Social Icons

Pages

Tuesday, December 16, 2014

အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ်တစ်စီး ချစ်ကြည်ရေးခရီး ရောက်ရှိ




နေပြည်တော် ၊ ၁၆-၁၂-၂၀၁၄

အိန္ဒိယနိုင်ငံ ရေတပ်မှ စစ်ရေယာဉ် INS Sumitra သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရန်ကုန်မြို့၊ သန်လျင် သီလဝါဆိပ်ကမ်း MITT တံတားသို့ ယမန်နေ့ နံနက် ၇ နာရီခွဲတွင် ရောက်ရှိလာရာ တပ်မတော်(ရေ) မှ
အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ စစ်သံမှူးနှင့် အရာရှိ၊ စစ်သည်များက နွေးထွေးစွာ ကြိုဆို နှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ်တွင် အိန္ဒိယနိုင်ငံ ရေတပ်မှ Capt. Commander MILIND MAHAN MOKASHI ဖြစ်သူ ဦးစီး၍ အရာရှိ၊ စစ်သည် ၉၇ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံ၌ ဒီဇင်ဘာ ၁၅ ရက်မှ ၁၆ ရက်ထိ နှစ်ရက်ကြာ နေထိုင်၍ လေ့လာ လည်ပတ်မည် ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သို့ အိမ်နီးချင်း နိုင်ငံများမှ စစ်ရေယာဉ်များ မကြာခဏ လာရောက် လည်ပတ်ခြင်းဖြင့် နှစ်နိုင်ငံ ရေတပ်အချင်းချင်း သာမက နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှု နှင့် ပူးပေါင်း ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင် ဆောင်ရွက် လာနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။(၁၀၀)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...