုင်ခဲ့ခြင်း သည်လည်း တပ်မတော်၏ ထူးခြား ပြောင်မြောက်သော လုပ်ဆောင်ချက် များပင် ဖြစ်ကြောင်း၊ လွတ်လပ်ရေး ရပြီးချိန်က စပြီး မျက်မှောက်ကာလ လက်ရှိ အခြေအနေကို ရောက်ရှိသည့် တိုင်အောင် နိုင်ငံတော်၏  လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာကို စောင့်ရှောက် ကာကွယ်ရင်း နိုင်ငံတော်၏ သမိုင်းတစ်လျှောက် တိုင်းပြည် တည်ဆောက်ရေး ( National Building ) ၊ နိုင်ငံ တည်ဆောက်ရေး ( State Building ) လုပ်ငန်းစဉ်များတွင် တပ်မတော်သည် အမျိုးသားနိုင်ငံရေး တာဝန်တစ်ရပ် အနေဖြင့် ပါဝင် ထမ်းဆောင်ခဲ့ ရကြောင်း၊ ထို့ကြောင့်လည်း တပ်မတော် အနေဖြင့် ''တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက် " ဆိုပြီး ရဲရဲဝံ့ဝံ့ ကြွေးကြော်ရပ်တည် နေခြင်းဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော် ကာကွယ်ရေးနာဝန် ထမ်းဆောင်မှုနှင့် ပတ်သက်၍ တပ်မတော် အနေဖြင့် ခေတ်အဆက်ဆက် ထူးခြားသည့် ဝိသေသ လက္ခဏာများ ရှိခဲ့သလို တပ်မတော်တွင် တာဝန်ထမ်းဆောင် နေကြသော တပ်မတော်သား များသည်လည်း နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော် အတွက် ထူးကဲသာ လွန်သော စွမ်းဆောင်မှု၊ စွန့်လွှတ် အနစ်နာခံမှု များဖြင့် တာဝန်ထမ်းဆောင် ခဲ့ကြကြောင်း၊ နိုင်ငံတော်၏ လွတ်လပ်ရေး ကြိုးပမ်းမှု မှသည် ယနေ့ကာလ တိုင်အောင် နိုင်ငံ၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး အတွက် ထိန်းသိမ်း ကာကွယ် စောင့်ရှောက် ခဲ့ရသော သမိုင်းဝင် ဖြစ်စဉ်ဖြစ်ရပ် များတွင် တပ်မတော်သား များသည် အသက်၊ သွေး၊ ချွေး၊ ခန္ဓာများ ပေးဆပ်မှု များစွာဖြင့် စွန့်လွှတ်စွန့်စားစွာ ကြိုးပမ်း လုပ်ဆောင် ခဲ့ကြကြောင်း၊ အမိနိုင်ငံတော်၏ မြေပြင်၊ ဝေဟင်၊ ရေပြင်၊ ရေအောက်ပိုင်နက် နယ်မြေများ၊ နိုင်ငံသူ နိုင်ငံသား၊ ပြည်သူများ၏ အကျိုးစီးပွားများ၊ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက် ကြရမည့် တာဝန် ၀တ္တရားသည် နိုင်ငံသားတိုင်း၏ မွေးရာပါ အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်ကြောင်း၊ ယင်းတာဝန်ကို ပြည်ထောင်စုသား အားလုံး ပါဝင်သော ပြည်ထောင်စု တပ်မတော်က တာဝန်ယူ၊ တာဝန်ခံ ပြီး ဦးဆောင် ဆောင်ရွက်လျက် ရှိကြောင်း၊ ဒို့တာဝန် အရေးသုံးပါး ကို ထိခိုက် လာနိုင်မည့် လုပ်ဆောင်ချက် မှန်သမျှ၊ အဖွဲ့အစည်း မှန်သမျှကို စစ်မှန်သော အမျိုးသား နိုင်ငံရေး တာဝန်ကို ထမ်းဆောင်ခြင်းဖြင့် ပြတ်ပြတ် သားသား ချေဖျက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
တပ်မတော်သားများ ထားရှိရမည့် ယုံကြည်ချက်၊ ခံယူချက်နှင့် ပတ်သက်၍ တပ်မတော်သား တိုင်းသည် နေ့စဉ်ရွတ်ဆို  နေကျဖြစ်သည့် သစ္စာအဓိဋ္ဌာန် ၄ ချက်နှင့်အညီ ပြည့်ပြည့်ဝဝ လိုက်နာ သစ္စာစောင့်သိ ဆောင်ရွက် သွားကြရန် လိုကြောင်း၊ မြင့်မြတ်သော အစဉ်အလာ၊ သာလွန် ထူးခြားသော စွမ်းဆောင်မှု၊ ရဲဝံ့ ပြောင်မြောက်သော စွမ်းရည်သတ္တိ ရှိမှု စသည်များနှင့် ပြည့်စုံသည့် မြန်မာနိုင်ငံ ၏ သမိုင်းတွင် ယနေ့ထက်တိုင် ခိုင်မာ တောင့်တင်းသော အမျိုးသား နိုင်ငံရေး အင်အားစုအဖြစ် ရပ်တည်နေသော တပ်မတော်သည် တစ်ဦးချင်း စွမ်းဆောင်နိုင်မှု မြင့်မားသော တပ်မတော် ဖြစ်သည့်အပြင် အစုအဖွဲ့လိုက် စွမ်းဆောင်နိုင်မှု မြင့်မားသော တပ်မတော်လည်း ဖြစ်သည် ဆိုသည်ကို တပ်မတော်သား တိုင်းက ခိုင်မာစွာ ယုံကြည်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် စွမ်းဆောင်မှု များကို ပိုမိုအားကောင်း လာစေရေး ဆောင်ရွက်သွား ရမည်ဖြစ်ပြီး ယင်း စွမ်းဆောင်နိုင်မှု များကို တပ်မတော်သား တိုင်းက ဂုဏ်ယူ၍ တပ်မတော်၏ အမျိုးသား နိုင်ငံရေး မူဝါဒဖြစ်သည့် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး၊ နိုင်ငံသားများ စည်းလုံး ညီညွတ်ရေး၊ နိုင်ငံတော်နှင့် ပြည်သူများဘဝ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ် များတွင် နိုင်ငံတော်၏ မဏ္ဍိုင်ကြီး ၃ ရပ်နှင့်အတူ ပြည်သူပြည်သား များနှင့် လက်တွဲညီညီ ဆောင်ရွက် သွားကြရန် တိုက်တွန်း လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နိုင်ငံတော် အစိုးရမှ ချီးမြှင့်ခဲ့သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ရရှိကြသော ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစော၊ ဒုတိယ ဗိုလ်ချုပ်ကြီး လူအေး နှင့် တပ်မတော် အရာရှိကြီး များအား ''ဇေယျကျော်ထင်ဘွဲ့'' ကိုပေးအပ် ချီးမြှင့်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်ခဲ့သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသော ဗိုလ်ချုပ်ကြီး တင်အောင်စန်း အား ဇေယျကျော်ထင် ဘွဲ့ ပေးအပ်ချီးမြှင့်စဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်ခဲ့သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသော ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အား 
ဇေယျကျော်ထင်ဘွဲ့ ပေးအပ်ချီးမြှင့်စဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် နိုင်ငံတော်အစိုးရမှ ချီးမြှင့်ခဲ့သည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသော အရာရှိကြီးများနှင့်အတူ စုပေါင်းဓာတ်ပုံ ရိုက်စဉ်
ဆက်လက်ပြီး စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ ရရှိကြသော အရာရှိကြီး များနှင့် အခမ်းအနား တက်ရောက် လာကြသူ များအား လက်ဖက်ရည် နှင့် မုန့်များဖြင့် ဂုဏ်ပြုဧည့်ခံ ပြီး မြဝတီ တေးဂီတအဖွဲ့မှ တေးသီချင်းများ ဖြင့် သီဆိုဖျော်ဖြေ ကြသည်။ 
ယမန်နေ့ ချီးမြှင့်အပ်နှင်း ပေးသည့် ''ဇေယျကျော်ထင်'' ဘွဲ့သည် စစ်ဘက်ဆိုင်ရာ တွင် ကောင်းမွန်စွာ အမှုထမ်းဆောင်ခြင်း အတွက် ပေးအပ် ချီးမြှင့်သော စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တစ်ခုဖြစ်ပြီး နိုင်ငံတော် အစိုးရမှ ၂ဝ၁၆ ခုနှစ်၊ မတ်လ ၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၂၄/၂ဝ၁၆ ဖြင့် ထုတ်ပြန် ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထိုသို့ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်များ ချီးမြှင့်ရာတွင် နိုင်ငံတော် အနေဖြင့် သင်္ဂဟဘွဲ့၊ စွမ်းရည်သတ္တိ ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ ဂုဏ်ထူးဆောင် တံဆိပ်၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့  နှင့် ဂုဏ်ထူးဆောင် တံဆိပ်ဟူ၍ အမျိုးအစား ၃ မျိုး ခွဲခြားချီးမြှင့် ပေးလျက် ရှိကြောင်း၊ စွမ်းရည်သတ္တိ ဆိုင်ရာ ဘွဲ့နှင့်တံဆိပ်များ ချီးမြှင့်ခံခဲ့ ရသော နိုင်ငံ့သားကောင်း တပ်မတော်သား အရာရှိ၊ စစ်သည်များကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ဇေယျာသီရိ ဗိမာန်၌ ဘွဲ့၊ တံဆိပ်များ အပ်နှင်းပေးအပ် ခဲ့ကြောင်း သိရှိရသည်။ (၁ဝဝ)
မြ၀တီနေ့စဉ် ၊ စာ(၁)
Thursday, May 26, 2016
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira က ဂုဏ်ပြုအခမ်းအနား ဖြင့်ကြိုဆို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira တို့ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင့်တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့က မြင်းတပ်ဖြင့် ပထမဦးဆုံးအကြိမ် ကြိုဆို ဂုဏ်ပြုစဉ်
နေပြည်တော် ၊ ၂၆-၅-၂၀၁၆
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira မှ ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနား ကို မေ ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် ထိုင်းဘုရင့် တပ်မတော်ဌာနချုပ် ၌ ကျင်းပ ပြုလုပ်သည်။
ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဂုဏ်ပြု ကြိုဆိုသည့် အခမ်းအနားသို့ တက်ရောက်ရန် ထိုင်းဘုရင့် တပ်မတော် ဌာနချုပ်သို့ ရောက်ရှိလာရာ ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira နှင့် ထိုင်းဘုရင့် တပ်မတော် အရာရှိကြီးများက ခရီးဦးကြိုဆို နှုတ်ဆက် ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira တို့သည် အလေးပြုခံ စင်မြင့်သို့ သွားရောက်ပြီး ထိုင်းဘုရင့် တပ်မတော် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။ ၄င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဂုဏ်ပြုတပ်ဖွဲ့ ကို စစ်ဆေးကြပြီး ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက် လာကြသော နှစ်နိုင်ငံ တပ်မတော် အရာရှိကြီး များနှင့် အပြန်အလှန် မိတ်ဆက်ပေး ကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထိုင်းဘုရင့် တပ်မတော်ဌာနချုပ် ဧည့်သည်တော် မှတ်တမ်းစာအုပ်၌ မှတ်တမ်းတင် လက်မှတ် ရေးထိုးသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Sommai Kaotira တို့သည် ထိုင်းဘုရင့် တပ်မတော်ဌာနချုပ် ဧည့်ခန်းမ၌ တွေ့ဆုံ ဆွေးနွေး ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးဝင်းမောင် နှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ချစ်ဆွေ တို့ တက်ရောက်ကြပြီး ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ Deputy Chief of Defence Forces, RTARF (2) ဖြစ်သူ Admiral Prasan Sukkaset? Deputy Chief of Defence Forces, RTARF (3) ဖြစ်သူ Air Chief Marshal Tawon Maneepluek နှင့် ထိုင်းဘုရင့် တပ်မတော်မှ အရာရှိကြီးများ တက်ရောက် ကြသည်။
တွေ့ဆုံ ဆွေးနွေးပွဲတွင် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ချစ်ကြည်ရေး ခရီး လာရောက်သည့် အတွက် ကျေးဇူးတင် ရှိကြောင်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော် အတွက်သာမက မြန်မာနိုင်ငံ အတွက်ပါ အရေးကြီးသည့် ပုဂ္ဂိုလ်ဖြစ် သောကြောင့် တွေ့ဆုံရသည် ကို အထူးဂုဏ်ယူ မိကြောင်း၊ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနား ကိုလည်း မြင်းတပ်ဖြင့် ကြိုဆိုဂုဏ်ပြု ရသည်မှာ ပထမဦးဆုံး အကြိမ် ဖြစ်ပါကြောင်း ပြောကြားသည်။
တပ်မတော် ကာကွယ်ရေး  ဦးစီးချုပ် က ပြောကြားရာတွင် နွေးထွေးစွာ ကြိုဆိုသည့် အတွက် များစွာ ကျေးဇူးတင်ရှိ ကြောင်း၊ မိမိကဲ့သို့ ထိုင်းနိုင်ငံမှ (ကြည်း၊ ရေ၊ လေ) တပ်မတော် ခေါင်းဆောင်ကြီးများ ကလည်း အကြိမ်ပေါင်းများစွာ မြန်မာနိုင်ငံကို အလည်အပတ် လာရောက် ခဲ့သည့်အတွက် ချစ်ကြည် ရင်းနှီးမှုပိုမို တိုးတက် ခဲ့ကြောင်း၊ နှစ်နိုင်ငံ အကျိုးတူကိစ္စရပ် များတွင်လည်း ပိုမိုအောင်မြင် လာသည်မှာ ချစ်ကြည် ရင်းနှီးမှု ရလဒ်ကြောင့်ပင် ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ်သည် မိမိနိုင်ငံ၏ နိုင်ငံရေး ပုံစံသစ် ပြောင်းလဲသည့် ကာလဖြစ်သဖြင့် နိုင်ငံရေး အခင်းအကျင်းကို ခိုင်ခိုင်မာမာ ဖြစ်အောင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရ ကြောင်း၊ ယခု ဒုတိယ သက်တမ်း အစိုးရအသစ် ပြောင်းလဲခဲ့ပြီး တပ်မတော် အနေဖြင့် အစိုးရ သစ်၏ မူဝါဒအပေါ် နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေး၊ တိုးတက်ရေးကို ပြင်ဆင်နေရသည့် ကာလဖြစ်ကြောင်း၊ နိုင်ငံရေးပုံစံ ပြောင်းလဲသည့် ကာလ ဖြစ်သည့်အတွက် မိမိနိုင်ငံ အနေဖြင့် စိန်ခေါ်မှုများ ရှိကြောင်း၊ တပ်မတော် သည် နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ် ကာကွယ်ရန် အတွက် ဖြစ်ကြောင်း၊ မိမိနိုင်ငံ အနေဖြင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ရှိသည့်အတွက် စစ်ရေးနည်းလမ်း၊ နိုင်ငံရေးနည်း လမ်း၊ သံတမန်ရေး နည်းလမ်းများဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုင်းနိုင်ငံ အစိုးရနှင့် တပ်မတော် အနေဖြင့် မိမိနိုင်ငံ၏ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး အတွက် များစွာ အကူအညီ ပေးခဲ့ကြောင်း၊ ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် NCA လက်မှတ်ရေးထိုး နိုင်ခဲ့ပြီး တိုင်းပြည် ငြိမ်းချမ်း ရေး အတွက် ကြိုးစား ဆောင်ရွက်လျက် ရှိသည်ကို အသိပေး လိုကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ သည်ကို လည်း များစွာ ကျေးဇူးတင် ရှိကြောင်း၊ မိမိတို့ နိုင်ငံလည်း နှစ်ပေါင်း ၆ဝ ကျော်ရှိသည့် လက်နက်ကိုင် ပဋိပက္ခကို ချုပ်ငြိမ်းစေလို ကြောင်း၊ ထိုင်းတပ်မတော် အနေဖြင့်လည်း ပြည်သူပြည်သား များ၏ အသက်အိုးအိမ် အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ခဲ့ သည်မှာ ရပ်တည်ချက် မှန်ကန်သည်ဟု မိမိ အနေဖြင့် ပြောလိုပါကြောင်း၊ မိမိတို့ အနေဖြင့် လည်း ထိုင်းနိုင်ငံ အစိုးရ၊ ထိုင်းတပ်မတော် နှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တပ်မတော်သားဘဝ ဆိုသည်မှာ တပ်သားသစ်/ အရာရှိလောင်း ဘဝမှစပြီး အငြိမ်းစား ယူသည်အထိ ဖြတ်သန်းခဲ့ရသဖြင့် အတွေ့အကြုံ များစွာရရှိပြီး ဖြစ်ကြောင်း၊ ၄င်း အတွေ့အကြုံ များကို အကျိုးရှိစွာ သုံးစွဲသွားရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။
ထိုင်းတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းတပ်မတော် နှင့် မြန်မာတပ်မတော် သည် ချစ်ချစ်ခင်ခင် ရှိပါကြောင်း၊ နယ်စပ်တစ်လျှောက် နှင့် ရေပြင်၊ မြေပြင် ပြဿနာများ ကြီးမားစွာ မရှိကြောင်း၊ ၄င်းအပြင် ယခု အချိန်သည် ချစ်ကြည်ရေး အမြင့်ဆုံး အချိန်ဖြစ်သည်ဟု ပြောဆိုနိုင်ကြောင်း၊ တပ်မတော်သား အချင်းချင်း စကားပြောဆို ရာတွင် လွယ်ကူ သလောက် နိုင်ငံရေးတွင် ပြောဆိုရာတွင် အခက်အခဲများ ရှိကြောင်း ပြောကြားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဝန်ကြီးဌာနများ အနေဖြင့် အစိုးရ၏ မူဝါဒအပေါ် မူတည်ပြီး အကောင်အထည် ဖော်ရကြောင်း၊ အစိုးရမူဝါဒ မှန်ပါက အစိုးရ လုပ်ဆောင်ချက် မှန်ကန်ပြီး လူထု၏ ထောက်ခံမှု ရရှိ မှာဖြစ်ကြောင်း၊ မူဝါဒ မှားပါက အစိုးရတွင် တာဝန်ရှိမည် ဖြစ်ကြောင်း၊ ပြည်သူလူထု စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိဖို့ အတွက် လိုကြောင်း၊ ၄င်းအတွက် တရားဥပဒေ စိုးမိုးရေး အရေးကြီးကြောင်း၊ တပ်မတော် အနေဖြင့် ပြည်တွင်း လက်နက်ကိုင် ငြိမ်းချမ်းရေးကို တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၄င်းအပြင် သယံဇာတ ကာကွယ်ရေး၊ မူးယစ်ဆေးဝါး ပပျောက်ရေး ကိစ္စရပ် များကိုလည်း တပ်မတော် အနေဖြင့် ဆောင်ရွက်ရမှာ ဖြစ်ပြီး ထိုင်းနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး ကိစ္စများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း အပေါ် ကျေးဇူးတင် ရှိကြောင်း၊ ကောင်းကောင်းမွန်မွန် နေထိုင် လုပ်ကိုင် နေကြသော မိမိနိုင်ငံသား များအား ဥပဒေနှင့်အညီ ကာကွယ် ထိန်းသိမ်း ပေးသည့်အတွက် ကျေးဇူး တင်ရှိကြောင်း နှင့် ရှေ့ဆက်ပြီး ကာကွယ်ထိန်းသိမ်း ပေးပါရန် ပြောကြား လိုပါကြောင်း ပြောကြားပြီး တပ်မတော် နှစ်ရပ် အကြား ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာများ ဆွေးနွေးကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira တို့ တွေ့ဆုံဆွေးနွေးစဉ်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Sommai Kaotira က အမှတ်တရလက်ဆောင် ပေးအပ်စဉ်
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့သည် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကြပြီး အဖွဲ့ဝင်များနှင့်  အတူ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁ဝဝ)
မြ၀တီနေ့စဉ် ၊ စာ(၁)
Related Posts Plugin for WordPress, Blogger...