Social Icons

Pages

Tuesday, December 16, 2014

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ကယားပြည်နယ် သို့ထွက်ခွာ



နေပြည်တော် ၊ ၁၆-၁၂-၂၀၁၄

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်း တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ ဝေးလံခေါင်ဖျား ၍ သွားလာရ ခက်ခဲသော ဒေသများရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား တပ်မတော်မှ နယ်လှည့် အထူးကု ဆေးအဖွဲ့များ စေလွှတ်၍ ကျန်းမာရေး မြှင့်တင်မှု လုပ်ငန်းများ ဖြစ်သော ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးဝါးကုသ ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း များကို အစဉ်တစိုက် ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီတွင် ကယားပြည်နယ် အတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် နေပြည်တော် မှ မော်တော်ယာဉ် များဖြင့် ထွက်ခွာသည်။

အဆိုပါ တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့တွင် ဆေးကုသမှု ပါရဂူ ဒုတိယ ဗိုလ်မှူးကြီး ကျော်စိုးဝင်း ဦးစီး၍ ခွဲစိတ်ပါရဂူများ၊ မျက်စိ ပါရဂူများ၊ မေ့ဆေး ပါရဂူ၊ သားဖွားမီးယပ် ပါရဂူများ၊ ရောဂါဗေဒ ပါရဂူ၊ ဓာတ်မှန် ပါရဂူများ၊ သွားဆေးမှူးများ၊ သူနာပြု အရာရှိများ၊ အထက်တန်း သူနာပြုများ နှင့် သူနာပြု စစ်သည်များ လိုက်ပါ သွားကြပြီး ကယားပြည်နယ် အတွင်းရှိ မြို့နယ်များ၌ သတ်မှတ်ရက် အလိုက် အခြေပြု ဆေးအဖွဲ့ နှစ်ဖွဲ့၊ နယ်လှည့် ဆေးအဖွဲ့ လေးဖွဲ့ခွဲ၍ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။(၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...